Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အစိုးရရဲ့မူကြမ်းကို ပယ်ချတာလည်း မဟုတ်ဘူး။ အမြင်မတူတာပေါ့။ ပယ်ချတဲ့သဘောနဲ့ ပြောတာက တစ်ချက်ပဲရှိတယ်။ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိစ္စပေါ့ဗျာ။ ဒါပေမယ့် အဲဒါလည်း ညှိနှိုင်းလို့ ရမှာပါ။ နောက်တစ်ခုကတော့ နိုင်ငံရေး ဆွေးနွေးတဲ့ ကိစ္စမှာ မူဘောင်ကို အရင်ရေးမလား။ ဒါမှမဟုတ်ရင် အပစ်အခတ် ရပ်စဲရေးကို အရင်လက်မှတ်ထိုး မလားဆိုတဲ့ ကိစ္စပေါ့။ ဒါကလည်း အန်ကယ်တို့ KNU ဂွင်မှာ တွေ့တဲ့ပွဲပြီးမှပဲ ပြောလို့ရမယ်”

ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၉) အမှတ် (၉) တွင်ပါရှိသော “အစိုးရနှင့် NCCT အဖွဲ့တို့၏ ဘားအံ့ဆွေးနွေးပွဲ ဇန်နဝါရီလသို့ ရွှေ့၊မရွှေ့ ဆိုသည်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယညီလာခံတွင် ဆုံးဖြတ်မည်” သတင်းမှ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံဟာ နောက်တစ်ဆင့်အနေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီးဆင်းရဲမွဲတေနေတဲ့ သူတွေကို ဖွံ့ဖြိုး တိုးတက်ဖို့ လမ်းကြောင်းတွေ ခင်းပေးနိုင်ရပါမယ်။ မြန်မာတစ်နိုင်လုံးက လူတိုင်းအတွက် အလားအလာကောင်းတွေ မြှင့်တင် ပေးရမယ်။ ရှင်းရှင်းလင်းလင်းပြောရရင် မနက်ဖြန်တွေမှာ ရောက်လာမယ့် စီးပွားရေး အခွင့်အလမ်းတွေအတွက် လူအတော် များများက ပြင်ဆင်မှု ရှိမနေကြပါဘူး”

ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၄၉) တွင် ပါရှိသော “မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ရန် IMF ဥက္ကဌ တိုက်တွန်း” သတင်းမှ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဥက္ကဌ ခရစ်စ္စတင်းလာဂါဒီ ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ဇွန်လ ၂၀၁၂ ခုနှစ်ကတည်းက ကလေးစစ်သားပပျောက်ရေးကို သဘောတူပြီး ဖြစ်တဲ့အချိန်ကစလို့ အစိုးရနဲ့ တပ်မတော်အကြား တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာကို တွေ့ရလို့ အားတက်မိပါတယ်။ ကလေးစစ်သား တွေရှိခဲ့တဲ့ စခန်းတွေကိုလည်း မကြာသေးခင်ကသွားရောက် လေ့လာခွင့် ရခဲ့ပါတယ်။ လေ့ကျင့်ရေးစခန်းတွေကိုလည်း သွားရောက်ခဲ့ကြတယ်။ ကလေးတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာခွင့်ရခဲ့တယ်”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၂၈) တွင်ပါရှိသော “မြန်မာနိုင်ငံအတွင်း ကလေးစစ်သား လုံးဝမရှိရေး ကုလလုံခြုံရေးကောင်စီ အလိုရှိ” သတင်းမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ လုပ်ငန်းအဖွဲ့ သံအမတ်ကြီး မစ္စ Sylie Lucas ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သံလွင်ဆိုတာ တိုင်းရင်းသားတွေတစ်ခုတည်းရဲ့ အရေးပဲ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တယ်။ ဒီဟာ ဧရာဝတီမြစ် လှုပ်ရှားမှုလို ဖြစ်စေချင်တယ်။ တခြားပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တွေကိုလည်း တိုင်ပင်ဖို့ တောင်းဆိုချင်တယ်”

ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီ မံကိန်းများ ရပ်တန့်ရန် လက်မှတ်ရေးထုးလှုပ်ရှားမည်” သတင်းမှ Karean River Watch မှ ကိုစောဟိန်းကျော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေး-လက်ရှိစာပေ လောကရဲ့ လွတ်လပ်ခွင့်အနေအထားလေးကို အရင်ဆုံးသုံးသပ်ပြပေးပါဦး၊ ဆရာ ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက် ဘာတွေကွာဟလာပြီလို့ ထင်ပါသလဲ။

ဖြေ-ကျွန်တော်ဖြတ်သန်းခဲ့တဲ့ တစ်လျှောက်မှာတော့ လက်ရှိကာလစာပေကဏ္ဍဟာ အများကြီး ပြောင်းလဲပါတယ်။ ထင်မှတ်မ ထားလောက်အောင် ပြောင်းလဲမှုတွေ ရှိနေတယ်။ အထူးသဖြင့် သတင်းပိုင်းဆိုင်ရာမှာ ဆိုရင် ပိုပြီးသိသာလာတယ်။ အရင်က မရခဲ့ဘူးတဲ့ လွတ်လပ်မှုတွေ ရလာကြတာကို တွေ့ရပါတယ်။အရင်တုန်းကဆိုရင် ကိုယ်ပိုင်စိတ်ခံစားချက်နဲ့ ရေးတဲ့ ရသစာပေတွေမှာတောင် စာပေစိစစ်ကို တင်ရတယ်။ ခွင့်ပြုချက်တွေကို စောင့်ရတယ်။ ပြန်ကျလာရင်လည်း ကိုယ်ပြောချင်တဲ့ အချက်တွေ ပါချင်မှ ပါတော့တာ။ အခုက ရေးချင်သလို ရေးခွင့်ပေးလာသလို ဖြစ်သွားတာ”

ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လွတ်လပ်ခွင့်ရလာတော့ အားရပါးရရေးကြရင်းနဲ့ စာပေအစွန်းထွက်မှုတွေ ရှိလာကြတာပါ” အင်တာဗျူးမှ လယ်တွင်းသားစောချစ် ၏ ဖြေကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment