Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

ဂျပန်က သီလဝါစီမံကိန်းအတွက် ငွေကြေးထောက်ပံ့မည်

(15 December 2013 ရက်စွဲပါ Bangkok Post မှ Japan to finance Thilawa project ကို ဘာသာပြန်ဆိုသည်)

တနင်္ဂနွေနေ့က ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံသို့ ချေးငွေသစ် ၆၃ ဘီလီယံတန် (၁၉.၅ ဘီလီယံဘတ်) တန်ဖိုးကို ပေးအပ်ရန် စီစဉ်ခဲ့ရာ အဓိကအားဖြင့် မြန်မာနိုင်ငံ၏ အခြေခံဆောက်အဦး တည်ဆောက်ရေး စီမံကိန်းများတွင် ကူညီရန် ဖြစ်ပါသည်။

အဆိုပါ ချေးငွေအစီအစဉ်ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က တိုကျိုရှိ ၎င်း၏ ရုံးခန်းတွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့ ပါသည်။ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံတွင် ကျင်းပသည့် ဂျပန်နှင့် အာဆီယံ ဒေသတွင်း ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ်ပါသည်။

ယခု ယန်းချေးငွေသည် ရန်ကုန်အနီးရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် အခြေခံအဆောက်အဦး ဆောက်လုပ်ရန် နှင့် မြန်မာနိုင်ငံမှ ရထားလမ်းကွန်ရက် အဆင့်မြှင့်တင်ရန်လည်း ပါဝင်ပါသည်။

“ကျွန်တော်တို့ဟာ အခြေခံအဆောက်အဦး ဆောက်လုပ်ခြင်းနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများ ပြည်သူကဏ္ဍ၊ ပုဂ္ဂလိကတွေမှာ ဆက်လက်ပံ့ပိုးသွားမှာ ဖြစ်ပါတယ်” ဟု Mr Abe က ဦးသိန်းစိန် နှင့် ပူးတွဲသတင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။

Mr Abe သည် ပြီးခဲ့သည့် မေလ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်ကလည်း ချေးငွေ (၉၁) ဘီလီယံယန်း ပေးအပ်ရန် ကတိပြုခဲ့ရာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၎င်းတက်လာပြီးကတည်းက မြန်မာနိုင်ငံသို့ ပေးခဲ့သည့် ချေးငွေမှာ ယန်းငွေဘီလီယံ (၁၅၀) ကျော်ရှိသွားပြီ ဖြစ်ပါသည်။

ဂျပန်နှင့် မြန်မာတို့သည် ရင်းနှီးမြှုပ်နှံရာတွင် ပိုမိုလွယ်ကူစေမည့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု စာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။

ဂျပန်နှင့် မြန်မာတို့သည် ရင်းနှီးမြှုပ်နှံရာတွင် ပိုမိုလွယ်ကူစေမည့် နှစ်နိုင်ငံရင်းနှီးမြှုပ်မှု စာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။

ဂျပန်နှင့် သဘောတူညီချက်ကို ကြိုဆိုသောအားဖြင့် ဦးသိန်းစိန်က ပြောကြားရာတွင် ဂျပန်ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာရန် အခွင့်အလမ်းများ ပိုမိုရရှိလာလိမ့်မည်ဟု ပြောကြားခဲ့ပါသည်။

ဂျပန်၏ ကူညီမှုများတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍနှင့် စာပို့တိုက်စနစ်များကို ထောက်ပံ့ကူညီရန် စီစဉ် လျက်ရှိပါသည်။

နိုင်ငံရေးမျက်နှာစာတွင်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အတွက် ကြိုးပမ်းအား ထုတ်မှုတွင် ဂျပန်နိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံပံ့ပိုးမည်ဖြစ်ကြောင်း Mr Abe က ထပ်မံပြောကြားခဲ့ပါသည်။

ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် Mr Abe က လာမည့်နှစ်တွင် အာဆီယံဒေသတွင်း ဖွံ့ဖြိုးရေးအတွက် အဓိက တိုးတက်မှုများ ရအောင် သမ္မတကြီးနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည် ၂၀၀၄ တွင် ပထမဆုံးအကြိမ်အဖြစ် အာဆီယံဥက္ကဌတာဝန်ယူမည် ဖြစ်ပါသည်။ ထို့အတူ လာမည့် နှစ်တွင် ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၆၀) ပြည့် ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment