Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ငြိမ်းချမ်းရေးမူဘောင်ကြီးတစ်ရပ်လုံး ဆွေးနွေးရင် အချိန်အတော်ကြာယူပြီး ဆွေးနွေးရမယ်။ ဒါ့ကြောင့် ကျွန်တော်တို့က တစ်စုံလုံး မဆွေးနွေးသေးဘဲ ၁၁ ချက်ပဲ ဆွေးနွေးဖို့ ခေါင်းစဉ်တင်တာ အဲဒါကြောင့်ပဲ ခေါင်းစဉ်တင်တာတွေ အရင်ဆွေးနွေး မယ်။ ပြီးမှ တစ်စုံလုံးမူဘောင်တွေ အတူတူရေးမယ်ဆိုတဲ့ လမ်းကြောင်းကို တင်တာ၊ ဒါပေမဲ့ မမျှော်လင့်ပဲနဲ့ သူတို့က နိုဝင်ဘာ ၄ ရက်မှာ မူကြမ်းအသစ် တစ်စောင် ချလိုက်တော့ ကျွန်တော်တို့တင်တဲ့ လမ်းကြောင်းပေါ် မရောက် တော့ဘဲ ကျွန်တော်တို့က တစ်စောင်၊ သူတို့က တစ်စောင် ရေးရမလို ဖြစ်နေတယ်။ သူတို့ ယူလာတဲ့ မူကြမ်းနဲ့ ကျွန်တော်တို့ မူကြမ်းက လည်း တစ်စုံလုံးမတူဘူး”

ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၄) အမှတ် (၁၇၄) တွင်ပါရှိသော “ဗိုလ်ချုပ်ဂွန်မော် ပြောတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်” သတင်းမှ ဗိုလ်ချုပ်ဂွန်မော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဲဒီကြေညာချက်ထုတ်ပြန်ပြီးတဲ့ နောက်မှာ အစိုးရအဖွဲ့ဘက်က သဘောထားမပြောင်းပဲ ဒီသဘောထား အတိုင်းပဲ ဆက်လက်ရှိနေရင် NLD အနေနဲ့ ဘာတွေဆက်လုပ်မလဲဆိုတော့ ပြည်သူ့ဆန္ဒသဘောထားအတိုင်း ပဲလုပ်မှာပါ။ အခုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပက်သက်လို့ သိသင့်သိထိုက်တာတွေ ဆန္ဒသဘောထား ရယူပွဲတွေ ကျင်းပပြီး ပြည်သူလူထုကို ရှင်းလင်း အသိပေးနေပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကိုပဲ အဓိကထား တဲ့အတွက် ပြည်သူ့ဆန္ဒသဘောထားအတိုင်းပဲ ဆက်လက် ပြီးလုပ်ဆောင်သွားမှာပါ”

ဒီဇင်ဘာ ၇ ရက်နေ့ထုတ် Trade Times အတွဲ (၂) အမှတ် (၈၆) တွင် ပါရှိသော “ဖွဲ့စည်းပုံကိစ္စတွင် လွှတ်တော်ကို မကျော်ပါဟုဆို” သတင်းမှ NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီကနေ့ ခေတ်ကာလအခြေအနေအရ အမိန့်နဲ့ အုပ်ချုပ်လို့မရတော့ဘူး။ ဥပဒေနဲ့ အုပ်ချုပ်မှရမယ်။ ပြည်သူ့ ဆန္ဒနဲ့အညီ အုပ်ချုပ်တာဟာ ဒီမိုကရေစီပါပဲ။ ဒါ့ကြောင့် ဥပဒေတွေ ပြဌာန်းတဲ့အခါမှာ တရားမျှတမှုရှိပြီး ပြည်သူလူထုအများစု လိုက်နာ နိုင်တဲ့ ဥပဒေတွေဖြစ်ရမယ်”

ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် First Weekly Journal အတွဲ (၃) အမှတ် (၁၀၈) တွင်ပါရှိသော “ဒီကနေ့ ကာလဟာ လူထုကိုအမိန့်နဲ့ အုပ်ချုပ်လို့မရတော့ဘူး။ ဥပဒေနဲ့အုပ်ချုပ်မှ ရမယ်။ ပြည်သူ့ဆန္ဒနဲ့အညီ အုပ်ချုပ်တာ ဒီမိုကရေစီ ပါပဲ၊ ဥပဒေတွေပြဠာန်းတဲ့အခါ တရားမျှတပြီး ပြည်သူအများလိုက်နာနိုင်မယ့် ဥပဒေတွေပဲဖြစ်ရ မယ်လို့ ပြောကြားလိုက်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို မဖြစ်မနေပြင်ရမယ်ဟုဆို” သတင်းမှ သူရဦးရွှေမန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေး- ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်တဲ့အခါမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ အနေအထားကို သိချင်ပါတယ်။

ဖြေ- ဖက်ဒရယ်ပြည်ထောင်စုစနစ်က တိုင်းရင်းသားတွေပဲ လိုလားတာမဟုတ်ဘူး။ ပြည်သူအကုန်လုံးက လိုလားတာပေါ့။ အခုဆိုရင် NLD တို့အခြားပါတီဝင်တိုင်းလည်း ပြောနေကြတာပဲ။ ဒီအပေါ်မှာတော့ အငြင်းပွားစရာ မရှိပါဘူး။ တပ်မတော်ရဲ့ အခန်းကဏ္ဍကလည်း ကိုယ်ပျောက် ဖက်ဒရယ်တပ်မတော်ဖြစ်အောင် လုပ်ရမှာပေါ့။ သဘောတူ တာတွေရှိသလိုပဲ၊ မတူ တာတွေလည်း ရှိတာပေါ့။ တပ်မတော်နဲ့လည်း ညှိကြရမှာပေါ့။ မတူဘူးဆိုပြီး ဒီအတိုင်းထားလို့လည်း မရဘူး။ အဆင်ပြေတဲ့ အထိ လုပ်ကြရမှာ။ အဲဒါက ရှောင်လွှဲလို့မရဘူး။ ဒီနှစ်မှာ မရလည်း နောက်နှစ်ပေါ့။ လွယ်တာတော့ မလွယ်ပေ မယ့် လုပ်ရမှာပဲ။ အချိန်ကတော့ ကန့်သတ်ချက် မရှိဘူး။ အချိန်ကာလက ကန့်သတ်လို့မရဘူး”

ဒီဇင်ဘာလ ၈ ရက်နေ့ထုတ် Reporter Journal အမှတ် (၄၉) တွင် ပါရှိသော “လက်ရှိ နိုင်ငံရေးဝဲဂယက်နှင့် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အစိုးရဘက်က အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို သံသယအနေနဲ့ ကြည့်တယ်လို့ မြင်ပါတယ်။ အရပ်ဖက် လူ့အဖွဲ့ အစည်းတွေက နိုင်ငံရေး အခြေခံထားတာတွေ ရှိတယ်။ နိုင်ငံရေးအခြေမခံထား တာတွေရှိတယ် သို့သော်လည်း တိုင်းရင်းသားတွေနဲ့ တန်းတူညီတူ အခွင့်အရေးရချင်တယ်ဆိုတာ တစ်ပြည်လုံးရဲ့ဆန္ဒ၊ အရပ်ဖက့် လူ့အဖွဲ့အစည်းတွေလည်း အကုန်လုံး ပါတာာပဲ။ တန်းတူညီမျှမှုမရှိပဲနဲ့ ဘာငြိမ်းချမ်းရေးမှ မရနိုင်ဘူး”

ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၃) အမှတ် (၆၅၀) တွင်ပါရှိသော “အရပ်ဖက် လူမှု့ အဖွဲ့အစည်းများအပေါ် အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုများ အားနည်းနေသေး” သတင်းမှ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment