Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ အကြွေးတွေပြန်မရတော့ အရှုံးပေါ်တယ်။ နောက် ဒီလိုအရှုံးပေါ်တဲ့ အစိုးရပိုင်တွေကို ပြည်သူပိုင်လုပ်ရမယ် လွှတ်တော်က တောင်းဆိုလာတယ်။ ဒီမှာ စာရင်းရှင်းဖို့တွေဖြစ်လာတယ်။ အကြွေးပြန်သိမ်းတာရယ်။ စာရင်းရှင်းလင်း ဖျက်သိမ်းတာရယ် ပေါင်းလိုက်တော့ စာရင်းအမြန်ရှင်းပါဆိုပြီး လွှတ်တော်က တောင်းဆိုတယ်။ ခင်ဗျားတို့ရအောင် မတောင်း နိုင်ရင် မတောင်းတဲ့ ဝန်ကြီးဌာနကို အရေးယူမယ်။ အဲဒီမှာ လွှတ်တော်က တစ်ရစ်ထပ်တိုးတယ်။ အလွဲသုံးစားတာ မဟုတ်ဘဲ နဲ့ ပြန်မဆပ်နိုင်တဲ့ ကိစ္စတွေဖြစ်လာတာပေါ့ ”

ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် weekly Eleven Journal အတွဲ (၉) အမှတ် (၁၀) တွင် ပါရှိသော “လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီအတွက် မေးခွန်းတစ်ခု..၊ ဝန်ကြီးဌာန ၁၉ ခု၊ ကြွေးကျန်ငွေကျပ် ၁၁၂၅ ဘီလျံကျော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ငွေကြေးအရှုပ်အရှင်းကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်မ လဲ” သတင်းမှ ဦးအုန်းမြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိမြစ်ကြီးနားမှာ ဆွေးနွေးတဲ့ KIO နဲ့ လက်ရှိအစိုးရနဲ့ ပြည်ထောင်စုလုပ်ငန်းဖော်ဆောင်မှု လုပ်ငန်း ကော်မတီ နောက်ဆုံးဆွေးနွေးချက်မှာလည်း ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ဒုက္ခသည်တွေကို ကူညီပံ့ပိုးဆိုင်ရာ အဓိကပါဝင်နေတယ်။ အဲဒီက ပါဝင်နေတဲ့ အဲဒီအချက်တွေနဲ့ဟာကို လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်က နန့်လင်းပါ၊ မွန်းနေပါမှာ အောက်ခြေကနေစပြီး တိုက်ပွဲဖြစ်နေတဲ့အနေအထားက နှစ်ဖက်တပ်ကို ယုံကြည်မှု လျော့ကျစေတဲ့အရာ ဖြစ်တယ်။ အဲဒီအရာက တစ်နိုင်ငံလုံး၊ အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အဟန့်အတား ဖြစ်တယ်”

ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒ ဂျာနယ် အတွဲ (၁) အမှတ် (၄၀) တွင်ပါရှိသော “အောက်ခြေမှ ဖြစ်သော တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်ဟုဆို” သတင်းမှ ကချင် ငြိမ်းချမ်းရေး ကွန်ယက်မှ ကိုဂျော့ရွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်သူတွေဟာ အခြေခံဥပဒေနဲ့ပတ်သက်ရင် သိပ်နားမလည်ကြသလို သိအောင်လည်း မကြိုးစားကြဘူး။ သိအောင် လုပ်လည်း ဘာမှမထူးဖူးဆိုတဲ့ စိတ်ဆန္ဒတွေရှိနေတဲ့အတွက်ကြောင့် အခုလို နယ်တွေကို ဆင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တာတွေကို ပြည်သူတွေသိအောင်ဆိုပြီး အသိပေးရှင်းလင်းပွဲတွေ လုပ်ရခြင်း ဖြစ်တယ်။ ဒီလို ကွင်းဆင်းပြီး အသိပေးပညာရှင်းလင်းပွဲကရရှိတဲ့ ပြည်သူလူထုရဲ့ အကြံပြုလွှာတွေကို အခြေခံလေ့လာသုံးသပ်ရေး ကော်မတီကို ပေးပို့ သွားမယ်”

ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၅၀) တွင်ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဆိုပြုလွှာများကို ဥပဒေလေ့လာသုံးသပ်ရေး ကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပေးပို့သွားမည်” သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးကျော်မင်းစံ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စီမံအုပ်ချုပ်မှုညံ့ဖျင်းတယ်ဆိုရင် အဲဒီသယံဇာတရင်းမြစ်ဆိုတာ အခွန်ဘဏ္ဍာတွေဟာ ဆင်းရဲမွဲတေမှု အကျင့်ပျက် လာဘ်စား မှုတွေနဲ့ ဒေသတွင်း ပဋိပက္ခတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် တွင်းထွက် သယံဇာတတူးဖော်ရေး ကဏ္ဍမှာ ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ခံမှုတွေ (EITI) ကို တိုးတက်ကောင်းမွန် လာစေခြင်းဖြင့် စီမံအုပ်ချုပ်ရေး အားကောင်းလာအောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်”

ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “သယံဇာတဆိုင်ရာ၊ အခွန် ဘဏ္ဍာဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး ကိုယ်စားလှယ်နှစ်ဦး ရွေးချယ်” သတင်းမှ သတ္တုတွင်းဝန်ကြီး ဒေါက်တာ မြင့်အောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒါတွေဟာ ဘာသာရေးပြဿနာမဟုတ်သလို၊ လူမျိုးရေးပြဿနာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ မတူကွဲပြားတဲ့ လူတွေအတူ စုပေါင်းနေထိုင်ခဲ့တာ ကြာပါပြီ၊ လူသားနှစ်ဦးရန်ဖြစ်တာနဲ့ ပတ်သက်ပြီး ဒီကိစ္စအသေးအမွှားကို ဘာသာရေး အသွင်ဆောင်တဲ့ ပြဿနာတွေဖြစ်အောင် အသိပညာနည်းတဲ့ ပြည်သူလူထုကို နောက်ကွယ်က ကြိုးကိုင်စေခိုင်းသူတွေ ရှိခဲ့ တယ်။ ဒါတွေကို အခု အသိပညာပေးရေးလုပ်မယ်။ နောက်နောင် ထပ်မံမဖြစ်ပွားအောင်နဲ့ အတူယှဉ်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်အောင်လို့ပါ”

ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “ဘာသာရေးပဋိပက္ခများ မဖြစ်ပွားစေရန် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်ရန်ဟုဆို” သတင်းမှ ဟာဂျီဦးအေးလွင် ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment