Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

(30 December 2013 ရက်စွဲပါ VOA News မှ Burma releasing political prisoner ကို ဘာသာပြန်ဆို သည်)

(Bangkok Post မှ 31 Dec 2013 ရက်စွဲပါ "Mega projects backers hope to put troubles behind them" သတင်း ဆောင်းပါးကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံတွင် ကျန်ရှိသော နိုင်ငံရေးသမားများ လွှတ်ပေး

(30 December 2013 ရက်စွဲပါ VOA News မှ Burma releasing political prisoner ကို ဘာသာပြန်ဆို သည်)

မြန်မာအစိုးရက ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများကို အင်္ဂါနေ့တွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးဖြစ်သူမှူးဇော်က VOA မြန်မာပိုင်းသို့ တနလာင်္နေ့က ပြောကြားရာတွင် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအရဆန့်ကျင်သည်ဟုဆိုကာ ပြစ်ဒဏ်ကျခံရသူများအပြင် တရားရုံးတွင် တရားစွဲဆိုခံထားရသူများလည်း ပါဝင်မည်ဖြစ်ကြောင်း ပြောခဲ့ပါသည်။

မှူးဇော်က လွတ်ငြိမ်းချမ်းသာခွင့်ပေးရခြင်းအတွက် အကြောင်းပြချက်ငါးခုရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ၏အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် ပေါင်းစည်းရေးအတွက် လည်းကောင်း၊ ယခုလွှတ်ပေးခဲ့သူများ နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရန်နှင့် တိုင်းပြည်တည်ဆောက်ရာတွင် ပါဝင်ကူညီနိုင် ရန်တို့ ဖြစ်ကြောင်း ဆိုပါသည်။

လူဦးရေမည်မျှလွှတ်ပေးမည်ကိုမူ အစိုးရက ပြောကြားခြင်း မရှိသော်လည်း မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအုပ်စု နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများက ၂၀၀ ကျော်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းကြပါသည်။ သို့သော် အချို့ခွင့်ပြုချက်မရပဲ ထွက်ပြေးသူများနှင့် လူသတ်မှုကျူးလွန်သည့် နိုင်ငံရေးအကျဉ်းသားများမှာမူ ကျန်ကောင်းကျန်နိုင်ကြောင်း ၎င်းတို့က ဆိုပါ သည်။

အစိုးရသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ စတင်လုပ်ဆောင်ကတည်းက နိုင်ငံရေးအကျဉ်းသား ၁၃၀၀ ကျော်လွှတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

 


 

အခက်အခဲများကို ထားရစ်ခဲ့ရန် ထားဝယ်စီမံကိန်း ပံ့ပိုးသူများ မျှော်လင့်နေ

(Bangkok Post မှ 31 Dec 2013 ရက်စွဲပါ "Mega projects backers hope to put troubles behind them" သတင်း ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ရည်မှန်းချက်ကြီးသော ထားဝယ်စီမံကိန်းသည် နှစ်ပေါင်းအတန်ကြာ မသေချာ မရေရာမှုများ အပြီးတွင် ရှေ့သို့ ဆက်တွန်းရန် ထိုင်း နှင့် မြန်မာတို့ တရားဝင် သဘောတူခဲ့ကြပြီးနောက် လတ်တလော အလှည့်အပြောင်း တစ်ခုကို ပြုလုပ် နိုင်ခဲ့ပြီ ဖြစ်သည်။

နိုဝင်ဘာလက နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသော နားလည်မှု စာချွန်လွှာ သုံးခု အရ အထူး ဖွဲ့စည်းထားသော Dawei SEZ Development Co DSEZ ထံသို့ အီတာလျံ ထိုင်းကုမ္ပဏီထံမှ ထားဝယ် ကန်ထရိုက်လုပ်ငန်းကို လွှဲပြောင်းပေး လိုက်ပြီ ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော် လုပ်ကိုင်ရန် မြန်မာ အစိုးရ ထံမှ ၇၅ နှစ် ခွင့်ပြုချက်ရရှိသွားသော ထိုင်း - မြန်မာ ၅၀ - ၅၀ ဖက်စပ်ဖွဲ့စည်းထားသည့် DSEZ သည် ၂ဝ၁ဝ ခုနှစ်က မြန်မာ အစိုးရဟောင်းထံမှ ကန်ထရိုက် ရထားခဲ့သော အီတာလျံ ထိုင်း ITD ၏ နေရာကို အစား ဝင်ယူလိုက်ပြီဖြစ်သည်။

ထိုင်း နှင့် မြန်မာတို့သည် DSEZ ကို အစောပိုင်း အဆိုပြု မတည်ငွေ ဘတ်သန်း ၁ဝဝ ထက် များစွာလျှော့ကာ ကနဦး ထည့်ဝင်ငွေ ဘတ် ၁၂ သန်းဖြင့် ညီတူမျှတူ ရှယ်ယာထည့်ကာ ဖွဲ့စည်းရန် ဇွန်လက သဘောတူခဲ့ကြခြင်း ဖြစ်ပြီး ကုမ္ပဏီကို ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားမည် ဖြစ်သည်။

ဒုတိယမြောက် နားလည်မှုစာချွန်လွှာမှာ မြန်မာနိုင်ငံ နှင့် အီတာလျံထိုင်း ITD အကြားမှ ကန်ထရိုက်စာချုပ်ကို တရားဝင် ဖျက်သိမ်းခြင်းဖြစ်ပြီး တတိယမြောက် နားလည်မှုစာချွန်လွှာမှာ ဆိပ်ကမ်းအသေး ကားလမ်း အဆောက်အဦး စသော အခြေခံ အဆောက်အဦးစနစ် အတွက် ITD သုံးစွဲ ကုန်ကျထားသော ခန့်မှန်းခြေ ဘတ် ၆ ဘီလီယံ ကို ပြန်ပေးရန် အတွက် ရင်းနှီးမြှုပ်နှံသူ အသစ် ထည့်သွင်းရန် ဖြစ်သည်။

DSEZ သည် ၂ဝ၁၄ ဒုတိယ သုံးလပတ် မတိုင်မီတွင် ထိုင်း နှင့် ထားဝယ် ဆက်မည့် နှစ်လမ်းသွား ကားလမ်း ဆိပ်ကမ်းအသေး နှင့် စက်မှုဇုန်တို့အတွက် ကန်ထရိုက်လုပ်ငန်းများ တင်ဒါခေါ်ယူမည်ဟု မျှော်လင့် ရသည်။

အစီအစဉ်သစ်အား ထွက်ပေါ်လာမည့် စီမံကိန်း သုံးခုတွင် အီတာလျံ ထိုင်း ကုမ္ပဏီကလည်း တင်ဒါ ဝင်ပြိုင်နိုင်ခွင့် ရှိသည်။ ကန်ထရိုက်တာသည် ဘတ်ငွေ ၁ဝဝ ဘီလျံ ရင်းနှီးမြှုပ်နှံကာ မိုင် ၃ဝဝဝဝ ကျယ်ဝန်းသော ထားဝယ် စက်မှုဇုန်ကို လုပ်ကိုင်ဖို့ လေလံဆွဲရန် ရှေးဦးစွာ Rojana စက်မှုဇုံ နှင့် လက်တွဲ ပူးပေါင်းရမည်ဖြစ်သည်။

ITD သည် ယခင် ကန်ထရိုက်စာချုပ်ဟောင်းတွင် စက်မှုဇုံအကျယ်အဝန်း မိုင် ၁၂၈,၁၇၁ ကို အကောင် အထည် ဖော်ရန် ဘတ်ငွေ ၂၈၄ ဘီလီယံ လိုအပ်မည်ဟု ခန့်မှန်းခဲ့သော်လည်း ကြီးမားလွန်းသော ရင်းနှီးမြှုပ်နှံငွေ အခက်အခဲကြောင့် တိုးတက်မှု မရှိသလောက် နှေးကွေးကာ အကဲခတ်လေ့လာသူများ အကြား သံသယများ ဖြစ်ပေါ်လာစေခဲ့သည်။

ITD ဥက္ကဋ္ဌ ပရင်ချိုင်း ကာနာ ဆူထရာက ၎င်း၏ ကုမ္ပဏီထံမှ ကန်ထရိုက်ကို DSEZ သို့ လွှဲပြောင်းပေးခြင်းဖြင့် စီမံကိန်း ရှင်သန်နိုင်မည်ဟုသော အချက်နှင့် အစိုးရ ပါဝင်ပူးပေါင်းမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှု ကို တည်ဆောက်နိုင်မည်ဟူသော အချက်တို့ကို လက်သင့်ခံခဲ့သည်။

ထိုအတောအတွင်း ထိုင်းနိုင်ငံ၏ ကြားဖြတ်အစိုးရကလည်း ဓာတ်အားပေးစက်ရုံ ၊ သံမဏိစက်ရုံ ၊ ရေနံချက်စက်ရုံ အစရှိသော စီမံကိန်းကြီးများ ပါဝင်မည့် ထားဝယ် စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ရန် ဂျပန်နိုင်ငံကို ကမ်းလှမ်းထားသည်။

ထားဝယ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် ဂျပန်တို့ လက်ရှိ  အကောင်အထည်ဖော်နေသော သီလဝါ စီမံကိန်းထက် ၄ ဆ ခန့်ကြီးသော်ငြားလည်း ရေနက်ဆိပ်ကမ်းက ပို့ကုန် ဦးစားပေးလုပ်ငန်းကို စဉ်ဆက်မပြတ် အရှိန်မြှင့်ပေးနိုင်ခြင်းကြောင့် ပြိုင်ဆိုင်နိုင်စွမ်း ရှိအောင် ပြုလုပ်ပေးလိမ့်မည်ဟု ထိုင်း ကြားဖြတ်အစိုးရ ကုန်သွယ်ရေး ဝန်ကြီး နီဝါသာမရွန်က ပြောကြား သည်။

ဘန်ကောက်မှ ကားလမ်းဖြင့် ၃၅၀ ကီလိုမီတာ ဝေးသော ထားဝယ်စီမံကိန်းသည် အရှေ့အနောက် စင်္ကြန်လမ်း၏ သော့ချက် အစိတ်အပိုင်း ဖြစ်လာနိုင်ပြီး အာဆီယံ၏ ကုန်သွယ်မှု ဗဟိုချက်ဖြစ်လိုသော ထိုင်းနိုင်ငံ၏ စိတ်ကူးကို အထောက် အကူ ပြုလိမ့်မည်ဟု ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment