Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ရှေ့နေကွန်ယက်အနေနဲ့ကတော့ အခြေခံဥပဒေနဲ့မညီတဲ့ ပုဒ်မ ၁၈ ကိုဖျက်သိမ်းဖို့ပဲ သဘောတူတယ်။ နိုင်ငံတော်အလံကို မီးရှို့တယ်ဆိုတာ ပြည်တွင်းမှာဆိုရင်တော့ လုပ်လို့မရဘူး။ အခု ပြည်ပမှာ သူတို့ကို မကျေနပ်လို့ လုပ်တယ်ဆိုတာ လုပ်လို့ရ တယ်။ အခြားနိုင်ငံတွေမှာလဲ ဒီလိုပဲအလံကို မီးရှို့ဆန္ဒပြတာ တစ်ပုံကြီးပါ။ ဒါလေးတစ်ချက်နဲ့တော့ အခုလို မစဉ်းစားသင့်ဘူး”

ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လွန်ကဲလာသော ဆန္ဒထုတ်ဖော်မှုများကြောင့် ပုဒ်မ-၁၈ ပြန်လည်ပြင်ဆင်ရေးကို ဦးတည်မည်ဟု ဦးသိန်းညွှန့် ပြော” သတင်းမှ ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တိုင်းရင်းသားလူနည်းစုတွေ အနေနဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေဟာ ဘာတွေလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆို ထားပြီး ဖြစ်ပါတယ်။ သူတို့က ဆုံးရှုံးနေတဲ့အခွင့်အရေးတွေကို ပြန်ရချင်တယ်။ သူတို့ရဲ့ ပြည်နယ်တွေ အတွင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အလားအလာ သဏ္ဍာန်တူတဲ့ အနေအထားကိုလိုချင်တယ်။ ဒါမှသာ သူတို့ကို ယဉ်ကျေးမှုအရ၊ ဘာသာစကားအရ၊ နိုင်ငံရေးအရ ဗမာတွေက လွှမ်းမိုးထားတာမဟုတ်ဘူးလို့ ယုံကြည်လာမှာပါ”

ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “မြန်မာ့တပ်မတော် ပြုပြင် ပြောင်းလဲရေးလုပ်ရန် မဖြစ်မနေလိုအပ်ဟု အမေရိကန် သံအမတ်ပြောကြား” သတင်းမှ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်လ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စုဖြစ်စေချင်တယ်။ ကျွန်တော်တို့က တိုင်းရင်းသားအားလုံး အတူတကွ တန်းတူ အခွင့်အရေး ဖြစ်စေချင်တယ်။ ဦးတည်ချက်တွေ လိုချင်တာ မဟုတ်ဘူး။ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ဆိုတာ ဦးတည်ချက်ချမှတ်ရုံနဲ့ မရဘူး။ အားလုံးကတိတွေ ကျင့်ဝတ်တွေ ထိန်းသိမ်းရမယ်။ လက်နက်ကိုင် အင်အားစုတွေက ဘာလို့ငြိမ်းချမ်းရေးမယူဘဲ အပစ်အခတ်မရပ်တာလဲ။ ဒါတွေ ထည့်စဉ်းစားရမယ်။ ဒါတွေကို အသေးစိတ် စဉ်းစားပြီး၊ ဆွေးနွေးရမယ်။ အခုက ဦးတည်ချက်တွေ ထုတ်တယ်ဆိုတော့၊ ဘာမှအယုံအကြည် မရှိနိုင်ပါဘူး”

ဒီဇင်ဘာလ ၂၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၄၁) တွင်ပါရှိသော “ဦးတည်ချက် များ ချမှတ်ခြင်းထက် စစ်မှန်သော ကျင့်ဝတ်ကတိများလိုအပ်” သတင်းမှ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံက ပြည်ပကိုတံခါးဖွင့်လိုက်တာ နှစ်နှစ်လောက်ပဲရှိသေးတယ်။ ဒီ ကာလမှာ နိုင်ငံခြားက စက်ရုံတွေ ချက်ချင်း လာဖို့မလွယ်သေးဘူး။ ကြည့်တာ အချိန်နည်းသေးတယ်။ အခုလောလောဆယ်ကြည့်ရင် လိုအပ်တဲ့ဥပဒေတွေ၊ မူဝါဒတွေ ရေးဆွဲနေကြပြီ၊ တချို့ဥပဒေတွေဆို လဲပြီးနေပြီ”

ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၈၈) တွင်ပါရှိသော “မြန်မာ့စီးပွားတိုးတက်မယ်ဆိုတဲ့ ခန့်မှန်းချက်မှန်ဖို့ ဥပဒေနဲ့မူဝါဒ အဓိကကျ” သတင်းမှ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးမှ စီးပွားရေးပညာရှင် ဒေါ်မေသက်ဇင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီလို ဖွဲ့စည်းပုံအခြေခံနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒရယူတဲ့အခါမှာ ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ပြောင်းလဲရေးကို မဟုတ်ဘဲ ပြည်သူတွေက ဘယ်လိုဖွဲ့စည်းပုံအခြေခံဥပဒေကို လိုချင်တယ်ဆို တာကိုပဲ ကျွန်တော်တို့ အဓိကထားပါတယ်။ ဒီနေရာမှာ ပြည်သူတွေက စစ်တပ်ကို နိုင်ငံတော်ကို ကာကွယ်တာပဲ လုပ်စေချင်တယ်။ နိုင်ငံရေး မလုပ်စေချင်ဘူးဆိုတာတွေ၊ နောက် နိုင်ငံသားတိုင်းက မိမိကိုယ်စားလှယ်ကို မိမိရွေးချယ်ခွင့် ရှိစေချင်တာတွေက အများဆုံးပါပဲ”

ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှ တိုင်းရင်းသားခေါင်းဆောင်များ၊ ပညာရှင်များ ပါဝင်သော လူထုတွေ့ဆုံပွဲ ပြုလုပ်မည်” သတင်းမှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ရက်မှ ဦးမျိုးရန်နောင်သိမ်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment