Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

(Global travel Industry News မှ 29 December 2013 ရက်စွဲပါ “Myanmar close to its target of two million tourists for 2013-2014” သတင်းကို ဘာသာပြန်ဆိုသည်)

(28 Dec 2013 ရက်စွဲပါ Epoch Time မှ AP ၏ Suu Kyi’s party to contest 2015 Burma election ကိုဘာသာပြန်ဆိုသည်)


၂၀၁၃-၂၀၁၄ အတွက် ရည်မှန်းထားသော တိုးရစ်အရေအတွက် နှစ်သန်းပြည့်ရန် နီးကပ်လာ

(Global travel Industry News မှ 29 December 2013 ရက်စွဲပါ “Myanmar close to its target of two million tourists for 2013-2014” သတင်းကို ဘာသာပြန်ဆိုသည်)

ယခု ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားဧည့်သည် အရေအတွက် သည် ၁.၉ သန်းရှိနေပြီဖြစ်ရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ရည်မှန်းထားသော အရေအတွက် ၂ သန်းပြည့်ကာနီးပြီဟု ဟိုတယ်ခရီးဝန်ကြီးဌာနက ဆိုပါသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ဝင်ပေါက်အသွယ်သွယ်မှ လည်ပတ်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည် အရေအတွက် ၁.၉ သန်းရှိခဲ့ခြင်းကြောင့် ရည်မှန်းထားသော အရေအတွက်နှစ်သန်းမှာ လုံးဝဖြစ်နိုင်ချေ ရှိကြောင်း နှင့် ယခုဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် အချိန်လေးလကျန်သေးကြောင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင့်ထွန်းအောင် က ပြောကြားသည်။

“မျှော်လင့်ချက်ပြည့်မှီဖို့အတွက် ဒီကိန်းဂဏန်းက လုံးဝလုံလောက်မှုရှိပါတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ဧည့်သည် သုံးသန်းကို ကြိုဆိုဖို့အတွက်လည်း ကျွန်တော်တို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်” ဟု ၎င်း ကပြောဆိုသည်။

နိုင်ငံခြား ဧည့်သည်အများစုမှ ဖြစ်ပြီး၊ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုမှ လာသော ဧည့်သည် အရေအတွက် မှာလည်း တိုးပွားလာနေသည်ဟု ဝန်ကြီးဌာနအဆိုအရ သိရှိရသည်။

မြန်မာနိုင်ငံ၏ အလည်အပတ်အများဆုံး နေရာအရင်းတွင် ရန်ကုန်နှင့် ပုဂံက ထိပ်မှပြေးနေပြီး မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုးနှင့် ငပလီကမ်းခြေသို့ လာရောက်သော တိုးရစ်အရေအတွက်မှာလည်း ယခုရက်ပိုင်းများ အတွင်းမြင့်တက်လာ သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍသည် ပြီးခဲ့သော လေးနှစ်အတွင်း ၈၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ ခရီးသွား စီးပွားရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လက်ခံရရှိနေကြောင်း ဝန်ကြီးဌာန၏ လတ်တလော လေ့လာမှုဆာဗေးက ပြသနေ သည်။

ထို့အပြင် အာရှဖွံ့ဖြိုးရေးဘဏ် ADB နှင့် နော်ဝေနိုင်ငံတို့က ကူညီမည့်ထောက်ပံ့ငွေ ဒေါ်လာ သန်း ၅၀၀ ဖြင့် ၇ နှစ်ကြာ တိုးရစ်ဇင် စီမံကိန်းကို အကောင်အထည်ဖော်ရန် အစိုးရက စီစဉ်နေသည့် အီတလီနိုင်ငံကလည်း မြန်မာနိုင်ငံ၏ ခရီးသွားစီးပွားကဏ္ဍ ဖွံ့ဖြိုးအောင် အကူအညီပေးရန် ကမ်းလှမ်းထားသည်။

ရေပန်းအစားဆုံး နေရာများဖြစ်သော ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုး၊ ငပလီ တို့သာ မကပဲ အခြား ရေပန်းစားသော နေရာများဖြစ်သည့် ပူတာအို၊ မြိတ်၊ နာဂ၊ နတ်မောက်တောင်၊ လွိုင်ကော်၊ ချောင်းသာ၊ ငွေဆောင် အစရှိသော လည်ပတ်စရာနေရာများသို့ ခရီးသွားတိုးရစ်များ အလွယ်တကူ၊ သက်တောင့်သက်သာ သွားရောက်နိုင်စေရန် အတွက် ပိုမိုကောင်းမွန်သော သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို အနာဂါတ်ကာလတွင် စီစဉ်ပေးမည်ဟုလည်း ဝန်ကြီးဌာနက ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည်ပါတီက ၂၀၁၅ တွင် ရွေးကောက်ပွဲဝင်မည်ဟုဆို

(28 Dec 2013 ရက်စွဲပါ Epoch Time မှ AP ၏ Suu Kyi’s party to contest 2015 Burma election ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ပါတီက ၄င်းတို့သည်အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန် တားဆီးထားမှုကို ပြင်ဆင်ခြင်း ပြုလုပ်မည်မဟုတ်ပါက  ၂၀၁၅ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကပြောကြားရာတွင် အခြေခံဥပဒေကိုပြင်ဆင်ပါက ရွေးကောက်ပွဲများသည် တရားမျှတ လိမ့်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်းကြောင့် အများစုက အခြေခံဥပဒေကို ပြင်ဆင်ခြင်း မပြုပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်မည်လားဟု မျော်လင့်လျက်ရှိပါသည်။ သို့သော် စနေနေ့က ပါတီ အစည်းအဝေးအပြီးတွင် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားရာ၌ အခြေခံဥပဒေကို မပြင်ဆင်ပါကလည်း ရွေးကောက်ပွဲကို ဝင်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၀၈ အခြေခံဥပဒေကို ယခင်စစ်တပ် အစိုးရလက်ထက်တွင် ရေးဆွဲခဲ့ရာ အစိုးရအပေါ် စစ်တပ်သြဇာ လွှမ်းမိုးမှုရှိရန် သေချာစေရေးကို ရည်ရွယ်ရေးဆွဲခဲ့ပါသည်။  NLD အနေဖြင့် အခြေခံဥပဒေသည် ဒီမိုကရေစီဖြင့် မကိုက်ညီ ကြောင်း လွှတ်တော်များတွင် စစ်တပ်အတွက် ၂၅ % နေရာခွင့်ပြုပေးထားရခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ အဖြစ် အရွေးခံခွင့် ပိတ်ပင်ထားမှု များကြောင့်ဟု ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment