Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“မေး- မွန်ပြည်သစ်ပါတီက လက်ရှိပြည်ထောင်စုအဆင့်ထိ အပစ်ရပ်လက်မှတ်ထိုးပြီးတဲ့ အနေအထားမှ အခုနောက်ပိုင်း ထပ်ပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုပြီး ထပ်လုပ်ရမယ့် အနေအထား ဘယ်လို သုံးသပ် မိပါသလဲခင်ဗျ။

ဖြေ- အရင်အနေအထားကတော့ ၁၉၉၅ အပစ်အခတ်ရပ်စဲရေး၊ စစ်အစိုးရလက်ထက်တုန်းက လုပ်တာ၊ စစ်အစိုးရက သူပြောထားပြီးသားလေ။ သူတို့က နိုင်ငံရေးအစိုးရမဟုတ်ဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲတော့ သူတို့အနေနဲ့ မလုပ်ဘူး။ နိုင်ငံရေးဆွေးနွေးချင်တယ်ဆိုရင်တော့ နိုင်ငံရေးအစိုးရနဲ့ ဆွေးနွေးပေါ့။ ဒါမှမဟုတ် သူတို့ လုပ်ဆောင်နေတဲ့ ညီလာခံမှာ လည်း ဝင်ပြီးတော့ ဆွေးနွေးနိုင်တယ်ဆိုတာ ဟိုတုန်းက အနေအထားပေါ့ အခုကတော့ အပစ်အခတ်ရပ်စဲရေး လုပ်ကတည်းက ကျွန်တော်တို့ ပြောတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရချင် တယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး လောက်နဲ့ မပြီးဘူး။ နိုင်ငံရေးဆွေးနွေးပွဲက အဓိကကျတာပေါ့။ ဒါ့ကြောင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ကိုလုပ်ရမယ်လို့ တောင်းဆိုတာ၊ အစိုးရဘက်ကလည်း ဒါကိုသဘောတူ ထားတယ်”

ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၃၉) တွင်ပါရှိသော “မြစ်ကြီးနား ဆွေးနွေးပွဲမှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရနိုင်မယ်လို့ အစကတည်းက မမျှော်လင့်ခဲ့ဘူး” အင်တာဗျူးမှ မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ ဦးနိုင်တလညီ ၏ ဖြေကြားချက်မှ ကောက်နှုတ်ချက် ။


 

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံရေးရှုထောင့်အရပဲ ကြည့်ကြည့်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှုထောင့် ကပဲကြည့်ကြည့်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်ကပဲ ကြည့်ကြည့်၊ အရေးကြီးတယ် အလွတ် သဘော ဆွေးနွေးမှုကတော့ လိုအပ်တယ်။ NLD ရဲ့ဖိတ်ခေါ်မှုက ကာကွယ်ရေးဦးစီးချုပ်လည်းပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်ဆိုတာကလဲ အစိုးရဝန် ထမ်းပဲလေ။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်း ကာချုပ်ရဲ့ပူးပေါင်း ဆောင်ရွက်မှုကလိုတယ်။ အလွတ်သဘောဆွေးနွေးမှု တွေရှိ မှ လွယ်ကူချောမွေ့မှုတွေရှိလိမ့်မယ်လို့ ထင်တယ်”

ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် မော်ဒန် ဂျာနယ် အမှတ် (၃၈၆) တွင်ပါရှိသော “ဖွဲ့စည်းပုံပြင်ဆင်ရေး ကြီးလေး ကြီးတွေ့ဆုံမှု ငြင်းပယ်ခဲ့ရင် အစိုးရအပေါ် ယုံကြည်မှုကျဆင်းနိုင်” သတင်းမှ Institute for Peace and Social Justice မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသောင်းထွန်း ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


 

“ကျွန်တော်တို့ ပေါ်ပေါက်လာမယ့် လုပ်ငန်းကော်မတီက ညီလာခံခေါ်မှာ မဟုတ်ဘူး။ ညီလာခံဖြစ်အောင် တွန်းမှာ ပေါ်လာတဲ့ လုပ်ငန်းကော်မတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သွားတွေ့ရမယ်။ နိုင်ငံရေးပါတီ တွေကို တွေ့ရမယ်။ လွှတ်တော်ကိုလည်း တွေ့ရမယ်။ အစိုးရလည်းတွေ့ရမယ်။ တပ်မတော် ကိုလည်း တွေ့ရမယ်။ ဒီအဖွဲ့တွေ့ ကိုတွေ့သွား မယ်။ ပြည်ထောင်စု ညီလာခံကြီး ဖြစ်ပေါ်လာအောင် ဒီအဖွဲ့ က အဖွဲ့အစည်းတွေ အားလုံးနဲ့ တွေ့ဆုံပြီးတော့ တွန်းအားပေး မယ်”

ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လွှတ်တော်၊အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် အင်အားစု အားလုံးပါဝင်သည့် ပြည်ထောင်စု ညီလာခံ ပေါ်ပေါက်ရေး တွန်းအားပေးမည့် လုပ်ငန်းကော်မတီ ယခုလကုန်တွင် ဖွဲ့စည်းမည်” သတင်းမှ လုပ်ငန်းကော်မတီ ပေါ်ပေါက်ရေး ဆောင်ရွက်နေသည့် ကြိုတင်ပြင်ဆင်ညှိနှိုင်းရေး အလုပ်အဖွဲ့မှ ဦးမြင့်အောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“မြန်မာနိုင်ငံမှာ အစိုးရတပ်မတော် သာမဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့တွေမှာပါ ကလေးစစ်သားအသုံးချမှု တွေရှိပါတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအရ တားမြစ်ထားတဲ့ အရာတွေလည်းဖြစ်တယ်။ ဒီကိစ္စ ကို နိုင်ငံတော်အစိုးရနဲ့ ဆွေးနွေးခဲ့ပါတယ်။ အစိုးရက လက်နက်ကိုင်အဖွဲ့အစည်း တွေမှာ ကလေးစစ်သား အသုံးပြုနေမှုနဲ့ ပတ်သက်ပြီး ကူညီဖို့ ဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်”

ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် စံတော်ချိန် သတင်းစာတွင် ပါရှိသော “လက်နက်ကိုင်တပ်ဖွဲ့များရှိ ကလေး စစ်သား ပပျောက်ရေး အစိုးရကကြားဝင် ကူညီပေးမည်ဟုဆို” သတင်းမှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကလေးသူငယ် နှင့် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အလုပ်အဖွဲ့ မစ္စဆဲလ်ဗီးလူးကပ်စ် ၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


“တရားသူကြီးကို သမ္မတကခန့်တယ်။ လွှတ်တော်ကလည်း ငြင်းခွင့်မရှိဘူး။ ဒီတော့ သမ္မတကခန့်တယ်။ တရား သူကြီးတွေ ကို သူက ရွေးတယ်ဆိုတော့ တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်က ရောထွေးနေတော့တာပေါ့။ အဲတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်ဆိုတာ မဖြစ်သေးဘူး။ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်ဆိုတာ သမ္မတနဲ့လည်း လုံးဝကင်းရှင်းနေရမယ်။ ဒါမှ အစိုးရအဖွဲ့က မှန်သလား၊ မှားသလား၊ တရားသလား၊ မတရား ဘူးလား ဆိုတာ အဆုံးအဖြတ်ပေးလို့ရမယ်။ တကယ်က ဒါတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအညီ ဖွဲ့ရတာ၊ ခန့်အပ်ရတာ ဖြစ်တဲ့အတွက် အရင်ဆုံးဒီကိစ္စဖြေရှင်းဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ရမယ်”

ဒီဇင်ဘာလ ၈ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၁) အမှတ် (၅၀) တွင် ပါရှိသော “တရားရေး မဏ္ဍိုင်ကို အုပ်ချုပ်ရေးအောက်မှာ အပြီးဖယ်ထုတ်သင့်ဟု သုံးသပ်” သတင်းမှ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment