Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Bangkok Post မှ 30 Dec 2013 ရက်စွဲပါ "Myanmar activists plan rally" ကို ဘာသာပြန်ဆိုသည်)

(30 December 2013  ရက်စွဲပါ Yahoo News မှ ANI ၏ Myanmar Payment Union to start accepting JCB cards in Myanmar ကို ဘာသာပြန်ပါသည်)


ဆန္ဒပြခွင့် ချုပ်ချယ်သည့် ဥပဒေကို ကန့်ကွက်သည့် ချီတက်ပွဲ ဆင်နွှဲရန် မြန်မာ လှုံ့ဆော်လှုပ်ရှားသူများ စီစဉ်

(Bangkok Post မှ 30 Dec 2013 ရက်စွဲပါ "Myanmar activists plan rally" ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများကို ဖိနှိပ်ထားရန် အသုံးပြုလျက်ရှိသော ဥပဒေကို ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေ သည်ဟု လှုံ့ဆော်လှုပ်ရှားသူများက ထုတ်ပြန်ကြေညာသည်။

၎င်း ဥပဒေအရ ဆန္ဒပြပွဲများ ၊ ဆန္ဒထုတ်ဖော်ပွဲများ မကျင်းပမီ အာဏာပိုင်များထံမှ ခွင့်ပြုချက် တောင်းရန် လို အပ်သည်။ ခွင့်ပြုချက်မရပဲ ဆန္ဒပြသူများမှာ များသောအားဖြင့် ဆိုးဆိုးဝါးဝါး ပြုမှုဆက်ဆံခြင်း ခံကြရသည်။ ထိုသို့ ခွင့်ပြုချက်တောင်းရန် လိုအပ်သော စည်းကမ်းသတ်မှတ်ချက်များမှာ ရှုပ်ထွေး ကျယ်ပြန့်လွန်းပြီး အချိန်မှီ ခွင့်ပြုချက်ရရန် အခက်အခဲ ရှိသည်ဟု သိရှိရသည်။

ထို့ကြောင့် ယင်း ဥပဒေကို ကန့်ကွက်သည့် ဆန္ဒပြပွဲများကို ရန်ကုန် ၊ မန္တလေး အပါအဝင် မြို့ကြီးများ၌ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည့် အရပ်ဖက်အဖွဲ့အစည်း ၆၀ ခန့်က စုပေါင်းစီစဉ်နေကြသည်။

အစိုးရ ခန့်အပ်သော နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီ မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ယခုနှစ် အတွင်း ခွင့်ပြုချက်မရပဲ ဆန္ဒပြမှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံရသော အမှုပေါင်း ၂၅၆ မှု ရှိသည်ဟု ပြောကြားပါသည်။

အစိုးရ အနေဖြင့် ယင်းအမှုများကို ပလပ်ကာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမည့် သမ္မတ ဦးသိန်းစိန် ၏ ကတိကဝတ်ကို လိုက်နာ အကောင်အထည်ဖော်သင့်သည်ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အထင်ရှားဆုံး ဒီမိုကရေစီ လိုလားသော အုပ်စုဖြစ်သော ၈၈ မျိုးဆက် အဖွဲ့မှ ခေါင်းဆောင်တစ် ဦးဖြစ်သူ ကိုကိုကြီးက "ကျွန်တော်တို့အနေနဲ့ လမ်းတွေပေါ်ကို နောက်တစ်ကြိမ် ထွက်မလာ ချင်ပါဘူး။ ဒါပေမယ့် ခွင့်ပြု ချက်မတောင်းတဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီး အရေးယူဖို့ အစိုးရက ဒီဥပဒေကို အသုံးပြုနေတဲ့အတွက် ကျွန်တော်တို့ ထွက်ရတာပါ" ဟု ရှင်းလင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ယခင် အာဏာရှင် အသိုင်းအဝိုင်းက ဒီမိုကရေစီ အသွင်အပြင်ကို ယူ၍ အာဏာကို ဆက်လက် ထိန်းချုပ်ထားရန် ကြိုးစားနေခြင်းကြောင့် ပြောင်းလဲတိုးတက်မှု နှေးကွေးကာ နိုင်ငံရေး အရှုပ်အထွေးများ ဖြစ်ပေါ်လျှက်ရှိ သည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးထားကြသည်။


 

Myanmar Payment Union က မြန်မာနိုင်ငံတွင်  JCB ကဒ်များ စတင်လက်ခံ

(30 December 2013  ရက်စွဲပါ Yahoo News မှ ANI ၏ Myanmar Payment Union to start accepting JCB cards in Myanmar ကို ဘာသာပြန်ပါသည်)

JCB လက်အောက်ခံ နိုင်ငံတကာဌာနခွဲဖြစ်သည့် JCB International Co.Ltd  (JCBI) နှင့် မြန်မာနိုင်ငံ၏

အမျိုးသားငွေပေးကွန်ရက်ဖြစ်သော  Myanmar  Payment Union (MPU) တို့က ကြေညာရာတွင် MPU နှင့်  ၄င်း၏ အဖွဲ့ဝင်ဘဏ်များသည် မြန်မာနိုင်ငံတွင်  JCB နှင့်အတူ တွဲလုပ်ကိုင်မည်ဖြစ်ကြောင်း ဆိုပါသည်။

ထို့ကြောင့် ၂၀၁၃ ဒီဇင်ဘာလမှစ၍ မြန်မာနိုင်ငံတစ်ဝှမ်း MPU ကုန်သည် ၂၀၀၀ ကျော်သည်  JCB ကဒ်များကို စတင်လက်ခံမည် ဖြစ်ပါသည်။

ယခုအစီအစဉ်မတိုင်မီ  ၁၉၉၅ ကတည်းက မြန်မာနိုင်ငံတွင်  သတ်မှတ်ထားသောနေရာ အနည်းငယ်တွင် JCB ကဒ်များ စတင်လက်ခံခဲ့ပါသည်။

MPU နှင့် မိတ်ဖက်လုပ်ဆောင်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံတွင် JCB  ကုန်သည် အရေအတွက်  သိသာစွာ  တိုးလာမည်ဖြစ်ပြီး  JCB ကဒ်အဖွဲ့ဝင်များအနေဖြင့်လည်း ဒေသတွင်း သွားရောက်လည်ပတ်ရာတွင်  ကဒ်လက်ခံမှုများ ကို တိုးတက်လာမည်ဖြစ်ပါသည်။

လူဦးရေ ၆၃ သန်းရှိသော မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု နေရာသစ်အဖြစ် ပိုမိုဆွဲဆောင်နေပါသည်။ မြန်မာ နိုင်ငံသို့ စီးပွားရေးအရလည်းကောင်း ၊ တိုးရစ်အဖြစ်လည်းကောင်း သွားရောက်သူများက ငွေပေးကဒ်များ လက်ခံရန် ပိုမိုတောင်းဆိုလာကြပါသည်။

တချိန်တည်းမှာပင် ၂၀၁၂ ခုနှစ်က ရေးထိုးခဲ့သော  MoU အရ မြန်မာနိုင်ငံသားများကို  JCB ကဒ်များ ထုတ်ပေး ရန် ပါဝင်ရာ မဝေးတော့သည့် အနာဂတ်တွင်  JCBI နှင့် MPU တို့သည်  JCB ကဒ်ကို MPU အဖွဲ့ဝင်ဘဏ်များမှ တဆင့် ထုတ်ပေးရန် စီစဉ်နေပြီ ဖြစ်ပါသည်။

JCBI ဥက္ကဋ္ဌနှင့် COO ဖြစ်သူ Mr. Koremitsu Sannomiya ကပြောကြားရာတွင်   “ယခုသဘောတူညီ ချက်အသစ်ဟာ မြန်မာနိုင်ငံကို သွားတဲ့ JCB အဖွဲ့ဝင်တွေ ကုန်သည်တွေ  ပါဝင်တဲ့ ဘဏ်တွေကို  ပိုမိုအကျိုးအမြတ်ရှိပြီး  အဆင်ပြေစေမယ်ဆိုတာ  သေချာပါတယ် ” ဟုဆိုပါသည်။

“မြန်မာနိုင်ငံရဲ့ အားကောင်းတဲ့ စီးပွားေ၇းဖွံ့ဖြိုးတိုးတက်မှုကြောင့်  ကဒ်ဈေးကွက်ဟာ ပိုမိုလျင်မြန်စွာ ကြီးထွား လာမယ်ဆိုတာ ကြိုပြီးမြင်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ MPU နဲ့အတူ ကဒ်ထုတ်ပေးရေး ကဲ့သို့သော စီးပွားရေး အခွင့်အလမ်းသစ်တွေ ရှာဖွေသွားမှာပါ။ အခြေအနေကို ကြည့်ပြီး အပြောင်းအလဲတွေ တိုးမြှင့်လုပ်ဆောင်ပြီး Win- Win ဆက်ဆံရေးကို ထူထောင်သွားမှာပါ ” ဟု ၄င်းက ပြောပါသည်။

MPU မှ ဥက္ကဋ္ဌ  ဦးမြသန်းက ပြောကြားရာတွင်  “မြန်မာနိုင်ငံမှာ JCB ကဒ် လက်ခံခြင်းကြောင့် မြန်မာနိုင်ငံကို လာတဲ့ JCB  ကဒ်အဖွဲ့ဝင်တွေကို ငွေကြေးဆိုင်ရာ လွတ်လပ်စွာ ပိုမိုတံခါးဖွင့်လာနိုင်ပြီး MPU ကုန်သည်ပေါင်း ၂၀၀၀ လောက်ဆီမှာ အသုံးပြုနိုင်ပြီး  ATM စက် ၅၀၀ လောက်မှာ ငွေထုတ်နိုင်မှာပါ ” ဟုဆိုပါသည်။

“ငွေပေးစနစ်မှာ MPU ရဲ့ အခန်းကဏ္ဍကို မြှင့်တင်နေတဲ့ နေရာမှာ သူရဲ့မူလလုပ်ဆောင်ချက်တွေဖြစ်တဲ့ ငွေပေးခြင်း၊ စာရင်းပြောင်းခြင်း စတဲ့ ဝန်ဆောင်မှုတွေကို  အခြေခံပြီး  လုပ်ဆောင်ပေးပါတယ်။ ငွေသားကိုင်စရာမလိုတဲ့ ငွေပေးချေမှုဟာ  ငွေကြေးစနစ်အတွက်ရော တိုင်းပြည်အတွက်ပါ အရေးကြီးတဲ့ လုပ်နည်းလုပ်ဟန်တစ်ခု ဖြစ်ပါတယ်။ MPU ဟာ သူ့ရဲ့အဖွဲ့ဝင်ဘဏ်တွေနဲ့  ၂၀၁၂ ကတည်းက ကဒ်နဲ့ ပေးချေခြင်း၊ စာရင်းလွဲပြောင်းခြင်း ကွန်ရက်ကို စတင်ခဲ့ပါတယ်။ ပြည်တွင်းကဒ်ရော၊ နိုင်ငံခြားကဒ်ပါ အသုံးပြုတဲ့ ပမာဏ တိုးတက်လာတာနဲ့အမျှ အနာဂတ်မှာ ကြီးမားတဲ့ ပုံစံတစ်ခု ထွက်ပေါ်လာမယ်ဆိုတာ  ကျွန်တော်ယုံကြည်ပါတယ်” ဟု ၄င်းက ဖြည့်စွက်ပြောပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment