Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကံကုန်းက ရွာသားတွေက စစ်ပေးပါလို့ပြောလို့ ကျွန်တော်တို့ စစ်ဆေးပေးပါတယ်။ ကျွန်တော်တို့ ကံကုန်း ကိစ္စမှာတော့ သူတို့ စိုက်ထားတဲ့ နေကြာပန်းတို့ နှမ်းတို့မှာ သွားပြီးတော့ စိုက်ခင်းတွေ ပျက်ကုန်တာပေါ့ဗျာ၊ မြေကြီးထဲမှာ သူက ဒီလိုဓါတ်ပေါင်း အနေနဲ့ပဲ ဆက်ရှိပြီးတော့ အချို့အပင်တွေရဲ့ ကြီးထွားမှုကို အနှောင့်အယှက် ပြုမှာပေါ့နော်။ အပင်တွေ ပျက်စီးတယ်ပေါ့ဗျာ။ ဒါလေးတွေကတော့ ချက်ချင်း တိုက်ရိုက်ထိတဲ့ကိစ္စ၊ ဟို ယေဘူယျပြောရင်တော့ အဲဒီ စွန့်ပစ်တဲ့ မြေစာ ထဲမှာ စောစောကပြောတဲ့ ဟဲဗီးမက်တယ် လို့ခေါ်တဲ့ သတ္တုလေး တွေပေါ့ဗျာ၊ ပါနိုင်တယ်ပေါ့၊ ဒီ သတ္တုတွင်း လုပ်ငန်းက နေပြီးတော့ ဒီထဲမှာ အသုံးပြုတဲ့ ဓါတုဗေဒ ပစ္စည်းတွေကြောင့်ရော၊ ဒါတွေ ဖြစ်လာနိုင်တာပေါ့”

ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၂၉) တွင် ပါရှိသော “လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မြေယာအဆိပ်သင့်မှုများ ရှိနေခြင်းကြောင့် ကျန်းမာရေးပြဿနာ များရှိနိုင်” သတင်းမှ သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးဖြစ်သူ ဦးဝင်းမျိုးသူ ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ စာရွက်တွေ။ အစည်းအဝေးတွေပဲ တိုးလာမှာပါ။ နိုင်ငံခြားကပေးတဲ့ ငွေတွေလည်း အထောက် အကူပြုမှာ မဟုတ်ပါဘူး”

ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၂၁) တွင်ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံ အောက်တွင် ငြိမ်းချမ်းရေး တည်ဆောက်၍ မရနိုင်ကြောင်း DKBA လက်နက်ကိုင်အဖွဲ့ စစ်ဗျုဟာမှူးပြော” သတင်းမှ ဗျူဟာမှူး စောစန်းအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“၂၀၁၄ ခုအတွင်း ရွာအားလုံးမီးလင်းရေး စီမံချက်ရေးဆွဲနေတယ်၊ မဟာဓါတ်အားလိုင်းနဲ့ နီးတဲ့ရွာတွေကို ဓါတ်အားလိုင်း၊ မနီးတဲ့ရွာတွေကို ဆိုလာတို့၊ အင်ဂျင်တို့နဲ့ မီးလင်းအောင်လုပ်မယ်”

ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၇) တွင် ပါရှိသော “မန္တလေးတိုင်း အတွင်းက ကျေးရွာအားလုံး ၂၀၁၄ ခုနှစ်အတွင်း လျှပ်စစ်မီးလင်းမည်ဟုဆို” သတင်းမှ မန္တလေး တိုင်းဒေသကြီး လျှပ်စစ် နှင့်စက်မှုဝန်ကြီး ဦးကျော်မြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အိမ်မက်မရှိရင် အလုပ်ကထွက်ဖို့ပဲ ရှိတယ်။ ဒီအတိုင်းနေလို့ မရဘူး။ အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေရဲ့ အခွန်အတုပ် စားနေသူတွေ၊ ပြည်သူတွေရဲ့ ဝန်ဆောင်ရမယ့် ပြည်သူ့ဝန်ထမ်းတွေ၊ လုပ်ပိုင်ခွင့်ရှိသူ မဟုတ်ဘူး။ ဝန်ဆောင်မှု ပေးရမယ့် သူတွေ၊ ပြည်သူကို ဒုက္ခပေးလို့မရဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တာဝန်ကြီးပါတယ်”

ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၇) တွင် ပါရှိသော “မြို့နယ်အုပ်ချုပ်ရေးမှူး တွေ ပြည်သူကို ဒုက္ခပေးရင် တိုင်းကြားနိုင်ဟု သမ္မတရုံးဝန်ကြီးပြော” သတင်းမှ ဝန်ကြီး ဦးစိုးသိန်း ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


 

“လျှပ်စစ်ရရှိနိုင်မှုက တိုင်းပြည်တိုးတက်ဖို့အတွက် အရေးကြီးပါတယ်။ လက်ရှိ လျှပ်စစ်အဆောက်အအုံကို အားကောင်း အောင်လုပ်ပြီး ပြုပြင်မှုတွေ လုပ်လိုက်ရင် စွမ်းအင်ဆုံးရှုံးမှုတွေ လျော့ကျသွားမှာ ဖြစ်တဲ့အပြင် အရင်းအမြစ်တွေကို ပိုမို အကျိုးရှိစွာ သုံးစွဲနိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေပိုပြီး မြန်မြန်ဆန်ဆန်လျှပ်စစ် ရရှိမှာ ဖြစ်ပါတယ်”

ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေကန်ဒေါ်လာ သန်း ၂၀ ဖြင့် အိမ်ထောင်စုပေါင်း ၄၈၀၀၀၀ ကို လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ရန် စီစဉ်” သတင်းမှ ADB အရှေ့တောင်အာရှဌာန မှ စွမ်းအင်ကျွမ်းကျင်အဖွဲ့ ခေါင်းဆောင် မစ္စတာဂျွန်လင်ကင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment