Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အစိုးရအနေနဲ့ ဒီမိုကရေစီတည်ဆောက်ချင်ရင် လွှတ်တော်အနေနဲ့ ဒီမိုကရေစီတည်ဆောက်ချင်ရင် တပ်မတော်အနေနဲ့ ဒီမိုကရေစီတည်ဆောက်တယ်ဆိုရင် သမ္မတရွေးချယ်ခွင့်ရအောင် လုပ်ပေးသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေထဲက ၄၇ အခြေခံဥပဒေနဲ့ ၇၄ အခြေခံဥပဒေထဲမှာလဲ မပါပါဘူး။ နိုင်ငံတကာမှာလည်း ဒါမျိုးမရှိဘူး။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် လုပ်ပေးနိုင်တဲ့သူ၊ ပြည်တွင်းပြည်ပက လက်ခံတဲ့သူကို ပိတ်ပင်ထားရင် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၉) အမှတ် (၂၄) တွင်ပါရှိသော “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ရာခိုင်နှုန်း ၉၀ မကျိန်းသေဟုဆို” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဆက်သွယ်ဆောင်ရွက်မှုနဲ့ ပြင်ဆင်ဆောင်ရွက်မှု အချိန်လေးနည်းနည်း ထပ်ပြီးတော့  ရအောင်ဆိုပြီးတော့မှ ကျနော်တို့ ရက်ကို နည်းနည်းရွှေ့လိုက်တာ ဖြစ်တယ်။ ကျနော်တို့ ဒီဖြစ်မြောက်ရေးကော်မတီက နေပြီးတော့မှ အချိန်လေးပေါ့ ပြင်ဆင် ဆောင်ရွက်ဖို့ရော နောက်ဆက်သွယ်ဆောင်ရွက်ဖို့ပါ အချိန်နည်းနည်း  ထပ်တိုးလိုက်တာ၊ ဒါမှသာလျှင် ပိုမိုပြီးတော့မှ ထိထိ ရောက်ရောက် ပီပီပြင်ပြင် ဖြစ်မယ်ပေါ့၊ အဲ့ဒါကြောင်မို့ သူက အချိန်လေး နည်းနည်းလေးပဲ ထပ်တိုးလိုက်တာပါ”

ဒီဇင်ဘာလ ၁၂ ရက် RFA သတင်းစာမျက်နှာ တွင်ပါရှိသော “တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ဘားအံညီလာခံ ရက်ရွှေ့ဆိုင်း” သတင်းမှ ပဒိုမန်းမန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စာချုပ်ချုပ်ဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့ကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောတဲ့အပေါ် မူတည်ပြီး အားကို တာပေါ့။ ဒါပေမယ့် စာချုပ်ချုပ်ရအောင် ကျွန်တော်တို့က ဆုံးဖြတ်ပေးနိုင်တဲ့ အဖွဲ့မှ မဟုတ်တာ။ ကျွန်တော်တို့က မြေသိမ်း တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီလိုတွေရှိတယ်။ ဒီလို သုံးသပ်တယ်။ ဒီလို အကြုံပြုတယ်ဆိုပြီးတော့ပဲ အစီရင်ခံစာ ရေးခွင့်ရှိ တာပါ။ ဒီ အကြံပြုတဲ့အပေါ်မှာ လုပ်ခြင်း၊ မလုပ်ခြင်းက အစိုးရရဲ့ သဘောဖြစ်ပါတယ်။ ဒီ ကိစ္စအပေါ် ဥပဒေနဲ့အညီ ဆင်ခြင်သုံးသပ် နိုင်အောင်လို့ ကျွန်တော်တို့က အချက်အလက်တွေစုပေးတဲ့ သဘောပဲ။ ဒီအပေါ်မှာ အစိုးရက ဆုံးဖြတ်တဲ့ သဘောဖြစ်ပါတယ်”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အဆုံးအဖြတ်ပေးနိုင်တဲ့ အဖွဲ့အစည်း မဟုတ်၍ မိကျောင်းကန်ကိစ္စ ကော်မရှင်က စာချုပ်ကတိပေးရန် မဖြစ်နိုင်” သတင်းမှ ဦးအောင်သိန်းလင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုလို ဖမ်းလိုက်၊လွှတ်လိုက် လုပ်နေတာက ဘယ်ဟာအတွက်မှ အလားအလာမကောင်းဘူး။ အင်မတန် ဝမ်းနည်းစရာ ကောင်းတယ်။ တကယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးမှသာလျှင် တရားရေးမဏ္ဍိုင် ယိုင်ယဲ့တာကို ပြင်ဆင်သင့်တယ်။ ပြစ်ဒဏ်နဲ့ ပြစ်မှုမမျှတတာတွေ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ခြေလှမ်းစတာတွေ လုပ်ရမှာ ဖြစ်တယ်။ ပုဒ်မ ၁၈ ၅၀၅ (ခ) ဆိုတာတွေကို ပြည်ထဲရေးက အသက်သွင်းတာ ဖြစ်တယ်။ ဒီပုဒ်မတွေ ရှိနေသမျှ နိုင်ငံရေးအကျဉ်းသားကတော့ ရှိနေမှာပဲ”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဖမ်းလိုက် လွှတ်လိုက် မကြာသေးမီက ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄၁ ဦးထပ်မံလွှတ်ပေး” သတင်းမှ နိုင်ငံရေးအကျဉ်းသား ကိုစိုးမိုးထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာဘက်ကနေ ကုန်ကြမ်းတင်ပို့တဲ့အခါ တရုတ်အစိုးရရဲ့ အခွန်နှုန်းထားက သက်သာပြီး ကုန်ချောတင်ပို့ တဲ့အခါ အခွန်ကောက်ခံမှု ကြီးမြင့်တဲ့ အခက်အခဲရှိနေပါတယ်။ ဒါ့ကြောင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်တဲ့နေရာမှာ မျှတတဲ့ကုန်သွယ်မှု ဖြစ်ဖို့ တရုတ်အစိုးရကို တောင်းဆိုပေးပြီး သက်ဆိုင်ရာဌာနတွေနဲ့ လုပ်ငန်းရှင်အသီးသီးက ဝိုင်းဝန်းကူညီ ပေးစေလိုပါတယ်”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ကုန်ချောများအပေါ် စည်းကြပ် သည့် သွင်းကုန်ခွန် မျှတစွာဆောင်ရွက်ပေးရန် တရုတ်ကို မြန်မာတောင်းဆို” သတင်းမှ UMFCCI တွဲဖက် အတွင်းရေးမှူး ဦးအေးလွင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment