Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော့်အနေနဲ့ကတော့ တရားဝင်အကြောင်းပြန်တာ အခုထိတော့ မရသေးဘူးလို့ NLD အနေနဲ့ ပြောပြချင်တယ်၊ ဘယ်လိုသဘောထားလဲလို့မေးလို့ရှိရင် ကျွန်တော်တို့ ၁၉၈၈ ခုနှစ်ကစပြီး အမျိုးသားရင်ကြား စေ့ရေးကိုပြောပြီး ဒီနေ့ ၂၀၁၃ နှစ်ကုန်တော့မယ်၊ ကျွန်တော်တို့ အမျိုးသားရင်ကြားစေ့ရေးက တဖြည်းဖြည်း တိုးတက်မှုတွေ ရလာတယ်၊ ကျွန်တော်တို့ ဆိုလိုတာက NLD ကမိမိလုပ်ရမယ့်အလုပ်၊ လုပ်သင့်တဲ့း အလုပ်ကို တစ်ခါမအောင်မြင်ရုံနဲ့ လက်မလျှော့ပါဘူး။ ဆက်လက်ပြီး လုပ်သင့်တာတွေ လုပ်သွားမယ် အဲဒါပဲ ပြောချင် ပါတယ်”

ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၉) တွင်ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကြား နှလုံးရည် တိုက်ပွဲရှိမည်” သတင်းမှ ဦးဥာဏ်ဝင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဆန္ဒထုတ်ဖော်မှာက လွတ်လပ်ရေးနေ့ ဖြစ်တော့ ရဲတပ်ဖွဲ့အနေနဲ့က လွတ်လပ်ရေးနေ့မှာက နေရာတိုင်းမှာ ပွဲတွေရှိတယ်။ အဲဒီနေရာတွေမှာ လုံခြုံရေးပေးရမယ်။ တစ်ဖက်မှာကလည်း ၈၈ ကဦးဆောင်ဆန္ဒထုတ်ဖော် မယ်ဆိုတော့ လုံခြုံရေးပိုချရမယ်။ အဲဒီတော့ ရဲတပ်ဖွဲ့က လုံခြုံရေးအခက်အခဲဖြစ်နေတော့ ၄ ရက်နေ့မဟုတ်ပဲ ရှေ့တစ်ရက်တိုး ဒါမှမဟုတ်ပဲ နောက်တစ်ရက်ဆုတ်ပေးဖို့ ဖုန်းလှမ်းဆက်အကြောင်းကြားလာတယ်။ အဲဒီအတွက် ဇန်နဝါရီ ၅ ရက်ကို ပြောင်းရွှေ့ သတ်မှတ်လိုက်ပါတယ်”

ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “၈၈ မျိုးဆက် ဦးဆောင်ဆန္ဒ ထုတ်ဖော်ရန် လွတ်လပ်ရေးနေ့ တောင်းဆိုသော်လည်း ခွင့်မပြု” သတင်းမှ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း) မှ ဦးမာကီး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“အသွင်ကူးပြောင်းရေးဟာ ရှေ့မတိုး၊ နောက်မဆုတ်ဘဲ ကန့်လန့်ကြီး ရပ်ခံနေတဲ့ သဘောဖြစ်နေတယ်၊ အခြေခံကျတဲ့ နိုင်ငံရေးအပေးအယူလုပ်တာ နိုင်ငံရေး ပဋိဥာဏ်လုံးဝမရှိတာ အထူးသဖြင့်အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ကျမလဲ ဆိုတာတဲ့ အခြေခံကျတဲ့ ဖြေရှင်းမှုက မရှိသေးပါဘူး”

ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အခြေခံဥပဒေပြင်ရန် အတိုက် အခံနှင့် အုပ်ချုပ်သူကြား အခြေခံသဘောတူညီချက်မရှိ၍ အသွင်ကူးပြောင်း ရေးတန့်နေဟု နိုင်ငံရေးသုတေသီ သုံးသပ်” သတင်းမှ စတန်းဖို့ဒ် တက္ကသိုလ်မှ နိုင်ငံရေးသုတေသီ ပါမောက္ခ လာရီဒိုင်းမွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ထုတ်ပြန်ထားတဲ့ ပုဒ်မတွေနဲ့ ဝင်ရင်လွတ်မယ်။ ဒီ ပုဒ်မတွေနဲ့ မဝင်ရင်တော့ လွတ်မှာမဟုတ်ဘူး။ အရေအတွက်ကိုတော့ အခု ပြည်ထဲရေးကစိစစ်နေတယ်။ နက်ဖြန်မှ သိရမယ်။ ထောက်လှမ်းရေး နစက တို့ ဆိုတာက ဒီလိုပုဒ်မနဲ့ကျတာ မဟုတ်ဘူး။ လာဘ်ပေးလာဘ်ယူနဲ့ဆိုတော့ မပါနိုင်ဘူး။ အခုထုတ်တဲ့ ပုဒ်မနဲ့ ဘောင်ဝင်သူတွေပဲ လွတ်မယ်”

ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “နိုင်ငံရေးပုဒ်မဖြင့် ပြစ်ဒဏ်ကျခံ ရသူများ အပြင် အမှုရင်ဆိုင်နေရသူအားလုံး လွတ်ပြီ” သတင်းမှ သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“NSSA က ၂၀၀၇ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်မှုစံတွေ သတ်မှတ်ပြဌာန်းခြင်း အတွက် ရည်ရွယ်ပြီးလုပ်တာပါ။ ဒါပေမဲ့ ဒီအဖွဲ့ကြီးက ၂၀၀၇ ခုနှစ်ကတည်းက လုပ်တယ်ဆိုပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက်တွေက နည်းနည်းလေးနှေးခဲ့တာပေါ့။ အဲဒီအတွက် အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးမှု ဥပဒေ ဆိုပြီးတော့ ယာယီဥပဒေနဲ့ ပိုအသက်ဝင်အောင် လုပ်လိုက်တာပေါ့။ အရင်တုန်းကတော့ အမိန့်ကြော်ငြာစာ အနေနဲ့ပဲရှိတယ်။ အဓိကက ဒါကိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေကို အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ သူ့ကဏ္ဍအလိုက်မှာ ကျွမ်းကျင်မှုစံတွေ သိမယ်။ သိရင် ကျွမ်းကျင်မှုနဲ့ ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးနိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်”

ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အာဆီယံနိုင်ငံများတွင် မြန်မာ လုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးမည်” သတင်းမှ အလုပ်သ မားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့် ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment