Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(The Peninsula News မှ 11 Dec 2013 ရက်စွဲပါ “Help build Myanmar’s healthcare system: Suu Kyi” သတင်းကို ဘာသာပြန်ဆိုသည်)

(The Nation News မှ 12 Dec 2013 ရက်စွဲပါ Japan to loan half a billion dollars to Myanmar သတင်း ကို ဘာသာပြန်ဆိုသည်)


မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြုပြင်တည်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည် အကူ အညီတောင်း

(The Peninsula News မှ 11 Dec 2013 ရက်စွဲပါ “Help build Myanmar’s healthcare system: Suu Kyi” သတင်းကို ဘာသာပြန်ဆိုသည်)

ကာတာနိုင်ငံတွင် ဒိုဟာတွင် ကျင်းပနေသော ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မနေ့က မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့ မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် ပြန်လည်တည်ဆောက်နိုင်အောင် အကူအညီ ပေးကြရန် ကျွမ်းကျင်သူများကို သူမက တိုက်တွန်းခဲ့သည်။

“ဒီ ညီလာခံကို တက်ရောက်လာကြသူတွေဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍ ပြောင်းလဲအောင် ကူညီဖို့ စိတ်ဝင်စားကြ လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်” ဟု သူမ က ပြောကြားခဲ့ပြီး သူမ ၏ မိန့်ခွန်းပြောဆိုမှုကို တက်ရောက်လာသူများက မတ်တပ်ရပ်၍ လက်ခုပ်သြဘာပေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးခေတ်မှ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အမွေခံခဲ့ပြီး၊ လွတ်လပ်ရေး ရပြီးနောက်တွင် အကောင်းဆုံး တည်ဆောက်နိုင်ခဲ့ကြောင်း သို့သော် ၁၉၆၀ တွင် တပ်မတော်က အာဏာသိမ်းပြီးနောက် တစ်စတစ်စ ယိုယွင်းပျက်စီးသွားခဲ့ရာ၊ ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အလွန်နိမ့် နေကြောင်း သူမက ရှင်းလင်းပြောဆိုသည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုနေရာ ဖြစ်သော၊ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီး ပြန်လည်အဆင့်မြင့်မွမ်းမံခြင်း လုပ်ငန်းကိုမူ Imperial College London Institute of Global Health Innovation ဥက္ကဌဖြစ်သူ ပါမောက္ခ လော့ဒါဇီဒင်ဟမ် ၏ ထောက်ခံပံ့ပိုးမှုဖြင့် စတင်လျက် ရှိသည်။

“နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အရ ဘဝကို မြှင့်ဖို့ရုန်းကန်နေရတဲ့ ပြည်သူတွေအတွက် အားထားရမယ့် ဆေးရုံဖြစ်လာအောင် ပြောင်းလဲဖို့ ကျွန်မတို့ လုပ်ကိုင်နေကြပါတယ်” ဟု သူမ က ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှုညီလာခံ WISH ၏ ရည်မှန်းချက် များကို ကိုးကားပြောဆိုရာတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးရာ၌ လူ့တန်ဖိုးကို လေးစားသော စိတ်ဓါတ်၊ ဂရုဏာ၊ အသိဥာဏ်တို့ ရောယှက်နေသော စေတနာပါသည့် ဆောင်ရွက်ချက်များ လိုအပ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု တွင် စေတနာမပါ ပါက ဝတ္တရားကျေဆေးကုသမှုသာ ဖြစ်နိုင်ကြောင်း ပြောကြားသွားခဲ့သည်။


မြန်မာအား ဒေါ်လာဘီလီယံထက်ဝက် ဂျပန်ချေးမည်

(The Nation News မှ 12 Dec 2013 ရက်စွဲပါ Japan to loan half a billion dollars to Myanmar သတင်း ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦးစနစ် တိုးတက်အောင် ကူညီရန်အတွက် ဂျပန်နိုင်ငံက ချေးငွေ ယန်း ၆၀ ဘီလီယံ (ဒေါ်လာ ၅၈၅ သန်း) ထောက်ပံ့ပေးမည်ဟု ကြာသာပတေးနေ့တွင် ဂျပန်မီဒီယာက သတင်းဖော်ပြသည်။

ယခု သီတင်းပတ်ကုန်ရက်အပြီးတွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးပွဲ ကျင်းပချိန်၌ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြုလိမ့်မည်ဟု မျှော်လင့်ရကြောင်း Kyodo သတင်းဌာနက အမည်မဖော်သော အစိုးရ တာဝန်ရှိသူ တစ်ဦးကို ကိုးကား၍ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

မေလက မြန်မာနိုင်ငံခရီးစဉ်တွင် ဂျပန်ဝန်ကြီးချုပ်က ကတိပေးခဲ့သော ချေးငွေနှင့် ထောက်ပံ့ငွေ ယန်း ၉၀ ဘီလီယံအပြင် ယခုချေးငွေထပ်တိုးလာခြင်းကြောင့် မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံ၏ စီးပွားရေး ကူညီထောက်ပံ့မှုမှာ ယန်းငွေ ၁၅၀ ဘီလီယံကျော်သွားပြီ ဖြစ်သည်။

ယခုကဲ့သို့ ကူညီထောက်ပံ့ခြင်းသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်မည့် တရုတ်နိုင်ငံ၏ ခြေလှမ်းများကို ဟန့်တားရန်နှင့် မဖွံ့ဖြိုးသေးသော မြန်မာဈေးကွက်သို့ ဂျပန်ကုမ္မဏီများ လမ်းကြောင်းထွင်နိုင်အောင် အကူအညီပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းသတင်းတွင် ရေးသားထားသည်။

ယခုသတင်းပတ်ကုန်ရက်တွင် ကျင်းပမည့် ဂျပန်နှင့် အာဆီယံခေါင်းဆောင်များ အစည်းအဝေး၏ အဝန်းအဝိုင်း တွင် မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ဂျပန်နိုင်ငံက ကူညီပံ့ပိုးမည့် နားလည်မှု စာချွန်လွှာကို မစ္စတာ အာဘေး နှင့် ဦးသိန်းစိန် တို့ လက်မှတ်ရေးထိုးကြမည်ဟု မျှော်လင့်ရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment