Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

တရုတ်တို့ထံမှ ပိုမို ကောင်းမွန်သော လုပ်ပုံကိုင်ပုံကို မြန်မာ ကုမ္ပဏီများ တောင်းဆို

(AFP မှ 15 Dec 2013 ရက်စွဲပါ "Myanmar Businesses call for better deal from China" သတင်းကို ဘာသာပြန် ဆိုသည်။)

စီးပွားရေးနိမ့်ကျသော အိမ်နီးချင်း မြန်မာနိုင်ငံ အပေါ် ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းများကို တိုးတက်ကောင်း မွန်အောင် ပြုလုပ်ရန် တရုတ်နိုင်ငံအား မြန်မာ့ စီးပွားရေးလောက ဦးဆောင် ကုမ္ပဏီများက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်း လိုက်ပြီး မြန်မာနိုင်ငံ၌ ဘီဂျင်း ထက် အငြင်းပွားစရာ စီမံကိန်း အချို့ကို စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်လာချိန်တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ယခင် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ၏ ကာလရှည်ကြာ မဟာမိတ် တိုင်းပြည်ဖြစ်ခဲ့ သည်။ တရုတ်တို့သည် ထိုစဉ်က တံခါးပိတ် မြန်မာနိုင်ငံအား သံတမန်ရေး အကာအကွယ်ပေး အပြီး အပြန်အလှန် အားဖြင့် စီးပွားရေး အမြတ်ထုတ်ခွင့် ရခဲ့သောကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ၃၃ ရာခိုင်နှုန်းဖြင့် အများဆုံး ထည့်ဝင်ထားပြီး အရေးပါသော ကုန်သွယ်ဖက်နိုင်ငံ အဖြစ် သတ်မှတ်ခြင်း ခံရသည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တစ်သီတစ်တန်း ပြုလုပ်ပြသမှုကြောင့် အနောက် အုပ်စု အရေးယူပိတ်ဆို့မှု Sanctions များ ရုတ်သိမ်းသွားပြီဖြစ်ရာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် စီးဝင်လာတော့မည့် မျှော်လင့်ချက်မျာ တိုးပွားလာနေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ ဦးအေးလွင်က "အခု ဒီမှာက တရုတ် ကုမ္ပဏီတွေချည်းပဲ မဟုတ်တော့ဘူး။ နိုင်ငံတကာ ကုမ္ပဏီတွေလည်း ဝင်လာနေပြီလို့ အသိပေးချင်ပါတယ်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ်စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ နှင့် စကားပြောရာတွင် ၎င်းက " အခု အချိန်ဟာ နယ်စပ် ဖြတ်ကူးလာတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးကြီးတဲ့ အချိန်ပါ" ဟု ပြောကြားခဲ့ပြီး နိုင်ငံတကာ စံနှုန်းများကို လိုက်နာကြရန် နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ၊ လူမှုရေးဆိုင်ရာ တာဝန်ယူတတ်သည့် ပုံစံဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment