Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(16 Dec 2013 ရက်စွဲပါ europa-eu မှ ဥရောပသမဂ္ဂကောင်စီ၏ သတင်းထုတ်ပြန်ချက်ကို ဘာသာပြန်ဆိုသည်)

ဥရောပသမဂ္ဂကောင်စီ၏ မြန်မာနိုင်ငံအပေါ် သုံးသပ်ချက် နိုင်ငံခြားရေးရာကောင်စီ အစည်း အဝေး အရပ်စဲ

(၁၆ ဒီဇင်ဘာ ၂၀၁၃)

ကောင်စီသည် အောက်ပါတို့ကို ချမှတ်ခဲ့ပါသည်။

၁။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် စီးပွားရေးအသွင်ကူးပြောင်းရေးကို ဆက်လက်၍ ပြင်းထန်သော သံဓိဌာန်ဖြင့် ထောက်ခံရန် ထပ်မံဖော်ပြလိုပြီး နိုဝင်ဘာ ၁၃-၁၅ ထိကျင်းပသော အီးယူ-မြန်မာ Task Force လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်းကို ကြိုဆိုပါသည်။ ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံမှ အာဏာပိုင်များ၊ လွှတ်တော်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဖော်ကိုင်ဖက်များနှင့် အခြား Stakholder များကို Task Force ကျယ်ပြန့်စွာ ပူးပေါင်းပါဝင်မှုအတွက် အသိအမှတ်ပြုလိုပါသည်။

၂။ ကောင်စီသည် အီးယူ-မြန်မာ Task Force ပထမအကြိမ် အစည်းအဝေးရလဒ်များကို ကြိုဆိုပါသည်။ အတိအကျဆိုရသော် လူ့အခွင့်အရေး ကိစ္စတွေ့ဆုံဆွေးနွေးမှု အတွက် ရှေးရှုလုပ်ဆောင်မည့် ကတိပြုမှု၊ ၂၀၀၄ တွင် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ရရှိရေးအတွက် ပြင်ဆင်ရေးလုပ်ငန်း ဆက်လက်လုပ်ဆောင်ရန် ၂၀၁၄ မှ စ၍ မြန်မာနိုင်ငံသို့ FBI ချေးငွေများ တိုးချဲ့ရန် မူသဘောတူညီချက်များကို ကြိုဆိုပါသည်။ ထို့အပြင် ကောင်စီသည် မြန်မာ ပဋိပက္ခတုန့်ပြန်မှု စင်တာ (Myanmar Crisis Response Centre) တည်ထောင်ခြင်း၊ ပါလီမန်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ထိုးခြင်း၊ စီးပွားရေးကောင်စီ တည်ထောင်ခြင်းနှင့် ဥရောပ ကုန်သည်ကြီးမျာ အသင်းကို အဆိုပြုခြင်းများအတွက် ကြိုဆိုပါသည်။

၃။ ကောင်စီသည် ၂၀၁၃ ဇူလိုင်လက ကောင်စီ၏ သုံးသပ်ချက်မှ အကြမ်းသတ်မှတ်ပေးခဲ့သလို မြန်မာနိုင်ငံအတွက် ဥရောပသမဂ္ဂ၏ မူဝါဒနှင့် ပံ့ပိုးကူညီမှုများအပေါ် အလုံးစုံပါဝင်သည့် မူဘောင်အပေါ် မိမိ၏ ကတိကဝတ်များကို ထပ်မံ အတည်ပြုပါသည်။

၎။ ဥရောပသမဂ္ဂအနေဖြင့် 2014-2020 ကာလအတွင်း မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ ပိုမို၍ အရေးပါစွာ အာရုံပြုသွားမည်ဆိုသည်ကို အလေးအနက်ထားပါသည်။ အီးယူနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပူးတွဲ အစီအစဉ်များကို Task Force အစည်းအဝေးတွင် မြန်မာအစိုးရအား ပေးအပ်နိုင် ခဲ့သည့် တိုးတက်မှုကို ကြိုဆိုပါသည်။ ဥရောပသမဂ္ဂသည် လူထုအခြေပြု အဖွဲ့အစည်းများ၊ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တို့မှ တဆင့်ပေးနေသော အကူအညီများနှင့် ရဲတပ်ဖွဲ့ဝန်ဆောင်မှု ပြုပြင်ပြောင်းလဲရေးအတွက် ပေးနေသော အကူအညီများ အပါအဝင် အသွင်ကူးပြောင်းရေးတွင် လက်ရှိအကူအညီများကို ဆက်လက်ထောက်ခံပံ့ပိုးသွား မည်ဟု ထပ်မံပြောကြားလိုပါသည်။

၅။ ကောင်စီသည် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ “မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ” များ အပေါ်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာအစိုးရ၏ အီးယူနှင့် ပူးပေါင်းဆောင်ရွက်မှုကို လေးစားအသိအမှတ် ပြုပါ သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး ဖွင့်လှစ်ရေး အပါအဝင် ၎င်း၏ ထောက်ခံအကြံပြုချက်များကို အကောင်အထည်ဖော်ရေးအတွက် အစိုးရအား တိုက်တွန်းပါသည်။

၆။ ကောင်စီသည် အခြေခံဥပဒေပြန်လည် သုံးသပ်ရေး ပူးတွဲကော်မတီဖွဲ့စည်းခြင်းကို ကြိုဆိုပြီး အခြေခံဥပဒေ ဆိုင်ရာနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ပြုလုပ်ရန် အစိုးရအား တိုက်တွန်းပါသည်။ ကောင်စီအနေဖြင့် အခြေခံဥပဒေကို ခေတ်မီဒီမိုကရေစီ၏ လိုအပ်ချက်များနှင့် အညီ ဖြစ်စေရန် အလုံးစုံပါဝင် သော သုံးသပ်မှုလုပ်ငန်းစဉ်ကို အားပေးမည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ပေါင်းစည်းရေးကို ရရှိစေရန် အကူအညီပေးသွားရန် ဖြစ်ပါသည်။

၇။ ဥရောပသမဂ္ဂသည် အမျိုးသားပြန်လည်ပေါင်းစည်းရေးတွင် တိုးတက်မှုများရရှိသည်ကို ကြိုဆိုပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိသည်ကို မြင်တွေ့လိုပါသည်။ အီးယူ သည် ထာဝရ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဦးတည်မည့်အားလုံးပါဝင်သည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို ထောက်ခံကူညီရန် အဆင့်သင့်ရှိပါသည်။ ထိုလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်မှု အပါအဝင် Stakeholder အားလုံးပါဝင်သင့်ပါသည်။

၈။ ဥရောပသမဂ္ဂသည် ယခုနောက်ဆုံးနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်းကို ကြိုဆိုပြီး ၂၀၁၃ အကုန်တွင် ကျန်ရှိသော ယုံကြည်ချက် ကြောင့် အကျဉ်းကျခံရသူများအားလုံး ချွင်းချက်မရှိ လွှတ်ပေးရန် ကတိကဝတ်ကို အစိုးရက ပြည့်မီအောင်လုပ်ဆောင်မှုအား မျှော်လင့်နေပါသည်။ ကျိုးကြောင်းမဆီလျှော်ပဲ ဖမ်းဆီးမှုများအားလုံး ရပ်တန့်စေရန် လိုအပ်ကြောင်းလည်း အလေးအနက်ဆိုချင် ပါသည်။

၉။ ဥရောပသမဂ္ဂအနေဖြင့် မြန်မာအစိုးရအား လူမျိုးရေးအရ အချင်းချင်း အကြမ်းဖက်မှုကို ဖော်ထုတ် ကိုင်တွယ်ရန်နှင့် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးမှုကို အာမခံချက်ပေးရန်လည်း တောင်းဆိုပါသည်။ မြန်မာအစိုးရအား ရိုဟင်ဂျာများ၏ အနေအထားနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်များ ဖော်ထုတ်ကိုင်တွယ် လုပ်ဆောင်ရေး အပါအဝင် ရေရှည်အဖြေရှာဖွေရေးကို ဦးတည်ရန်ပြောကြားလိုပါသည်။ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် လူ့အသိုင်းအဝိုင်းအကြား လေးစားမှုများအတွက် အထောက်အကူပြုစေရန် အီးယူသည် ဖွံ့ဖြိုးတိုးတက်ရေး ကနဦးလုပ်ဆောင်ချက်များနှင့် ဘာသာရေးနှင့် တိုင်းရင်းသား ကွဲပြားမှုများကို လက်ခံရန် လုပ်ဆောင်မှုများကို အားကောင်းစွာ အားပေးပါမည်။

၁၀။ ဥရောပသမဂ္ဂသည် မြန်မာအစိုးရအား ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် လူသားချင်းစာနာသည့် အကူအညီ ပေးရေးအဖွဲ့များကို ကူညီရန်နှင့် ပြည်တွင်းအိုးမဲ့အိမ်မဲများ၊ ပဋိပက္ခဒဏ်ခံရသူများကို လူသားချင်း စာနာသော အကူ အညီများ တားဆီးမှုမရှိပေးနိုင်ရန် သေချာစေရေးကို ထပ်မံတောင်းဆိုပါသည်။

၁၁။ ကောင်စီသည် မြန်မာနိုင်ငံ၌ ခေတ်မီ၍ အားလုံးပါဝင်သော ဒီမိုကရေစီအတွက် လိုအပ်သော အင်စတီကျူးရှင်းများ တည်ဆောက်ရေးတွင် လူထုအဖွဲ့အစည်းများ ပါဝင်မှု ကြီးစွာအရေးကြီးမှုကို မမေ့အပ်ကြောင်း သိရှိပြီး၊ ထိုနေရာ၌ နိုင်ငံ နှင့် လူထုအခြေပြု အဖွဲ့အစည်းများ အပြန်အလှန်ဆက်ဆံရေးကို အားပေးပါသည်။

၁၂။ ကောင်စီသည် မြန်မာအစိုးရအနေဖြင့် နျူကလီးယားမပြန့်ပွားရေးနှင့် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များနှင့် သက်ဆိုင်သော အချက်အားလုံး လိုက်နာရေးနှင့် အကောင်အထည်ဖော်ရေးကို အားပေးပါ သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment