Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

ထားဝယ်စီမံကိန်းတွင် အနာဂတ် ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက်ရှိရန် မြန်မာအစိုးရ စည်းမျဉ်းတင်းကျပ်

(10 Dec 2013 ရက်စွဲပါ Channel News Asia မှ May Wong ရေးသားသော Myanmar tightens regulations to ensure future investors able to develop Dawei ကို ဘာသာပြန်ဆိုသည်)

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမည့်သူများ အနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆီးပေးနိုင်မည့် ငွေရေး၊ကြေးရေး တက်နိုင်သူများသာဖြစ်ရေး သေချာစေရန် မြန်မာအစိုးရက စည်းမျဉ်းများကို တင်းကြပ်ခဲ့ပါသည်။

ထားဝယ်စီမံကိန်းတွင် တစ်ဦးတည်းသော ကန်ထရိုက်တာ ဖြစ်သည့် Italian-Thai Development (ITD) တွင် ရန်ပုံငွေမရှိသောကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရပါသည်။

မြန်မာအစိုးရသည် ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ (၈.၆) ဘီလီယံတန် စီမံကိမ်းခွင့်ပြုချက်အား ထိုင်းအခြေစိုက် ITD သို့ (၇၅) နှစ်သက်တမ်းခွင့်ပြုခဲ့ပြီး အထူးစီးပွားရေးဇုန်ကို အဆင့်ငါးဆင့်ဖြင့် လုပ်ဆောင်ရန် ဖြစ်ပါသည်။

အဆိုပါ အထူးစီးပွားရေးဇုန်တွင် ရေနံချက်စက်ရုံ၊ ရေနံဓါတုစက်ရုံနှင့် ရေနက်ဆိပ်ကမ်းတို့ ပါဝင်ပါသည်။

သို့သော် ယခုအချိန်အထိ ITD ၏ လုပ်ဆောင်ထားမှုများကို မြန်မာအစိုးရက သေချာစွာအကဲဖြတ်လျက်ရှိ ခြင်းကြောင့် ထားဝယ် SEZ မှာ အခြေအနေတန့်လျက် ရှိပါသည်။

လူသိများသော စာရင်းစစ်အဖွဲ့များဖြစ်သည့် Princewater House Coopers, Ernst and Young, Deloitte တို့သည် အကဲဖြတ်မှုကို လုပ်ဆောင်ကြမည် ဖြစ်ပါသည်။

ထားဝယ်စီမံကိန်း စည်းမျဉ်းစည်းကမ်း ဆပ်ကော်မတီ ဥက္ကဌ ဖြစ်သူ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင် က ပြောကြားရာတွင် “Italian-Thai ကုမ္မဏီက လုပ်ငန်းတွေရပ်ထားဖို့ကို အစိုးရကလည်း သဘောတူပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အသေးစိတ် အကဲဖြတ်မှုတွေ လုပ်ရမှာမို့လို့ပါ” ဟု ဆိုပါသည်။

“အသေးစိတ်အကဲဖြတ်မှု လုပ်ရတာကတော့ တစ်ခြားနိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာရင် ယုံကြည်မှု ရှိအောင်ပါ။ ဒါမှ နားလည်မှုလွဲမှားမှုတွေ မရှိနိုင်ပါဘူး၊ နှစ်နိုင်ငံဆက်ဆံရေးကြောင့် အခြားအကျိုးဆက်တွေ သက်ရောက် မှုမရှိရေးအတွက်လည်း ဖြစ်ပါတယ်” ဟု ၎င်း ကပြောပါသည်။

အစိုးရသည် ထားဝယ်စီမံကိန်းအတွက် ခွင့်ပြုချက်စာချုပ်များ ရေးဆွဲနိုင်ရေးအတွက် နိုင်ငံတကာ အတိုင်ပင်ခံ ကုမ္မဏီတစ်ခုကိုလည်း ငှားရမ်းထားပါသည်။

ဦးဆက်အောင် ကပြောကြားရာတွင် “ခွင့်ပြုချက် သဘောတူညီချက်စာချုပ်မှာ စောင့်ကြည့်အကဲဖြတ်သည့် စနစ် နှင့် ဘဏ်မှ အာမခံသည့်ရန်ပုံငွေစနစ်၊ ငွေတိုက်စာချုပ် အာမခံသည့်စနစ်နှင့် လျှော်ကြေးပေးနိုင်သည့် ဖွဲ့စည်းပုံတို့ သတ်သတ်မှတ်မှတ် ပါဝင်မည် ဖြစ်ပါတယ်” ဟု ဆိုပါသည်။

“ဒါမှသာ အကောင်အထည်ဖော်မှု မလုပ်ဆောင်နိုင်ခဲ့ရင် ဒဏ်ကြေးနဲ့အခြား ဖြစ်လာနိုင်တဲ့ အရာတွေကို ခွင့်ပြု သဘောတူညီချက်မှာ သဘောတူထားရပါမယ်” ဟု ၎င်းက ဆိုပါသည်။

ထားဝယ် SEZ လုပ်ငန်းများမှာ ချောမွေ့ခြင်း မရှိသေးသော်လည်း အစိုးရက ထိုဒေသမှာ ဆွဲဆောင်မှုများ ရှိသည်ဟု ယုံကြည်နေပါသည်။

ထားဝယ် SEZ လုပ်ငန်း ကော်မတီ ဥက္ကဌဖြစ်သူ အလုပ်သမားဝန်ကြီး ဦးအေးမြင့်က ပြောကြားရာတွင် “တာထွက်က မချောမွေ့ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ အရင်ကထက် တိုးတက်မှု ရှိပါတယ်။ ဒီ စီမံကိန်း အောင်မြင်မယ် ကျွန်တော်ယုံကြည်ပါတယ်” ဟု ဆိုပါသည်။

ထားဝယ် SEZ ဖွံ့ဖြိုးတိုးတက်မှုမှာ ကြန့်ကြာနေသော်လည်း မြန်မာအစိုးရက ကြန့်ကြာရမှုမှာ စစ်မှန်သော ရင်းနှီးမြှုပ်နှံသူများ ရွေးချယ်ရေးအတွက် အမျိုးအစားခွဲမှုများ တိုးတက်ခွင့်ပြုရန် လိုအပ်ခြင်းကြောင့်ဟု ရှုမြင်လျက် ရှိပါသည်။

ပိုမိုတင်းကြပ်သော သတ်မှတ်ချက်များနှင့် အခြေအနေများကြောင့် မြန်မာအစိုးရ အနေဖြင့် တဆင့်ပြန်လည် ရောင်းချမည့်သူများကို ဖယ်ရှားပြီး၊ စီမံကိန်းရေရှည်အောင်မြင်ရေးကို အလေးပေးလုပ်ဆောင်မည့် ရင်းနှီးမြှုပ်နှံသူများ ကို ရှာဖွေနိုင်လိမ့်မည် ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment