Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

၂၁.၁.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“KIA ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ပတ်သက်ပြီး မပြောခင် သူတို့ပြောနေတဲ့ ဒုက္ခသည် အရေ အတွက်ထဲမှာ KIO ၊ KIA အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက်ပါဝင်နေသလဲဆိုတာ သေသေချာချာ စီစစ်သင့်တ်ာလို့ထင်ပါတယ်”

ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၁၆) အမှတ် (၈) တွင်ပါရှိသော “ကချင်စစ်ဘေး ဒုက္ခသည်များထံလူသား ချင်းစာနာထောင်ထားမှုဆိုင်ရာ အကူအညီပေးရေး အခြေအနေဆိုးဝါးနေကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ သတင်းထုတ်ပြန်” သတင်းမှ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

------------------------------------------------------

“ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့စီးပွားရေး နယ်ပယ်ထဲကိုဝင်ရောက်လာတာ တရုတ်နိုင်ငံကို ထိခိုက်စရာမရှိပါဘူး။ မြန်မာ့စီး ပွားရေး ဖွံ့ဖြိုးလာတာ ကောင်းပါ တယ်။ နိုင်ငံတစ်နိုင်ငံစီးပွားရေးတိုးတက်ချင်ရင် တံခါးဖွင့်ဝါဒကျင့်သုံးဖို့လိုပါတယ်”

ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၁၆) အမှတ် (၈) တွင်ပါရှိသော “မြန်မာနိုင်ငံ၏ စီးပွားရေးတံခါးဖွင့်ခြင်းသည် တရုတ်နိုင်ငံကို ထိခိုက်စရာမရှိဟု တရုတ်စီးပွားကူးသန်း ဒုဝန်ကြီးပြောကြား” သတင်းမှ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr.Chen Jian ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

------------------------------------------------------

“ဒါဟာ မြန်မာအစိုးရရဲ့ နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတစ်ရပ်လို့ ယူဆနိုင်ပါသလား။ ထပ်ပြောရရင် ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေဖြစ်လိုက်၊ ရပ်လိုက် ရှိနေတာ နှစ်တွေအများကြီး ကြာခဲ့ပါပြီ။ အခြား လူနည်းစု နယ်မြေတွေမှာ မြန်မာအစိုးရနဲ့ အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ စီးပွါးရေးနဲ့ နိုင်ငံရေးကွဲ လွဲမှု တွေကို ဆက်လက်ဖြေရှင်းဆောင်ရွက်ကြဖို့ ဒိုင်ယာလော့ဒ်တွေ ရရှိနေပြီဖြစ်ပါတယ်။ ကျွန်မတို့ အနေနဲ့ တွေ့မြင်လိုတာကတော့ ဒီလိုအခြားအဖွဲ့ အစည်း တွေနဲ့ရရှိနေတဲ့ ပုံစံနမူနာမျိုးကို ကချင်ပြည်နယ်မှာ ဖြစ်ပေါ်လာဖို့ ပဲဖြစ်ပါတယ်။ ဒါဟာ ကချင်ပြည်နယ်မှာ ကျွန်မတို့မြင်တွေ့လိုတဲ့ အနေအထား မျိုးဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့အတွက် နှစ်ဖက်စလုံးကို ကျွန်မတို့ တိုက်တွန်းနေပါတယ်။ ”

ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၄) တွင်ပါရှိသော “ကချင်ပြည်နယ်မှာ တိုက်ခိုက်မှု တွေ အဆုံးသတ်ဖို့ နှစ်ဖက်စလုံးကို ကျွန်မတို့တိုက်တွန်းနေပါတယ်။ အိမ်ဖြူတော်မှ သတင်းထုတ်ပြန်ရေး တာဝန်ခံ မစ္စဗစ်တိုးရီးယားနူလန် နှင့် တွေ့ဆုံခြင်း” သတင်းမှ မစ္စဗစ်တိုးရီးယားနူလန် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

------------------------------------------------------

“အုပ်ချုပ်သူ အစိုးရအနေဖြင့် စီမံကိန်းရေးဆွဲသူ ဖြစ်ရုံနှင့် မလုံလောက်ဘဲ ပြည်သူ့ဘဝအခက်အခဲများပြေလည်စေရန် ရှာဖွေဖော်ထုတ်ပေးသူဖြစ်ရန် နိုင်ငံတော် သမ္မတကြီး လမ်းညွှန်သကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ လည်း လိုက်နာစေချင်ပါသည်။”

ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၄) တွင်ပါရှိသော “အရပ်ဖက်လူ့အဖွဲ့အစည်း များနှင့် သမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ်တွေ့ဆုံ နိုင်ငံတည်ဆောက်ရေးတွင် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အရေးကြီးသည်ဟု ယုံကြည်” သတင်းမှ ဦးမြင့်ဇော် (ဂျူးဖောင်ဒေးရှင်း) ၏ပြောကြားချက်အားကောက်နှုတ်ချက်။

------------------------------------------------------

“နိုင်ငံတကာ အတွေ့အကြုံတွေကို ပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ဆယ်စုနှစ်များစွာ ချီပြီး အချိန်ယူတည်ဆောက်ရပါတယ်။ ဒီလို တည်ဆောက်နေတဲ့ အချိန်အတွင်း မှာလည်း ပဋိပက္ခ အရှိန်အဟုန် အတက်အကျ ဖြစ်လေ့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ရေရှည်တည်တံ့ တဲ့ငြိမ်းချမ်းရေးတည်ဆောက်မှု လမ်းကြောင်း က သွေဖည်မသွားပဲ စားပွဲပေါ်မှာ ဆွေးနွေးတဲ့ နည်းလမ်းကို အခြေခံပြီး ဖြေရှင်းရမှာ ဖြစ်ပါတယ်။”

ဇန်နဝါရီ ၂၀ ရက်နေ့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး” Website မှ သမ္မတ ဦးသိန်းစိန် ၏ပြောကြားချက်အား ကောက်နှုတ်ချက်

 **************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

၂၁.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. လဂျားယန်တွင် တပ်မတော်မှစစ်ဆင်းရေး ရပ်ဆိုင်းမည်ဆိုသော်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိ
  2. မဟာရန်ကုန်မြို့ပြစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရန် ဂျပန်ကူညီမည်
  3. ကျောက်မျက်တူးဖော်ရေး သတ်မှတ်လုပ်ကွက်များအတွက် အဆိုပြုလွှာတင်သွားရန် ခေါ်ယူ
  4. ပြည်သူဗပာိုပြုဖွံ့ဖြိုးရေးအတွက် မိတ်ဖက်နိုင်ငံများမှ ပါဝင်ကူညီပေးရန် နိုင်ငံတော်သမ္မတတိုက်တွန်း

*************************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

လဂျားယန်တွင် တပ်မတော်မှစစ်ဆင်းရေး ရပ်ဆိုင်းမည်ဆိုသော်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိ

ကချင်ပြည်နယ်လဂျားယန်ဒေသတွင် တပ်မတော်မှ ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်ကာ နယ်မြေရှင်းလင်းမှုနှင့် ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းမည် ဟုဆိုသော်လည်း အဆိုပါနေ့မှာပင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ထိုသို့စစ်ပွဲများရပ်ဆိုင်းမည်ဟု ပြောသည့်နေ့မှာပင် ကေအိုင်အေ တပ်ဖွဲ့များအနေဖြင့် ဖားကန့်မြို့နယ်ရှိ ကာမိုင်း ရဲစခန်းသို့ ဝင်ရောက်တိုက်ခိုက် သွားသဖြင့် ရဲတပ်သား နှစ်ဦးကျဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထပ်မံ၍ ဗန်မော်-လွယ်ဂျယ် ကားလမ်ပေါ်တွင် ကားသုံးစီးကို မိုင်းခွဲတိုင်ခိုက် သဖြင့်အရပ်သား ၂၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အစိုးရ တပ်ဖွဲ့အနေဖြင့်လည်း မိမိကိုယ်ကိုယ် ကာကွယ်ရန်မှအပ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် သမ္မတ ညွှန်ကြားသည့် အတိုင်းလိုက်နာလျက်ရှိကြောင်းကို သမ္မတတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်က ပြောကြားကြောင်း သိရ သည်။

ထိုနေ့တွင်ပင်မြန်မာစစ်တပ်မှ ထိုးစစ်ဆင်မှုများကို ပြုလုပ်လျက်ရှိကြောင်း ကေအိုင်အေအနေဖြင့် ၎င်းတို ရှေဆက်မတက်လာနိုင်အောင် ကန့်ထားကြောင်း မြန်မာစစ်တပ်ဖက်မှ ထိုကဲသို့တိုက်ခိုက်နေခြင်းသည် အထက်က ထုတ်ပြန်ထားသောအမိန့်နှင့် အောက်ခြေတပ်ဖွဲ့များ၏ လုပ်ရပ်များ သည်ကွာဟနေကြောင်းကို ကေအိုင်အေတပ်ဖွဲ့များနှင့် ပူးတွဲတိုက်ခိုက်နေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရပ်တစ် တပ်ဦး ABSDF မြောက်ပိုင်းနယ်မြေမှ နိုင်ငံရေးတာဝန်ခံကတစ်ဦးက ပြောကြားသည်။

အစိုးရအဖွဲ့၏သတင်းထုတ်ပြန်ချက်အပေါ် ကေအိုင်အေဘက်မှလည်း လဂျားယန်ဒေသတွင်သာမက ကချင်ပြည် နယ်တဝှမ်းလုံးတွင်ပါ ထိုးစစ် များကို ရပ်ဆိုင်းသင့်ကြောင်း၊ သတင်းထုတ်ပြန်ချက်များမှတဆင့် ရှေ့တွင်အလားအလာ ကောင်းများဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ပြန်လည် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့နှစ်ဘက် အပြန်အလှန် သတင်းထုတ်ပြန်ခဲ့သော်လည်း ကချင်ပြည်နယ်ဖားကန့်ဒေသ ကံဆီးဘက်တွင် တိုင်ပွဲများပြင်းထန်လျက်ရှိကြောင်း ကို ဒေသခံများ၏ပြောကြားချက်အရသိရသည်။

ကချင်ပြည်နယ်တွင် အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတက်မတော် ကေအိုင်အေ တို့သည် ၂၀၁၁ ဇွန်လမှ စတင်ကာ တိုက်ပွဲပေါင်း ၂၄၀၀ ကျာ်ဖြစ်ပွားကာ တိုက်ပွဲများကြောင့် နေရပ်မှစွန့်ခွာထွက်ပြေးလာသူ ဒုက္ခသည် အရေအတွက်သည် ၁၆၅၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းသိရသည်။

YC

--------------------------------------------------------------

မဟာရန်ကုန်မြို့ပြစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရန် ဂျပန်ကူညီမည်

စီးပွားရေးမြို့တော်ရန်ကုန်တွင် မဟာရန်ကုန်မြို့ပြ စီမံကိန်းရေးဆွဲရန်အတွက် အကူအညီများကို ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီမှ JICA မှ ဒေါ်လာသန်း ၅၀၀ ကို ချေးငွေအဖြစ်ပေးပြီး သန်း၂၀၀ ကိုတိုင်ရိုက်ထောက်ပံ ကူညီပေးမည်ဖြစ်ကြေင်းသိရသည်။

အဆိုပါစီမံကိန်းတွင် ခန့်မှန်းတွက်ချက်မှုများအရ အမေရိကန်ဒေါ်လာ ၂၅၄၅ မီလီယံထိ လိုအပ်မည်ဖြစ်သည့် အတွက် မိမိတို့အနေဖြင့်  နိုင်ငံတကာ၏ကူညီ ထောက်ပံမှုများ လိုအပ်ပါကြောင်းကို မဟာရန်ကုန်မြို့ပြဖွံဖြိုးရေးစီမံကိန်း နှင့်သက်ဆိုင်သည့်ပြည်သူများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် မြို့ပြစီမံကိန်းဌာန ဒုဌာနမှုး ဦးတိုးအောင်က ဆက်လက်ပြောကြားသည်။

အဆိုပါမြို့ပြစီမံကိန်းတွင်ပါဝင်သည့် အခြေခံအဆောက်အအုံ၊ အခြေခံသတင်းအချက်အလက်နှင့် လူမှုပတ်ဝန်း ကျင်နှင့် မြို့ပြစီမံရေးဌာနများ အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ကျွမ်းကျင်သူ ၃၃ ဦး နှင့် မြို့ပြစီမံကိန်းဌာနမှ အမှုထမ်းအရာထမ်းများနှင့်ပါ တွဲဖက် ဖွဲ့စည်းပေးထားကြောင်းသိရသည်။

ရန်ကုန်မြို့တော်အတွင်း သွားလာနေကြသည့်ပြည်သူများ၏ ၈၅ ရာခိုင်နှုန်းသည်မော်တော်ယာဉ်များကိုသာ အသုံးပြုနေရသည့်အတွက် မြေအောက်ဖြတ်လမ်းများ တည်ဆောက်ရေး၊ လူနေသိပ်သည်းသည့်မြို့တွင်းရှိစီးပွားရေး လုပ်ငန်းများသို့အများပြည်သူများလျှင်မြန်စွာ ရောက်ရှိနိုင်အောင် မော်တော်ယာဉ်စနစ်များ ထူထောင်ခြင်းနှင့် ယာဉ်အန္တ ရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးစသော ကိစ္စရပ်များတွင် အဆိုပါစနစ်ကို ခေတ်မှီရန်အတွက် နည်းပညာအကူအညီများ ငွေကြေးအကူအညီများကို JICA မှထောက်ပံကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မဟာရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက်  သံလျှင် အရှေ့ဘက်ခြမ်း၊ လှည်းကူး၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်တောင်ပိုင်းဘက်ခြမ်း နှင့် ဒလမြို့နယ် အစိတ်အပိုင်း များအပါအဝင် ဧရိယာ ၁၅၀၀ စတုရန်း ကီလိုမီတာခန့်် ပါဝင်မည်ဖြစ်သည်။ ရန်ကုန်တိုင်းအတွင်းလက်ရှိ မြို့ပြမြေ အသုံးချမှု သည် ၅၂ ရာခိုင်နှုန်းခန့်ရှိပြီး၊ စိုက်ပျိုးမြေ အသုံးချမှုသည် ၇၉ ရာခိုင်နှုန်းရှိကြောင်းနှင့် အဆိုပါစီမံကိန်း၏ပထမမူကြမ်းကို ၂၀၄၀ ရောက်မှသာ အကောင်အ ထည် ဖော်ပြီးစီးနိုင်ကြောင်းသိရသည်။

YC

--------------------------------------------------------------

ကျောက်မျက်တူးဖော်ရေး သတ်မှတ်လုပ်ကွက်များအတွက် အဆိုပြုလွှာတင်သွားရန် ခေါ်ယူ

လက်ရှိအချိန်တွင် ဥရောပသမဂ္ဂ(EU)နှင့် အမေရိကန်နိုင်ငံများမှ မြန်မာနိုင်ငံထွက် သဘာဝသယံဇာတဖြစ်သည့် ကျောက်မျက်ရတနာ တင်ပို့မှု များကို ဆက်လက်ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်သော်လည်း သတ္တုတွင်းဝန်ကြီးဌာနမှ ကျောက်မျက်ရတနာသတ်မှတ်လုပ်ကွက်နှင့် ဖော်ထုတ်လုပ်ကွက် များအတွက် အဆိုပြုလွှာတင်သွင်းရန် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကြေညာချက်အမှတ်(၅/၂၀၁၂)ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်း ကော်မတီအနေဖြင့် ၂၀၁၂ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် သက်တမ်း ကုန်ဆုံးတော့မည့် သတ်မှတ်လုပ်ကွက်များ၊ ဖော်ထုတ်လုပ်ကွက်များနှင့် ဖားကန့် ရတနာနယ်မြေ သတ်မှတ် လုပ်ကွက်(အသစ်)များကို မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၁၂၊ ၁၃၊ ၁၅ တို့နှင့်အညီ  နိုင်ငံသားပုဂ္ဂလိက၊ ကုမ္ပဏီ၊ အသင်း များအား ဈေးပြိုင်စနစ်ဖြင့် တူးဖော်ထုတ်လုပ်ရန် ခွင့်ပြုမိန့်များထုတ်ပေးရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ကြောင့် ကျောက်မျက်တူးဖော်ရေး သတ်မှတ်လုပ်ကွက်များအတွက် အဆိုပြုလွှာတင်သွင်းမည့် ကုမ္ပဏီများ အနေဖြင့် အဆိုပြုလွှာနှင့်အတူ ငွေရေး ကြေးရေးအထောက်အထားများ ခိုင်မာမှုရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် (သို့) နိုင်ငံတော်မှ အသိအမှတ်ပြုထားသည့် ပုဂ္ဂလိကဘဏ်တစ်ခုခုမှ (Bank Statement)ကို ပူးတွဲတင်ပြ၍ ၂၀၁၂ ဒီဇင်ဘာလ ၃၁ ရက်မှ ဇန်နဝါရီလ ၂၉ ရက်နေ့အတွင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (ရုံးချုပ်) မြန်မာ့ကျောက် မျက်ရတနာပြတိုက် (နေပြည်တော်)၌ မှတ်ပုံတင်ကြေးငွေများ ပေးသွင်းမှတ်ပုံတင်ပြီး အဆိုပြုလွှာထုတ်ယူခြင်း၊ လုပ်ကွက် မြေပုံများ ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပြုလွှာတင်သွင်းရာတွင် အဆိုပြုလွှာတစ်စောင် (လုပ်ကွက်တစ်ကွက်)အတွက် အာမခံစပေါ်ငွေ (Deposit) ကျပ်ဆယ်သိန်းကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ သို့သော် အဆိုပြုလွှာတင်သွင်းရာတွင် အမည်မည်း (Black List) စာရင်းတင်သွင်းခံရသည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများအား ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်များကို အဆိုပြုလျှောက်ထားခွင့်မရှိကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ကျောက်မျက်လုပ်ငန်းတင်ပို့ရောင်းဝယ်မှုနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် တင်သွင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးတေဇသည် သုံးနှစ်ဆက်တိုက် ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ရာမှ နှုတ်ထွက်ခွင့်ကို ၂၀၁၃ ဇန်နဝါရီ ၁၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ တင်ပြထားကြောင်းသိရသည်။

YC

--------------------------------------------------------------

ပြည်သူဗပာိုပြုဖွံ့ဖြိုးရေးအတွက် မိတ်ဖက်နိုင်ငံများမှ ပါဝင်ကူညီပေးရန် နိုင်ငံတော်သမ္မတတိုက်တွန်း

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများအနေဖြင့် ပြည်သူဗပာိုပြုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် ပူးပေါင်းပါဝင်ကူညီပေးရန် နိုင်ငံတော်သမ္မတက ဇန်နဝါရီလ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗပာိုဌာန၌ ကျင်းပ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေး မူဘောင်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ မြန်မာ့နိုင်ငံ၏ ဦးစားပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုကြိုးပမ်းချက်များ၊ အပစ်အခတ်ရပ်စဲသည့်ဒေသများတွင် နိုင်ငံရေးအရ ဖြေရှင်းနေမှု များနှင့် ပဋိပက္ခဒေသများတွင် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိနိုင်စေရန် ဆောင်ရွက်သွားမည်ပာု နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကတိပြုပြောကြား ချက်အား  မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှထောက်ခံသဘောတူညီခဲ့ကြကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု မူဘောင်နှင့် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအပါအဝင် လက်ရှိရေးဆွဲထားသော အဓိက စာတမ်းများပါရှိသည့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ဦးစားပေးလုပ်ငန်းများ၊ စိုက်ပျိုးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင် ရွက်ချက်များ၏ အရေးပါပုံ၊ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသောအစိုးရ၊ ပုဂ္ဂလိကဏ္ဍဦးဆောင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အများပါဝင် ဆုံးဖြတ် ဆောင်ရွက်ရသော နည်းလမ်းများနှင့် အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး မပာာဗျူပာာများနှင့် ဦးစားပေးလုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများက အတည်ပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေးမူဘောင်တွင်ဖော်ပြထားသည့်(အလျင်အမြန် အကောင်အထည်ဖော်အောင်မြင်နိုင်မည့် လုပ်ငန်းစဉ် များ) အပါအဝင် ယင်းကိုကျွမ်းကျင်သည့် ကဏ္ဍများကိုပါ လက်တွဲဖော်ဆောင်ရန်၊ ကဏ္ဍအလိုက် မပာာဗျူပာာများဖော်ထုတ်ရန်နှင့် ယင်းတို့အား အကောင် အထည်ဖော်ရေးဦးတည်ဆောင်ရွက်ရန်၊ ကဏ္ဍအလိုက် ညှိနှိုင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များတည်ထောင်ရန်၊ ပြည်တွင်း ဝင်ငွေတိုးစေရန်နှင့် ပြည်ပ အထောက်အပံ့လိုအပ်ချက်များအပါအဝင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးလိုအပ်ချက်များကို မိတ်ဖက်အဖွဲ့အစည်းများက ညှိနှိုင်း ဆွေးနွေးသဘောတူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်တွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးဖြည့်ဆည်းမှုကို အချိန်ကာလတစ်ခုတွင် မိမိဘာသာ ရပ်တည် ဆောင်ရွက်နိုင်ရေး အတွက် မြန်မာအစိုးရ၏ ရည်မှန်းချက်များကို မိတ်ဖက်အဖွဲ့အစည်းများက သဘောတူညီခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ အထောက်အပံ့များကို အကျိုးရှိရှိနှင့် စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝ အသုံးချနိုင်စေမည့် နိုင်ငံတကာအ ထောက်အပံ့ စီမံခန့်ခွဲရေးမူဝါဒများနှင့် စနစ်များ ဖော်ထုတ်ဆောင်ရွက်ရန် မိတ်ဖက်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် "ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးတွင် ထိရောက်မှုရှိစေမည့် နေပြည်တော် သဘော တူညီချက်"ကို သဘောတူညီခဲ့ကြောင်း သိရသည်။

YC

       *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive