Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၀.၁.၂၀၁၃

ပြည်တွင်းသတင်း

  1.  ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်ရောက်ရှိလာသော နယ်စုံမှအလုပ်သမားများ မြဝတီတွင်သောင်တင်နေ
  2. ကွင်းဆင်းစစ်ဆေးမှုကြောင့် နယ်စပ်တရားမဝင်ကုန်သွယ်မှု လျှော့ကျလာသော်လည်း အားနည်ချက်များရှိ

နိုင်ငံရေးသတင်း

  1. ကဏ္ဍသုံးခုရှိ ကော်မတီများ ပြင်ဆင်ဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာ
  1. ရှမ်းလက်နက်ကိုင်တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဒုတိယ တွေ့ဆုံမှုတွင် ကယန်းလက်နက်ကိုင်အဖွဲ့များပါ ပါဝင်လာနိုင်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်ရောက်ရှိလာသော နယ်စုံမှအလုပ်သမားများ မြဝတီတွင်သောင်တင်နေ

ထိုင်း-မြန်မာနယ်စပ်ဖြစ်သော မြဝတီမြို့တွင် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေးဂျင့် ၄၀ ကျော်ရှိသော်လည်း မြန်မာအလုပ်သမား ထောင်ပေါင်း များစွာတို့သည် တရားမဝင်ဖွင့်လှစ်ထားသော အေးဂျင့်များမှတဆင့် အလုပ်ခေါ်စာမရှိပဲ မြို့ရွာများတွင် လုပ်ကိုင်နေသော ပွဲစားများ၏  စုဆောင်းမှုကြောင့် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိစက်ရုံများသည် မြန်မာနိုင်ငံမှအလုပ်သမားများကို ခေါ်ယူလိုပါက နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနတွင် စစ်ဆေးပြီး ပြည့်စုံ မှန်ကန်မှသာ အလုပ်သမားများကို ခေါ်ယူခွင့်ရှိကြောင်း၊ ယခုကဲ့သို့ အလုပ်လုပ်ရန်ရောက်ရှိလာသူ အများစုသည် အလုပ်ခေါ်စာမရှိဘဲ မြို့ရွာများရှိပွဲစား များမှတဆင့် စုဆောင်းထားမှုကြောင့်ဖြစ်ကြောင်း၊ အလုပ်ခေါ်စာများ ကုမ္ပဏီကိုရောက်ရှိမှသာ အလုပ်သမားများကို လွှတ်ရခြင်း ဖြစ်ကြောင်းကို ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှပြောကြားသည်။

ခေါ်ယူလာသော အလုပ်သမားများကို တချို့အလုပ်အကိုင် ရှာဖွေးရေးအေဂျင်စီများသည် ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များသို့ ပို့ဆောင်ပေးနိုင်ခြင်း မရှိသောကြောင့် ထမင်းကျွေးနိုင်ရုံသာ ကျွေးထားကြောင်း၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်ရောက်ရှိလာသော မိန်းကလေးများသည်လည်း လေးငါးလကြာ သည့်တိုင် အလုပ်မရရှိသည့်အပြင် အိမ်မှယူဆောင်လာသော ငွေများကုန်သွားသည့် အတွက်ကြောင့် ကာရာအိုကေနှင့် စားသောက်ဆိုင်များတွင် ရရာ အလုပ်ကို လုပ်ကိုင်နေရကြောင်း၊ တစ်ခါတစ်ရံ လူကုန်ကူးသူများ လာရောက်ခေါ်ဆောင်ကြောင်း သိလျက်နှင့်ပင် လိုက်သွားသူများလည်း ရှိကြောင်းကို မဲဆောက်အခြေစိုက် အလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးမှပြောကြားကြောင်းသိရသည်။

လက်ရှိ ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းခွဲခန့်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမား တစ်သိန်းခွဲခန့် ရှိကြောင်း မြန်မာအစိုးရမှ ထုတ်ပြန်ကြေညာခဲ့သည်။

YC

-----------------------------------------------------------

ကွင်းဆင်းစစ်ဆေးမှုကြောင့် နယ်စပ်တရားမဝင်ကုန်သွယ်မှု လျှော့ကျလာသော်လည်း အားနည်ချက်များရှိ

နယ်စပ်များ၌ တရားမဝင်ကုန်သွယ်မှု လျှော့ချရန်အတွက် နယ်စပ်ကုန်သွယ်ရာလမ်းကြောင်းနှင့် နယ်စပ် စစ်ဆေးရေးဂိတ်များတွင် လှုပ်ရှား ရှာဖွေတားဆီးရေး မိုဘိုင်းတင်းမ် အဖွဲ့များကို ၂၀၁၂ ဇွန်လမှစတင်ကာ ဖွဲ့စည်း၍ ကြပ်မတ်စစ်ဆေး ဆောင်ရွက်မှုကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုးများ မြင့်တက်လာကြောင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုများကြောင့် တရားမဝင်နယ်စပ်ကုန်သွယ်မှု မြင့်တက်လာခဲ့သော်လည်း ကျွမ်းကျင်ဝန်ထမ်းနှင့် လူအင်အား လုံလောက်မှု မရှိခြင်း၊ လုံလောက်သော လုံခြုံရေးမပေးနိုင်ခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ၏ ဆောင်ရွက်မှုနှင့် လုပ်ဆောင်မှုများသည် ပိုမိုပွင့်လင်းမြင်သာရန် လိုအပ်ခြင်း စသည့် အားနည်းချက်များ ရှိနေသေးကြောင်း ဇန်နဝါရီလ ၅ ရက်နေ့တွင် စီးပွား၊ကူးသန်းဝန်ကြီးဌာနတွင် ပြုလုပ်သော နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးပွဲ တွင် ဝန်ကြီးဌာနရှိတာဝန်ရှိသူများနှင့် ကုန်သည်များကပြောကြားသည်။

တရားမဝင် နယ်စပ်ကုန်သွယ်မှု အများဆုံးဖမ်းဆီးရမိသောနေရာများမှာ မူဆယ်တွင် ရေပူစခန်း၊ မြဝတီတွင် မရမ်းချောင်းစခန်းများဖြစ်ပြီး အများဆုံးဖမ်းဆီးရမိသော ကုန်ပစ္စည်းများမှာ ကျောက်စိမ်း၊ ကျောက်မျက်၊ အင်ကြင်းကျောက်၊ မူးယစ်ဆးဝါး၊ သစ်ခွဲသားနှင့် ပရိဘောဂများ ဖြစ်ကြောင်း မိုဘိုင်းတင်းမ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာပေးကာလ အတွင်း သိမ်းဆည်းထားသော ကုန်ပစ္စည်းများထဲမှ တရားဝင် ကုန်သွယ်ခွင့် ပြုထားသော ကုန်များကိုကုန်သွယ်မှု လိုင်စင်ပြန် လည်ထုတ်ပေးခဲ့သည်။ ယမန်နှစ် အောက်တိုဘာလတွင် နယ်စပ်ကုန်သွယ်ရေး၌ ကုန်သွယ်မှု တန်ဖိုးမှာ ၁၈၄ သန်း ရှိခဲ့ရာမှ ယခုနှစ်ပညာပေး ကာလ ဒီဇင်ဘာ လ တွင် ၂၇၈ သန်း သို့မြင့်တက်လာကြောင်း သိရသည်။

YC

                        **************************************************************************************

နိုင်ငံရေးသတင်း

ကဏ္ဍသုံးခုရှိ ကော်မတီများ ပြင်ဆင်ဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာ

နိုင်ငံတော်သမ္မတရုံးမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗပာိုကော်မတီနှင့် လုပ်ငန်းကော်မတီ၊ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုကော်မတီနှင့် စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗပာိုကော်မတီတို့အား ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးအတွက် အရေးပါသည့် အသေးစားနှင့် အလတ်စား စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက် ရေးဗပာိုကော်မတီ”နှင့် “အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ”တို့အား ဖွဲ့စည်းလိုက်ကြောင်း အမိန့် ကြေငြာစာအမှတ်(၁၁/၂၀၁၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။

“အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗပာိုကော်မတီ”ကို ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယ ဥက္ကဋ္ဌများအဖြစ် နိုင်ငံတော် ဒုတိယသမ္မတနှစ်ဦးတို့က တာဝန်ယူဆောင်ရွက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်များ၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီးများပါဝင်သည့်အဖွဲ့ဝင် ၂၄ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး အသေးစားနှင့် “အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ” တွင်ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်ဒုတိယသမ္မတ(၂)မှ တာဝန်ယူကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများပါဝင်သည့် အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်၏ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် “အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ” နှင့် “စွမ်းအင် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ”တို့ကို ဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြေငြာစာအမှတ်(၁၂/၂၀၁၃)ကိုထုတ်ပြန်ကြေညာခဲ့သည်။

“အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ”ကို နာယကအဖြစ်နိုင်ငံတော် ဒုတိယသမ္မတ(၂)မှတာဝန်ယူ၍ ဥက္ကဋ္ဌအဖြစ် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဥက္ကဋ္ဌအဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှတာဝန်ယူကာ ပြည်ထောင်စုဝန်ကြီးများ ပညာရှင်များနှင့် အသင်းအဖွဲ့တို့မှတာဝန်ရှိသူများပါဝင်သော  အဖွဲ့ဝင်(၁၁)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ရှေးပောာင်းယဉ်ကျေးမှုဇုန် နယ်မြေများသတ်မှတ်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရှေးပောာင်းယဉ်ကျေးမှု အမွေအနှစ် များဖော်ထုတ်ခြင်းနှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် “မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗပာိုကော်မတီ”ကို ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြေငြာစာအမှတ် (၁၃/၂၀၁၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ တာဝန်ယူ၍ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာ ပညာ ရှင်များ၊ အသင်းအဖွဲ့များရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် အဖွဲ့ဝင်(၁၆)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

                YC

-------------------------------------------------------

ရှမ်းလက်နက်ကိုင်တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဒုတိယ တွေ့ဆုံမှုတွင် ကယန်းလက်နက်ကိုင်အဖွဲ့များပါ ပါဝင်လာနိုင်

ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွင် ကယန်းလက်နက်ကိုင်အဖွဲ့ များနှင့် ပူးပါင်းထားသော ကယန်းအမျိုးသားပါတီကလည်း အဆင့်သင့်ဖြစ်နေသည့်အတွက် ပါဝင်လာနိုင်ရန် ကမ်းလှမ်း လာကြောင်းကို (SNLD) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ သတင်းရရှိသည်။

ဒုတိယအဆင့်တွေ့ဆုံမှုတွင် SSPP၊ RCSS၊ NDAA၊ UWSA စသော ရှမ်းလက်နက်ကိုင်အဖွဲ့များပါဝင်လာနိုင် ကြောင်း၊ ပုံမှန်အတိုင်းဆိုလျှင် ကယန်းလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တတိယအကြိမ်တွေ့ဆုံမှုတွင်သာ ပါဝင်လာရန်ဖြစ်ကြောင်း ကို(SNLD) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကပြေားကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု တတိယအဆင့်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်သော ပြည်ထောင်စု အဆင့်ကိုအစိုးရအနေဖြင့် တစ်ကြိမ်သာပြုလုပ်လိုကြောင်းသိရသည်။ အဆင့်ပေါင်းများစွာရှိ သည်ကို တစ်ကြိမ်တည်းသာပြုလုပ်မည်ဆိုပါက ၁၉၉၄ ခုနှစ် တွင် ကျင်းပခဲ့သော အမျိုးသားညီလာခံကဲ့သို့ ဖြစ်သွားနိုင်  သည့်အတွက် အဆိုပါအချက်ကို(SNLD) ပါတီအနေဖြင့်လက်မခံနိုင်ကြောင်း၊ ကချင်လက်နက် ကိုင်အဖွဲ့များပါ ပါဝင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်းကို (SNLD) ဥက္ကဌ ဦးခွန်ထွန်းဦးမှ ပြောကြားကြောင်းသိရသည်။

ရန်ကုန်မြို့တွင်ကျင်းပခဲ့သော ရှမ်းတိုင်းရင်းသားများဖိုရမ်တွင် ပဋိပက္ခများလုံးဝအဆုံးသတ်ရန်နှင့် နောက်ပြန် မဆုတ်သောငြိမ်းချမ်းရေးအတွက် စုပေါင်း၍ တွန်းအားပေးဆောင်ရွက်သွားရန် တိုက်တွန်းသွားမည်ဖြစ်ပြီး ဒုတိယအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံပွဲကို ၂၀၁၃ ဧပြီလ မတိုင်မီ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

YC

******************************************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“ပုဒ်မ ၃ (ခ) ရိုးရိုးအမှုဆိုရင် ထောင် ၆ လ၊ Condom နဲ့မိရင် ၃ နှစ်ဆိုတော့ ဒါတွေက ရှေ့နောက်မညီဘူး။ Sex Worker တွေရဲ့ Prevention ကြိုတင် ကာကွယ်တားဆီးခြင်းအတွက် NGO တွေက Condom တွေကိုဝေတယ်။ ရဲတွေကဖမ်းတယ်။ ဖမ်းတော့ ဒီ Condom နဲ့မိရင် ၃ နှစ်၊ အဲဒီတော့ ပြည့်တန် ဆာ က Condom ကို မသုံးဘူး။ အဲဒီတော့ ကျွန်မတို့တိုင်းပြည်မှာ ဘာတွေဖြစ်လာသလဲ။ ရောဂါကူးစက်မှုတွေပဲဖြစ်လာတယ်။ ဒါမျိုး ရှေ့နောက် မညီတဲ့ ဥပဒေတွေကိုပြင်ချင်တာပါ။ NGO တွေက တစ်မျိုးလုပ်၊ ရဲကတစ်မျိုးလုပ်ဆိုရင် ဒီရောဂါတွေနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်တားဆီးခြင်း၊ Prevention ဟာလည်း ထိရောက်မှုမရှိနိုင်ပါဘူး။ ဒီလိုမျိုး ခေတ်နဲ့ စနစ်နဲ့ မလျှော်ညီတဲ့ ဥပဒေတွေကို ပြင်သင့်ပါတယ်။ အဲဒီလိုပြင်မှလည်း အမျိုးသမီးတွေ အတွက် တရားမျှတမှုရှိမှာပါ”

ဇန်ဖဝါရီလ ၁၁ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် ဂျာနယ် အမှတ် (၃၉) တွင်ပါရှိသော “လိင်ပိုင်းဆိုင်ရာ ရောင်းဝယ်တဲ့ အမျိုးသမီးဟာ ပုဒ်မ ၃(ခ)နဲ့ ပြစ်မှု ကျုးလွန်တယ်ဆိုရင် ဝယ်ယူစားသုံးနေတဲ့ ယောက်ျားတွေ ကကော ပြစ်မှုကျုးလွန်တာ မဟုတ်ဘူးလား” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် စန္ဒာမင်း ၏ပြောကြားချက်အားကောက်နှုတ်ချက်

------------------------------------------------------------------------

 “ကရင်ပြည်နယ်တိုးတက်ဖို့ဆိုတာ အဓိကအာဏာရှိတဲ့သူတွေက ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် တွေကို လုပ်ပိုင်ခွင့်အပြည့်အဝပေးဖို့လိုမယ်။ ဖြစ်နိုင်ရင် သူ့ပြည်နယ်မှာ သူ့တရားဥပဒေစိုးမိုးပိုင်ခွင့်လိုမယ်။ ကရင်ပြည်နယ်တိုးတက်ဖို့ ဒီလိုအပစ်အခတ်ရပ်စဲရုံနဲ့ ကရင်ပြည်နယ် မတိုးတက်နိုင်ပါဘူး”

ဇန်နဝါရီလ ၉ ရက်နေ့ထုတ် The Empire Journal အတွဲ (၂) အမှတ် (၂) တွင်ပါရှိသော “အပစ်အခတ် ရုံဖြင့် ဒေသမဖွံ့ဖြိုးနိုင်ဟု ကရင်လက်နက်ကိုင် အဖွဲ့များကပြောကြား” သတင်းမှ DKBA အဖွဲ့မှ ဗိုလ်မှူးစောဆန်းအောင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

-----------------------------------------------------------------------

“အန်တီကတော့ ဖိအားပေးတယ်ဆိုတဲ့ အသုံးအနှုန်းကို မသုံးချင်ဘူး။ ဖိအားပေးတာ။ မပေးတာဆိုတာ အဓိက မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာအဓိကပဲ။ လွှတ်တော်အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပြီးမှ လမ်းစဉ်ချရမှာပေါ့။ လုပ်ပိုင်ခွင့်ဆိုတာထက် လေ့လာပြီးတော့ပါဝင်ဖို့ ကိုယ့်မှာအကြောင်းပါ လာလို့ရှိရင်၊ ကော်မတီမှာအကြောင်းပါလို့ရှိရင် လုပ်ရမှာပေါ့။ ဒါပေမဲ့ အစိုးရရဲ့ ဆွေးနွေးပွဲတွေမှာ ဝင်ပါဖို့ ဆိုတာကတော့ အစိုးရက ဦးဆောင်တဲ့ ဆွေးနွေးပွဲတွေမှာ မဖိတ်ခေါ်ဘဲနဲ့ ဝင်ပါလို့မရဘူးပေါ့”

ဇန်နဝါရီ ၁၁ ရက်နေ့ထုတ် The Fresh News Journal အမှတ် (၁/၀၄၂) တွင်ပါရှိသော “KIA ကိစ္စဘာ့ကြောင့် မပါသေးတာလဲဆိုတော့” သတင်းမှ ဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက်အားကောက်နှုတ်ချက်

**********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive