Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

၁၉.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ထားဝယ်စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ရန် ဂျပန်နိုင်ငံကို ထိုင်းအစိုးရ တိုက်တွန်း

(Xinhua သတင်းဌာနမှ 18 Jan 2013 ရက်စွဲပါ Thailand urges Japan to join in Myanmar’s Dawei Projects ကို ဘာသာပြန်ဆိုသည်)

*************************************************************************************

ဘာသာပြန်သတင်းများ

ထားဝယ်စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ရန် ဂျပန်နိုင်ငံကို ထိုင်းအစိုးရ တိုက်တွန်း

(Xinhua သတင်းဌာနမှ 18 Jan 2013 ရက်စွဲပါ Thailand urges Japan to join in Myanmar’s Dawei Projects ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဖွံ့ဖြိုးရေးစီမံကိန်းကြီးတွင် ပါဝင်လက်တွဲ လုပ်ကိုင် ဆောင်ရွက် ရန်ထိုင်းနိုင်ငံက ဂျပန်နိုင်ငံကို တိုက်တွန်းပြောဆိုလိုက်ကြောင်းသိရသည်။

ဘန်ကောက်မြို့၊ အစိုးရရုံးတော်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “လက်ရှိ Italian-Thai Development Co.,Ltd က တည်ဆောက် လျက်ရှိသော ထားဝယ်စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထိုင်း၊ မြန်မာတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဂျပန်ကို ဖိတ်မန္တကပြုထားကြောင်း” ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က ပြောကြားသည်။

မစ္စရင်လတ်ရှင်နာဝပ်သည် ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး တက်ရောက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ဖိတ်ခေါ်ပြောဆိုခြင်းဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်သည် ထိုင်း-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုထိန်းသိမ်းရေး၊ မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသသို့ တိုးချဲ့လုပ်ကိုင်ရေး အစ ရှိသည်တို့ကို သဘောတူညီထားပြီးဖြစ်သည်။

“ထားဝယ်စီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းလက်ငင်း အကောင်အထည်ဖော်သင့်ပါတယ်” ဟု ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က နိဂုံးချုပ်ပြောဆိုသည်။

မစ္စရင်လတ်ရှင်နာဝပ်နှင့် ၁ နာရီခွဲကျော်ကြာ စီးပွားရေးကိစ္စများဆွေးနွေးခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက “ထိုင်းနိုင်ငံ၏ အခြေခံ အဆောက်အဦ စီမံကိန်းများတွင် ပူးပေါင်းလုပ်ကိုင်ရန် ဂျပန်နိုင်ငံက စိတ်ဝင်စားလျက်ရှိကြောင်း” ပြောကြားသည်။

“ထိုင်းနိုင်ငံဟာ ဒေသတွင်း ဂိတ်ပေါက်တစ်ခုအဖြစ်ဆက်လက် တည်ရှိနေတာဖြစ်တဲ့အတွက်ကြောင့် ဂျပန်အနေ နဲ့ထိုင်းနိုင်ငံရဲ့ အခြေခံ အဆောက်အဦစီမံကိန်းတွေကို အကူအညီပေးချင်ပါတယ်” ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ပြောသည်။

ထိုင်းနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ လုံခြုံရေးအရေးကိစ္စ အစရှိသည်တို့နှင့် ပတ်သက်၍ အာဆီယံတွင် ခေါင်းဆောင် နိုင်ငံဖြစ်လာနိုင်ကြောင်း မစ္စတာ ရှင်ဇိုအဘေးက ထုတ်ဖော်ပြောဆိုသည်။

ဂျပန်နှင့် ထိုင်းနိုင်ငံတို့သည် စီးပွားရေးအင်အားကောင်းမွန်အောင်ပြုလုပ်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး၊ လူသားအရင်းအမြစ် တိုးမြှင့်ရေး အစရှိသည်တို့အတွက် မဟာဗျူဟာ မိတ်ဖွဲ့မှုကို အခိုင်အမာ လုပ်ဆောင်သွားကြမည်ဖြစ် ကြောင်း၊ နှစ်နိုင်ငံစလုံးတွင် တူညီသည့် တန်ဖိုးများနှင့် စီးပွားရေး ဆိုင်ရာ အကျိုးစီးပွားများရှိနေကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားသည်။

အာဆီယံ အသိုင်းအဝိုင်းတွင်း အခြေအနေများမှာ မဟာဗျူဟာကျစွာ ပြောင်းလဲသွားပြီ ဖြစ်သောကြောင့် ထိုင်းနှင့် ဂျပန်စီးပွားရေး  ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့မြှင့်တင်ရာတွင် နှစ်နိုင်ငံ အပြန်အလှန် အဆင့်မျိုးသာမက ဒေသတွင်းအဆင့်များတွင်ပါ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားသည်။

ဂျပန်-ထိုင်း စီးပွားရေးမဟာမိတ်ဖွဲ့မှုသဘောတူညီချက်အတိုင်း စီးပွားရေးအရဆက်ဆံမှုများကို နှစ်နိုင်ငံစလုံး အနေဖြင့် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

မစ္စတာ ရှင်ဇိုအဘေးသည် ဗီယက်နမ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသို့ ဆက်လက် သွားရောက်ရန်စီစဉ်ထားသည်။

ဧရာမထားဝယ်စီမံကိန်းကြီးသည် မြန်မာနိုင်ငံ၏ ပထမဆုံး အထူးစီးပွားရေးဇုန်ဖြစ်လာမည်ဖြစ်ပြီး ရေနက်ဆိပ် ကမ်း၊ သင်္ဘောကျင်းများ၊ စက်မှုဇုန် များ၊ ရေနံဓာတုစက်ရုံများ၊ ရေနံချက်စက်ရုံများ၊ စတီးစက်ရုံများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများ၊ ထားဝယ်-ဘန်ကောက် မော်တော်ကားနှင့် ရထားလမ်းများ၊ ရေနံပိုက်လိုင်းများ ပါဝင်မည် ဖြစ်သည်။

 *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁၉.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. လက်နက်ကိုင် ၁၀ ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှုကို ယခုနှစ်ဆန်းပိုင်းတွင်ပြုလုပ်မည်ဟု သမ္မတပြော
  1. လဂျားယန်ဒေသတွင် စစ်ဆင်ရေးရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့်စစ်ပွဲဖြစ်ပွားမှုအခြေအနေ ကိုသတင်းထုတ်ပြန်
  2. မြန်မာနိုင်ငံဆိုင်ရာ စီးပွာရေးသံမှုများ နိုင်ငံတကာသို့စေလွှတ်မည်
  3. ကိန်းဂဏန်းတိကျမှုမရှိသော အစိုးရ၏ ငါးနှစ်စီမံကိန်းဥပဒေ ပြန်လည်ရေးဆွဲမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

လက်နက်ကိုင် ၁၀ ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှုကို ယခုနှစ်ဆန်းပိုင်းတွင်ပြုလုပ်မည်ဟု သမ္မတပြော

အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် ယခုနှစ် ဆန်းပိုင်းတွင်  နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်ကြောင်းနှင့် ကေအိုင်အေ အဖွဲ့နှင့်လည်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုယနေ့မနက် ၉ နာရီက နေပြည်တော်ရှိ MICC ခန်မ တွင်ကျင်းပသော ပထမအကြိမ်မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်အစည်းအဝေးခန်းမ ဖွင့်ပွဲမိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

ကေအိုင်အိုအဖွဲ့မှလွဲ၍ ကျန်လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့်အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးထားပြီး Political dialogue ကိစ္စများ ဆောင်ရွက်ရန် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ပြင်ဆင်နေကြောင်း ကိုဆက်လက်ပြောကြားသည်။

မိမိတို့အစိုးရအနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေး ရရှိသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကေအိုင်အို/ ကေအိုင်အေ အဖွဲ့ကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ လက်ဆင့်ကမ်းထားပြီး ယခုသည်နေရာမှလည်း ထပ်မံဖိတ်ခေါ် ကြောင်း၊ တပ်မတော်မှအကန့်အသက်နှင့် ဆောင်ရွက်နေသော စစ်ရေးဆောင်ရွက်မူများကို မိမိအနေဖြင့်ရပ်ဆိုင်းရန်အမိန့် ပေးထား ပြီးဖြစ်သည့်အတွက် ကေအိုင်အို/ကေအိုင်အေ အနေဖြင့်လည်း စစ်ရေးဆောင်ရွက်မှု များကိုရပ်ဆိုင်းရန် လိုအပ်ကြောင်းကိုလည်းကေအိုင်အေ/ကေအိုင်အိုနှင့်ပတ်သက်၍လည်း ထည့်သွင်းပြောကြားသွားသည်။

တိုင်းပြည်အေးချမ်းမှသာ တိုင်းရင်းသားပြည်သူများ၏ လူမှုရေ၊ စီးပွားရေးတိုးတက်ဖို့ ဆောင်ရွက်နိုင်မည် ဖြစ်သလိုလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှ သာတိုင်းပြည်အေးချမ်း သာယာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအေးချမ်းသာယာအောင် အတွက်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရေရှည်တည်တံ ခိုင်မာ သောထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စသည့်ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကိုပါ ထည့်သွင်း ပြောကြားသည်။

အဆိုပါဖိုရမ်သို့ ဒုသမ္မတနှင့်တကွ ပြည်ထောင်စုဝန်ကြီးများ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်များ၊ တိုင်းဒေသ ကြီးအစိုးရနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်များ၊ ကိုင်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဥက္ကဋ္ဌများနှင့် ကမ္ဘာတစ်ဝှမ်းမှ အလှူရှင်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ကိုယ်စာလှယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

YC

--------------------------------------------------------------

လဂျားယန်ဒေသတွင် စစ်ဆင်ရေးရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့်စစ်ပွဲဖြစ်ပွားမှုအခြေအနေ ကိုသတင်းထုတ်ပြန်

ပွိုင့် ၁၇၇ တောင်ကုန်းအပါအဝင် လဂျားဝန်ဒေသပတ်ဝန်းကျင်တွင် ကေအိုင်အို၊ ကေအိုင်အေ ခြေကုပ်စခန်းများ ကိုတပ်မတော် စစ်ကြောင်း များမှ ၂၀၁၃ ခုနှစ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၆ နာရီမှစတင်ကာ နယ်မြေရှင်းလင်း စစ်ဆင်မှုများကို  ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းနှင့် စစ်ပွဲဖြစ်ပွာမှု များကို နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်း ထုတ်ပြန်ချက်(၃/၂၀၁၃) ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင်သတင်း ထုတ်ပြန် လိုက်ကြောင်းသိရသည်။

တပ်မတော်အနေဖြင့် လဂျားယန်ဒေသရှိမိမိ တို့တပ်စခန်းများသို့ ရိက္ခာများပိုပေးရန် စစ်ကြောင်းများ စေလွှတ်ရာတွင် ရိက္ခာပို့ဆောင်ပေးခြင်း ဖြစ်သည့်အတွက် ကေအိုင်အို၊ ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် တိုက်ခိုက်ခြင်း မပြုရန် အကြောင်းကြားထားသော်လည်း ၎င်းတို့အနေဖြင့် ထိုရိက္ခာပို့သည်စစ်ကြောင်းများကို သုံးကြိမ်တိုင် တိုက်ခိုက်မှု များကြောင့်  တပ်မတောသား ၃၅ ဦးကျဆုံးကာ ၁၉၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် နယ်မြေ ရှင်းလင်းမှုကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။

ငြိမ်းချမ်းရေးစကားဝိုင်းမှတဆင့် မိမိတပ်စခန်းများကို ရွေဆိုင်ပေးရန်အတွက် တပ်မတော်အနေဖြင့် ဆုံးဖြတ်ထား သော်လည်း ရွေလီဆွေးနွေးပွဲ တွင်နိုင်ငံတော်အစိုးရ၏ ဖိတ်ခေါ်မှုကို  ကေအိုင်အို၊ ကေအိုင်အေ လက်နက်ကိုင်အဖွဲများမှ လာရောက်ခြင်း မရှိသည်အတွက် တိုက်ပွဲများကိုဖိတ်ခေါ်သကဲ့ သို့ဖြစ်လာစေသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ မိမိကိုယ်ကိုကာကွယ်ဖြင်းမှအပ ပစ်ခက်တိုက်ခိုက်မှုများ မပြုလုပ်ရန် ညွန်ကြားချက်များကို လိုက်နာဆောင်ရွက် သွားမည်ဖြစ်သည့်အကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအတည်ပြုပြောကြားသည်။

တိုက်ပွဲများကြောင့် ပြည်သူလူထုများ ဒုက္ခရောက်စေမည့် မလိုလားအပ်သော လမ်းတံတားများ၊ မီးရထားလမ်းနှင့် ကားလမ်းများကို ကေအိုင်အို၊ ကေအိုင်အေ အဖွဲများအနေဖြင့် တိုက်ခိုက်ဖျက်စီးခြင်း မပြုလုပ်ရန်နှင့် လက်နက်ကိုင်တိုက်ပွဲ များအရှိန်လျော့ကျလာသည်နှင့် အမျှဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေးအကူအညီများကို ပိုမိုပေးအပ်လာနိုင်ကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော် အစိုးရအနေဖြင့်လည်း ကေအိုင်အို၊ ကေအိုင်အေ အဖွဲများအပါအဝင် ပြည်ထောင်စု တိုင်းရင်းသားအားလုံးနှင့်လည်း စည်းလုံးညီညွတ်ရေးအတွက်လက်တွဲ ဆောင်ရွက်ရန် အသင့်ရှိကြောင်းကိုလည်းဖော်ပြထာားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အပေါ် ကေအိုင်အို၊ ကေအိုင်အေ အနေဖြင့် လဂျားယန်ဒေသပတ်ဝန်းကျင်သာမက ကချင်ပြည်နယ်တစ်ခုလုံးတွင် ရပ်ဆိုင်းသင့်ကြောင်းကို ယနေ့တွင်ပြန်လည် ထုတ်ပြန်လိုက်သည်။ ဇန်နဝါရီလ မနက် ၄ နာရီမှ ၉ နာရီခန့်အထိ ဖာကန့်မြို့နယ်ကာမိုင်းရဲစခန်းကို ၎င်းတို့ အဖွဲ့မှဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးပြီး အဆောက်အဦးများမီးလောင်သွားကြောင်းသိရသည်။

YC

------------------------------------------------------------

မြန်မာနိုင်ငံဆိုင်ရာ စီးပွာရေးသံမှုများ နိုင်ငံတကာသို့စေလွှတ်မည်

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ဆောင်ရာတွင် အထောက်အကူဖြစ်သောနိုင်ငံများသို့ စီးပွားရေးနှင့် သက်ဆိုင်သော သံမှူးများကို ကမ္ဘာနိုင်ငံ များသို့ စေလွှတ်ရန်အတွက် ဝန်ကြီးဌာနများမှ အလတ်တန်းအဆင့်ရှိသော ဝန်ထမ်းများကိုသင်တန်းပေးကာ စီစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်းကို အမျိုးသားစီးမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာဝါဝါမောင် ကပြောကြား ကြောင်းသိရသည်။

ဝန်ကြီးဌာနများမှ အလတ်တန်းအဆင့်ရှိသော ဝန်ထမ်း ၅၁ ဦးကိုနှစ်ပတ်ခန့်သင်တန်းပေးကာ ၎င်းတို့၏အရည်အချင်း၊ အရည်အသွေးအသွေးနှင့် အင်္ဂလိပ်စာတိုးတက်မှုများကို သေချာစွာစိစစ်ရွေးချယ်မည်ဖြစ်ကာ အရေအတွက် မည်မျှအထိ ရွေချယ်သွားမည်ကိုမူ မသိရှိရသေးကြောင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေးတိုးမြှင့် လာမည့်နိုင်ငံများ၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန်ချေးငွေများနှင့် နည်းပညာ အကူအညီများ ပံ့ပိုးပေနိုင်သောနိုင်ငံများ စီးပွားရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် အလာအလာကောင်းမည့် နိုင်ငံများကိုတွင် စီးပွားရေးနှင့် သက်ဆိုင်သော သံမှုများကိုခန့်အပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတကာတွင်မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးသံမှုများသည် အရည်အချင်းရှိပြီး တိုင်းပြည်အတွက် အာတက်သရောလုပ်ဆာင်နိုင်ခြင်းအားဖြင့် နိုင်ငံတကာမှအခွင့်အလမ်းကောင်း များကိုရရှိနိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။

YC

--------------------------------------------------------------

ကိန်းဂဏန်းတိကျမှုမရှိသော အစိုးရ၏ ငါးနှစ်စီမံကိန်းဥပဒေ ပြန်လည်ရေးဆွဲမည်

နှစ်အလိုက်တိုးတက်လာနိုင်သော ဂျီဒီပီ နှင့်ငွေကြေးဖောင်းပွနှုန်း အလုပ်လက်မဲ့နှုန်းနှင့် အခြေခံကိန်းဂဏန်းများ ကိုတိကျမှန်ကန်စွာ ထည့်သွင်း တွက်ချက်ထားခြင်းမရှိသောကြောင့် ပြည်ထောင်စုအစိုးရ အဖွဲ့မှတင်သွင်းသော ပဉ္စမ ကာလတို အမျိုးသား ၅ နှစ်စီမံကိန်းကို ပြန်လည်ရေးဆွဲရန် လွှတ်တော်မှ သဘောတူသဖြင့် ဇန်နဝါရီလ ၁၇ ၇က်နေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

အဆိုပါစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စာလှယ် ၁၀ ဦးက ဆွေးနွေးပြီး ပြန်လည် ရေးဆွဲရန်လိုအပ်သဖြင့် ဥပဒေကြမ်းကော်မတီနှင့် အစိုးရအဖွဲ့အနေဖြင့် ပူးပေါင်းကာ ရေးဆွဲသင့်ကြောင်းကို အဆိုပါ အစည်းအဝေးတွင် ဆုံးဖြတ်ခဲကြခြင်းဖြစ်သည်။

၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်မှစတင်ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ရေးဆွဲထားသော ပဉ္စမကာလတို ငါးနှစ် အမျိုးသားစီမံကိန်းတွင် တပ်မတော်မှ ပြုလုပ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများပါဝင်နေကြောင်း၊ စီမံကိန်းတွင် ကုန်ကျမည်ငွေကြေးပမာဏ လေးပုံ ပုံလျင်အစိုးရအနေဖြင့် တစ်ပုံသာကုန်ကျစရိတ်ကျခံမည်ဖြစ်ပြီး ကျန်ငွေများကို ပုဂ္ဂလိကလုပ်ငန်းများမစိုက်ထုတ် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍကို ကိန်းဂဏန်း တိတိကျကျဖော်ပြရန်လိုအပ်သဖြင့် အဆိုပါစီမံကိန်းကိုပြန်လည်ရေးဆွဲရန် တိုက်တွန်းရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါစီမံကိန်းတွင် လူတစ်ဦးစီ၏ ဂျီဒီပီ တန်ဖိုးမှာ အခြေခံနှစ်ဖြစ်သည့် ၂၀၁၀-၂၀၁၁တွင် ၇၅၈,၅၇၆ ကျပ် ဖြစ်ပြီး ၂၀၁၁-၂၀၁၂ တွင် ၇၄၆,၁၉၃ ကျပ် သာဖြစ်သည့်အတွက် စာရင်းများကွဟနေခြင်း ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏများသည်လည်းကွာဟနေကြောင်း သိရသည်။

YC

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီနေ့အစိုးရ အပြောင်းအလဲများမှာ မတူတဲ့သူများနဲ့တောင် လက်တွဲနိုင်တယ်ဆိုတဲ့ အဆိုအရ ကျွန်တော်တို့ ဆွေးနွေးပြီးတော့ ဆွေးနွေးချက်အရ အခု အခြေအနေမှာဆိုရင်တော့ ကျွန်တော်တို့ပါတီ တရားဝင်မြေပေါ်မှာ ပြန်ပြီးလှုပ်ရှားခွင့် ပြုပြီ ဆိုတဲ့အဆင့်ကို ကျွန်တော်တို့ ရရှိပြီ ဖြစ်ပါတယ်”

ဇန်နဝါရီ ၁၉ ရက် ထုတ် Street View ဂျာနယ် အတွဲ(၂) အမှတ်(၃)တွင် ပါရှိသည့် “လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ (ပြည်ပ) ပြည်တွင်း၌ မှတ်ပုံတင်ရန် ကြိုးပမ်းမည်” သတင်းမှ လူ့ဘောင်သစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်။

-----------------------------------------------------------------

“လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာဟာလည်း ငြိမ်းချမ်းရေးကို လိုလားတယ်လို့ပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် အင်အားသုံးပြီးမှ ငြိမ်းချမ်းရေး ပျက်ပြားစေတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကိုပျက်ပြားစေမယ့် ကိစ္စမျိုးကို မဆောင်ရွက် သင့်ပါဘူး။  ဒီနေ့ထိ လေ့လာနေတာဟာ KIAဘက်က လိုချင်တာလည်း တန်းတူညီမျှခွင့်ပဲ။ နိုင်ငံကို သီးသန့်ထူထောင်မယ် လို့မပြောဘူး။ သီးသန့်နိုင်ငံ ထူထောင်ဖို့ ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့လည်း မရှိဘူး”

ဇန်နဝါရီ ၁၉ ရက် ထုတ် Favourite News ဂျာနယ် အတွဲ (၃) အမှတ် (၁၈၄) တွင် ပါရှိသည့် “ငြိမ်းချမ်းရေးကို တိုက်မယူ ပါနဲ့ ဆွေးနွေးယူပါ” သတင်းမှ ပြည်သူ့လွှတ်တ်ာကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------

“အမှန်တကယ်ကတော့ အဲဒီကိစ္စကို လွှတ်တော်ထဲကို ဆွဲမသွင်းသွားစရာလည်းမလိုပါဘူး။ ဒီဟာကို ရေးတဲ့သူက ဘယ်သူဆိုတာ မသိဘဲနဲ့ ဒီလောက် အထိသံသယ ဖြစ်ဖို့မလိုဘူးလို့ ထင်ပါတယ်။ ဥပမာ- ပါတီတစ် ခုခု ကဥက္ကဋ္ဌ ဖြစ်ရင်ဖြစ်မယ်၊ ဦးဂွမ်မော်လည်း ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် ဦးသိန်းညွန့် လည်း ဖြစ်ရင်ဖြစ်မယ်။ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။  ပြည်သူတစ်ယောက်အနေနဲ့ ဝေဖန်ပိုင်ခွင့်ရှိနေတယ်လေ။ ဒီကိစ္စကိုလွှတ်တော်ထဲမှာ အရေးတကြီး ဆွေးနွေးစရာ လိုလို့လား။ သူတို့ကို ဝေဖန်တာကို ဒီလိုနည်းနဲ့ ရှင်းတာမဟုတ် သေးဘူး”

ဇန်နဝါရီ ၁၉ ရက် ထုတ် The Voice ဂျာနယ်အတွဲ (၉) အမှတ် (၃) တွင် ပါရှိသည့် “ဒေါက်တာဆိတ်ဖွား ဆိုသူကိုကို အရေး ယူရန် လွှတ်တော်က အရေးကြီးအဆိုတင်သွင်း” သတင်းမှ IT နည်းပညာရှင် ဦးရဲမြတ်သူ၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်။

*********************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive