Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

(Xinhua News မှ 11 Dec 2013 ရက်စွဲပါ “China, Myanmar vow to strengthen comprehensive strategic cooperation” သတင်းကို ဘာသာပြန်ဆိုသည်)

(11 Dec 2013 ရက်စွဲပါ UPI မှ Myanmar releases 44 prisoners of conscience ကို ဘာသာပြန်ဆိုသည်)


မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာရေး တရုတ်-မြန်မာ သဘောတူ

(Xinhua News မှ 11 Dec 2013 ရက်စွဲပါ “China, Myanmar vow to strengthen comprehensive strategic cooperation” သတင်းကို ဘာသာပြန်ဆိုသည်)

မဟာဗျူဟာမြောက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှု တစ်ရင်းတစ်နှီးဖလှယ်ရေးတို့ ခိုင်မာအားကောင်းစေရန် တရုတ်နှင့်မြန်မာခေါင်းဆောင်များ အင်္ဂါနေ့က သဘောတူခဲ့ကြသည်။

အင်္ဂါနေ့ အစောပိုင်းက နေပြည်တော်သို့ ရောက်ရှိလာသော တရုတ်ဒုတိယဝန်ကြီးချုပ် လူယန်ဒေါင် နှင့် မြန်မာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တို့ တွေ့ဆုံစဉ် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဦးဥာဏ်ထွန်းက လူယန်ဒေါင်အား ၂၇ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားသို့ လာရောက်ခြင်းအတွက် ကြိုဆိုကြောင်းနှင့် အားကစားပွဲအတွက် နည်းပညာအကူအညီပေးခဲ့သောကြောင့် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။

လူယန်ဒေါင် က နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် အားကစားပူးပေါင်းဆောင်ရွက်မှု အောင်မြင်စွာ အစပျိုးနိုင်ခဲ့ခြင်း ကို မြင်တွေ့ရမည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် အားကစားပွဲ အောင်အောင်မြင်မြင် ကျင်းပပြီးစီးမှုကို မျှော်လင့်နေ ကြောင်း ပြောကြားသည်။

လူယန်ဒေါင်က ဆက်လက်၍ “တရုတ်နှင့်မြန်မာသည် အစဉ်အလာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများဖြစ် ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေး ရေရှည်တိုးတက်မှုသည် နှစ်နိုင်ငံစလုံး၏ အခြေခံအကျိုးစီးပွားကို ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များရရှိထားသော အရေးကြီး သဘောတူညီမှုများကို တရုတ်ဖက်က လိုလိုလားလား အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါင်းစုံအပြန်အလှန် အကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရှေ့ဆက်သွားရန် မြန်မာနိုင်ငံနှင့် လက်တွဲထားမည် ဖြစ်ကြောင်း” အကျယ်တဝင့် ပြောကြားသည်။

တရုတ်-မြန်မာ ဆက်ဆံရေးသည် ပြည်သူများကို အခြေခံသောကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးရန် နှစ်ဖက်ပြည်သူများ၏ နားလည်မှု၊ ထောက်ခံမှုကို လုံးဝဥသုန်လိုအပ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးမှုအတွက် လူထုထောက်ခံအားပေးမှု အုတ်မြစ်ကို ခိုင်မာစေရန်နှင့် အပြန်အလှန်ယဉ်ကျေးမှု ဖလှယ်ရန်အတွက် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစား၊သတင်းမီဒီယာ၊ ရုပ်သံ၊ ရုပ်ရှင်၊ ဘာသာရေး စသော ကဏ္ဍပေါင်းစုံ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုကို တရုတ်နိုင်ငံက ဆက်လက်ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်း၊ သူမ ကထုတ်ဖော်ပြောကြားသည်။

ဦးဥာဏ်ထွန်း ကလည်း တရုတ်နိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးတိုးတက်ရေးသည် မြန်မာနိုင်ငံခြားရေး မူဝါဒ၏ အရေးကြီးအစီအစဉ်များထဲတွင် ပါဝင်ပါကြောင်း၊ နှစ်နိုင်ငံစလုံးသည် တစ်ဦး၏ ပြည်တွင်း ပြုပြင်ပြောင်းလဲ ရေးဖြစ်စဉ်ကို တစ်ဦးက အပြန်အလှန်နားလည် သဘောပေါက်ကာ ထောက်ခံအားပေးလျက် ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မြန်မာနိုင်ငံက ကတိပြုထားကြောင်း ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန် မြန်မာနိုင်ငံက ကတိပြုထားကြောင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မြန်မာနိုင်ငံက ကတိပြုထားကြောင်း ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်လိုသည့် တရုတ်နိုင်ငံ၏ အိုင်ဒီယာနှင့် အဆိုပြုချက်များကိုလည်း အားပေးထောက်ခံကြောင်း ပြန်လည် ပြောဆိုသည်။

တွေ့ဆုံမှုအပြီးတွင် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ် ရေးထိုးကြခြင်းကို ခေါင်းဆောင်နှစ်ဦးက အထူးကြည့်ရှုအားပေးကြသည်။

လူယန်ဒေါင် သည် ဦးဥာဏ်ထွန်း ၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှစ်ရက်ခရီးစဉ် လည်ပတ်ရန် အင်္ဂါနေ့မွန်းလွဲ ပိုင်းက နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။


မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ၄၄ ဦးထပ်မံလွှတ်ပေး

(11 Dec 2013 ရက်စွဲပါ UPI မှ Myanmar releases 44 prisoners of conscience ကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ (၄၄) ဦးအား လွှတ်ပေးရန် ဗုဒဟူးနေ့က ဆုံးဖြတ် ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tamas Ojea Quintana က ချီးကျူးခဲ့ပါသည်။

Quintana က ပြောကြားရာတွင် ယခုဆုံးဖြတ်ချက်သည် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအကုန်လွှတ် ပေးရန် အစိုးရ၏ ကတိပြုချက်အတွက် ပိုမိုနီးစပ်စေရန် ခြေလှမ်းဖြစ်ကြောင်း ဆိုပါသည်။ ၎င်းစတင် တာဝန်ယူသည့် ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဆန့်ကျင်မှုကြောင့် ဖမ်းဆီးထားသူ (၁၉၀၀) ကျော်ရှိကြောင်း ၎င်းကပြောခဲ့ပါသည်။

“အခုထိ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတွေရဲ့ အရေးပါပုံကို သိဖို့အရေးကြီးပါတယ်။ ဒီနေ့ ကျွန်တော်တို့ ပြောစရာ အကျဉ်းသားအရေအတွက်ဟာ (၅၀) တောင်မရှိတော့ပါဘူး” ဟု ၎င်းက ဗုဒဟူးနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ တွင်ထုတ်ပြန် သော ကျေညာချက်၌ ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးပြီးဆုံးပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်ကလည်း နိုင်ငံတကာ၏ ချီးကျူးမှု ကို ခံခဲ့ရပါသည်။ Quintana က ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအမွေ တည်တံ့စေရန် အချိန်ယူရဦးမည် ဖြစ်သော်လည်း လမ်းကြောင်းမှန်ပေါ်တွင်မူ ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဥပဒေတွင် ခွင့်ပြုချက်မရှိပဲ ဆန္ဒပြသူများကို ထောင်ဒဏ်တစ်နှစ်အထိ အပြစ်ပေးနိုင်ကြောင်း ပါဝင် နေခြင်းကို ပြန်လည်စဉ်းစားသင့်ကြောင်း ပြောပါသည်။

“ပြည်သူတွေက သူတို့ရဲ့ အမြင်ကို လွတ်လပ်စွာ ဖော်ထုတ်နိုင်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုဆီကို သွားဖို့ကတော့ အချိန်ယူရပါဦးမယ်။ ဒီနေ့ အကျဉ်းသားလွှတ်ပေးမှုဟာ ရှေ့ကိုသွားတဲ့ ခြေလှမ်းဖြစ်ပြီး၊ ဥပဒေတွေနဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲရေးတွေပါ ပါဝင်လာဖို့ လိုပါသေးတယ်” ဟု ၎င်း ကပြောပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment