Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(The Hindu Business Line မှ 9 Dec 2013 ရက်စွဲပါ “Japan Launches initiative to export postal system to Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

(Bernama News မှ 9 Dec 2013 ရက်စွဲပါ “Central banks of Cambodia, Laos, Myanmar & Vietnam to share experiences with MAS” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံသို့ စာတိုက်စနစ် တင်ပို့ကူညီရေး စီမံချက်ကို ဂျပန်စတင်

(The Hindu Business Line မှ 9 Dec 2013 ရက်စွဲပါ “Japan Launches initiative to export postal system to Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

ဂျပန်နိုင်ငံသည် ၎င်း၏ မြန်ဆန်၊ ထိရောက်၊ တိကျသော ဝန်ဆောင်မှုများကို မိတ်ဆက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံစာတိုက်စနစ် ခေတ်မှီအောင် ဆောင်ရွက်မှုကို စတင်လျက်ရှိသည်။

ယခု ဆောင်ရွက်ချက်သည် ဂျပန်နိုင်ငံ၏ အဆင့်မြင့်နည်းပညာများနှင့်  ဝန်ဆောင်မှုများကို အခြားတိုင်းပြည် များ- အထူးသဖြင့် အာရှတိုက်မှ ဖွင့်ဖြိုးဆဲတိုင်းပြည်များသို့ တင်ပို့ရန် ရည်ရွယ်သော ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၏ စီးပွားရေးပြန်လည်ထူမတ်ရေးအစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ဂျပန်နှင့်မြန်မာ တို့သည် လုပ်ငန်းအဆင့်ဆွေးနွေးမှုများကို သုံးကြိမ်ပြုလုပ်ပြီး သွားသော်ငြားလည်း စာတိုက် သင်္ကေတများ ရေးသားးခြင်းကို လူထုက သုံးပင်မသုံးတော့သည့် မြန်မာနိုင်ငံတွင် ဂျပန်စတိုင် စာတိုက်ဝန်ဆောင်မှု များကို မိတ်ဆက်ပေးရန်အတွက် အချိန်အများကြီး ယူရလိမ့်မည်ဟု ဂျပန်တာဝန်ရှိသူများက ယုံကြည်ကြသည်။

“မြန်မာနိုင်ငံမှာ မြောက်ပိုင်းကနေ တောင်ပိုင်းကို စာနဲ့ပါဆယ်ပစ္စည်းတွေရောက်ဖို့ အချိန်တစ်ပတ်လောက် ကြာပါတယ်” ဟု စီမံချက်နှင့် ပတ်သက်နေသော ဂျပန်ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ မာဆာတိုရှီ ကာဝါနို က ပြောကြားသည်။

“ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ စာတိုက်ကပို့တဲ့ ပစ္စည်းတွေ မကြာခဏပျောက်တက်တယ်ဆိုတဲ့ သတင်းတွေ ကတော့ ပုံကြီးချဲ့တာ ဖြစ်နိုင်ပါတယ်၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးပိုပြီး ဖွံ့ဖြိုးလာတော့မယ် ဆိုတာကို အားလုံးသိကြပါ တယ်။ ဒီတော့ ဖွံ့ဖြိုးမှုကို အထောက်အကူပြုဖို့ ပိုကောင်းတဲ့ စာတိုက်စနစ်တွေ မရှိမဖြအပ်လာမယ်ဆိုတာ အသေ အချာပါပဲ”

“ဂျပန်နိုင်ငံရဲ့ စာတိုက်စနစ်ဟာ စာတိုက်ကပို့တဲ့ ပစ္စည်းအားလုံးရဲ့ ၉၈ ရာခိုင်နှုန်းကို နှစ်ရက်အတွင်း အရောက် ပို့ဆောင်ပေးပါတယ်။ ပို့သူရော၊ လက်ခံသူရော၊ နိုင်ငံတွင်း ဘယ်နေရာမှာပဲ ရှိရှိ၊ ကိစ္စမရှိပါဘူး” ဟုကာဝါနို ကပြောကြား သည်။

မေလက ကျင်းပခဲ့သော နှစ်နိုင်ငံစာတိုက်လုပ်ငန်း ဆွေးနွေးပွဲအဝန်းအဝိုင်းတွင် တိုကျိုစာတိုက်ကို လေ့လာ ကြည့်ရှုစဉ် ဂျပန်လုပ်သားများက ပစ္စည်းများကို ထိထိရောက်ရောက် စီစဉ်၍ ဖောက်သည်များအား ဝန်ဆောင်မှု ကောင်းကောင်းပေးနေခြင်းကို မြန်မာဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်း အလွန်သဘောကျ သွားပုံရသည်ဟု သိရှိရ သည်။

စက်တင်ဘာလတွင် ဦးမြတ်ဟိန်းနှင့် ဂျပန်ဆက်သွယ်ရေးဝန်ကြီး ယိုရှီတာကာရှင်ဒို တို့ ထပ်မံတွေ့ဆုံကာ ၂၀၁၄ တွင် လက်တွေ့လုပ်ငန်းစတင်မည့် ကတိကဝတ်ကို အတည်ပြုခဲ့ကြပြီး၊ ဗီယက်နမ်နိုင်ငံ သည်လည်း၊ ဂျပန် နိုင်ငံနှင့် အလားတူ စာတိုက်လုပ်ငန်း အကူအညီပေးရေး သဘောတူညီမှုရရှိသော ဒုတိယမြောက် တိုင်းပြည် ဖြစ်လာခဲ့ သည်။

ဂျပန်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ စာတိုက်မူဝါဒ ဌာနခွဲ နိုင်ငံတကာရေးရာ ဒါရိုက်တာ ကာဝါနို က ဒေသခံ လုပ်သားများအား ဂျပန်ပုံ စာတိုက်ဝန်ဆောင်မှုပေးနည်းကို သင်ကြားပြသရသည့် အခက်အခဲမှာ ၎င်းအစိုးရိမ်ဆုံး ကိစ္စ ဖြစ်သည်ဟု ပြောကြားသည်။


ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် CLMV ဗဟိုဘဏ်များ စင်ကာပူ MAS နှင့် အတွေ့အကြုံဖလှယ်ကြမည်

(Bernama News မှ 9 Dec 2013 ရက်စွဲပါ “Central banks of Cambodia, Laos, Myanmar & Vietnam to share experiences with MAS” သတင်းကို ဘာသာပြန်ဆိုသည်)

လာမည့် သုံးရက်အတွင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) နိုင်ငံတို့၏ ဗဟိုဘဏ်များမှ တာဝန်ရှိသူ ၂၄ ဦးပါဝင်သော အဖွဲ့သည် ဘဏ္ဍာရေစီမံကိုင်တွယ်မှု အတွေ့အကြုံများကို ဖလှယ်ရန်အတွက် စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ MAS သို့ လာရောက်ကြမည် ဖြစ်သည်။

ယခုကဲ့သို့ လာရောက်မှုသည် ဘဏ်လုပ်ငန်းကြီးကြပ်ခြင်း၊ ငွေကြေးမူဝါဒ စီမံခန့်ခွဲခြင်း၊ အရှုံးစာရင်းပိုပြမှု စောင့်ကြည့်ခြင်း၊ ငွေပေးသွင်းမှုနှင့် အကြွေးဆပ်ခြင်း စနစ်များနှင့် ပတ်သက်၍ ၂ နှစ်ကြာစွမ်းရည် တည်ဆောက်ရေး ပရိုဂရမ်၏ အစီအစဉ်တစ်ခု ဖြစ်သည်။

၎င်း ပရိုဂရမ်ကို Temasek Foundation က စင်္ကာပူဒေါ်လာ ၃၀၅,၀၀၀ ဖြင့် မတည်ပေးခြင်းဖြစ်ပြီး၊ စင်္ကာပူ ငွေကြေး အာဏာပိုင်အဖွဲ့ MAS က နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု ထည့်ဝင်ပံ့ပိုးပေးခြင်း ဖြစ်သည်။

အထက်ပါ ပရိုဂရမ်၏ လေ့ကျင့်ရေး အစီအစဉ်များကြောင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) ဗဟိုဘဏ်များမှ ပါဝင်တက်ရောက်သူ စုစုပေါင်း ၁၉၀ ခန့် အကျိုးဖြစ်ထွန်းကြမည်ဟု မျှော်လင့်ရသည်။

၎င်းပရိုဂရမ်သည် CLMV ဗဟိုဘဏ်များမှ ခေါင်းဆောင်များနှင့် အလယ်အလတ်အဆင့် တာဝန်ရှိသူများအား ဗဟိုဘဏ်လုပ်ငန်းနှင့် ငွေကြေးကြီးကြပ်ကိုင်တွယ်မှု၊ စွမ်းဆောင်ရည်များအား ကောင်းလာစေရန်နှင့် MAS နှင့် CLMV အကြား ကွန်ယက်ချိတ်ဆက်မှုနှင့် အမြင်ဖလှယ်မှုတို့ လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည်ဟု MAS နှင့် Temasek Foundation တို့ ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဘဏ်လုပ်ငန်းစွမ်းရည်မြှင့် ပရိုဂရမ်သည် စင်္ကာပူနှင့် အာရှအိမ်နီးချင်းများအကြား ဘဏ်လုပ်ငန်းနှင့် ငွေကြေးစီမံကိုင်တွယ်မှု စွမ်းရည်တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် အစပျိုးပေး မည်ဖြစ်ပြီး ရေရှည်တွင် ၎င်းတို့နှင့် ဆိုင်ရာဆိုင်ရာ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်း ပေးလိမ့်မည်ဟု Temasek စီအီးအို ဘင်နဒစ်ချောင် က မျှော်လင့်ထားသည်။

MAS အမှုဆောင်ဒါရိုက်တာ ရာဗီမီနွန် က “CLMV အစိုးရများက ၎င်းတို့တိုင်းပြည်များတွင် စီးပွားရေး ဖွံ့ဖြိုးမှုကို အားပေးရန်နှင့် အာဆီယံစီးပွားရေး၊ စုစည်းမှုနက်ရှိုင်းစေရန် ကတိပြုထားကြကြောင်း၊ အဆိုပါ ကြိုးပမ်း အားထုတ်မှုများအတွက် မက်ခရိုစီးပွားရေး တည်ငြိမ်မှုနှင့် အားကောင်းခိုင်မာသော ငွေကြေးကဏ္ဍတို့ရှိရန် အရေးကြီး ကြောင်း” မှတ်ချက်ပေး ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment