Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တော်တော်လေးတော့ ညှိလို့ရပါတယ်။ တော်တော်လေး နီးစပ်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒါတွေက အတည် ဖြစ်တယ်လို့တော့ ပြောလို့မရသေးဘူးပေါ့လေ။ ညှိတယ် ပြင်တယ်ဆိုတာကလည်း အန်ကယ်တို့လည်း အန်ကယ်တို့ဘက်က ခေါင်းဆောင်တွေကို တင်ပြရမှာ ဖြစ်သလို သူတို့ဘက်ကလည်း အထက်ကို တင်ပြရမှာတွေ ရှိသေးတာကို။ ရာခိုင်နှုန်း အားဖြင့်တော့ ၈၀ ရာခိုင်နှုန်းလောက်တော့ ညှိလို့ရပါတယ်”

ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ် Weekly Eleven Journal အမှတ် (၁၂) အတွဲ (၉) တွင်ပါရှိသော “NNCT နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံရာ၌ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ နှစ်ဖက် မူဘောင်များအပေါ် ရာခိုင်နှုန်း ၈၀ ခန့် ညှိနှိုင်းနိုင်ခဲ့” သတင်းမှ ဦးနိုင်ဟံသာ ၏ ပြောကြားချက် အားကောက် နှုတ်ချက်။


“လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်နေတဲ့ ကော်မတီအနေနဲ့ လုပ်ငန်း ဆောင်တာတွေ အားလုံးမပြီးစီးတာကို တွေ့နေရတယ်။ ပြီးပြီးသား ဆိုတာတွေကိုလည်း ပြည်သူတွေက ကျေနပ်မှုမရှိတာကို တွေ့ရတယ်။ အခု အချက်ပေါင်း ၉၅ ချက်မှာ လေး၊ငါးချက် လောက်ပဲ ဖော်ဆောင်နိုင်သေးတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက်လည်း ဒီတစ်ခါပြန်လည် ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်းမေးသွားမှာပါ”

ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် Flower News Journal အတွဲ (၁) အမှတ် (၁၀) တွင်ပါရှိသော “လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြေရှင်းရန် အချက် ၉၅ ခုတွင် ၅ ခုခန့်ကို သာ ဖြေရှင်းနိုင်သေးဟု ဆို” သတင်းမှ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိမှာ မြန်မာနိုင်ငံဟာ အစိုးရသစ်ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်နေပေမယ့် တပ်မတော်က ပြစ်မှုကျူးလွန်မှုတွေ ရှိနေဆဲပဲ။ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီးလည်း မြန်မာ့တပ်မတော်က စွဲချက်တင်ခံထားရတယ်။ မြန်မာ့တပ်မတော်ဟာ ကမ္ဘာပေါ်မှာ ဂုဏ်သတင်းဆိုးနဲ့ အကျော်ကြားဆုံး တပ်မတော်စာရင်းဝင် တစ်ခုဖြစ်လို့ ဗြိတိန်ကရော၊ အမေရိကန်ပြည်ထောင်စုကပါ မြန်မာ့တပ်မတော်ကို ကူညီပံ့ပိုးပေးမယ့် အစီအစဉ်တွေဟာ စောများနေမလားဆိုပြီး ကျွန်တော်တို့က စိုးရိမ်နေတယ်”

ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် True News Journal အတွဲ (၆) အမှတ် (၁၁) တွင်ပါရှိသော “မြန်မာ့ တပ်မတော်ကို ဗြိတိန်က လေ့ကျင့်သင်ကြားပေးရန် စီစဉ်နေသော်လည်း ငွေကြေးမည်မျှသုံးရမည်ကို မဆုံးဖြတ်နိုင်သေး” သတင်းမှ မြန်မာ့လူ့အခွင့်အရေး အခြေအနေများ စောင့်ကြည့်လေ့လာသူ David Mathieson ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီ ဖွဲ့စည်းပုံ မပြင်ဘူးဆိုရင်တော့ ကျွန်တော်တို့ ရင်းခဲ့တာတွေ ဘဝတွေပေးဆပ်ခဲ့တာတွေကလည်း အလကား ဖြစ်ကုန်မှာပေါ့၊ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်က ဒီဖွဲ့စည်းပုံက ပြည်သူအတွက် ဘာမှအကျိုးမရှိဘူး၊ တိုင်းရင်းသားတွေ အတွက်လည်း ဘာမှ အကျိုးမရှိတဲ့အတွက်ကြောင့် မဝင်ပဲနေခဲ့တယ်၊ အသိအမှတ်လည်း မပြုခဲ့ဘူးလေ။ ညီလာခံကနေ ထွက်ခဲ့တာပဲ”

ဇန်နဝါရီလ ၁ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၃၁) တွင်ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲ ဝင်ရေး၊မဝင်ရေး SNLD ဗဟိုအလုပ်အမှုဆောင်များ ဆွေးနွေးဆဲ” သတင်းမှ ပါတီဥက္ကဌ ဦးခွန်ထွန်းဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းအုပ်ချုပ်မှုပိုင်းတွင် ကျွမ်းကျင်မှုပြည့်ဝသည့် ခေါင်းဆောင်ပိုင်းများလိုတယ်။ ခေါင်းဆောင်တွေက ခံယူချက်သ ဘောထားမကောင်းရင် ပြဿာနာဖြစ်နိုင်တယ်။ အဲ့ဒီအတွက် အကူးအပြောင်းကာလမှာ ခေါင်းဆောင်နိုင်တဲ့ ခေါင်းဆောင် တွေ အများကြီးလိုအပ်တယ်”

ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဆင်းရဲမှုနက်ရှိုင်းခြင်းနှင့် လူမှုရေးမငြိမ်မသက်ဖြစ်စဉ်များကြောင့် အကူးအပြောင်းကာလ တည်ဆောက်မှု ပြိုကျသွားနိုင်ဟုဆို” သတင်းမှ ဦးကိုကိုကြီး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment