Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၃.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကချင်ပြည်နယ်လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရကို ကုလသတိပေး

(VOA News မှ 2 Jan 2012 ရက်စွဲပါ "UN warns Burma on airstrikes in Kachin"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာအိမ်ယာဈေးကွက်ကို ဗီယက်နမ် GAGL စိတ်ဝင်စား

(Thanh Nien News မှ 25 Dec 2012 ရက်စွဲပါ “HAGL eyes Myanmar housing market” တတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ကချင်ပြည်နယ်လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရကို ကုလသတိပေး

(VOA News မှ 2 Jan 2012 ရက်စွဲပါ "UN warns Burma on airstrikes in Kachin"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အရပ်သားများ၏ အသက်အန္တရာယ်ကို အန္တရာယ်ဖြစ်စေနိုင်သော(သို့) ကချင်ပြည်နယ်တွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားအောင် အားပေးရာရောက်သော လုပ်ဆောင်မှုမှန်သမျှကို ရှောင်ရှားရန် မြန်မာအာဏာပိုင်များအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုလိုက်ပါသည်။

နိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်အနီး ကချင်ဒေသမှ တိုင်းရင်းသားလက်နက်ကိုင်များအား ယခုသီတင်းပတ်အတွင်း လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း မြန်မာအစိုးရက အတည်ပြုပြောဆိုပြီးနောက် နာရီပိုင်းအကြာတွင် ဗုဒ္ဓပာူးနေ့က ဘန်ကီမွန်း၏ မေတ္တာရပ်ခံချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

အစိုးရတပ်များနှင့် KIA တပ်ဖွဲ့အကြားဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သားမြောက်များစွာကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပြီးသည့်အပြင် လူသားချင်းစာနာမှု အကူအညီလိုအပ်မှုကိုလည်း ဆက်လက်ဖြစ်ပေါ်စေသည်ပာု ကုလသမဂ္ဂကြေညာချက်တွင် ဖော်ပြထားသည်။ ဂရုဏာသက်ဖွယ် ဒုက္ခသည်ပြည်သူများကို ကယ်ဆယ်ရေးအထောက်အပံ့ပေးရန်အတွက် အချိန်ကိုက် အကဲဖြတ်ခြင်းကို အာမခံချက်ပေးရန် လွန်စွာအရေးကြီးသည်ပာု ဘန်ကီမွန်းက ပြောကြားသည်။

ပြီးခဲ့သောအပတ်က စတင်ခဲ့သောတိုက်ပွဲတွင် သူပုန်စခန်းနေရာများကို အမောင်းသင်ဂျက်လေယာဉ်များအသုံးပြုတိုက်ခိုက်ခဲ့သည်ပာု အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓပာူးနေ့အစောပိုင်းတွင် ဝန်ခံပြောကြားခဲ့သည်။ အခြားတာဝန်ရှိသူများကမူ ယင်းသို့တိုက်ခိုက်မှုကို အစပိုင်းတွင် ငြင်းဆိုထား ခဲ့ကြသည်။

ထိုသို့ ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်တပ်ဖွဲ့အကြား ၁၇ နှစ်ကြာ အပစ်ရပ်စဲထားမှု ကျိုးပေါက်သွားခဲ့သော ၂၀၁၁ ဇွန်လ နောက်ပိုင်းတွင် ဒေသခံပြည်သူထောင်ပေါင်းများစွာ နေစရာပျောက်ကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။

နိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားအုပ်စုများက အစိုးရ၏စနစ်တကျ ဖိနှိပ်ချုပ်ချယ်နှိပ်ကွပ်မှုကို အမြဲတစေပြစ်တင်ပြောဆိုခဲ့ကြပြီး ၎င်းတို့၏ ဓားမဦးချနေရာဒေသတွင် ပိုမိုလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသည်။

ကချင်အဖွဲ့သည် သမ္မတဦးသိန်းစိန် အစိုးရနှင့် အပစ်ရပ်သဘောတူညီမှုမရသေးသည့် တစ်ခုတည်းသော အဓိကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခံရသောသမ္မတသစ်သည် အာဏာရလာပြီးနောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲမှုများကို တစ်သီတသန်း ပြုလုပ်လာခဲ့သူဖြစ်သည်။

သို့သော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမှုနှင့် ရခိုင်ပြည်နယ်မှဖြစ်ပွားဆဲ လူမျိုးရေးအဓိကရုဏ်းသည် သေးသိမ်၊ မှေးမှိန် အောင် ခြိမ်းခြောက်နေကြောင်း အနောက်နိုင်ငံ အကဲခတ်လေ့လာသူများက သတိပေးပြောဆိုထားသည်။

                                                    ---------------------------------------------------------------------------------------------------

မြန်မာအိမ်ယာဈေးကွက်ကို ဗီယက်နမ် GAGL စိတ်ဝင်စား

(Thanh Nien News မှ 25 Dec 2012 ရက်စွဲပါ “HAGL eyes Myanmar housing market” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြုပ်နှံသော ပထမဆုံးဗီယက်နမ် ကုမ္မဏီ HAGL သည်မိခင်နိုင်ငံအိမ်ခြံမြေဈေးနှုန်း ကျဆင်းမူ အချိန်ကြာရှည်နေခြင်းကြောင့်မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီးမြုပ်နှံရေးကိုလည်းစိတ်ပါဝင်စားလျှက်ရှိသည်။

HAGL အုပ်စု၏အမူဆောင် ဒါရိုက်တာလီဟန်းက “မြန်မာဈေးကွက်သည် အသစ်ဖြစ်သည့် အားလျှော်စွာ မိမိတို့အုပ်စုအတွက်ရင်းနှီးမြုပ်နှံရန် အချိန်ကောင်းဖြစ်သည်” ဟုVm Express သတင်းသို့ ပြောကြားသည်။

ဗီယက်နမ် HAGL အုပ်စုကအဆိုပြုထားသော ကြယ်ငါးပွင့်ဟိုတယ် ဈေးဝယ်စင်တာ၊ ရုံးခန်းများနှင့် လူနေ အိမ်ခန်း တာဝါများ ပါဝင်သည့် အမေရိကန်ဒေါ်လာ သန်း၃၀၀ တန် ဟောင်အန်းဂျီလိုင် မြန်မာစင်တာကို မြန်မာအစိုးရက ယခုလအစောပိုင်းတွင် ခွင့်ပြုခဲ့သည်။

၎င်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကူးသန်းရောင်းဝယ်ရေးအချက်အခြာ ရန်ကုန်မြို့တော်တွင် တည်ရှိသည်။

ယခုအခါ ကုမ္မဏီသည်ဗီယက်နမ် ရင်းနှီးမြုပ်နှံမူနှင့်စီမံကိန်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်ဟု လီဟန်းက ဆိုပါသည်။

အဆိုပါထားသော ဟောင်အန်းဂျီလိုင် မြန်မာစင်တာ သည်၂၀၁၈ တွင်ပြီးစီးမည်ဟု မျှော်လင့်ရသည်။

HAGL သည် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းတွင် အကြီးဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံသူဖြစ်သည်ဟု မြန်မာဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး ဦးဌေးအောင်က ပြောကြားကြောင်း Vm Express သတင်းကဖေါ်ပြထားသည်။

ဟိုတယ်/ခရီး ဝန်ကြီးဌာန အဆိုအရ ၁၉၈၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံသို့ဝင်ရန် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများစွာ စိတ်ဝင်စားခဲ့ကြသော်လည်း အမေရိကန်ကုန်သွယ်ရေး ပိတ်ဆို့မူရုတ်သိမ်းပေးသည့် ပြီးခဲ့သော နိုဝင်ဘာလအထိ ရင်းနှီးမြုပ်နှံမူများသိသိသာသာ စီးဝင်လာမူမရှိခဲ့ ဟုသိရှိရသည်။

စင်ကာပူသည် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းတွင် အကြီးဆုံးရင်းနှီးမြုပ်နှံထားသူဖြစ်ပြီး၊ ၎င်း၏နောက်တွင် ထိုင်း၊ ဂျပန်၊ ဟောင်ကောင်တို့ ရှိနေကြ သည်။

မြန်မာနိုင်ငံသည် ယခုအချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမူ ဟိုတယ်စီမံကိန်း စုစုပေါင်း ၃၅ ခုခန့် ခွင့်ပြုထားပြီဖြစ်ကြောင်း သိရှိရသည်။

********************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၃.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. Data Quality မရှိမှုကြောင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုနှောင့်နှေး
  2. မြန်မာ့လျှပ်စစ် ပုဂ္ဂလိကလုပ်ပိုင်ခွင့်ရရှိသော်လည်း စက်မှုဇုန်များ ဓာတ်အားဆက်လက်ပြတ်တောက်ဆဲ

နိုင်ငံရေးသတင်း

  1. စစ်ပွဲများရပ်စဲရန် KNU ထုတ်ပြန်ကြေညာ
  1. လွှတ်တော်တွင်းအတည်ပြုပြီးအဆိုများ အစိုးရအကောင်အထည်ဖော်မှုအားနည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

Data Quality မရှိမှုကြောင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုနှောင့်နှေး

နိုင်ငံတော်အစိုးရသစ် လက်ထက်မှစတင်၍ မြန်မာနိုင်ငံအတွင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံစီးပွားရေးနှင့် ပတ်သက်၍ တိကျသေချာသည့် Data Quality များမရှိမှုကြောင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေးလျက်ပင် ရှိနေသေးကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု Data Quality များမရှိရခြင်းမှာ အစိုးရဌာနဆိုင်ရာ အသီးသီးမှ စီးပွားရေး လုပ်ငန်းများ၏ ကိန်းဂဏန်းအချက်အလက် အမှန်အကန်ထုတ်ပြန်ခြင်း မရှိသည့်အတွက် ဆန်းစစ်သုံးသပ်နိုင်မှု အားနည်းခဲ့သည့်အပြင် တိကျသေချာ သည့် ကိန်းဂဏန်း အချက်အလက်များကို စနစ်တကျစုဆောင်းထားရှိမှုမရှိခြင်းနှင့် ရှိသည့်ကိန်းဂဏန်းအချက်အလက်များမှာလည်း လိုအပ်သည်ထက် ပိုမိုဖောင်းပွနေသည့် အမှားများကြောင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို နှောင့်နှေးနေခဲ့ရကြောင်း သိရသည်။

ထိုကြောင့် မြန်မာနိုင်ငံအတွင်း စီးပွားရေးကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းနယ်ပယ်အသီးသီးတွင် တိကျသေချာမှုရှိသည့် ကိန်းဂဏန်းအချက်အလက်များကို ပြန်လည်ကောက်ယူပြီး အမှန်အတိုင်းဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်း ကုန်ကျမည့်ဘတ်ဂျက်၊ နိုင်ငံတကာချေးငွေ အထောက်အပံ့များဖြင့် မည်သို့ လုပ်ဆောင်မည်ဆိုသည်ကို သေချာစွာစဉ်းစားစိစစ် သုံးသပ်ရမည်ဖြစ်သည့်အပြင် တိကျသေချာမှုရှိသည့် Data Quality များရရှိနိုင်ရန် ဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။

                YC

-------------------------------------------------------------------------------------------------------------------

မြန်မာ့လျှပ်စစ် ပုဂ္ဂလိကလုပ်ပိုင်ခွင့်ရရှိသော်လည်း စက်မှုဇုန်များ ဓာတ်အားဆက်လက်ပြတ်တောက်ဆဲ

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်စေရေးအတွက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်များ ချထားပေးခဲ့ပြီး ဖြစ်သော်လည်း ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ဓာတ်အားလျှော့ချဖြတ်တောက်လျက် ရှိနေသေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး လျှပ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၁၀၀၀ မဂ္ဂါဝပ်ဖြစ်သော်လည်း ၇၅၀ မဂ္ဂါဝပ်သာ ပေးနိုင်သည့်အတွက် ကျန် ၂၅၀ မဂ္ဂါဝပ် ဖြည့်ဆည်းနိုင်ရန် Gas Engine Power Plant သုံးခုနှင့် အလုံ၌ မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံများကို တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များသာမက လျှပ်စစ်ဓာတ်အားရရှိသည့် မြို့နယ်များတွင်လည်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာမရရှိမှုကို ခံစားရလျက်ရှိကြောင်း သိရသည်။ ထိုသို့ လျှပ်စစ်ဓာတ်အား မပြည့်ဝမှုများကြောင့် မီးအားမြှင့်စက်များ အသုံးပြုခြင်း၊ ဖယောင်းတိုင်မီးများထွန်းညှိ ရခြင်းများကြောင့် မီးဘေးအန္တရာယ် တွေ့ကြုံမှုများကိုပါ ခံစားရကြောင်း သိရသည်။

ယခုလာမည့် ၂၀၁၃ ခုနှစ် နွေရာသီ၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ရှိနေဦးမည်ဖြစ်သည့်အတွက် အလှည့်ကျမီးပေးမှုများ၊ လျှပ်စစ် ဓာတ်အားဖြတ်တောက်မှုများကို ဆက်လက်ကြုံတွေ့နေရဦးမည်ဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်သုံးစွဲမှု လျော့ကျလာနိုင်စေရန် ယူနစ် ၂၀၀ အထက် သုံးစွဲသည့် အိမ်သုံးမီတာများကို တစ်ယူနစ် ကျပ် ၅၀ နှုန်း ပိုမိုကောက်ခံနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် မေလပိုင်းအတွင်း လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည့်အတွက် တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီးအပြည့်အဝရရှိရေး ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

စစ်ပွဲများရပ်စဲရန် KNU ထုတ်ပြန်ကြေညာ

လက်ရှိ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်အကြား ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲများရပ်စဲရေးအတွက် ကရင် အမျိုးသားအစည်းအရုံး(KNU)မှ ၂၀၁၃ ဇန်နဝါရီလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များအနေဖြင့် နိုင်ငံတော်သမ္မတကြီးနှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားဒေသများ၌ ဖြစ်ပေါ်လျက်ရှိသည့် စစ်ပွဲများရပ်စဲရန်နှင့် အဓိပ္ပါယ်ပြည့်ဝသော ငြိမ်းချမ်းရေးဆွေးနွေးမှုများအထိရောက်ရှိနိုင်ရန် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် နိုင်ငံတော်သမ္မတကြီးနှင့် KNU အမျိုးသားအစည်းအရုံး ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးသည့် အချက်အလက်များနှင့် ရရှိလာသော သဘောထားများကို အဖွဲ့အစည်းအတွင်း ပြန်လည်ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပြည်သူလူထုအတွင်း ထုတ်ပြန်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိခဲ့ပြီး ကချင်လွတ်မြောက်ရေး တပ်မတော်(KIA/KIO)နှင့်မူ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး(၁၁)ကြိမ် ဆွေးနွေးပြီးဖြစ်သော်လည်း တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

KIA အနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ ရထားလမ်းမိုင်းခွဲမှု အကြိမ်(၅၀)ကျော်၊ လမ်းတံတားဖောက်လုပ်ရေး၊ ယန္တရားများတိုက်ခိုက် ဖျက်ဆီးမှုအကြိမ်(၁၀၀)ကျော် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

                YC

-----------------------------------------------------------------------------------------------------------------------

လွှတ်တော်တွင်းအတည်ပြုပြီးအဆိုများ အစိုးရအကောင်အထည်ဖော်မှုအားနည်း

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးဖြစ်သည့် အဆိုများအား နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမှာ အားနည်းလျက်ပင်ရှိနေသေးကြောင်း အစိုးရ၏အာမခံချက်နှင့် ကတိကဝတ်များ စိစစ်ရေးကော်မတီဝင်အဖွဲ့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနတို့မှ လုပ်ဆောင်ရန် လွှတ်တော်သို့ ကတိပြုထားသည့် အဆိုများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ဝန်ကြီးဌာနများမှ လွှတ်တော်တွင်းအဆိုပြုထားသည့် ကိစ္စရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအားနည်းရခြင်းမှာ နိုင်ငံ၏ ဘဏ္ဍာငွေအခက်အခဲများကြောင့် ဘဏ္ဍာငွေ အပြည့်အဝမရရှိခြင်းနှင့် ရာသီဥတုအခြေအနေ ဆိုးရွားခြင်းများကြောင့် အကောင်အထည်ဖော်နိုင်မှု အားနည်းရခြင်းဖြစ်သည်ပာု ဝန်ကြီးများက အကြောင်းပြပြောဆိုလျက်ရှိသည်။

ထိုသို့ လုပ်ငန်းကြွေးကျန်များ ကျန်ရှိလျက်ရှိသည့် ဝန်ကြီးဌာနများကို အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံမှုများစိစစ်ရေး ကော်မတီမှ တွန်းအားပေး လုပ်ဆောင်လျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနများကိုလည်း ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထား၍ လုပ်ငန်းများ အကောင်အထည်ဖော်မှု အားနည်းရခြင်းကို အကြောင်းပြန်ကြားပေးရန် တောင်းဆိုထားကြောင်း သိရသည်။

YC

*************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“တိုင်းရင်းသားအရေး မဖြေရှင်းဘဲနဲ့တော့ ဒီမိုကရေစီအရေး၊ တန်းတူအခွင့်အရေး ညီမျှရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူမျှရေးကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေကို လိုလားတယ်”

ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် The Voice Journal အတွဲ (၈) အမှတ် (၄၈) တွင်ပါရှိသော “ဖက်ဒရယ်မူ ဆက်လက်ကိုင်ဆွဲမည်ဟု ရှမ်း ခေါင်းဆောင်များသဘောတူ” သတင်းမှ ဒုတိယဗိုလ်ချုပ်ကြီး ဆေလ်ထင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

  ------------------------------------------------------------------------------

“တရားရေးဘက်က အရေးယူဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူး။ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မရှိဘူး။ အပြစ်လုပ်တဲ့သူတွေကို ပြင်းထန်စွာသတိပေးတယ် ဆိုတာလောက်နဲ့ပြီးသွားတယ်။ လွှတ်တော်ဆိုတာ အာဏာပိုင်အဖွဲ့အစည်းမဟုတ်တော့ အုပ်ချုပ်ရေးပိုင်းက မပါသမျှ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မတ်လာဖို့ ခက်ခဲနေဦးမှာပဲ”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် 7 Days News Journal အတွဲ (၁၁) အမှတ် (၃၈) တွင်ပါရှိသော “အုပ်ချုပ်ရေးပိုင်းမပါဘဲ တရားရေးမဏ္ဍိုင် မတည့်မတ်နိုင်ဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

------------------------------------------------------------------------------

“ဆရာ၊ ဆရာမတွေကို နည်းပညာသင်တန်းတွေ ပေးဖို့လိုတယ်။ တက္ကသိုလ်ပညာရေးအဆင့် ပြောင်းလဲမယ်ဆိုရင် နည်းပညာပိုင်း သင်ထောက်ကူ ပစ္စည်းပိုင်းကအစ လိုအပ်ပါတယ်။ အားလုံးကို ပြောင်းလဲမှရမယ်။ နိုင်ငံရဲ့ပညာရေးမူဝါဒ ပြောင်းမယ်ဆိုရင်လဲ ဒီမိုကရေစီနည်းကျတဲ့ စီမံခန့်ခွဲမှုမျိုး လိုအပ်ပါတယ်။ အရင်ရှိခဲ့တဲ့ ဗဟိုအုပ်ချုပ်ရေးစနစ်ကို ပယ်ဖျက်ပြီး အရည်အချင်းမီတဲ့ ဒီမိုကရေစီပြည့်ဝတဲ့ နည်းလမ်းတွေ လိုအပ်ပါတယ်။ အခြေခံရော၊ တက္ကသိုလ်အဆင့်ရော နှစ်ခုလုံး တပြိုင်နက်တည်း ဆောင်ရွက်ရမယ်လို့ ထင်ပါတယ်”

ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် The Flower News Journal အတွဲ (၈) အမှတ် (၄၇) တွင်ပါရှိသော “မြန်မာ့ပညာရေးအဆင့် ဘယ်လိုမြှင့်မလဲ” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာသိန်းလွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive