Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

(Bernama News မှ 16 Dec 2013 ရက်စွဲပါ “Japan helps Laos,Myanmar develop infra structure” သတင်းကို ဘာသာပြန်ဆိုသည်)

(The Associated Press မှ 14 Dec 2013 ရက်စွဲပါ “Majority in Myanmar for constitution amendment” သတင်းကို ဘာသာပြန်ဆိုသည်)


လာအို၊ မြန်မာ အခြေခံအဆောက်အဦးစနစ် ဖွံ့ဖြိုးအောင် ဂျပန်ကူညီမည်

(Bernama News မှ 16 Dec 2013 ရက်စွဲပါ “Japan helps Laos,Myanmar develop infra structure” သတင်းကို ဘာသာပြန်ဆိုသည်)

လာအိုနှင့် မြန်မာအား အခြေခံအဆောက်အဦးစနစ် တည်ဆောက်ရေး စီမံကိန်းများဖြင့် ကူညီပံ့ပိုးသည့် ထောက်ပံ့ရေး အစီအစဉ် အတော်များများကို ဂျပန်နိုင်ငံက ကတိပေးထားသည်ဟု Vietnan News Agency က အခြား သတင်းဌာနများကို ကိုးကား၍ ထုတ်ပြန်သည်။

လာအိုနိုင်ငံ၏ ဗီယန်ကျင်း နိုင်ငံတကာလေဆိပ် တိုးချဲ့ခြင်းနှင့် အခြားဆင်းရဲမွဲတေမှု လျှော့ချရေး စီမံချက် တစ်ခုကို ကူညီရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်ရှိသည့် ထောက်ပံ့ရေး အစီအစဉ်ကို ဂျပန်က လာအိုအား ကူညီမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် လာအိုတောင်ပိုင်းရှိ တံတားတစ်စင်းတည်ဆောက်ရာတွင်လည်း တစ်စိတ်တစ်ပိုင်းကူညီဦးမည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည့်အတိုင်း သတင်းဌာနများက ရေးသားဖော်ပြထားသည်။

နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများကို ဆက်လက်အားပေးရန် တိုက်ရိုက်ပျံသန်းမှု ခရီးစဉ်များလမ်းပွင့်သွားစေမည့် လေကြောင်းဆိုင်ရာ အစီအစဉ်ကို တရားဝင်ဆွေးနွေးမှုများ စတင်ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် လာအိုဝန်ကြီးချုပ် သောင်ဆင်သာမာမွန် တို့သဘောတူညီမှုရရှိထားပြီဟုလည်း သိရှိရသည်။

ထိုနေ့တွင်ပင် မြန်မာနိုင်ငံအား ချေးငွေသစ် အမေရိကန် ဒေါ်လာ ၆၁၀ သန်းခန့် ပေးမည့် အစီအစဉ်ကို ဂျပန်က ကတိပေး လိုက်သည်။ ၎င်းချေးငွေသည် ရန်ကုန်အနီး သီလဝါအထူးစီပွားရေးဇုန်၏ အခြေခံအဆောက်အဦးစနစ် တည်ဆောက်ရန်နှင့် နိုင်ငံတွင်း ရထားလမ်း ကွန်ယက်အဆင့်မြှင့်ရန်အတွက် အကူအညီပေးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဖွံ့ဖြိုးရေးကို ဦးတည်သည့် အခြေခံအဆောက်အဦး တည်ဆောက်ရေး စီမံကိန်းများအတွက် ဂျပန်နိုင်ငံ က အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ နှစ်မျိုးစလုံး ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က သမ္မတ ဦးသိန်းစိန် နှင့် ပူးတွဲပြုလုပ်သော တိုကျိုမြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။


မြန်မာနိုင်ငံတွင် လူများစုက အခြေခံဥပဒေ ပြင်ဆင်ရန်လိုလား

(The Associated Press မှ 14 Dec 2013 ရက်စွဲပါ “Majority in Myanmar for constitution amendment” သတင်းကို ဘာသာပြန်ဆိုသည်)

စနေနေ့က ရန်ကုန်ဒေသတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအတိုက်အခံပါတီ NLD က အခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲကို လူထုစည်းဝေးပွဲပုံစံဖြင့် ကျင်းပခဲ့ရာ တက်ရောက်လာသူ ၉၉ ရာခိုင်နှုန်းက လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် သဘောတူထောက်ခံခဲ့ကြသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်တွင် ပြုလုပ်သော စုဝေးပွဲသို့ လူ ၃၀,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု တရုတ် Xinhua သတင်းက ဆိုပါသည်။

လက်ရှိအခြေခံဥပဒေသည် ပြည်သူနှင့် တပ်မတော်အကြား ရန်တိုက်ပေးရုံသာမကပဲ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုပါ ထိခိုက်အောင် ရေးဆွဲထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာသော လူထုကို ပြောကြား ခဲ့သည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မှသာလျှင် အခြေခံဥပဒေနှင့်အညီ နိုင်ငံတွင်း၌ ပြည်သူတို့ငြိမ်းချမ်းစွာ နေထိုင်နိုင်မည်ဟု သူမကဆိုပါသည်။

NLD ပါတီသည် အောက်တိုဘာလလယ်မှစ၍ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုသဘောထား ကောက်ယူမှု များကို ဒေသတစ်ဝှမ်း၊ နိုင်ငံတစ်ဝှမ်း၊ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။

ကောက်ယူရရှိသော လူထုဆန္ဒသဘောထားများကို ပြည်သူ့လွှတ်တော် အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ပူးတွဲ ကော်မတီသို့ ဒီဇင်ဘာလမကုန်မှီ NLD ပါတီက တင်ပြသွားမည် ဖြစ်သည်။

NLD ပါတီ၏ အစောပိုင်းထုတ်ပြန်ချက်များအရ ပြည်သူအများစုက အခြေခံဥပဒေပြင်ဆင်မှုကို လိုလားကြပြီး၊ အနည်းစုက ပြန်လည်ရေးဆွဲလိုကြသည်ဟု သိရှိရသည်။

ဇူလိုင်လက လွှတ်တော်တွင် ဖွဲ့စည်းခဲ့သော အဖွဲ့ဝင် ၁၀၉ ဥိးပါ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီက ယင်းကဲ့သို့ အကြံဥာဏ်ပေးခြင်း၊ အကဲဖြတ်ခြင်းများ တင်ပြရန် နောက်ဆုံးရက်ကို ဒီဇင်ဘာ ၃၁ ရက် အထိ နောက်ဆုတ်ပေး ထားသည်။

NLD ပါတီ ကိုယ်၌ကလည်း အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်သည်။

ယခင် တပ်မတော် အစိုးရလက်ထက်က ကျင်းပသော အမျိုးသားညီလာခံမှ ချမှတ်ခဲ့သော အသေးစိတ် အခြေခံ စည်းမျဉ်းများအတိုင်း ရေးဆွဲထားသော စာမျက်နှာ ၁၉၄ မျက်နှာ၊ အခန်း ၁၅ ခန်းပါ ၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေကို ၂၀၀၈ မေလတွင် လူထုဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်း အခြေခံဥပဒေအရ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ USDP က အများစု အနိုင်ရရှိကာ ထိုစဉ်က ပါတီဥက္ကဌ ဖြစ်သူ ဦးသိန်းစိန်က အရပ်ဖက်အစိုးရ အကြီးအကဲ သမ္မတသစ်အဖြစ် ၂၀၁၁ မတ်လတွင် အာဏာလွှဲပြောင်းရယူခဲ့သည်။

၂၀၁၂ တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီကို တရားဝင် ရပ်တည်ခွင့်ပေးရန် အတွက် ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို အစိုးရက ပြင်ဆင်ပေးခဲ့သည်။

ထို့နောက် ၂၀၁၂ ဧပြီလတွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲများသို့ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ လစ်လပ်လွှတ်တော်အမတ်နေရာ ၄၅ နေရာ အနက် ၄၃ နေရာ အနိုင်ရရှိကာ လွှတ်တော် နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက် လာခဲ့သည်။

ထို့နောက် ၂၀၁၂ ဧပြီလတွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲများသို့ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လစ်လပ်လွှတ်တော်အမတ် နေရာ ၄၅ နေရာ အနက် ၄၃ နေရာ အနိုင်ရရှိကာ လွှတ်တော်နိုင်ငံရေး နယ်ပယ်သို့ ဝင်ရောက် လာခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုများ၏ နောက်ကွယ်တွင် ရှိနေသော သော့ချက်အကြောင်းအရင်း Key Point မှာ ယခင်အုပ်ချုပ်သူ အကြီးအကဲဟောင်း မိသားစု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ဆက်လက်လုံခြုံမှုရှိရေးကိစ္စပင် ဖြစ်ပြီး၊ ယင်းကိစ္စသည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် အထက်တွင် ရှိနေ သည်ဟု ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment