Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခုဆွေးနွေးပွဲကလည်း လိုင်ဇာညီလာခံကနေ မူတွေပါလာတာပဲလေ။ အခုရရှိထားတဲ့ အချက်တွေကို ပြန်ညှိကြရမှာပေါ့။ ဘားအံ့ဆွေးနွေးပွဲအတွက်လည်း ပါတာပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေအားလုံးက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ရေး ဒါတွေကိုပဲ အဓိကထား လုပ်နေတာပါ”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Venus Journal အတွဲ (၅) အမှတ် (၂၀) တွင်ပါရှိသော “တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ဒုတိယအကြိမ် ကျင်းပမည်” သတင်းမှ ပဒိုစောကွယ်ထူးဝင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကြီးမားတဲ့ အပြောင်းအလဲကို ရင်ဆိုင်နေရတဲ့ကာလ ဖြစ်ပါတယ်။ IMF ဟာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး  SMP (Start Monitor Program) ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးပေါ်လစီကို တည်ငြိမ်အောင်လုပ်မယ့်  ဖြစ်စဉ်တစ်ခုကို ဆောင်ရွက်နေပါတယ်။ ၁၂ လကြာ သဘောတူညီချက်အရ ၂၀၁၄ ဇန်နဝါရီမှာ ဒုတိယအကြိမ် ပြန်လည် သုံးသပ်မှုကို လုပ်မှာပါ။ တိုးတက်မှုရှိ၊မရှိ အာဏာပိုင်တွေနဲ့  ပြန်လည် သုံးသပ်မှာပါ”

ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၆) တွင်ပါရှိသော “မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ဒုတိယဦးစားပေးနိုင်ငံဖြစ်ပြီး အကူအညီအများဆုံး ရရှိမည်” သတင်းမှ IMF Ms.Christine Lagarde ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေက ကောင်းတယ်။ ပြောစရာမလိုဘူး။ ပြဌာန်းထားတာတွေက မကြာသေးဘူး။ ဒီလို မျက်စိမှိတ်ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် အမှားတစ်ရပ်ကျူးလွန်တာဖြစ်တယ်။ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အေးချမ်းဖွံ့ဖြိုးမှုကို တစ်ခုမဟုတ်တစ်ခု အနှောင့်အယှက်ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးကို ဆန္ဒ စောပြီးလုပ်ဆောင်ပါက တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေနိုင်တယ်။ ငြိမ်းချမ်းရေးအပါအဝင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေတယ်”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် News Week Journal အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဖို့မလိုဘူးလို့ ပြောနေမယ်ဆိုရင် အမှားတစ်ရပ်ကျူးလွန်တာ ဖြစ်တယ်လို့ သူရဦးရွှေမန်း ကပြောကြား” သတင်းမှ သူရဦးရွှေမန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုနောက်ပိုင်းမှာ လူပြောများလာတာကတော့ လယ်ယာမြေကိစ္စလို့ ပြောလို့ရပါတယ်။ လယ်ယာမြေ သိမ်းဆည်းမှု စုံစမ်း စစ်ဆေးရေး ကော်မတီတောင်ဖွဲ့ပြီး လုပ်ဆောင်နေရပြီ၊ အဲဒီထဲမှာလည်း လယ်ယာမြေပြန်အပ်ဖို့အတွက် တောင်းဆို တိုက်ပွဲဝင်နေတာတွေ ရှိတယ်။ လယ်ယာမြေ ပြဿနာက နေရာဒေသတိုင်းမှာ အင်အားကြီးကြီးနဲ့ ဖြစ်ပျက်နေတယ်။ သက်ရောက်မှုကလည်း တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတာ တွေ့ရတယ်။ နောက်တစ်ခုကလည်း အများစုမြို့ပေါ်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကြုံတွေ့ရတာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စီတန်းလှည့်လည်ခွင့်က ရန်ကုန်မြို့ ပတ်ဝန်းကျင်မှာ တွေ့ရတယ်။ ဒါပေမယ့် ရန်ကုန်မြို့တင်မကပဲနဲ့ ဒီလယ်ယာမြေကိစ္စအတွက် တိုက်ပွဲဝင်နေကြတဲ့ လယ်ယာမြေအရေး လှုပ်ရှားသူတွေ ပတ်ဝန်းကျင်မှာလည်း ပုဒ်မ ၁၈ နဲ့ အဖမ်းခံထိတာ ဖြစ်တဲ့အတွက် ဒါဟာလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ”

ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအနက် လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာမှာ အများဆုံးဖြစ်” သတင်းမှ Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဘယ်တုန်းကတည်းက စရွေးနေလဲဆိုရင် အချိန်ပြည့်ရွေးနေတယ်။ ထုတ်ဖော်မပြောတာကလွဲလို့ လူတစ်ယောက်ကို လျာထားပြီဆိုရင် သူကိုယ်တိုင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျွန်တော်တို့ ဒီနယ်မြေထဲမှာ ရှိတဲ့လူထုရဲ့အကျိုးကို ဆောင်ရွက်တဲ့အထဲမှာ သူ့ကိုထည့်တယ်။ သုံးနေတာပဲ။ သုံးနေတဲ့ အချိန်မှာ အားသာချက်တွေ၊ အားနည်းချက်တွေ ဖြစ်လာတယ်။ အားနည်းချက်တွေကို ပြင်ခိုင်းတယ်။ ပိုပြီးတော့မှ အဆင်ပြေအောင် ကျွန်တော်တို့ လုပ်ခိုင်းတယ်။ အဲဒါ ပြည်သူ၊ နိုင်ငံ၊ နိုင်ငံသားတွေ အားလုံးနဲ့ အဆင်ပြေဖို့လိုတယ်”

ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ မဲဆန္ဒနယ်အားလုံး၌ ယှဉ်ပြိုင်မည်ဟုဆို” သတင်းမှ ဦးဌေးဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment