Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၂.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးတွဲဆောင်ရွက်မှုကော်မတီ ကိုရီးယားဖွဲ့စည်း

(Korea Ioong Ang Daily မှ 12 Jan 2013 ရက်စွဲပါ “Korea to establish economic committee with Myanmar” သတင်းကို ဘာသာပြန်ပါ သည်)

  1. ပြစ်တင်ရှုတ်ချမှုခံရသော ကချင်စစ်ပွဲအပေါ် မြန်မာအစိုးရ ဘယ်လိုမြင်သလဲ

(Global Post မှ 8 Jan 2013 ရက်စွဲပါ Myanmar: how the regime sees it's widely condemned war ကိုဘာသာ ပြန်ဆိုသည်)         

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးတွဲဆောင်ရွက်မှုကော်မတီ ကိုရီးယားဖွဲ့စည်း

(Korea Ioong Ang Daily မှ 12 Jan 2013 ရက်စွဲပါ “Korea to establish economic committee with Myanmar” သတင်းကို ဘာသာပြန်ပါသည်)

ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံသည် စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ လက်တွဲမှုခိုင်မာစေရန် ရည်ရွယ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီကို ထူထောင်ရန် သဘောတူခဲ့ကြသည်ဟု ဆိုးလ် မဟာဗျူဟာနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့ကပြောကြားသည်။

မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ကြာသာပတေးနေ့က ကျင်းပသော အစည်းအဝေးတွင် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ဘတ် ဂျေးဝန် နှင့် မြန်မာဝန်ကြီး ဒေါက်တာကံဇော် တို့အကြား သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာန အဆိုအရသိရှိရသည်။

ဆက်လက်၍ အဆိုပါပူးတွဲကော်မတီ၏ ပထမဆုံးအစည်းအဝေးကို ယခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံ၌ ကျင်းပရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်း၊ နှစ်နိုင်ငံကြားဆက်ဆံရေး သိသိသာသာ တိုးတက်လာခြင်းကို ဘတ်ဂျေးဝန် က အထူးချီးကျူးဂုဏ်ပြုခဲ့ကြောင်း ဆက်ဆံရေး ဆက်လက်တိုးတက်အောင် အားပေးရန်အတွက် အစိုးရအဖွဲ့များ၏ ပံ့ပိုးမှု အရေးကြီးခြင်းကို ထုတ်ဖော်ဆွေးနွေးခဲ့ကြကြောင်း ဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ဘတ်ဂျေးဝန်၏ မြန်မာခရီးစဉ်သည် ဒေသတွင်းခေါင်းပြူလာသော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများသို့ လှည့်လည်နေသော ခရီး၏ အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု သိရှိရသည်။

*******************************************************

ပစ်တင်ရှုတ်ချမှုခံရသော ကချင်စစ်ပွဲအပေါ် မြန်မာအစိုးရ ဘယ်လိုမြင်သလဲ

(Global Post မှ 8 Jan 2013 ရက်စွဲပါ Myanmar: how the regime sees it's widely condemned war ကိုဘာသာ ပြန်ဆိုသည်)

တရုတ်-မြန်မာ နယ်စပ်ဒေသတစ်လျှောက် ကချင်ပြည်နယ်တွင်းရှိ လက်နက်ကိုင်အင်အားစုများကို မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှု များပြုလုပ်လာမှုသည် ကန့်ကွက်ရှုတ်ချမှုများစွာကိုဖြစ်ပေါ်စေသည်။

နယူးယောက်တိုင်းမ် သတင်းစာရေးသားချက်အရ ကချင်ပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင်အများစုပါဝင်သော ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲ့ အပေါ်တိုက်ခိုက်မှုများသည် လွန်စွာပြဿနာဖြစ်စေသော ကိစ္စဖြစ်သည်ဟုနိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုထားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက မြန်မာစစ်တပ်အနေဖြင့်စစ်မက်ပဋိပက္ခကို အမြန်ဆုံးရပ်ဆိုင်းအောင်ပြုလုပ်သင့်ကြောင်း အလေးအနက် တိုက်တွန်း ပြောဆိုသည်။

သို့သော် အဆိုပါ စစ်မက်ပဋိပက္ခမှာ အစိုးရမီဒီယာများတွင်တစ်မျိုးတစ်ဖုံပုံဖော်ရေးသားခြင်းခံနေရသည်။ တစ်ချိန်ကအနောက်မီဒီယာများကို "လေလှိုင်းပေါ်ကလူသတ်သမားများ" "သွေးထိုးသူများ"အဖြစ်သတ်မှတ်ဖော်ပြခဲ့သော New Light of Myanmar သတင်းစာ၏ ယမန်နေ့ကစာစောင်ကို ဖတ်ရှုကြည့်မည်ဆိုလျှင် "ကချင်သူပုန်များသည် ရထားလမ်း၊ကားလမ်းများကို ဖောက်ခွဲဖျက်ဆီးပစ်သလို ဒေသခံပြည်သူများထံမှ ငွေကြေးများကိုလုယက် တိုက်ခိုက်လျက် ရှိသည်" ဟု ရေးသားဖော်ပြသည်။

ဇန်နဝါရီလ ၆ ရက်နေ့ထုတ် ယင်းသတင်းစာတွင်မူ "သူပုန်များသည် ထရပ်ကားများကို ပစ်ခတ်တိုက်ခိုက်ကာ အမျိုးသမီးများကိုလည်း အဓမ္မ ခေါ်ဆောင်သွားကြသည်။ မြို့တွင်းနေရာများတွင် မြေမြှုပ်မိုင်းများထောင်ခဲ့ကြသည်" ဟု ရေးသားပြန်သည်။

၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးကာလ တွင်ထုတ်ပြန်သော New Light of Myanmar တွင်"ကချင်သူပုန်များသည် ၂၀၁၁ ခုနှစ်၊ မေလ မှစ၍ ကချင် ပြည်နယ်တွင်းမိုင်းထောင်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၁ ကြိမ်တိတိပြုလုပ်ခဲ့သည်"ဟုရေးသားထားသည်။

အဆိုပါ အစိုးရသတင်းမီဒီယာ ရေးသားဖော်ပြသမျှ မှန်ကန်မှုရှိပါ၏လောဟုမေးစရာရှိလာသည်။ ပထမဆုံး စဉ်းစားကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ ရှိစစ်မက်ပဋိပက္ခဖြစ်ပွားရာ ဇုန်အတွင်းလုံးလုံးလျားလျား အမှီအခိုကင်းရှင်းကာ လွတ်လပ်မှုရှိသည့်မီဒီယာများ အနေဖြင့်ဝင်ရောက် သတင်းယူရေးသားနိုင် ရေးမှာလွန်စွာ ခဲယဉ်းသည့်ကိစ္စရပ်ဖြစ်နေသည်ကို တွေ့ရပေမည်။ ထို့ပြင်စစ်မက်ပဋိပက္ခဇုန်များနှင့် ပတ်သက်၍ မျက်မြင်သက်သေ တွေ့ကြုံဖူးသူများမှာ ကိုယ်တိုင်တိုက်ခိုက်နေသူများနှင့် အနီးရှိရွာသူရွာသားများသာဖြစ်ကြသည်။

အနောက်တိုင်း သတင်းမီဒီယာများတွင် ယင်းသူပုန်အုပ်စုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ရေးသားမှုတို့မှာမူ ထူးထူးခြားခြားဖြစ် သလိုဘာသာရေးနှင့် ယဉ်ကျေးမှုတို့အရ ရှောင်ရှားရန်အမှုများဖြစ်ကြသည်။ သို့သော် မြန်မာအစိုးရတွင် အကြမ်းဖက်ရက်စက်တတ်သော မှတ်တမ်းများ ကာလကြာရှည်စွာရှိထားခဲ့ပေရာ New Light of Myanmar ကဲ့သို့သောအစိုးရမီဒီယာများတွင်ပါရှိသော ဖော်ပြချက်များကြောင့်သံသယများကိုလျော့ကျ သွားစေမည်မဟုတ် သလို အကျိုးအမြတ်လည်းဖြစ်ပေါ်မည်မဟုတ်ပေ။

 *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၂.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. ကျောက်စိမ်းနှင့်ကျောက်မျက်ဗဟိုဌာန နေပြည်တောင်တွင်ဖွင့်မည်
  2. The Voice ဂျာနယ်အား တရားစွဲဆို သတ္တုတွင်းဝန်ကြီးဌာန ရုတ်သိမ်း           

နိုင်ငံရေးသတင်း

  1. လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ သတင်းထုတ်ပြန်
  2. ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် KIO/KIA ကြားအမြန်ဆုံးတွေဆုံဆွေနွေးရန် ပြည်သု့လွှတ်တော်တိုက်တွန်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

ကျောက်စိမ်းနှင့်ကျောက်မျက်ဗဟိုဌာန နေပြည်တောင်တွင်ဖွင့်မည်

ကျောက်စိမ်းရောင်းဝယ်သူနှင့် ရင်းနှီးမြှုပ်နှံသူများ ရောင်းဝယ်ရာတွင် အဆင်ပြေရန်အတွက် ကျောက်စိမ်းနှင့် ကျောက်မျက် ဗဟိုစင်တာကိုနေ ပြည်တော်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းကို သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှု ဦးသိန်းဆွေက ပြောကြားကြောင်းသိရသည်။

ကျောက်စိမ်းနှင့် ကျောက်မျက် လေလံပွဲများကို နေပြည်တ်ာတွင် ၂၀၀၅ မှစတင်ကာ ကျင်းပခဲ့ကြောင်း၊ ကျောက်စိမ်း ကျောက်မျက် စတိုးဆိုင်နှင့် ကျောက်မျက်ရတနာ လုပ်ငန်းများလုပ်ကိုင်ရန်အတွက် အဆင်ပြေလွယ်ကူစေရန် ကျောက်စိမ်းနှင့်ကျောက်မျက်ဗဟိုဌာနကို နေပြည်တော်တွင်ဖွင့်လှစ်ရန် ရည်ရွယ်ရခြင်းဖြစ်ကြောင်းနှင့် ပြည်ပမှရင်းနှီး မြှုပ်နှံသူများကိုလည်းဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသွားခဲ့သည်။

အဆိုပါဗဟိုစင်တာကဲ့သို့ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ငန်းဈေးကွက်ကို ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ကလည်းကြိုးစားခဲ့ဖူးကြောင်းသို့ရာ တွင်အောင်မြင်မှုမရရှိခဲ့သဖြင့် ယခုဖွင့်လှစ်မည့်စင်တာသည်လည်း အောင်မြင်မှု ရရှိနိုင်မလားကို ကျောက်မြတ်ကုန်သည်အချို့မှ သံသယရှိနေကြောင်း ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးမှပြောကြားသည်။

၂၀၁၁ ခုနှစ် ကျောက်စိမ်းကျောက်မျက်ပြပွဲတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရောင်းချခဲ့ပြီး ထိုင်းနိုင်ငံ၊ တရုတ်နှင့် ထိုင်ဝမ်တို့ အများ ဆုံးလာရောက်ခဲ့ပြီး စုစုပေါင်း ဧည့်သည်ကိုးထောင်ဝန်းကျင်ခန့် တက်ရောက် ခဲ့ကြောင်းသိရသည်။

YC

-----------------------------------------------------------------------

The Voice ဂျာနယ်အား တရားစွဲဆို သတ္တုတွင်းဝန်ကြီးဌာန ရုတ်သိမ်း

The Voice Weekly ဂျာနယ်မှ အတွဲ ၈၊ အမှတ် ၁၃ တွင်ဖော်ပြခဲ့သည့် "ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုတွေ့ရှိ "သတင်း ဖော်ပြချက်နှင့် ပတ်သက်၍ သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အား တရားစွဲဆိုမှုများကို ၂၀၁၃ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

"အခုလို The Voice ဂျာနယ်ကို တရားစွဲဆိုတာ ရုတ်သိမ်းလိုက်ပြီဆိုတော့ ကျန်တဲ့မီဒီယာတွေအတွက်တော့ အားတက်စရာပါပဲ။ ဝန်ကြီးဌာနတွေ လာဘ်စားတယ်ဆိုတဲ့ သတင်းက အပြင်မှာလူတိုင်းကို သိပါတယ်။ ဒါကို အတင်းကြောက်ကန်ပြီး ငြင်းနေတယ်ဆိုတဲ့ကိစ္စကတော့ စဉ်းစားစရာပေါ့လေ။ ကျွန်တော်တို့အနေနဲ့ နောင်ကို မီဒီယာဒီ့ထက် ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာဖို့အတွက် မျှော်လင့်ပါတယ်"ပာု ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ သွားရောက်ညှိနှိုင်းပေးခဲ့သည့် အပြင်မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူများက ကြားမှ ဝင်ရောက်ညှိနှိုင်း ဆွေးနွေး ပေးခဲ့သည့်အတွက် သတ္တုတွင်းဝန်ကြီးဌာနမှ ယခုကဲ့သို့ တရားစွဲဆိုမှုကို ရုတ်သိမ်းရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းဖော်ပြမှုနှင့်ပတ်သက်၍ သတ္တုတွင်းဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ် မတ်လတွင် ဂျာနယ် အယ်ဒီတာချုပ်ဖြစ်သူအား ပုဒ်မ ၅၀၀ ဖြင့်စ တင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၈ လကျော်ကြာ တရားရင်ဆိုင်ခဲ့ရသည့်အပြင် ရုံးချိန်းပေါင်း ၂၀ ကျော်ရင်ဆိုင်ခဲ့ရပြီး အမှုအတွက် စွဲချက်မတင်ရန် The Voice Weekly မှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အယူခံလျှောက်ထားနေစဉ် အမှုရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

YC

***********************************************************************

နိုင်ငံရေးသတင်း

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ သတင်းထုတ်ပြန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထပ်မံ ဖွဲ့စည်းထားသော ဘက်ပေါင်းစုံမှပညာရှင်များပါဝင်သည့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့၏လုပ်ဆောင်မှုများကို စုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၃)ဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်များ အရသိရသည်။

အဆိုပါမြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များအပါအဝင် စံပယ်တောင်၊ ကြေးစင်တောင်ရှိ ကြေးနီစီမ့ကိန်းများနှင့် ပတ်ဝန်းကျင်ရှိ ဂေဟစနစ်၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၊ စီမံချက်ကွပ်ကွဲမှုစနစ်နှင့် ဖွံ့ဖြိုးမှုသရုပ်ခွဲစိစစ်ချက် များကို လက်တွေ့ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။

အဆိုပါလေ့လာမှုများအပြင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှစတင်၍ ပတ်ဝန်းကျင်ဒေသရှိလေထုသန့်ရှင်းမှု အခြေအနေများအပါအဝင် စီမံကိန်းပတ်ဝန်းကျင်ရှိကျေးရွာများကိုပါ လေ့လာပြီး ပမာဏအစီရင်ခံစာကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့တင်ပြခဲ့ပါသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကို သီးခြားကြားဖြတ်အစီရင်ခံစာအား ယခုလအတွင်း တင်ပြသွားမည် ဖြစ်ကြောင်းကို လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ ကိုပြောကြားကြောင်းသိရ သည်။

YC

-------------------------------------------------------------------------

ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် KIO/KIA ကြားအမြန်ဆုံးတွေဆုံဆွေနွေးရန် ပြည်သု့လွှတ်တော်တိုက် တွန်း

              ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော ပဋိပက္ခစစ်ပွဲများနှင့်ပတ်သက်၍ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် KIO/KIA တို့အနေဖြင့်တွေ့ဆုံဆွေးနွေးမှုများကို အမြန်ဆုံးပြုလုပ်ရန် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းဇော်မှ အရေးကြီးအဆို တင်သွားခဲ့ကြောင်းသိရသည်။

ယင်းအဆိုကို ပြည်သူလွှတ်တော်တွင် အတည်ပြုချက်ရယူရာ၌ ကိုယ်စားလှယ်အားလုံးမှ ထောက်ခံသောကြောင့် ပြည်သူလွှတ်တော်မှ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်ခုအား ဇန်နဝါရီ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်၏ ထုတ်ပြန်မှုများတွင် ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသောပဋိပက္ခများကို လက်နက်ကိုင်ဖြေရှင်းမည့်အစားတွေဆုံဆွေး နွေးညှိနှိုင်းမူဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအခြေအနေများ ကြောင့် နှစ်ဖက်စလုံးထိခိုက်ဆုံးရှုံး မှုများနှင့် ပြည်သူများအနေ ဖြင့်လည်း စိုးရိမ်ထိတ်လန့်မှုများစွာနှင့် စစ်ဘေးစစ်ဒဏ် ခံစားနေရခြင်းများသည် စိတ်မချမ်းမြေ့ဖွယ်ရာ ကိစ္စများအဖြစ် တွေ့မြင်ခံစားနေရကြောင်းကိုဖော် ပြထားသည်။

နှစ်ဖက်ငြိမ်းချမ်းရေး ကိုယ်စာလှယ်များ တွေ့ဆုံမှုများတွင် အခက်အခဲများရှိပါက Electronic Online တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ပြီး အဆိုပါဆွေး နွေးမှုကိုပြည်သူများ ထင်သာမြင်သာရှိအောင် ထုတ်ပြန်ပေးသင့်ကြောင်း၊ ပြည်သူများထံမှ ထွက်ပေါ်လာသော ပြည်သူ့ဆန္ဒများကိုလည်း အလေးအနက်  ထားကာနှစ်ဖက်ဆွေးနွေးမှုများဖြင့် ယုံကြည်မှု တည်ဆောက်ကာ စစ်ရေးအရှိန် လျှော့ချပြီး ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်သင့်ကြောင်း ကိုလည်း ပြည်ထောင်စု လွှတ်တော်မှဆက်လက်ပြီးအကြံပြုတိုက်တွန်းထားကြောင်းသိရသည်။

ကချင်ပြည်နယ်၊ ဖြစ်ကြီးနားမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်ဦးသိန်းဇော်က ဇန်နဝါရီလ ၁၁ ရက်နေ့ တွင်ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် အရေးကြီးတစ်ရပ်အဆိုကို တင်သွင်းခဲ့ရာကိုယ်စား လှယ်အားလုံးကထောက်ခံသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အတည်ပြုကာ အဆိုနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

YC

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“၁၉၉၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိကို ဆေးနဲ့ပတ်သက်တဲ့ Commercial Tax က ၀.၅ ရာခိုင်နှုန်းပဲ။ အခုက ၅ ရာခိုင်နှုန်းဖြစ်သွားတော့ ၁၀ ဆတက် သွားတယ်။ အရင်တုန်းက ပေးရတဲ့ အခွန်ထက်ဆေးဝါးရဲ့ တန်ဖိုးက အဆမတန်တက်သွားတယ်။ ဒါတွေက စားသုံးသူအပေါ် သက်ရောက်စေပြီး မှောင်ခို တွေဖြစ်စေတယ်။ အခွန် မပေးချင်တော့နည်းမျိုးစုံနဲ့ အခွန်ရှောင်တော့ ဆေးဝါးအတု၊အာနိသင်မပြည့်တဲ့ဆေးဝါးတွေ ဖြစ်ကုန်ရော။ ဒါကကုန်သွယ်လုပ် ငန်းခွင် ၅ ရာခိုင်နှုန်းကောက်ခံခြင်းရဲ့ အကျိုးဆက်ပဲ။ တင်သွင်းရာမှာ အခက်အခဲတွေဖြစ်သလို စားသုံးသူကိုပါ ဒုက္ခရောက်စေတယ်။ ကုန်သွယ်လုပ်ငန်း ခွန်မပေးချင်လို့မဟုတ်ဘူး။ ကျန်းမာရေးက အဓိကမို့ လို့ ဆေးဝါးနဲ့ပတ်သက်ပြီး သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ စဉ်းစားပေးစေချင်တယ်”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် Favourite News Journal အမှတ် (၃/၁၈၃) တွင်ပါရှိသော “အခွန်ရှောင်၊ အခွန်ဆောင် စရာတခြား၊ ခုတ်ရာ တခြား စားသောက်ကုန်နှင့် ဆေးဝါးခွန်များ စားသုံးသူနှင့် ပြည်သူထိခိုက်” သတင်းမှ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များ အသင်း ဥက္ကဠ ၏ပြောကြားချက်အားကောက်နှုတ်ချက်

----------------------------------------------------------------------

“ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောင်းလဲနေတဲ့ နိုင်ငံပိုင်မီဒီယာတွေကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်နဲ့ပြောင်းတဲ့အခါမှာ လိုအပ်တဲ့ လေ့ကျင့်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ Open Society ဘက်ကနေ ပြီးတော့ အကူအညီပေးနိုင်မယ့် ကိစ္စတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါသေးတယ်။”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် Favourite News Journal အမှတ် (၃/၁၈၃) တွင်ပါရှိသော “သမ္မတကြီးကို ကုဋေကြွယ်သူဠေးကြီးတွေ့ဆုံ စာပေဗိမာန်ကို ယခင်ဖွင့်စခေတ်ကအတိုင်း ပြန်လုပ်မည်” သတင်းမှ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ၏ပြောကြားချက် အားကောက်နှုတ်ချက်

----------------------------------------------------------------------

“ဒီစက်မှုဖွံ့ဖြိုးဖို့လုပ်တဲ့လုပ်ငန်းတွေ မှန်သမျှဟာ လျှပ်စစ်မီးလိုသလား မလိုဘူးလား။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကလျှပ်စစ်မီးမရရင် တခြားနိုင်ငံကိုသွားမယ်။  ဒီနိုင်ငံကို လာမလား။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလိုချင်တဲ့အချိန် ပူးပေါင်းဆောင်ရွက်မှုကို လိုတဲ့အချိန် မီးမမှန်ရင် ဘယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ မလာဘူး။ နိုင်ငံကချွတ်ခြုံကျဖို့ပဲ ရှိတယ်။”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၂) တွင်ပါရှိသော “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျှော်လင့်နေသည့် အချိန် လျှပ်စစ်မီးမမှန်ပါက ဝင်လာရေးမလွယ်” သတင်းမှ ရေထွက်ပစ္စည်း နှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဒေါ်တိုးနန္ဒာတင်၏ပြော ကြားချက်အား ကောက်နှုတ်ချက်။

**********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive