Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံလျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှုတိုးတက်ရေးအတွက် ADB သန်း (၆၀) ငွေချေးပေး

(9 Dec 2013 ရက်စွဲပါ Jakarta Post မှ ADB provides $ 60 million for Myanmar’s power distribution development” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံလျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှုတိုးတက်ရေးအတွက် ADB သန်း (၆၀) ငွေချေးပေး

(9 Dec 2013 ရက်စွဲပါ Jakarta Post မှ ADB provides $ 60 million for Myanmar’s power distribution development” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒေသကြီးလေးခုတွင်ရှိသော အိမ်ထောင်စု (၄၈၀၀၀၀) ခန့်အား အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၆၀) ဖြင့် လျှပ်စစ်မီးဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်မည် ဖြစ်ပါသည်။ ၎င်းမှာ ADB အနေဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားဖြန့်ဖြူးရေး ကွန်ရက်ပြန်လည် ထူထောင်ရေး အတွက် ရွေးချယ်၍ မြန်မာနိုင်ငံအတွက် ပထမဆုံး ပရော့ဂျက်ချေးငွေ ပြန်လည်ချထားပေးခြင်း ဖြစ်ပါသည်။

“လျှပ်စစ်မီးသုံးစွဲနိုင်မှုဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလှပါတယ်။ လက်ရှိ လျှပ်စစ်ဓါတ်အားနဲ့ ဆိုင်တဲ့ အခြေခံ အဆောက်အဦးတွေကို ပြုပြင်ခြင်း၊ အားကောင်းအောင် လုပ်ဆောင်ခြင်းဟာ ဓါတ်အားပျောက်ဆုံးမှု များလျှော့ချ နိုင်ပြီး၊ အရင်းအမြစ်တွေကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ပါတယ်။ လူတွေကို ပိုမိုပြီး ဓါတ်အားပေးနိုင်ပါတယ်” ဟု ADB ဒုဥက္ကဌ Stephen Groff က တနလာင်္နေ့က တရားဝင်ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဟောင်းနွမ်းနေသောဓါတ်အားဖြန့်ဖြူးမှုတွင် ၂၀၁၇ ခုနှစ်က နည်းစနစ်နှင့်ဆိုင်သော ဓါတ်အား ပျောက်ဆုံးမှုများရော၊ နည်းစနစ်နှင့် မဆိုင်သော ဓါတ်အားပျောက်ဆုံးမှုများမှာ ၁၈.၂% ထိရှိခဲ့ရာ သုံးစွဲသူများထံ မရောက်မီ ဓါတ်အားစုစုပေါင်း၏ ငါးပုံတစ်ပုံပျောက်ဆုံးသည့် သဘောရှိပါသည်။

ADB ချေးငွေသည် လျှပ်စစ်ဓါတ်အား သယ်ဆောင်ရာတွင် ပိုမိုထိရောက်ရေးအတွက် ပြန်လည်ပြင်ဆင်ရေးများ လုပ်ဆောင်ရန် ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်ရာတွင် လက်ရှိ ၆၆/၁၁ ကီလိုဗို့ (KV) နှင့် ၃၃/၁၁ (KV) ဓါတ်အားခွဲရုံများ အဆင့်မြှင့်တင်ရေး၊ လက်ရှိ ၃၃ KV နှင့် ၁၁ KV ဓါတ်အားဖြန့်ဖြူးရေးလိုင်းများး အစားထိုးလဲလှယ်ခြင်း၊ လက်ရှိ ၁၁/၀.၄ KV ထရန်စဖော်မာများ အစားထိုးလဲလှယ်ခြင်းနှင့် ဒီဂျစ်တယ်မီတာ ဗောက်များ လဲလှယ်ခြင်းများ ပါဝင်ပါသည်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့် ဓါတ်အားဖြန့်ဖြူးရာတွင် ပျောက်ဆုံးမှုကို ၄% ထိ လျှော့ချနိုင်မည် ဖြစ်ပါသည်။

ရန်ကုန်၊မန္တလေး၊ စစ်ကိုင်းနှင့်မကွေးတိုင်း ဒေသကြီးများတွင် ဖြန့်ဖြူးမှုတိုးတက်လာခြင်းကြောင့် ဓါတ်အား လျှော့နည်းပျောက်ဆုံးမှု လျော့ချနိုင်မည့်အပြင် အကြီးစားစက်မှုလုပ်ငန်းများ၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ လုပ်ငန်းတိုးချဲ့ရန် အခွင့်အလမ်းပိုမိုရရှိမည် ဖြစ်ပါသည်။ သို့မှသာ လူနေမှုအခြေအနေ၊ ရပ်ရွာတွင် ဆေးခန်း၊ ကျောင်းများ တိုးတက်ကောင်းမွန်ကာ စီးပွားရေးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတွင် အထောက်အကူပြုနိုင်ပါမည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှုအချို့မှာ တိုးတက်လာရာ ၂၀၀၆ ခုနှစ်တွင် ၁၆% သာရှိရာမှ ၂၀၁၂ တွင် ၂၈% ရှိလာပါသည်။ ရန်ကုန်မြို့တွင် ၇၂%၊ နေပြည်တော်တွင် ၆၅%၊ မန္တလေးတွင် ၃၅% အသီးသီး သုံးစွဲကြပါသည်။ သို့သော် ကျေးလက်တွင်ရှိသော နေအိမ်များ၏ ငါးပုံတစ်ပုံကသာ လျှပ်စစ်ဓါတ်အား သုံးစွဲခွင့်ရ ကြပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment