Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

(Japan Corporate News မှ 17 Dec 2013 ရက်စွဲပါ “Mitsubishi Corporation invests in Yetagon gas field project in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

(20 Dec 2013 ရက်စွဲပါ Travel Daily News မှ Theodor Koumelis ရေးသားသော Myanmar, Cambodia reach visa exemption deal ကို ဘာသာပြန်ဆိုသည်)


ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းတွင် မစ်ဆူဘီရှီ ကော်ပရေးရှင်း ရင်းနှီးမြှုပ်နှံ

(Japan Corporate News မှ 17 Dec 2013 ရက်စွဲပါ “Mitsubishi Corporation invests in Yetagon gas field project in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

Mitsubishi Corporation က Nippon Oil Exploration (Myanmar) Ltd NOEM ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်း ကိုရရှိရန်အတွက် JX Nippon Oil & Gas Exploration Corporation JX NOEX နှင့် ရှယ်ယာဝယ်ယူခြင်း သဘောတူညီမှုရရှိပြီဟု ထုတ်ဖော်ပြောကြားပါသည်။ JX NOEX ကရှယ်ယာ ၅၀ ရာခိုင်နှုန်းပိုင်ဆိုင်သော NOEM Ltd သည် မြန်မာနိုင်ငံတွင် ရဲတံခွန်စီမံကိန်းအပါအဝင် အင်ဒါမန် ပင်လယ်လုပ်ကွက် M-12/13/14 တို့ရှိ ရေနံဓါတ်ငွေ့စီမံကိန်းနှင့် ပိုက်လိုင်းများတွင် ရှယ်ယာ ၁၉.၃ ရာခိုင်နှုန်းပါဝင်သည်။

ရဲတံခွန် ဓါတ်ငွေ့လုပ်ကွက်ကို ၁၉၉၂ တွင်တွေ့ရှိခဲ့ပြီး ၎င်းမှ သဘာဝဓါတ်ငွေ့ထုတ်လုပ်ခြင်းကို ၂၀၀၀ ခုနှစ်တွင် စတင်သည်။

၎င်းလုပ်ကွက်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ကို ထိုင်းနိုင်ငံ PTT သို့ ပိုက်လိုင်းမြှင့်တင်ဖို့ ရောင်းချလျက် ရှိသည်။ သဘာဝဓါတ်ငွေ့နှင့်အတူ ထွက်ရှိလာသောဓါတ်ငွေ့ရည်ကို ရေပေါ်သိုလှောင်ကန်မှတဆင့် ရွှေ့ပြောင်းသော ESO System ဖြင့် သိုလှောင်ကာ ပြည်တွင်းပြည်ပသို့ ရောင်းချပေးသည်။

၎င်းစီမံကိန်းကို မလေးရှားနိုင်ငံပိုင် ရေနံကုမ္မဏီ Petronas ၏ လက်စွဲကုမ္မဏီက အကောင်အထည်ဖော် လုပ်ကိုင်နေခြင်းဖြစ်သည်။ NOEM Ltd ၏ အသားတင်ရောင်းချမှု ပမာဏသည် တစ်ရက်လျှင် သဘာဝဓါတ်ငွေ့ ကုဗပေသန်း ၅၀ (ရေနံစိမ်းစည် ၈၀၀၀ နှင့် ညီမျှသည်) နှင့် ဓါတ်ငွေ့ရည် Condensate စည် ၈၀၀ ခန့်ရှိရာ၊ ရဲတံခွန်သည် ရတနာ၏ နောက်တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ဓါတ်ငွေ့စီမံကိန်း ဖြစ်နေသည်။ ၎င်းစီမံကိန်း ဧရိယာအတွင်း တူးဖော်နေသော တွေ့ရှိပြီးသား ဓါတ်ငွေ့လုပ်ကွက်များအပြင် နောက်ထပ်အလားအလာကောင်းသည့် လုပ်ကွက်များလည်း ရှိနေသေးသည်။

Mitsubishi Corporation သည် ရဲတံခွန်စီမံကိန်း၏ တန်ဖိုးကို မြှင့်တင်အားပေးရန် JX NOEX နှင့် လက်တွဲလုပ် ဆောင် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိရေနံဓါတ်ငွေ့စီမံကိန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် အာရှတွင် တည်ငြိမ်သော စွမ်းအင်ဖြည့်ဆည်းမှု ဖြစ်ပေါ်စေရေးအတွက် ပါဝင်လုပ်ဆောင်သွားမည်ဟု သိရှိရသည်။


ကမ္ဘောဒီးယားနှင့် မြန်မာတို့ ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ရရှိ

(20 Dec 2013 ရက်စွဲပါ Travel Daily News မှ Theodor Koumelis ရေးသားသော Myanmar, Cambodia reach visa exemption deal ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် နိုင်ငံသားများ ခရီးသွားလာရာတွင် လုပ်ဆောင်ရမှုများ ရိုးရှင်းရန် နှင့်လက်ရှိ ရင်းနှီးသော ဆက်ဆံရေးပိုမိုအားကောင်းစေရန် ရည်ရွယ်၍ သာမန်ပတ်စ်ပို့ ကိုင်ဆောင်သူများ အပေါ် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ပြုရန် သဘောတူခဲ့ပါသည်။

အဆိုပါ သဘောတူညီချက်ကို မြန်မာနိုင်ငံဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင် နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး Sieng Burvuthin တို့က လက်မှတ်ရေးထိုးခဲ့ပါသည်။

၂၀၁၁ ဖေဖော်ဝါရီလ ကလည်း မြန်မာနိုင်ငံမှ MAI လေကြောင်းလိုင်းသည် ရန်ကုန်မြို့နှင့် ကမ္ဘောဒီးယား ရှေးဟောင်းမြို့တော် Sie Reap တို့အကြား တိုက်ရိုက်လေကြောင်းပျံသန်းခဲ့ပြီး ထိုနှစ်နိုဝင်ဘာလ တွင် မြို့တော် ဖနွမ်းပင်သို့ တိုးချဲ့ပျံသန်းခဲ့ရာ နှစ်နိုင်ငံ ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများကို အားကောင်းစေပါသည်။

နောက်ထပ်တိုးတက်မှုတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံမှ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် ဒီဇင်ဘာ ၁၉-၂၂ ထိ ကမ္ဘောဒီးယားနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာရောက်မည် ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment