Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၃.၁.၂၀၁၃

ပြည်တွင်းသတင်း

  1.  ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံကြေးတိုးမြင့်ပေးမည်
  2. အထူးစီးပွားရေးဇုန်ဥပဒေသစ် လာမည့်လွှတ်တော်တွင်တင်သွင်းမည်

နိုင်ငံရေးသတင်း

  1. အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပြင်ဆင်ချက် ပြည်ထာင်စုလွှတ်တော်အတည်ပြုပြီးသည့် အတိုင်းထား ရှိသင့်ကြောင်းတိုက်တွန်း
  2. AAPP နှင့် ပြည်တွင်းအင်အားစုများပူးပေါင်၍ လွတ်မြောက်ရန်ကျန်သော နိုင်ငံရေးအကျဉ်သားစာရင်းပြုစုမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

 ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံကြေးတိုးမြင့်ပေးမည်

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်ကာနိုင်ငံဝန်ထမ်းများကို ထောက်ပံကြေးများတိုးမြင့်ပေးသွားမည် ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတက ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ပေးပို့သော နှစ်သစ်ကူး သဝဏ်လွှာတွင် ဖော်ပြထားကြောင်းသိရသည်။

အဆိုပါသဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဇန်နဝါရီလ ၁၀ ရက် နေ့တွင်ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထောက်ပံကြေးက ပင်စင်ခံစားခွင့်တွင် မပါရှိသည့်အတွက် ထောက်ပံကြေးပေးတာထက် လစာတိုးပေးမည် ဆိုပါက ဝန်ထမ်းများအတွက် ပိုမို အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ဒါပေမယ့် ခေတ်အဆက်ဆက်က ထောက်ပံကြေးနှင့် လစာတိုးပေးတိုင်း ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းကမြင့် တက်လာကြောင်း၊ အဆိုပါအချက်များကိုပါထိန်းချုပ်နိုင်ရန်စဉ်းစားသင့် ကြောင်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အရာရှိဝန်ထမ်းတစ်ဦးမှပြောကြားသည်။

လက်ရှိ အစိုးရလက်ထက်တွင် နိုင်ငံဝန်ထမ်းများကို ၂၀၁၁ ဧပြီလတွင် လစာငွေကျပ် ၂၀၀၀၀ နှင့် ၂၀၁၂ ဧပြီလ တွင်ထောက်ပံကြေး ကျပ် ၃၀၀၀၀ ကိုခံစားခွင့်ပြုခဲ့ပြီးအငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကိုလည်း တိုးမြင့်ပေးခဲ့သည်။

YC

--------------------------------------------------------------

အထူးစီးပွားရေးဇုန်ဥပဒေသစ် လာမည့်လွှတ်တော်တွင်တင်သွင်းမည်

ပြည်ပရင်းနှီးမြှုပ်နှံလိုသူများအတွက် ဆွဲဆောင်မှုအားနည်းခဲ့သော ယခင်ပြဋ္ဌာန်းခဲ့သည့်အထူးစီးပွားရေးဇုန်ဥပဒေ ကိုပြန်လည်ပြင်ဆင်ရေးဆွဲ ကာလာမည့်လွှတ်တော်အစည်းအဝေးများတွင် တင်သွင်းတော့မည်ဖြစ်ကြောင်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင်ပြဌာန်းခဲ့သော အဆိုပါဥပဒေ၏ ၈၀ ရာခိုင်နှုန်းကို ပြန်လည်ပြင်ဆင် ရေးဆွဲရကြောင်းကို ဇန်နဝါရီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံကုန်သည်စက်မှုလက်မှုအသင်းချုပ်တွင် ပြုလုပ်သောသီလဝါ စက်မှုဇုန်အကောင်အထည်ဖော် ရှင်လင်းဆွေးနွေးပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ပွင်လင်းမြင်သာမှုရှိလာပြီဖြစ်သည့်အတွက် အထူးစီးပွားရေးဇုန်တွင်လုပ်ကိုင်လိုသော ပြည်တွင်း၊ ပြည်ပရှိလုပ်ငန်းရှင်များ အပေါ် တွင်အားလုံးသာတူညီမျှလုပ်ကိုင်နိုင်သော ဥပဒေမျိုးဖြစ်လိမ့်မည်ဟုမျှော်လင့်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်ဥက္ကဌ ဦးဝင်းအောင်ကပြောကြားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်အကောင်အထည်ဖော်လျှက်ရှိသော အထူးစီးပွားရေးဇုန်များကိုနယ်မြေအလိုက်ခွဲခြားကာ ဥပဒေ ပြဋ္ဌာန်တော့မည်မဟုတ်ပဲ အထူးစီးပွားရေးဇုန်အားလုံးနှင့်သက်ဆိုင်သော ဥပဒေတစ်ခုတည်းဖြင့်သာအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

YC

***********************************************************************

နိုင်ငံရေးသတင်း

အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပြင်ဆင်ချက် ပြည်ထာင်စုလွှတ်တော် အတည်ပြုပြီးသည့်အတိုင်းထား ရှိသင့် ကြောင်းတိုက်တွန်း

သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်အကြား လိုအပ်ချက်များ ပြင်ဆင်ချက်များဖြင့် အပြန်အလှန် မှတ်ချက်ပြုပေးပို့လျက်ရှိသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ပြည်ထာင်စု လွှတ်တော်မှ အတည်ပြုသည့်အတိုင်း သာထားရှိသင့်ကြောင်း အမျိုးသာလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်တစ်ဦးဖြစ်သော ဦးစိုင်းထွန်းနုတ်က လွှတ်တော်နှစ်ရပ်ပေါင်း ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဇန်နဝါရီလ ၁၀ ရက် နေ့ ကသုံးသပ်တင်ပြခဲ့ကြောင်းသိရှိရသည်။

အဆိုပါဥပဒေ ပြင်ဆင်ချက်များတွင် သမ္မတနှင့် လွှတ်တော်အတွင်း သဘောထားကွဲလွဲမှုများ ရှိနေကြောင်း၊ သမ္မတက လွှတ်တော်မှ တင်ပြမှုများ သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တယ်ဆိုပြီးတင်ပြသလို၊ လွှတ်တော်ဘက်မှ လည်းသမ္မတ၏ တင်ပြမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါဝင်ဘူးလို့ ပြန်လည်တင်ပြထားသည့် အတွက်ကြောင့် လာမည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေတွင် အတည်ပြုပြဋ္ဌာန်းတဲ့ကိစ္စကို ဆက်လက် ဆွေးနွေးရန်ရှိကြောင်းကို လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးကြည်မြင့်ကပြောကြားသည်။

ယင်းဥပဒေမူကြမ်းကို  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅ အပိုဒ်ခွဲ (က) အရသမ္မတမှ လက်မှတ်ထိုး၍ ဥပဒေအဖြစ်ကြေငြာနိုင် ရန် ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက မှပေးပို့ခဲ့သည်။ နိုင်ငံတော်သမ္မတကလည်း သဘောထား မှတ်ချက်များ နှင့်အတူ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ ၂၃ ရက်နေ့ တွင် ပြန်လည်ပေးပို့ခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ ပြန်လည်ပေးပို့ထားသော သဘောထားမှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေးဆုံးဖြတ်ပြီး သဘောတူနိုင် သလိုသဘောထားမှတ်ချက်ကို လက်မခံဘဲ ဥပဒေကြမ်းကိုမူလအတိုင်းအတည်ပြုနိုင် ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၆ အပိုဒ်ခွဲ (က) အရသိရသည်။

YC

---------------------------------------------------------

AAPP နှင့် ပြည်တွင်းအင်အားစုများပူးပေါင်၍ လွတ်မြောက်ရန်ကျန်သော နိုင်ငံရေးအကျဉ်သားစာရင်းပြုစုမည်

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင်ရှိသော  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် ၈၈ မျိုးဆက်သစ် ကျောင်းသားများမှ ပြုစု ထားသော လွတ်မြောက်ရန် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများစာရင်းများတွင် ကွာခြားမူများ မရှိရန် တိုက်ဆိုင် ညှိနှိုင်းသွားမည်ဖြစ်ကြောင်းကို AAPP တွဲဖက် အတွင်းရေးမှု ဦးဘိုကြည်က ပြောကြားကြောင်းသိရသည်။

နိုင်ငံရေး အကျဉ်းသားဆိုသည့် အဓိပ္ပါယ်ဖွင်ဆိုချက်ကို ပြန်လည်ဆွေးနွေးရန်နှင့် လွတ်မြောက်ပြီးနိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘဝပြန် လည်ထူထောင်ရာတွင် မည်ကဲ့သို့ကူညီရန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်သစ် ကျောင်းသားများမှ ပြုစုထားသော စာရင်းများအကြား ကွာဟမှုများကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၂ ဦးမှလွတ်မြောက်ရန် ကျန်ရှိနေပြီနိုင်ငံရေးအမှုဖြင့် တရားစွဲဆိုခြင်း ခံနေရသောသူပါင်း ၁၆၀ ဦး ရှိကြောင်းကို ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP  မှစာရင်းများတွင်ဖော်ပြထားသည်။

YC

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာက စစ်ပွဲတွေအရှိန်မလျှော့ပဲနဲ့ ဘာမှမဖြစ်နိုင်ဘူး။ ဘယ်ဘက်ကပဲ ဖြစ်ဖြစ် ကိုယ်လိုချင်သမျှ အရာအားလုံးကို တစ်ထိုင် တည်းနဲ့မရနိုင်ဘူး။ အားလုံးက လက်တွေ့ကျဖို့လိုတယ်။ အနိမ့်ဆုံးသဘောတူညီချက်လေးတွေကစပြီး ဒါကိုမွမ်းမံတာလုပ်သွားလို့ရတယ်။ အနိမ့်ဆုံးသ ဘောတူညီချက် ကိုရှာဖွေနိုင်ဖို့လိုတယ်။”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၂) တွင်ပါရှိသော “KIA အနေနဲ့ ဆွေးနွေးဖြေရှင်းမှ ရမယ်ဆို တဲ့မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားတယ်ဟု ကိုမြအေးပြော” သတင်းမှ ကိုကိုကြီး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

----------------------------------------------------------

 “အဲဒါက ခေတ်နဲ့ညီတဲ့ တောင်းဆိုချက်ပါ။ အရေးကြီးတာက ဘယ်နည်းပညာသုံးသုံး အများပြည်သူ သိသင့်သိထိုက်တာကို အသိပေးရမယ့် သဘောပါပဲ။ ပွင့်လင်းမြင်သာမှုရှိရမယ်၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်တွေက ဘယ်အထိရောက်နေပြီ၊ ဘယ်လိုပုံစံရှိနေပြီဆိုတာ ပြည်သူတွေသိခွင့်ရှိရမယ်။”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၂) တွင်ပါရှိသော “ကေအိုင်အိုနှင့် အစိုးရ Online ကဆွေးနွေးရန် လွှတ်တော်ကတိုက်တွန်း” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်

-------------------------------------------------------------

“ပဋိပက္ခဖြစ်ပြီဟေ့ဆိုရင် ပထမဆုံးဖြေရှင်းရတာ စစ်သားပဲ။ ပထမဆုံးအသက်ပေးရတာ စစ်သားတွေပဲ။ အသက်နဲ့ရင်းပြီး တည်ဆောက်ရတာဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေးအလိုချင်ဆုံးကစစ်သားပါ”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၂) တွင်ပါရှိသော “တပ်မတော်သည် ငြိမ်းချမ်းရေး အလိုချင်ဆုံးဖြစ် ကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြေားကြား ” သတင်းမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုကြီး မင်အောင်လှိုင် ၏ ပြောကြားချက်အားကောက်နှုတ်ချက်

**********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၃.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ရခိုင်နှင့် ရိုဟင်ဂျာတို့ ယုံကြည်မှုပြန်လည်တည်ဆောက်ရန်လိုအပ်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေး  ဝန်ကြီးပြော

(Channel News Asia မှ 9 Jan 2012 ရက်စွဲပါ Rohingya, Rakhines need to rebuild trust, says Indonesia foreign minister ကိုဘာသာပြန်ဆိုသည်)

  1. ကချင်ပဋိပက္ခတွင် တပ်မတော်၏ ကဏ္ဍအပေါ် သမ္မတချီးကျူး

(11 january 2013 ရက်စွဲပါ Channel News Asia မှ Myanmar’s Leader Lauds army role in Kachin conflict ကို ဘာသာပြန်ပါသည်)

  1. မြန်မာနယ်စပ်သို့ တရုတ်နိုင်ငံက တပ်ဖွဲ့များစေလွှတ်

(VOA News မှ 11 Jan 2013 ရက်စွဲပါ “China sends troops to Burmese border” သတင်းကို ဘာသာပြန်ဆိုသည်)

**************************************************************************************

ဘာသာပြန်သတင်းများ

ရခိုင်နှင့် ရိုဟင်ဂျာတို့ ယုံကြည်မှုပြန်လည်တည်ဆောက်ရန်လိုအပ်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေး  ဝန်ကြီးပြော

(Channel News Asia မှ 9 Jan 2012 ရက်စွဲပါ Rohingya, Rakhines need to rebuild trust, says Indonesia foreign minister ကိုဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည်လူမျိုးရေးဂိုဏ်းဂဏဆိုင်ရာ ဆူပူအကြမ်းဖက်မှုများ ကြောင့် ပြဿနာတက်နေသော ရခိုင်ပြည်နယ်သို့သွားရောက်လည်ပတ်သည်။

                ၎င်းသည် မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် သွားရောက်လည်ပတ်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ကိုယ်တိုင်မြင် တွေ့ခဲ့ရသည်များကို မှတ်ချက် ပေးပြောဆိုမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်ဇွန်လက စတင်ဖြစ်ပွားခဲ့သောလူအုပ်စုအချင်းချင်း တိုက်ခိုက်မှုများနှင့် အကြမ်း ဖက်မှုများကြောင့် လူပေါင်း တစ်သိန်းခန့်မှာ အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ကြရပြီး ယခုအခါဒုက္ခသည်စခန်းများတွင် နေထိုင် လျက်ရှိသည်။

ယင်းဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားသောအကူအညီအဖြစ် ဒေါ်လာ ၁ သန်း ပေးအပ်မည် ဟုအင်ဒိုနီးရှားနိုင်ငံက ကတိ ကဝတ်ပြုထားပြီးဖြစ်သည်။ ခရီးစဉ်ပြီးဆုံးပြီးနောက် နိုင်ငံခြားရေးဝန်ကြီး Natalegawa က သဘောထားအမြင်များကို မျှဝေပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများနှင့် ရခိုင်တိုင်းရင်းသားတို့အကြား ယုံကြည်မှုတည်ဆောက်ရေးသည် လွန်စွာအဓိကကျသည်ဟု ၎င်းကသုံးသပ်သည်။

“မနေ့က ရခိုင်ပြည်နယ်ကို တခဏတာ သွားရောက်ခဲ့စဉ် ကျွန်တော့်အနေနဲ့ ထူးထူးခြားခြား သတိပြုမိခဲ့တာကတော့ လတ်တလော အကြမ်းဖက်မှု တွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေ ပြန်လည်တည်ဆောက်ရေးတစ်ခုတည်းသာ အဓိကကျတာမဟုတ်ဘဲ မတူညီတဲ့အသိုင်းအဝိုင်းတွေ၊ အုပ်စုတွေကြားမှာ ပြန်လည်သင့်မြတ်ရေးနဲ့ ယုံကြည်စိတ်ချမှု တည်ဆောက်ရေးကိုလည်း ကျွန်တော်တို့ပြန်လည်ပြုစုပျိုးထောင်ပေးဖို့လိုတယ်ဆိုတာပါပဲ” ဟု နိုင်ငံခြားရေးဝန်ကြီး Natalegawa ကပြောကြားသည်။

“နှစ်ဖက်စလုံးမှာ အယုံအကြည် ကင်းမဲ့မှုတွေ ဒုနဲ့ဒေးနဲ့ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ယခင်တုန်းကရှိခဲ့တဲ့ သဟဇာတ ဖြစ်မှုမျိုးပြန်လည်ရရှိ အောင်မဖြစ်မနေ လုပ်ကိုင်ပေးကြရမှာပါ။ သူတို့ကို အသိုင်းအဝိုင်းတစ်ခုထဲမှာ ခုလိုခွဲခြား ထားတာမျိုးမလုပ်သင့်ပါဘူး။ သူတို့တတွေပြန်လည်သင့်မြတ် ကြရမှာဖြစ်ပါတယ်။ သူတို့ကိုအတူတကွနေထိုင်နိုင်အောင် လုပ်ပေးရမှာဖြစ်ပါတယ်” ဟု၎င်းကဆက်လက်ပြောဆိုသည်။

“မဖြစ်မနေလုပ်ဆောင်ရမယ့် ကြိုးပမ်းအားထုတ်မှုတွေဟာ ရေရှည်တည်တံ့ခိုင်မြဲရမယ်ဆိုတဲ့အချက်ကို နောက် ဆုံးမှာကျွန်တော်တို့ယုံကြရပါတော့ တယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများထက်သာလွန်သော တုံ့ပြန် မှုမျိုး ပြုလုပ်ရန်လိုအပ်ကြောင်းလည်း ၎င်းကထပ်မံပြောကြားသည်။

“စီးပွားရေးအခွင့်အလမ်းတွေရှိဖို့ အင်မတန်အရေးကြီးပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေး ပေါ်တုံ့ပြန်မှုဆိုတာထက် သာလွန် အောင်မဖြစ်မနေလုပ်ကိုင်ကြရမှာပါ။ ဒါပေမဲ့စီးပွားရေးအခွင့်အလမ်း တွေကိုဖြစ်ပေါ်လာ အောင်ကျွန်တော်တို့ထောက်ပံ့ပေးကြရပါမယ်။ စိန်ခေါ်မှုပမာဏ ဟာသိသိသာသာ ရှိနေတယ်လို့ပဲ ကျွန်တော်ပြောပါ့မယ်။

ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာအတွက် ထောက်ပံ့မှုတွေ ဆက်လက်ပေးသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ဒါဟာ မြန်မာ့ဒီမို ကရေစီ ဖော်ဆောင်ရေးကြိုးပမ်းချက် တစ်စိတ်တစ်ပိုင်းဖြစ်နေလို့ပါပဲ” ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ များအတွက်အဖြေရှာရန် အင်ဒိုနီးရှား၏ ကြိုးပမ်း ဆောင်ရွက်မှု များကို မြန်မာအစိုးရက လက်သင့်ခံသည်ကို တွေ့ရကြောင်း ၎င်းကပြောဆိုသည်။ “ရခိုင်ပြည်နယ်တွင်း အခြေအနေကိုကောင်းစွာ နားလည် သဘောပေါက် အောင်အင်ဒိုနီးရှားရဲ့ကြိုးပမ်း အားထုတ်မှုကို မြန်မာအာဏာပိုင်တွေက ဓမ္မဒိဋ္ဌာန်ကျကျ ယုံကြည်စိတ်ချမှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်”

လတ်တလောအနေအထားတွင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားသော အကူအညီများပေးရေးအဖွဲ့က ရခိုင်ပြည်နယ်တွင် မိုးရာသီထဲ သို့ဝင်ရောက်လာတော့မည်ဖြစ်ရာ ဒုက္ခသည်များအတွက် ခိုလှုံစရာများပေးရန်မဖြစ်မနေ လိုအပ်နေပြီဖြစ်ကြောင်း ပြောဆိုထားသည်။

 *************************************************************

ကချင်ပဋိပက္ခတွင် တပ်မတော်၏ ကဏ္ဍအပေါ် သမ္မတချီးကျူး

(11 january 2013 ရက်စွဲပါ Channel News Asia မှ Myanmar’s Leader Lauds army role in Kachin conflict ကို ဘာသာပြန်ပါသည်)

ကချင်ပြည်နယ်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မှေးမှိန်စေ သော်လည်း ကချင်သူပုန်များအပေါ် မြန်မာ စစ်တပ်၏ တုန့်ပြန်မှုအပေါ် မြန်မာသမ္မတက ကာကွယ်ပြောဆိုခဲ့မှု ကို နိုင်ငံပိုင်မီဒီယာတွင် သောကြာနေ့က သတင်းဖော်ပြခဲ့ပါသည်။

ကချင်များပြောကြားရာတွင် မြန်မာစစ်တပ်သည် ၎င်းတို့၏ဌာနချုပ် လိုင်ဇာဆီသို့ ထိုးစစ်ဆင်လာနေ ကြောင်း ဆိုပါသည်။ ပြီးခဲ့သည့် အပတ်က ကုလသမဂ္ဂနှင့် အမေရိကန်တို့သည် မြန်မာစစ်တပ်က လေကြောင်း မှ တိုက်ခိုက်မှုကိုကန့်ကွက်ခဲ့ကြပါသည်။

သမ္မတဦးသိန်းစိန်သည် တပ်မတော်၏ ချွေး၊သွေး ဖြင့်စွန့်လွှတ်အနစ်နာခံမှုကို ချီးကျူးခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အပေါင်းလက္ခဏာ ဆောင်သော လုပ်ဆောင်မှုများ လုပ်ဆောင်ခဲ့ပုံကိုလည်း ထည့်သွင်း ပြောကြား သွားခဲ့ပါသည်။

အချို့ပညာရှင်များက ဦးသိန်းစိန်၏ ချုပ်ကိုင်မှုအဆင့်ကို သံသယရှိနေကြပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ကချင်အပေါ်စစ်တပ်က ထိုးစစ် ဆင်မှုရပ်ဆိုင်းရန် ညွှန်ကြားထားခြင်းအပေါ် လစ်လျူရှုသည့် သဘောရှိသည်ဟု ဆိုကြပါသည်။

ကချင်သူပုန်များအတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း ဦးသိန်းစိန်က ပြောခဲ့သည်ဟု News Light Of Myanmar မှဖော်ပြထားသော ကျေညာချက်အရသိရှိရပါသည်။

မြန်မာနိုင်ငံသည် အခြားအဓိကကျစေသောသူပုန်အုပ်စုများနှင့် ယာယီအပစ်အခတ်ရပ်စဲရေးများ လက်မှတ်ရေးထိုး နိုင်ခဲ့ပါသည်။ သို့သော် ကချင် အုပ်စုနှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း သိသာသော တိုးတက်မှုမရရှိခဲ့ပေ။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ၁၇ နှစ်ကြာအပစ်အခတ်ရပ်စဲရေးသည် ၂၀၁၁ ခုနှစ်ဇွန်လတွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး ပျက်စီး သွားခဲ့ရာ ထောင်ပေါင်းများစွာသော လူများ အိုးမဲ့ အိမ်မဲ့ ဖြစ်ကြရပြီး သေဆုံးရသော ဦးရေကိုမူ မသိနိုင်ပေ။

ကချင်သူပုန်များက အစိုးရအား အပစ်အခတ်ရပ်စဲရေးနှင့် တပ်များနောက်ဆုတ်ရေးကို အခြေခံသော ဆွေးနွေးမှုကိုသာရှေးရှုနေပြီး ကာလ ကြာရှည်ကတောင်းဆိုနေသော နိုင်ငံရေးအရ ရပိုင်ခွင့် ပိုမိုပေးရေးကိစ္စ မပါဝင်ကြောင်း စွပ်စွဲခဲ့ပါသည်။

လွတ်လပ်ရေးသုံးသပ်မှု Mael Raynaud ကပြောကြားရာတွင် ဒေသဆိုင်ရာ စစ်တိုင်းမှုးများသည် အာဏာ၏အရသာကို သိပြီးထားသောကြောင့် အစိုးရက၎င်းတို့အပေါ် လွှမ်းမိုးခြင်းကို ခက်ခဲစေရန် လုပ်ဆောင်နေခြင်းကြောင့် အခြေအနေမှာ ရှုပ်ထွေးလျှက်ရှိသည်ဟု ဆိုပါသည်။

တချိန်တည်းမှာပင် သမ္မတသည်လည်း လက်ရှိပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို စစ်တပ်ထောက်ခံ မှုရရန် လိုအပ်နေပါသည်။ ထိုသို့ရရှိရန် စစ်တပ်က ဆက်လက်ထိန်းသိမ်းထားလိုသည့် အာဏာအခြေပြုမှု (Power base) ကို ဖယ်ရှားခြင်းမပြုမှသာ ဖြစ်နိုင်လိမ့်မည် ဖြစ်ပါသည်။

ရခိုင်ပြည်နယ်မှ မငြိမ်သက်မှုများနှင့်အတူ ကချင်သူပုန်များနှင့်တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရပြောင်းလဲမှု များအား အကောင်းမြင်ခြင်းများအပေါ် တိမ်မည်းများဆင်နေခြင်း ပင်ဖြစ်တော့သည်။

 ********************************************************

မြန်မာနယ်စပ်သို့ တရုတ်နိုင်ငံက တပ်ဖွဲ့များစေလွှတ်

(VOA News မှ 11 Jan 2013 ရက်စွဲပါ “China sends troops to Burmese border” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရတပ်များနှင့် ကချင်လက်နက်ကိုင်များအကြားမှ ပြင်းထန်နေသော တိုက်ပွဲလျှံထွက်လာ မည်ကို စိုးရိမ်ရသောကြောင့် မြန်မာနှင့် နယ်စပ်သို့ တရုတ်နိုင်ငံက တပ်သားများစေလွှတ်ထားသည်ဟု တရုတ်နိုင်ငံပိုင်သတင်းစာက သောကြာနေ့တွင် သတင်းဖော်ပြသည်။

တိုက်ပွဲအခြေအနေကိုသိရှိရန်အတွက် ယူနန်ပြည်နယ်နှင့် ကချင်ပြည်နယ်အကြား နယ်စပ်ဒေသသို့ တပ်ဖွဲ့များစေလွှတ်ထားကြောင်း The Global Times သတင်းစာက ရေးသားထားသော်လည်း တပ်ဖွဲ့ဝင် အမျိုးအစားနှင့် အရေအတွက်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိပါ။

“၉ ရက်နေ့ညပိုင်းတွင် ကချင်ပြည်နယ်ဖက်ခြမ်း၌ အမြောက်ကျည်ဆံများ ပေါက်ကွဲမှုကြောင့် ထိုနယ်မြေမှ ဒေသခံများ တရုတ်နိုင်ငံဖက်သို့ လျှင်မြန်စွာ ပြေးဝင်လာကြသည်။” ဟု သတင်းတွင် ဖော်ပြထားသည်။ ယူနန်ပြည်နယ်သည်လည်း ကချင်တိုင်းရင်းသားများနေထိုင်ရာ ဒေသတစ်ခုဖြစ် သည်။

တရုတ်ကွန်မြူနစ်ပါတီအာဘော် သတင်းစာ People’s Daily ကလည်း မြန်မာနိုင်ငံနှင့် ထိစပ်နေသော ယူနန်ပြည်နယ် ယင်ဂျီးယန်းစီရင်စုဒေသရှိ တောင်ပေါ်သို့ အမြောက်ဆံများကျရောက် ပေါက်ကွဲသည်ဟု သတင်းဖော်ပြထားသည်။

အဆိုပါ စီရင်စုကို အုပ်ချုပ်သော ဒီဟောင်းခရိုင်အစိုးရတာဝန်ရှိသူများကမူ သောကြာနေ့က မှတ်ချက် ပေးရန် ငြင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ကြားဖြတ်ရွေးကောက်ပွဲ၊ မီဒီယာ၊ အရပ်ဖက်အဖွဲ့အစည်း အပါအဝင် နယ်ပယ်ပေါင်းစုံ ၌ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ နာမည်ရနေသော ဗိုလ်ချုပ်ဟောင်းများခေါင်းဆောင်သည့် အစိုးရ၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ယခုကချင်စစ်ပွဲအရှိန်မြှင့်မှုကြောင့် သံသယများ ဖြစ်ပေါ်စေပါသည်။

ဒီဇင်ဘာ ၂၈ ရက်နောက်ပိုင်းတွင် အစိုးရတပ်များက လေယာဉ်ဖြင့်ဗုံးကြဲခြင်း လက်နက်ကြီး ပစ်ခတ်ခြင်းတို့အပြင် ဓာတုလက်နက်များကိုပင် သုံးစွဲခဲ့သည်ဟု ကေအိုင်အေတပ်ဖွဲ့ဖက်မှ သတင်း ထုတ်ပြန်ပါသည်။ မြန်မာအစိုးရကမူ လေကြောင်းထိုးစစ်ဆင်ခြင်း မဟုတ်ကြောင်း အစိုးရတပ်များအား သူပုန် များက တိုက်ခိုက်ခြင်းကို K8 လေ့ကျင့်ရေး ဂျက်လေယာဉ်များက ကာကွယ်ပစ်ခတ်ပေးခြင်းသာ ဖြစ်ကြောင်း တုန့်ပြန်ရှင်းလင်းသည်။

ကချင်ပြည်နယ်မှ ၁၈ လကြာ စစ်ပွဲသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးစိတ်ရင်းအပေါ် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုဖြစ်ပြီး ယခု လေကြောင်းထိုးစစ်ကြောင့် အစိုးရအဖွဲ့ဝင်ဗိုလ်ချုပ်ဟောင်းများက ၎င်းတို့၏မိုက်ဂုဏ်ပြသော နည်းလမ်းဟောင်းများကို စွန့်လွှတ်ပြောင်းလဲရဲ့လား ဟူသော သံသယများ ထွက်ပေါ်လာစေပါသည်။

မြန်မာနိုင်ငံနှင့် ခိုင်မာသော ကုန်သွယ်ရေး၊ စီးပွားရေး ဆက်ဆံမှုများရှိထားသော တရုတ်နိုင်ငံကလည်း ၎င်း၏ မတည်ငြိမ်သောတောင်ဖက် အိမ်နီးချင်း မြန်မာနိုင်ငံ၏ မငြိမ်သက်မှုများနှင့် နွမ်းပါးမှုများကို ယခင်ကပင် စိုးရိမ်စွာစောင့်ကြည့်နေခဲ့ပြီး ယခုအခါနယ်စပ်ဒေသများ၏ တည်ငြိမ်မှုကိုအာမခံ ရန်အကြိမ်ကြိမ်တောင်းဆို လျှက်ရှိသည်။

တရုတ်နိုင်ငံသည် ၎င်း၏ပိုင်နက်ထဲသို့ပြေးဝင်လာကြသော ကချင်စစ်ပြေးဒုက္ခသည်များကို အတင်း အကျပ်ပြန်ပို့ခဲ့သည်ဟု လူ့အခွင့်အရေးအုပ်စု များက မနှစ်က ပြစ်တင်ဝေဖန်ခဲ့ကြသည်။

မြန်မာ့ရေးရာ အကဲခတ်လေ့လာသူများကမူ လက်ရှိမြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ အနေဖြင့် အာစရိဟောင်း ဦးသန်းရွှေ ရိုက်သွင်း ပေးထားသော အတွေးအခေါ် အယူအဆဟောင်းများကို စွန့်လွှတ်ပြောင်းလဲရန် အရေးပေါ်လိုအပ်နေသည်ဟု သုံးသပ်ပြောဆိုထားကြသည်။

 *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive