Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၆.၁.၂ဝ၁၃

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာသို့ တိုးရစ်တစ်သန်းခန့်လာရောက်လည်ပတ်

(Bangkok Post မှ 15 Jan 2013 ရက်စွဲပါ “ I am Tourist Visit Myanmar” သတင်းကို ဘာသာပြန်ဆို ပါသည်)

  1. မြန်မာ့ တယ်လီဆက်သွယ်ရေးဈေးကွက် ခေတ်ကောင်းချိန်နီးပြီလော

(Financial Times Blog မှ 16 Jan 2013 ရက်စွဲပါ Myanmar telecoms: boom times ahead ကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

မြန်မာသို့ တိုးရစ်တစ်သန်းခန့်လာရောက်လည်ပတ်

(Bangkok Post မှ 15 Jan 2013 ရက်စွဲပါ “ I am Tourist Visit Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

တစ်ချိန်က အထီးကျန်၊ အပယ်ခံ မြန်မာနိုင်ငံတွင် ကမ္ဘာသို့ တံခါးဖွင့် ပြုပြင်ပြောင်းလဲမှုများက ခရီးသွား များကို ဆွဲဆောင်လျှက်ရှိခြင်းကြောင့် မနှစ်က ခရီးသွားဧည့်သည် တစ်သန်းခန့် စံချိန်တင်ဝင်ရောက်ခဲ့သည်ဟု အင်္ဂါနေ့တွင် ထုတ်ပြန်သော တရားဝင်ကိန်းဂဏန်းများက ပြသနေသည်။

တိုးရစ်နှင့် လုပ်ငန်းရှင် ဧည့်သည်များ စုပြုံဝင်ရောက်လာမှုကြောင့် အရင်တစ်နှစ်က ဧည့်သည်အရေအတွက် ၈၀၀,၀၀၀ မှ မနှစ်က ၂၀၁၂ တွင် ၁၀၆၀,၀၀၀ သို့ ၃၀ ရာခိုင်နှုန်း တိုးတက်ဝင်ရောက် လာခဲ့သည်ဟု ဟိုတယ်ခရီးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Myanmar Tourism Board မှ ဦးဖြိုးဝေရာဇာ က “ခရီးသွားကဏ္ဍအတွက် အအောင်မြင်ဆုံးနှစ်ပါ။ အရင်က ဒီလိုမကြုံခဲ့ဘူးပါဘူး” ဟုပြောကြားသည်။

သို့သော်လည်း ဟိုတယ်ခန်းနည်းပါးပြီး အခန်းခဈေးတက်နေသော ဟိုတယ်လုပ်ငန်း နယ်ပယ်အနေဖြင့် ခရီးသွားများစုပြုံဝင်ရောက်မှုကို ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ဟူသော စိုးရိမ်မှုများ ထွက်ပေါ်နေပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ ဟိုတယ် ၈၀၀ ခန့်တွင် အခန်း ၂၈,၀၀၀ ခန့်သာရှိသည်ဟု ဝန်ကြီးဌာနကိန်းဂဏန်းများက ဆိုပါသည်။

Myanmar Tourism Board မှ ဦးဖြိုးဝေရာဇာကမူ “ကျွန်တော်တို့ရဲ့ လက်ရှိစွမ်းအားနဲ့ ကောင်းကောင်းကိုင်တွယ်နိုင်ပါသေးတယ်။ ဒါဟယအများဆုံး မဟုတ်သေးပါဘူး။ ၂၀၁၃ မှ ၁၅ ရာခိုင်နှုန်း ထပ်တိုးလာမယ်ဟု ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်လွှတ်တော် နိုင်ငံရေးလမ်းကြောင်းဖွင့်ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲရေးအစိုးရ ၏ဆောင်ရွက်ချက်များက နိုင်ငံ၏ ပုံရိပ်ကို အရောင်တင်ပေးနေခြင်းကြောင့် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် စန်းပွင့်လာမည့် လက္ခဏာရှိသည်။

ထို့အပြင် မြန်မာနိုင်ငံသည် အာရှတွင်နောက်ဆုံးခေါင်းပြူလာသော ဈေးကွက်၌ ခြေချလိုသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားခြင်းကိုလည်း ခံနေရသည်။

ရန်ကုန်မြို့တော်၏ အထင်ကရရွှေတဂုံ ဘုရားသို့ မနှစ်က နိုင်ငံခြားသား ဧည့်သည်၃၅၀,၀၀၀ ခန့် လာရောက်ဖူးမျှော်ခဲ့သည်ဟု ယခုလ အစောပိုင်းတွင် နိုင်ငံပိုင်မီဒီယာက ဆိုပါသည်။ ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသော သံဃာတော်များ ဆန္ဒပြမှုတွင် တပ်မတော်အစိုးရက သွေးမြေကျ နှိမ်နင်းခဲ့သော ၂၀၀၈ ခုနှစ်က ရွှေတဂုံဘုရားဖူး နိုင်ငံခြားဧည့်သည် ၈၀,၀၀၀ ခန့်သာရှိရာမှ ယခုကဲ့သို့ တိုးပွားလာခြင်း ဖြစ်သည်။

အောက်တိုဘာလတွင် လေကြောင်းဦးစီဌာန တာဝန်ရှိသူများက ၎င်းတို့၏ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်၍ ဧည့်သည်များဝင်ရောက်လာဖွယ် ရှိသဖြင့်ရန်ကုန်နိုင်ငံတကာ လေဆိပ်အဆင့်မြှင့်ခြင်းကို ကူညီရန် ပုဂ္ဂလိကကဏ္ဍကို တိုက်တွန်းခဲ့ကြသည်။

စုစုပေါင်းအရေအတွက်၏ ထက်ဝက်ရှိသော လေယာဉ်စီးခရီးသည်များအနက် ထိုင်းလူမျိုးများက ၉၄,၀၀ ဖြင့် အများဆုံး ဖြစ်ပြီး၊ တရုတ်လူမျိုးများက ၇၀,၀၀၀ ခန့်ဖြင့် ဒုတိယနေရာတွင် ရှိသည်ဟု သိရှိရသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုမှ ဧည့်သည် ၃၇,၀၀၀ ခန့်၊ ပြင်သစ်မှ ၃၀,၀၀၀ ခန့်၊ ဗြိတိန်မှ ၂၄,၀၀၀ ခန့် အသီးသီးလာရောက်လည်ပတ်ခဲ့ကြသည်ဟု ဝန်ကြီးဌာနတရားဝင် ကိန်းဂဏန်းများက ဆိုသည်။

---------------------------------------------------------------------------------------------

မြန်မာ့ တယ်လီဆက်သွယ်ရေးဈေးကွက် ခေတ်ကောင်းချိန်နီးပြီလော

(Financial Times Blog မှ 16 Jan 2013 ရက်စွဲပါ Myanmar telecoms: boom times ahead ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသည် နှစ်ပေါင်းကာလကြာမြင့်စွာ ပိတ်ပင်ထားခဲ့သော တယ်လီဆက်သွယ်ရေးဈေးကွက်ကို ဖြေလျှော့မှုများနှင့် လွတ်လပ်စွာလည်ပတ်မှုများပြုလုပ်နိုင်မည့် ကြေညာချက်တစ်ရပ်အား ဇန်နဝါရီလ ၁၅ ရက်နေ့ကထုတ်ပြန်လိုက်သည်။ ယင်းကြေညာချက်မှာ နိုင်ငံပိုင် တယ်လီကွန်းဝန်ဆောင်မှုလုပ်ငန်းကြီးနှစ်ခုအား လုပ်ကိုင်လည်ပတ်နိုင်ရေးအတွက် နိုင်ငံခြားတင်ဒါခေါ်ယူမှုဖြစ်သည်။

ယခု ကြေညာချက်သည် ပြုပြင်ပြောင်းလဲရေးအစိုးရသစ်လက်ထက် နိုင်ငံတကာကုမဏီများ ဝင်ရောက်လုပ်ကိုင်ရန် ပထမဆုံးလူသိရှင်ကြား တင်ဒါခေါ်ယူမှုဖြစ်သည်။ ထို့ပြင် နိုင်ငံတကာစံချိန်စံနှုန်းအတိုင်း တင်ဒါခေါ်ယူမှုကို မျှတစွာလုပ်ဆောင်ပေးနိုင်မှု ရှိ၊ မရှိဟူသည့် အစိုးရ၏ အရည်အချင်းကို စမ်းသပ်မည့် ကြေညာချက်လည်းဖြစ်သည်။ မြန်မာတွင် ရင်းနှီးမြှုပ်နှံမှုရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၌ ကျင်းပသည့် ဆွေးနွေးပွဲများက ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှုမပြုလုပ်နိုင်သေးသော်လည်း ယခု တင်ဒါခေါ်ယူမှု၏ ရလဒ်များက မြန်မာသို့ဝင်ရောက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအပေါ် များစွာ ဂယက်ရိုက်ခတ်မည်ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ယခုတင်ဒါခေါ်ယူမှုသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညွှန်းကိန်းနှင့် မှတ်ပုံတင်မှုလုပ်ငန်းစဉ်ဆိုင်ရာ စမ်းသပ်ချက် တစ်ခုသဖွယ်ဖြစ်လိမ့်မည်ဟု ရန်ကုန်အခြေစိုက် Vriens & Partners မှ Tomain Caillaud ကပြောကြားသည်။

အမှန်စင်စစ် မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန် အာဏာရရှိခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံတကာတွင် အထီးကျန်ဆန်ခဲ့ပြီး စစ်အစိုးရကြောင့် ခရိုနီအရင်းရှင်စနစ်နှင့် အဂတိလိုက်စားမှုများဖြင့် နာမည်ပျက်နေသော တိုင်းပြည်၏ ပုံရိပ်ကို ဖျောက်ဖျက်ရန် ကြိုးပမ်းလျက်ရှိသည်။

သို့တိုင်အောင် ယနေ့အချိန်အထိ အရိပ်လက္ခဏာများကောင်းမွန်နေဆဲဖြစ်သည်ဟု ပင်ဆိုရမည်။ အစိုးရ၏ ကြေညာချက်အရ လာမည့် ဇွန်လတွင် လုပ်ငန်းလိုင်စင်လေးခုအနက် ပထမ နှစ်ခုကို စတင်ချထားပေးမည်ဖြစ်သည်။ ယင်းလိုင်စင်နှစ်ခုမှာ နှစ်ပေါင်း ၂၀ အထိလုပ်ကိုင်နိုင်ခွင့်ရှိပြီး သက်တမ်းပြန်လည်တိုးမြှင့်၍လည်း ရရှိနိုင်သည်။ အဆိုပါ တင်ဒါက နိုင်ငံတကာတယ်လီဆက်သွယ်ရေး ကုမဏီကြီးများအား မြန်မာနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်လာဖွယ်ရှိသည်။ ဝင်ရောက်လုပ်ကိုင်လာဖွယ်ရှိသည့် ကုမဏီများတွင် ရုရှားမှ VimpelCom၊ နော်ဝေမှ Telenor ၊ ဗီယက်နမ်မှ VNPT-Fujitsu ၊ မလေးရှားမှ Axiata နှင့် Caribbean’s Digicel တို့ပါဝင်နိုင်သည်။

တင်ဒါခေါ်ယူမှုနှင့် အတူ မြန်မာပါလီမန်လွှတ်တော်က တယ်လီဆက်သွယ်ရေးဆိုင်ရာဥပဒေမူကြမ်းတစ်ရပ်ရေးဆွဲရန် စဉ်းစားလျက်ရှိပြီး အကယ်၍ ယင်းဥပဒေကို အတည်ပြုလိုက်မည်ဆိုပါက ၁၉၃၄ ခုနှစ်က ရေးဆွဲကျင့်သုံးခဲ့သည့် ဥပဒေများပယ်ပျက်သွားမည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မီဒီယာများကိုပြောကြားရာတွင် “တယ်လီဆက်သွယ်ရေးတင်ဒါများသည် နိုင်ငံခြားကုမဏီများအတွက် တံခါးဖွင့်ပေးထားခြင်းဖြစ်ကြောင်း၊ အကြောင်းမှာ ၎င်းတို့သည် အခြားသော နိုင်ငံများတွင် လုပ်ငန်းအတွေ့အကြုံရှိထား၍ဖြစ်ကြောင်း” ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၅၀ မှ ၆၀  အကြားတွင်ရှိသော်လည်း မိုဘိုင်းလ်ဖုန်းအသုံးပြုသည့် နှုန်းမှာ အာရှဒေသတွင် အနိမ့်ဆုံးဖြစ်ပြီး ၄ ရာခိုင်နှုန်းသာရှိသည်။ အစိုးရ၏ ကိန်းဂဏန်းများအရ လိုင်းဖုန်းအသုံးပြုမှုမှာလည်း ၁ ရာခိုင်နှုန်းမျှသာရှိသည်။ မည်သို့ပင်ဆိုစေ မိုဘိုင်းလ်ဖုန်းအသုံးပြုမှုမှာ ယခုအခါ မြင့်တက်လာပြီး ၂ သန်း ဝန်းကျင်ခန့်ရှိသည်။ တယ်လီဆက်သွယ်ရေးဆိုင်ရာ လေ့လာဆန်းစစ်သူ Nomura အဆိုအရ မြန်မာနိုင်ငံတွင်း မိုဘိုင်းလ်ဖုန်းအသုံးပြုမှုမှာ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်ရောက်ရှိလာနိုင်သည်။

မြန်မာသည် အာရှဒေသတွင် တယ်လီဆက်သွယ်ရေးဈေးကွက်မပေါ်သေးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာ့လူဦးရေမှာ မိုဘိုင်းလ်ဖုန်းအသုံးပြုမှု ၁၂၀ ရာခိုင်နှုန်းခန့်ရှိသော ထိုင်းနိုင်ငံနီးပါးခန့်ရှိသည်။ သို့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံသူများက တင်ဒါခေါ်ယူမှုကို အနီးကပ်စောင့်ကြည့်လေ့လာလျက်ရှိပြီး အကယ်၍ မျှတပြီး ပွင့်လင်းမြင်သာသော ခေါ်ယူမှုဖြစ်ပါက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ရင်းနှီးမြှုပ်နှံသူများ မေးခွန်းထုတ်ကြပေလိမ့်မည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၆.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်က ပိုမို၍တံခါးဖွင့်လာသော မြန်မာနိုင်ငံအတွက်စိန်ခေါ်မှု တစ်ခုဖြစ်လာ

(15 Jan 2013 ရက်စွဲပါ The Straits Times မှ Nirmal Ghosh ရေးသားသော Anti-China Sentiment a challenge for an increasingly open Myanmar ကိုဘာသာပြန်ပါသည်)

  1. အီးယူကော်မရှင်နာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူက ကချင်ပြည်နယ်မှတိုက်ခိုက်မှုနှင့် ပတ်သက်၍ ကြေညာ ချက်ထုတ်ပြန်

(EU Press Release မှ 15 Jan 2013 ရက်စွဲပါ “Statement by the spokesperson of EU High Representative Catherine Ashton on Fighting in the Kachin State in Myanmar” သတင်းကို ဘာသာပြန်ပါသည်)

  1. မြန်မာရှေ့နေများအရည်အသွေးမြှင့်ရန် ဂျပန်ကျောင်းလာဖွင့်မည်

(The Japan Times မှ 16 Jan 2013 ရက်စွဲပါ “School to Foster Myanmar Lawyers” သတင်းကို ဘာသာပြန်ပါသည်)

**************************************************************************************

ဘာသာပြန်သတင်းများ

တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်က ပိုမို၍တံခါးဖွင့်လာသော မြန်မာနိုင်ငံအတွက်စိန်ခေါ်မှု တစ်ခုဖြစ်လာ

(15 Jan 2013 ရက်စွဲပါ The Straits Times မှ Nirmal Ghosh ရေးသားသော Anti-China Sentiment a challenge for an increasingly open Myanmar ကိုဘာသာပြန်ပါသည်)

အဓိက အင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်၊ဂျပန်နှင့် အိန္ဒိယ တို့သည် ယခုမှ တံခါးဖွှု့်လာသော မြန်မာနိုင်ငံသို့ နေရာတစ်နေရာရရန် ဝင်ရောက်လာကြရာ မြန်မာနိုင်ငံတွင်နေရာယူထားသော တရုတ်၏ စီးပွါးရေးနှင့် မဟာဗျူဟာအရ ခြေကုတ်ယူထားမှုမှာ လျော့ကျလာနေသည်ဟု သုံးသပ်သူများက ပြောပါသည်။

မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားများကြားတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များ ထွက်ပေါ်နေရာ Beijing သည် ထိုထက်ပို၍လက်လွှတ်ရဖွယ်ရှိပါသည်။

ထိုအချက်သည် နေပြည်တော်ရှိ အစိုးရအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာပါသည်။ ၎င်း၏ နိုင်ငံခြားရေးမူဝါဒတွင် အလယ်အလတ်ကို အခြေခံရေး လုပ်ဆောင်ရမည်ဖြစ်ပြီး တချိန်ထဲတွင် ကြီးထွားလာနေသည့် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ကိုလည်း ရပ်ဆိုင်းသွားအောင် လုပ်ရမည်ဖြစ်ပါသည်။ တရုတ်သည် မြန်မာနိုင်ငံ၏အကြီးဆုံး ရင်းနှီးမျြုပ်နှံသူဖြစ်ပြီး ဒုတိယအကြီးဆုံးကုန်သွယ်ဖက် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စီးပွါးရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာခြင်းကြောင့် အမေရိကန်သည်နှစ်စဉ်ပြုလုပ်သောရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေ့ကျင့်မှုသို့ မြန်မာစစ်အရာရှိများ ကို လေ့လာသူအဖြစ် တက်ရောက်ရန် အဆိုပြုထားပါသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ အာရှ-ပစိဖိတ် ဒေသတွင် ကာလကြာရှည်က ပြုလုပ်သော အကြီးဆုံး လေ့ကျင့်မှုဖြစ်ပါသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသို့ ထောင်ပေါင်းများစွာသော အမေရိကန်နှင့်ထိုင်းစစ်တပ်မှ ပုဂ္ဂိုလ်များအပြင် စင်္ကာပူအပါအဝင် အခြားအာရှ နိုင်ငံများမှလည်း ပါဝင်ကြပါသည်။

အမေရိကန်စစ်တပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတွင်ပျောက်ဆုံးသွားသော လေယာဉ် ဝန်ထမ်းနှင့် ခရီးသည် (၁၂၀၀) ခန့်အားရှာဖွေရေး မကြာမီစတင်တော့မည် ဖြစ်ပါသည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်က တရုတ်တို့လုပ်ဆောင်နေသော မြစ်ဆုံရေလှောင်တမံကို လူထုဆန္ဒအရ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရာ မြန်မာလူထု၏ ချီးကျူးမှုကို ရရှိခဲ့ပါသည်။

သို့သော် မကြာသေးမီက မြန်မာစစ်တပ်နှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော ကြေးနီကိစ္စ အငြင်းပွားမှုတွင် မြန်မာဝန်ကြီးတစ်ဦး၏ မဆင်မခြင်ပြောဆိုမှုသည် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ကို လောင်စာပင့်ပေးလိုက်သကဲ့သို့ ရှိပါသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဒေသခံများသည် ၎င်းတို့ဖယ်ပေးကြရသော မြေများကိစ္စရပိုင်ခွင့်ပိုမိုတောင်းဆိုနေကြပြီး သမိုင်းဝင်ဘုန်းကြီးကျောင်းတစ်ခု ရွှေ့ပြောင်းမှုမပြုရေး တောင်းဆိုနေကြပါသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် အဆိုပါလုပ်ငန်းဒေသသို့ သွားရောက်စဉ်တွင် မြန်မာနိုင်ငံသည် တရုတ်ကိုစိတ်ဆိုးအောင် မပြုလုပ်နိုင်ကြောင်း ၁၉၈၀ ခုနှစ်များက ကွန်မြူနစ်ပါတီသူပုန်ထမှုတွင် Beijing ကကူညီခဲ့မှုများကို ပြန်ပြောင်းပြောပြခဲ့ပါသည်။

သူ၏မှတ်ချက်စကားများကို အများက ပျက်ရယ်ပြုခဲ့ကြပါသည်။ မီဒီယာများတွင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ တရုတ်ကို ကြောက်ရပုံ ကာတွန်းများရေးဆွဲဖော်ပြခဲ့ကြပါသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ (၂၉) ရက်နေ့က ကြေးနီစီမံကိန်းတွင် ဆန္ဒပြသူများကို နှိမ်နင်းရာတွင် အချို့ကို မီးလောင်မှုများ ဖြစ်စေခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကောလဟာလများအားကောင်းသည်နှင့်အညီ အသုံးပြုသော မျက်ရည်ယိုဗုံး သို့မဟုတ် မီးခိုးဗုံးများသည် တရုတ်နိုင်ငံတွင် ပြုလုပ်သည်ဟု ဆိုကြပါသည်။

ထို့ကြောင့် သမိုင်းကြောင်းအရ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်အခံရှိပြီးသော မြန်မာနိုင်ငံတွင် ယခု လစ်ဘရယ် ဖြစ်လာသော ပတ်ဝန်းကျင်အခြေအနေသစ်၌ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ပြန်လည်ပေါ်ပေါက် လာရပါသည်။

“မြန်မာနိုင်ငံတွင် တရုတ်၏နေရာဖယ်ပေးနေရမှုမှာ စိုးရိမ်ဖွယ်အခြေအနေဟု ဆိုရမည် ဖြစ်ပါသည်။ ထိုကိစ္စမှာ သိမ်မွေ့ပြီးအထိမခံသော ကိစ္စဖြစ်ပါသည်။ စစ်အစိုးရ၏မှတ်တမ်းတွင်သာ တရုတ်အတွက် မှတ်တမ်းကောင်းများရှိပြီး မြန်မာပြည်သူများ၏ စိတ်ထဲတွင် မရှိဆိုသည်ကို သတိမူစေလိုသည်။” ဟု ရန်ကုန်အခြေစိုက်နိုင်ငံရေး သုံးသပ်သူတစ်ဦး၏ အီးမေးလ်တွင်ဖော်ပြထားပါသည်။

တရုတ်က စိုးရိမ်ပူပန်နေသည်ဆိုသည်မှာလည်း အံ့သြဖွယ်မဟုတ်ပေ။ ယခုလတွင် ယူနန်နှင့် Xiamen တက္ကသိုလ်များမှ အုပ်စုတစ်ခုသည် ရန်ကုန်နှင့် နေပြည်တော် သို့သွားရောက်၍ Beijing ၏ နိုင်ငံခြားထောက်ပံ ကူညီမှုနှင့် မြန်မာပြည်သူများအပေါ် နိုင်ငံတကာ တာဝန်ယူမှုများအကြောင်း ဆွေးနွေးခဲ့ပါသည်။

ယခုလတွင် တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times ၌ စာရေးသူ Yu Jincui ကမှတ်ချက်ပြုထားရာတွင် “အချို့သုံးသပ်သူများက တရုတ်၏နောက်ဖေးသည် မီးလောင်နေသည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ တဖြည်းဖြည်း ပုံပေါ်လာနေပါသည်။” ဟုဆိုပါသည်။

ရန်ကုန်မှ သုံးသပ်သူတစ်ဦးကသဘောတူပြီး ရေးသားထားရာတွင် “တရုတ်ဆန့်ကျင်ရေးစိတ်မှာ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်းကျွန်တော်ပြောလိုသည် အများစုမှာ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အခြေခံ လူတန်းစားလှုပ်ရှားမှုများမှ စတင်ဖြစ်ပေါ်ပါသည်။” ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏ အစိုးရသတင်းအရင်းအမြစ်များက လက်ပံတောင်းတောင်စီမံကိန်းတွင် အခြေအနေများပိုမိုဆိုးရွားစေရန် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များ မြှောက်ပင့်ပေးသူများမှာ ကွန်မြူနစ်များဟု အပြစ်ဖို့ခဲ့ကြပါသည်။ ရဲများသည် ၎င်းတို့လှည့်စားမှုခံရသည်ဟု သိရှိသည်ဟု ဆိုပါသည်။

ယခင် စစ်အစိုးရလက်ထပ်က တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ တစ်ဖက်သတ်အသာစီး ယူထားသော သဘောတူညီချက်များ၏ ရှုတ်ထွေးလာမှုများ အတွက် လက်ပံတောင်းတောင်စီမံကိန်းသည် နမူနာကောင်း တစ်ခု ဖြစ်ပါသည်။

ရန်ကုန်အခြေစိုက်သုံးသပ်သူက သတိပေးရာတွင် “မြန်မာကွန်မြူနစ်များသည် တရုတ်ဆန့်ကျင်သူများ ဖြစ်သည်။ ပြည်တွင်းတွင် ပေါက်ဖွါးလာသော ကွန်မြူနစ်များ၏ မြေအောက်လှုပ်ရှားမှုများ ပြန်ပေါ်လာသည့် သဘောရှိပါသည်။ လယ်သမားများပိုမို ဆင်းရဲလာပြီး အလုပ်သမားများ၏ ဆန္ဒပြမှုများ မှိုလိုပေါက်လာခြင်း သည် ကောင်းသောအလားအလာမဟုတ်” ဟု ဆိုထားပါသည်။

သို့သော် မြန်မာနိုင်ငံတွင် တရုတ်၏ခြေကုတ်ရယူထားမှုများမှာ အရေးပါနေဆဲဖြစ်ပါသည်။ ပြီးခဲ့သည့် စက်တင်ဘာလက ထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်များအတွင်း သိသာစွာတိုးတက်လာကြောင်း အမြင့်ဆုံးသို့ရောက်ရှိပြီး ၂၀၁၁ ခုနှစ်တွင် ဝင်ရောက်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၄.၅% ရှိသည်ဟု ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ကြီးမားစွာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့ ရှိနေခြင်းကြောင့် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအရ အပြန်အလှန်ရှိသော ဆက်ဆံရေးကို ထိခိုက်ဖွယ်မရှိကြောင်း Global Times မှ အဆိုပါ ဆောင်းပါးတွင် နိဂုံးချုပ်ထားပါသည်။

စင်္ကာပူ၏ Institue of Southeast Asian Studies မှ အကြီးတန်းဖဲလိုး Dr.Ian Storey နှင့် အင်တာဗျူးတွင် “မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်က အရင်ကတည်းကရှိနေပြီးသားပါ။ အခု အစိုးရက မီဒီယာတွေအပေါ်ထိန်းချုပ်ထားမှုဖြေလျှော့ပေးလိုက်လို့ ဒီကိစ္စကပိုပြီး မြင်သာထင်သာရှိလာတာပါ” ဟု ပြောကြားခဲ့ပါသည်။

မြန်မာအစိုးရသည်လည်း ထိန်းမနိုင်သိမ်းမရအရေးဖြစ်ခဲ့ပါက တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ကို အကြောင်းပြနိုင်ရန် ဆက်လက်ထိန်းသိမ်း ထားလိုပါသည်။

သို့သော် ဆောင်းပါးတွင် သတိဖြင့်ရေးသားထားပါသည်။ တရုတ်နှင့် နယ်စပ် ကချင်ပြည်နယ်တွင် ဖြစ်သော စစ်ပွဲများသည်ရှုပ်ထွေးမှုကို ပိုမိုဖြစ်စေမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုစစ်ပွဲကြောင့် လူပေါင်း တစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့က ကေအိုင်အေ ဒေသများကို မြန်မာနိုင်ငံမှ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ရာ ဗုံးသုံးလုံးသည် တရုတ်နယ်ထဲသို့ကျရောက်ခဲ့ပါသည်။

“မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို မြှင့်တင်ပေးရန် စိတ်အားထက်သန်နေသော အနောက်နိုင်ငံများသည် မြန်မာနှင့် နယ်စပ်ခြင်း ထိစပ်နေခြင်းမရှိသောကြောင့် မြန်မာနိုင်ငံတွင်း ပြဿနာဖြစ်နေခြင်း၏ အကျိုးဆက်များကို ၎င်းတို့ပူပန်ရန် မလိုအပ်ပေ” ဟု Yu ကရေးသားထားပါသည်။

“သို့သော် အဆိုပါ ပြဿနာများကို သေချာစွာကိုင်တွယ်နိုင်ပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများသည် ထိရောက်လာလိမ့်မည် ဖြစ်သည်” ဟု ၎င်းကရေးသားထားပါသည်။

---------------------------------------------------------------------------------------

အီးယူကော်မရှင်နာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူက ကချင်ပြည်နယ်မှတိုက်ခိုက်မှုနှင့် ပတ်သက်၍ ကြေညာ ချက်ထုတ်ပြန်

(EU Press Release မှ 15 Jan 2013 ရက်စွဲပါ “Statement by the spokesperson of EU High Representative Catherine Ashton on Fighting in the Kachin State in Myanmar” သတင်းကို ဘာသာပြန်ပါသည်)

အီးယူ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ကော်မရှင်နာမင်းကြီး ကက်သရင်း အက်ရှ်တန် ၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံမြေက်ပိုင်းကချင်ပြည်နယ်တွင် အရပ်သားများသေဆုံးမှုနှင့် ပတ်သက်၍ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါသည်။

“မြန်မာနိုင်ငံတွင် ရရှိထားပြီးသား အောင်မြင်မှုများနှင့် နိုင်ငံတစ်ဝှမ်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အန္တရာယ်ပေးနေသော တိုက်ပွဲများ ကချင်ပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် ကော်မရှင်နာ မင်းကြီးက အထူးစိုးရိမ်ပူပန်လျှက်ရှိသည်။ လိုင်ဇာကို အမြောက်ဖြင့် ပစ်ခတ်မှု၊ အပြစ်မဲ့အရပ်သားများ သေဆုံးမှု၊ နောက်ဆုံးရသတင်းအစီရင်ခံစာများသည် အထူးသဖြင် စိတ်သောကရောက်စေသော သတင်းများ ဖြစ်သည်။

ကချင်ပြည်နယ်မှ ပြည်သူများဘေးဒုက္ခပိုမို ခံစားစေရမည့် ပဋိပက္ခအန္တရာယ်ကြီးစွာ အရှိန်မြင့်လာ ခြင်းကို ၎င်းသတင်းများက ညွှန်ပြနေသည်။”

“တိုက်ခိုက်ရန်စမှုများ ရပ်ဆိုင်းရေးနှင့် အမြန်ဆုံးရိုးရိုးသားသားဖြေရှင်းနိုင်အောင် ညှိုနှိုင်း ဆွေးနွေးရေး အတွက်သက်ဆိုင်ရာ အုပ်စုအားလုံးကို ကော်မရှင်နာမင်းကြီးက တိုက်တွန်းသည်။”

“ထို့အပြင် အိုးမဲ့ အိမ်မဲ့ ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီ မနှောင့်နှေးပဲ ရောက်ရှိရန် အရေးပေါ် လိုအပ်နေခြင်းကိုလည်း အီးယူက ထပ်မံထုတ်ဖော်ပြောကြားသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

------------------------------------------------------------------------------------

မြန်မာရှေ့နေများအရည်အသွေးမြှင့်ရန် ဂျပန်ကျောင်းလာဖွင့်မည်

(The Japan Times မှ 16 Jan 2013 ရက်စွဲပါ “School to Foster Myanmar Lawyers” သတင်းကို ဘာသာပြန်ပါသည်)

ဂျပန် နာဂိုယာယူနီဗာစီတီသည် မြန်မာနိုင်ငံတွင် ဥပဒေအထူးကျွမ်းကျင်သူများ ပေါ်ထွက်လာအောင် အားပေးရန်အတွက် ရန်ကုန်တက္ကသိုလ်တွင် ဥပဒေသုတေသန စင်တာတစ်ခု ထူထောင်ရန် ပြင်ဆင်နေပြီး ဇွန်လတွင် ဖွင့်လှစ်ရန် ရည်မှန်းထားသည်ဟု  နာဂိုယာ ယူနီဗာစတီ တာဝန်ရှိသူများက ဆိုပါသည်။

သမ္မတဦးသိန်းစိန် အာဏာရလာပြီးနောက် ဒီမိုကရေစီ အပြောင်းအလဲများ ဖြေးဖြေးမှန်မှန် ပြုလုပ်နေ သော မြန်မာနိုင်ငံတွင် သုတေသနစင်တာထူထောင်မည့် အစိအစဉ်နှင့် ပတ်သက်၍ ယူနီဗာစတီ တာဝန်ရှိသူက “အုပ်ချုပ်စီမံခန့်ခွဲမှုဥပဒေ နယ်ပယ်မှာ ပါဝင်ပတ်သက်နေတဲ့ လူသားရင်းမြစ်တွေ ဖွံ့ဖြိုးရေး အစီအစဉ်မှာ ကျွန်တော်တို့ ပူးပေါင်းပါဝင်ချင်ပါတယ်” ဟုပြောကြားသည်။

ယခု စီစဉ်နေသော သုတေသန စင်တာသည် မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးကာလ ၁၉၆၂ မှ ၂၀၁၁ အတွင်း အရည်အသွေးကျဆင်းသွားသော တက္ကသိုလ်ပညာရေးအဆင့်ကို ပြန်ဆယ်ရန်အတွက် ဥပဒေဌာန၊ ဘွဲ့ရကျောင်းသားများ၊ အထူးကျွမ်းကျင်သူများကို ပြန်လည်သင်ကြားပေးသွားမည်ဟု တာဝန်ရှိသူများက ရှင်းလင်းပြောဆိုသည်။

မြန်မာအာဏာပိုင်များအနေဖြင့် မြန်မာ့ပညာရေး အဆင့်နိမ့်ကျမှုကို အရှက်ပြေဝန်ခံ၍ အပေါ်ယံပြင် ဆင်မှုလုပ်ရုံဖြင့် မရတော့ပဲ အမြစ်လှန်ပြောင်းလဲရန် အရေးပေါ်ခေါင်းလောင်းထိုးရမည့် အနေအထားကို နားလည်သဘောပေါက်ဖို့လိုနေပြီဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူများက သတိပေးပြောဆိုထားသည်။

 *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive