Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

နောက်ဆုံးပေါ်မြန်မာဈေးကွက်သည် ရွှေအခွင့်အရေးမဖြစ်နိုင်သေး

(Global Finance မှ 6 December 2013 ရက်စွဲပါ “Frontier Market: Gold rush Myanmar?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

လာမည့်နှစ်တွင် နိုင်ငံခြားဘဏ်များကို မြန်မာတံခါးဖွင့်ပေးတော့မည်

(Reuter မှ 6 December 2013 ရက်စွဲပါ “Myanmar to open door to foreign banks next year” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးသည် အိမ်နီးချင်းနိုင်ငံများကို ကျော်ဖြတ်သွားဟု မြန်မာအစိုးရ အကြံပေး ပြောကြား

(6 December 2013 ရက်စွဲပါ VOA Khmer မှ Kong Sothanarith ရေးသားသော  Burmese Official says country’s reforms outpacing neighbours ကို ဘာသာပြန်ပါသည်)


နောက်ဆုံးပေါ်မြန်မာဈေးကွက်သည် ရွှေအခွင့်အရေးမဖြစ်နိုင်သေး

(Global Finance မှ 6 December 2013 ရက်စွဲပါ “Frontier Market: Gold rush Myanmar?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် အာရှတွင် နောက်ဆုံးပေါ်ဈေးကွက်သစ်တစ်ခု ဖြစ်သော်လည်း စီပွားရေး အသွင်ပြောင်းမှုကို ဂရုတစိုက် ကိုင်တွယ်ရန် လိုအပ်နေပြီး ရင်းနှီးမြှုပ်နှံသူများကလည်း အကောင်းမြင်ရန်အတွက် သတိကြီးစွာထားနေ ကြရသည်။

ပြီးခဲ့သော နွေရာသီတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးက အမေရိကန်ကုမဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ ရွှေအခွင့်အရေးကို ဖမ်းဆုပ်ကြရန် တိုက်တွန်းခဲ့ရာ နိုင်ငံငယ်များတွင် သံယံဇာတထုတ်ယူကာ လူမှုရေး ပြဿနာများ ဖြစ်ပေါ်စေသော အမြတ်ထုတ်ဝေခွင့်ကို ဆွဲဆောင်ရန် အသံကျယ်ကျယ် ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေသော်လည်း အမှန်တကယ်တွင် ၎င်း၏ရည်ရွယ်ချက်မှာ ဆန့်ကျင်ဖက်ဖြစ်သည်။ “တာဝန်ယူတတ်တဲ့ ရင်းနှီးမြှုပ် နှံမှုကို အားပေးဖို့၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့၊ ပြည်သူတွေရဲ့စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးဖို့အတွက် စီအစဉ်တွေကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက အခိုင်အမာပြောဆိုသည်။

မြန်မြန်ဆန်ဆန် တံခါးဖွင့်နေသော မြန်မာနိုင်ငံကို အာရှနောက်ဆုံးပေါ် ဈေးကွက်ဟု အမွှန်းတင်လိုက်သော ဦးဝဏ္ဏမောင်လွင်က လာမည့်ငါးနှစ်အတွင်း ၇.၅ ရာခိုင်နှုန်းဖွံ့ဖြိုးရန် အစိုးရကရည်းမှန်းသည်ဟု ပြောကြားသည်။

ပေါများလှသော စိုက်ပျိုးမြေများ၊ နဂိုရည်မပျက်သေးသော မိုင် ၁၂၀၀ ကမ်းရိုးတန်းတို့နှင့်အတူ ရေနံ၊ ဓါတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်စသော သံယံဇာတများ ကြွယ်ဝသည့် မြန်မာနိုင်ငံသည် အလွန်ညှို့အားကောင်းသော ရင်းနှီးမြှုပ်နှံစရာ တစ်ခုနေရာ တစ်ဖြစ်နေသည်။ အိမ်နီးချင်းနိုင်ငံများထက် ကုန်ကျစရိတ်ကြီးလေးမှုကြောင့် ကုန်ထုတ် လုပ်သူများက နောက်တစ်နေရာရှာနေချိန်တွင် တရုတ်နှင့် အိန္ဒိယအကြား၌ အကွက်အကွင်းကောင်းသော မြန်မာ နိုင်ငံသည် ပို့ကုန် အသားပေး စီးပွားရေးကို ချဲ့ထွင်ရန် အခွင့်အလမ်းများပို၍ ထွက်ပေါ်လာနေသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက(FDI) ကလည်းတရှိန်ထိုး တက်နေသည်။ ယခုနှစ်ငါးလအတွင်းရရှိသော FDI  ပမာဏ သည် ၂၀၁၂ တစ်နှစ်လုံးစာ ပမာဏထက် ပိုများသည်ဟု အစိုးရကဆိုသည်။ Coca cola ၊ Procter & Gamble ၊ Google ၊ Unilever စသော နိုင်ငံတကာ ကုမဏီကြီးများကလည်း အပျံသင်စ ဒီမိုကရေစီနိုင်ငံထဲသို့ ရင်းမြစ်များ လောင်းထည့် နေကြသည်။

သို့ရာတွင် သော့ချက်ကဏ္ဍများမှ လွဲ၍ ကျန်ကဏ္ဍများအပေါ် စိတ်ဝင်စားမှုများသည် အမှန်တကယ် ရင်းနှီးမြှုပ် နှံသည့် အဆင့်သို့ ကူပြောင်းသွားကြသလား ဆိုသည်မသဲကွဲသေးပါ။ “စိတ်ဝင်စားမှုတွေကတော့ အများကြီး ပေါ့။ ဒါပေမယ့် ကုန်ကုန်ပြောရရင် စောလွန်းအားကြီးတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ကောက်ချက်ချကြတယ်” မြန်မာ အကဲ ခတ်လေ့ လာသူ တစ်ဦးကပြောကြားသည်။

ယိုယွင်းပြိုလဲနေသော မြန်မာ့စီးပွားရေး မြန်ဆန်စွာ ခေတ်မှီအောင် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသော အဓိက သော့ချက်မှာ သော့ချက်ကျသော အခြေခံအဆောက်အဦးစနစ် ဖွံ့ဖြိုးအောင် အရှိန်တင်ရန် အတွက်အတွေ့အ ကြုံရင့် နိုင်ငံခြားလက်တွဲဖော်မျာဖြင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရေးပင်ဖြစ်သည်။ ဥပမာအားဖြင့် စတော့ရှယ်ယာဈေး ကွက်ကို ထူထောင်ရန်ကြိုးစားရာတွင် တိုကျိုစတော့အိတ်ချိန်းကို စီမံနေသော Japan Exchange Group ကို ကန်ထရိုက် ပေးခဲ့ခြင်း ဖြစ်သည်။

လမ်းခရီးတစ်လျှောက် အမောဖောက်မည့် အချက်မှမူ သံသယရှိစရာမလိုအောင် သေချာလှသည်။ ပြည်သူများ က ပြစ်တင် ဆဲဆိုရလောက်အောင် စုတ်ပဲ့လွန်းသည့် မိုဘိုင်းဖုန်းကဏ္ဍကို အဆင့်မြှင့်ရန် အတွက် နော်ဝေး Telenor နှင့် Ooredoo တို့်ကို ကန်ထရိုက်ပေးခဲ့ပြီးနောက် လပေါင်းအတန်ကြာသည့်တိုင်အောင် ဆက်သွယ်ရေးဥပဒေသစ်ထုတ်ပြန် ပေးခဲ့ပြီး နောက် လပေါင်းအတန်ကြာသည့် တိုင်အောင်ဆက်သွယ်ရေးဥပဒေသစ် ထုတ်ပြန်ရန် နှောင့်နှေးနေေ သာကြောင့် ကွန်ယက်တည်ဆောက်မှုလုပ်ငန်းများကို ယခုတိုင်မစတင်ရသေးပေ။ အဆိုပါလိုင်စင်ချမပေးမှီ တစ်ရက်အ လိုတွင် ခရိုနီ အကျိုးစီးပွားကာကွယ်ရန် ကြိုးစားခဲ့သော လွှတ်တော်မှလည်း ပြည်သူများအကြား နာမည်ပျက်သွားခဲ့ သည်။

Control Ricks မှ စင်ကာပူ အခြေစိုက် လေ့လာသူ ဂီလီယာစီနိုက “ရင်းနှီးမြှုပ်နှံလိုသူ အများစုမှာ လည်မည့် ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်ကြေသည်” ဟုပြောကြားသည်။ စင်ကာပူ စတော့ကုမ္ပဏီ အကြီးအကဲ တစ်ဦးက လည်း မြန်မာဈေးကွက် လုံလုံလောက်လောက် အဖွံ့ဖြိုးသေးခြင်းကို စိုးရိမ်ပူပန်လျက်ရှိသည်။

“ရင်းနှီးမြှုပ်နှံသူတွေကတော့ မြန်မာနိုင်ငံဟာ လာမယ့်ရွေးကောက်ပွဲအထိ တည်ငြိမ်မှုအုံးမယ်လို့ ခန့်မှန်းကြပါ တယ်။ ဒါပေ့မယ့်လည်း မြန်မာပြည်တွင်းဈေးကွက် အပေါ် လုံဝမမှီခိုတဲ့ ကုမဏီမျိုးမှာပဲ ကျွန်မတို့ ရင်းနှီးမြှုပ်နှံချင်ပါ တယ်”ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးက အသွင်ပြောင်းကာလတွင် လူထုထောက်ခံမှုကို ထိန်းထားရန် အရေးကြီးကြောင်း သိရှိနား လည်သောကြောင့် ပြည်သူအများစု မြန်မြန်ဆန်ဆန် အကျိုးဖြစ်ထွန်းအောင် အစိုးရက ရည်မှန်းဆောင်ရွက်နေ သည်ဟု ပြောကြားပါသည်။

စီးပွားရေး ဖွံ့ဖြိုးမှုအရှိန် နှေးကွေးမှုအပေါ် မကျေမနပ်ကြခြင်းမှာ မထူးဆန်းသော်လည်း ဆိုးဝါးသော အုံကြွမှု များ အဖြစ်မှု များအဖြစ်ကူးပြောင်းသွားမည်ကို ဂီလီယာဇီနိုလာ စိုးရိမ်ပူပန်နေသည်။

“နိုင်ငံရေး အသွင်ကူပြောင်းမှုဆိုတာက ပြည်သူတွေရဲ့ ဒေါသတွေကို ထွက်ပေါက်ပေးဖို့အတွက် နည်းလမ်းတွေ ရှာ ပေးတာပဲ မဟုတ်လား” ဟု ဇီနိုကပြောကြားသည်။

မြန်မာအစိုးရသည် ဖြေလျှော့ရမည့် စည်းကမ်းများကို တင်းကြပ်ထားပြီး တင်းကြပ်ရမည့် စည်းကမ်းများကို ဖြေလျှော့ ထားခြင်းဖြစ် လုပ်ပုံကိုင်ပုံဇောက်ထိုး မိုးမျှော်ဖြစ်ကာ ရှေ့မတိုးပဲ တန့နေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ အကဲ ခတ်များက ပွင့်ပွင့်လင်းလင်းမှတ်ချက်ပေးထားကြသည်။


လာမည့်နှစ်တွင် နိုင်ငံခြားဘဏ်များကို မြန်မာတံခါးဖွင့်ပေးတော့မည်

(Reuter မှ 6 December 2013 ရက်စွဲပါ “Myanmar to open door to foreign banks next year” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် နိုင်ငံခြားရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို တစ်သီတစ်တန်း ပြုလုပ်ခဲ့ပြီးနောက်တွင် ဘဏ်လုပ်ငန်းကဏ္ဍကို ဖြေးဖြေးခြင်း ဖွင့်ပေးနေခြင်းကြောင့် လာမည့်နှစ်တွင် နိုင်ငံခြားဘဏ်အချို့အား အကန့်အသတ် ရှိသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများစတင်နိုင်အောင် ခွင့်ပြုတော့မည်ဟု ဗဟိုဘဏ်အကြီးတန်း တာဝန်ရှိသူတစ်ဦး က ဆိုပါသည်။

စစ်အုပ်ချုပ်ရေး မှ အရပ်ဘက် အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးနေသော မြန်မာနိုင်ငံတွင် နိုင်ငံတကာ ဘဏ် ၃၄ခု၏ ကိုယ်စားလှယ်ရုံးများရှိနေသော်လည်း ၎င်းတို့သည်များကို အကြံဥာဏ်ပေးရုံမှ လွဲ၌ ဘဏ်ခွဲဖွင့်ခြင်း၊  ၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို ယခုအထိပြုလုပ်ခွင့် မရသေးပေ။

ဆယ်ခုနှစ်ချီကြာနေပြီဖြစ်သော အစီအစဉ်အရဆိုပါက အစိုးရသည် နိုင်ငံခြားဘဏ်များအား လွတ်လပ်သော ဘဏ်ခွဲများ ဖွင့်ခွင့် မပေးမှီ ပြည်တွင်းဘဏ်များနှင့် ဖက်စပ်လုပ်ငန်းဖွဲ့စည်းခြင်းကိုသာ ခွင့်ပြုဦးမည် ဖြစ်သည်။ သို့ရာတွင် နိုင်ငံခြား ဘဏ်အချို့ကို ရွေးချယ်ကာ အကန့်အသတ်ရှိသော ဘဏ်လုပ်ငန်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုအချို့ကို စတင်ဆောက် ရွက်စေခြင်းအားဖြင့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် အစီအစဉ်ကို ဗဟိုဘဏ်က ရေးဆွဲနေသည်ဟု အဆိုပါ အကြီးတန်း တာဝန်ရှိသူက ပြောကြားသော်လည်း ခွင့်ပြုမည့် ၀န်ဆောင်မှုကဏ္ဍများကို အသေးစိတ်ပြောကြားခြင်းမပြုပါ။

“အရာရာဟာ အချိန်နှင့်အမျှမြန်မြန်ဆန်ဆန်ပြောင်းလဲနေပါတယ်။ ကျွန်တော်တို့ဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမှန်တကယ် လုပ်ဆောင်ချင်တယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀က ချမှတ်ထားတဲ့ အစီအစဉ်ကို ဖက်တွယ်ထားလို့ မရပါဘူး” ဟု ၎င်းကပြောကြားသည်။

Standard Chartered Bank ၊ Siam Commercial Bank ၊ Australia and Newzealand Banking Group တို့အပါ အ၀င် ကိုယ်စားလှယ်ရုံးများ အသီးသီးဖွင့်လှစ်ထားကြသော နိုင်ငံခြားဘဏ်များထဲမှ မည်ကဲ့သို့ ရွေးချယ်ကြ မည်ဆို သည်ကို အာဏာပိုင်များက မဆုံးဖြတ်ရသေးဟု ၎င်းကဆက်လက်ပြောကြားသည်။


မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးသည် အိမ်နီးချင်းနိုင်ငံများကို ကျော်ဖြတ်သွားဟု မြန်မာအစိုးရ အကြံပေး ပြောကြား

(6 December 2013 ရက်စွဲပါ VOA Khmer မှ Kong Sothanarith ရေးသားသော  Burmese Official says country’s reforms outpacing neighbours ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးများသည် ကမ္ဘောဒီးယားနိုင်ငံ အခြားဒေသတွင်း အိမ်နီးချင်းနိုင်ငံများထက် ပိုမိုမြန်ဆန်၍ ကျော်တက်လျက်ရှိကြောင်း မြန်မာအစိုးရ၏ အကြံပေးတစ်ဦးက ပြောကြားခဲ့ပါသည်။

ဝါရှင်တန်ရှိ အမေရိကန်တက္ကသိုလ်တစ်ခုတွင် ကျင်းပသော ကွန်ဖရင့်တစ်ခု တက်ရောက်စဉ် တွေ့ဆုံရာ၌ သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း ၊ သို့သော် တိုးတက်မှုများ ရှိခဲ့ကြောင်း ပြောကြားခဲပါသည်။

“ကမ္ဘောဒီးယားမှာ နိုင်ငံရေးနဲ့  ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ ရလဒ်တွေ ခံစားနေရတယ်ဆိုပေမယ့် ကျွန်တော်ထင်တယ် အခုအချိန်အထိ မြန်မာနိုင်ငံက ကမ္ဘောဒီးယားထက် ပိုပြီး တံခါးဖွင့်ထားတယ်လို့ ထင်ပါတယ်” ဟု ၄င်းက VOA Khmer သို့ ပြောကြားပါသည်။ “ အဲဒီအချက်ကို မီဒီယာတွေမှာ ကြည့်မလား။ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေမှာ ကြည့်မလား။ ၂၀၁၂ ခုနှစ်က ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး  တရားမျှတစွာ ကျင်းပခဲ့တာ ကြည့်မလား သိနိုင်ပါတယ် ” ဟု ၄င်းကဆိုပါသည်။

နိုဝင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော Cambodian Center for Human Rights မှ အကြီးအကဲ Ou Virak ကမူ ထိုအချက်ကို သဘောတူညီမှု မရှိခဲ့ပေ။

“ကမ္ဘောဒီးယားက ဒီမိုကရေစီက ပိုကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားမှာ ဒီမိုကရေစီကို အလေးအနက်ထား လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်” ဟု ၄င်းက VOA Khmer သို့ ပြောပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါသည်။ ၄င်းသည် ဒေသတွင်း နိုင်ငံများနှင့်လည်းကောင်း အမေရိကန်အပါအဝင် နိုင်ငံတကာအဆင့်၌လည်းကောင်း သံတမန်ရေးအရ ဆက်ဆံရေးများ တိုးတက်လာသည်ကို တွေ့ရပါသည်။

သို့သော် သတင်းအချက်အလက်ဝန်ကြီး Khieu Kanharith က VOA Khmer သို့ ပြောကြားရာတွင် ကမ္ဘောဒီး ယားတွင် စစ်မှန်သော ဒီမိုကရေစီ ရှိနေကြောင်း၊ ဇူလိုင်လက အတိုက်အခံများကမူ ရွေးကောက်ပွဲ မသမာမှုအတွက် ကန့်ကွက်မှုများ ပြုခဲ့ပါသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့ နိုင်ငံကို  ဒီမိုကရေစီအတွက် မော်ဒယ်ပုံစံတစ်ခုအနေနဲ့ မပြောလိုပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတိုင်းဟာ သူ့သမိုင်းကြောင်းပေါ် မူတည်ပြီး ဒီမိုကရေစီကို ကိုယ့်နှုန်းနဲ့ကိုယ် ချီတက်နေကြတာကြောင့် ဖြစ်ပါတယ်” ဟု Khieu Kanharith က ဖုန်းမက်ဆေ့ခ်ျဖြင့် ပြောကြားခဲ့ပါသည်။ “ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ  ပြည်တွင်းစစ်တော့ မရှိတော့ပါဘူး” ဟု ၄င်းက ဆိုပါသည်။

Ou Virak က ပြောကြားရာတွင် မြန်မာနိုင်ငံမှ လက်ရှိရွေးချယ်တင်မြှောက်ခံထားရသူများမှာ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော စစ်တပ်၏ အစိတ်အပိုင်းများ ဖြစ်နေဆဲဖြစ်သည်ဟု ဆိုပါသည်။ မီဒီယာများမှာလည်း  ကမ္ဘောဒီးယား မှာကဲ့သို့ ခံစားနေရဆဲဖြစ်ကြောင်း TV နှင့် ရေဒီယိုများမှာ ကမ္ဘောဒီးယားမှာကဲ့သို့ တင်းကြပ်သော စည်းမျဉ်းများ အောက်တွင်ရှိနေဆဲဖြစ်ကြောင်း ၄င်းက ပြောပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment