Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“အခုအချိန်မှာ ပထမအဆင့်လုပ်ငန်းတွေ တော်တော်လေး အကောင်အထည်ပေါ်လာပြီ ဖြစ်တဲ့အတွက် ဒုတိယအဆင့်ပြောင်းလဲရေး လုပ်ဖို့လုပ်တာ ဖြစ်ပါ တယ်ခင်ဗျ။ အဓိကကတော့ဗျာ မြန်မာ့အသံဆိုရင် အများပြည်သူ ဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းရမယ်။ ဒီဂျစ်တယ် စနစ်ကိုပြောင်းမယ်။ အရှေ့တောင် အာရှ အားကစားပွဲအတွက် ရုပ်သံလိုင်းတွေတိုးချဲ့ပြီး ထုတ်လွှင့်မယ်။ နောက်ပြီးပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်းရယ်၊ ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက် ဆံရေး ဦးစီးဌာနရယ်၊ မြန်မာ့ရုပ်ရှင် လုပ်ငန်းရယ် ဒါတွေကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၈၃) တွင်ပါရှိသော “ပြန်ကြားရေးဝန်ကြီးဌာန၏ ဌာနအကြီး အကဲ ၄ ဦးကို နေရာ အပြောင်းအလဲပြုလုပ်” သတင်းမှ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

-------------------------------------------------------------

“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့အတွက် KIA/ KIO အပါအဝင် တိုင်းရင်းသား အားလုံး နဲ့ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိတယ် ဆိုတဲ့ အစိုးရရဲ့ကြေညာချက်ကို ကြိုဆိုပါတယ်။ ဒါပေမယ့် ၁၉ ရက် ၆ နာရီမှာ အပစ်ရပ်မယ်ပြောပြီး ၇ နာရီမှာ တိုက်ပွဲတွေပြန် ဖြစ်နေတယ်။”

ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၈၃) တွင်ပါရှိသော “စစ်ဆင်ရေး ရပ်မည်ဆိုသော်လည်း ကချင် ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားချက် အားကောက် နှုတ်ချက်။

-------------------------------------------------------------

“ကျွန်တော်တို့ဟာ အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့စီစဉ်ထားပါတယ်။ အာရှတိုက်မှာ ကုန်သွယ်ရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်မှာပါ”

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၈) တွင်ပါရှိသော “သြစတြေးလျ ကူးသန်းရောင်းဝယ်ရေးရုံး ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်” သတင်းမှ သြစတြေးလျ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Craig Emerson ၏ ပြောကြားချက် အားကောက် နှုတ်ချက်။

-------------------------------------------------------------

“ဥပဒေ အသစ်ဆွဲဖို့ကို ဒုတိယဝန်ကြီးရှင်းလင်းတင်ပြတာ ကြားရတဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။ နောက်တစ်ချက်က လက်ရှိ အီလစ်ထရောနစ် ဆက်သွယ်ရေးဥပဒေ အခန်း (၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များဟာ အခုအခြေအနေနှင့် ဘယ်လိုမှ မကိုက်ညီဘူး။ ပြင်ဆင်သင့်တယ်ဆိုတဲ့ ဒုတိယဝန်ကြီးရဲ့ သဘောထားကလည်း ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အကာအကွယ်ပေးတဲ့ အချက်ဖြစ်တဲ့အတွက် ကျွန်တော်ကြိုဆိုပါတယ်။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၈) တွင်ပါရှိသော “အီလက်ထရွန်နစ်ဆက်သွယ်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ဆွေးနွေး ” သတင်းမှ ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်) ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

-------------------------------------------------------------

“ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့်နိုင်ငံတကာချေးငွေ အကူအညီတွေကို ပြည်သူ့အကျိုးစီးပွားအတွက် ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၅) တွင်ပါရှိသော “နိုင်ငံတကာ ချေးငွေများအား ပွင့်လင်း မြင်သာမှုရှိစွာ အသုံးပြုပြီး စီးပွားရေးခေတ်သစ်တစ်ခု ဖွင့်လှစ် သွားမည်ဟု နိုင်ငံတော်သမ္မတပြောကြား” သတင်းမှ သမ္မတ ဦးသိန်းစိန် ၏ ပြောကြားချက် အားကောက်နှုတ် ချက်။

  **************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ကေအိုင်အိုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ ကူညီမှုအသိအမှတ်ပြု
  2.  ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက်ဂိတ်များတွင် ဆိုက်ရောက်ဗီဇာပေးရန်စီစဉ်
  3. စီးပွားရေး အချက်အခြာကျသော မြို့များတွင် ကုန်းတွင်းကုန်သတ္တာဆိပ်ကမ်းများ တည်ဆောင်မည်
  4. ဂျပန်နိုင်ငံမှ သီလဝါအထူးစီးပွားရေှးဇုန်သို့ MRT ရထားပြေးဆွဲရန်ကူညီမည်

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ကေအိုင်အိုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ ကူညီမှုအသိအမှတ်ပြု

ကေအိုင်အိုနှင့် အစိုးရကြားငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန်အတွက် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကူညီလုပ်ဆောင်နေမှုကို အသိအမှတ်ပြုကြိုဆိုကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နေ့စွဲဖြင့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက် (၆/၂၀၁၃) ကို ည ၈ နာရီတွင်နိုင်ငံပိုင် ရုပ်သံများမှ ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ပဋိပက္ခများ ဖြေရှင်းနိုင် မည်ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ ဆွေးနွေးနိုင်ရန် အတွက် ကြိုးပမ်း ကူညီနေမှုများကို အသိအမှတ်ပြု ကြိုဆိုကြောင်းနှင့် ကေအိုင်အေနှင့်လည်း ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကေအိုင်အေ အနေဖြင့်လည်း တပ်မတော်မှထိုးစစ်ဆင်ခြင်းများ ရပ်ဆိုင်းပါက မိမိတို့အနေဖြင့် စစ်ရေးလှုပ်ရှားမှု ကိုပြုလုပ်မည် မဟုတ်ကြောင်း၊ နိုင်ငံရေး ပြသာနာများကို ဆွေးနွေးခြင်ဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်ကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အကူအညီပေးနိုင်မည့် အဖွဲ့အစည်းများကို အကူအညီ တောင်းခံသွားမည်ဖြစ်ကြောင်း စသည့် ကေအိုင်အေ၏ ဖေဖော်ဝါရီလ ၁ ရက်နေ့ သတင်ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သတင်း ထုတ်ပြန်ရေးအဖွဲ့မှ ကြိုဆို ကြောင်းပြန်လည် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ အနေဖြင့်လည်း ကေအိုင်အိုနှင့် အစိုးရအကြား တွေဆုံဆွေးနွေးနိုင်ရန် အတွက် ၎င်းတို့ရဲ့ဒေသဖြစ်သည့် ပန်းဆန်းမြို့တွင်ဆွေးနွေးရန် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိအနေဖြင့် ပါဝင်ရန် ဆန္ဒရှိကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

YC

----------------------------------------------------------------

 ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက်ဂိတ်များတွင် ဆိုက်ရောက်ဗီဇာပေးရန်စီစဉ်

photo:Internet

ကမ္ဘာလှည့်ခရီးသွားများအတွက် ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ကော့သောင်း၊ မြဝတီနှင့် တာချီလိတ်နယ်စပ်ဂိတ် များကိုတရားဝင်ဂိတ်များ အ ဖြစ် ဆောင်ရွက်ကာ ဆိုက်ရောက်ဗီဇာအဖြစ် ဝင်ထွက်နိုင်ရန်စီစဉ်လျက် ရှိကြောင်းလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားကြောင်းသိရသည်။

အဆိုပါဝင်ပေါက်များမှ ဝင်ရောက်လာသူ နိုင်ငံခြားခရီးသွားများအနေဖြင့် မိမိအဆင်ပြေလွယ်ကူရာ ဂိတ်များမှ ပြန်လည် ထွက်ခွာနိုင်ကြောင်း၊ e - visa စနစ်ကိုလည်း ဘဏ်များနှင့် ချိတ်ဆက် အကောင်အထည်ဖော်ညှိနှိုင်း ဆောင်ရွက် နေကြောင်းနှင့် ဝက်ဘ်ဆိုက် ထုတ်လွှင့်ရန်သာ ကျန်ရှိတော့ ကြောင်းကို ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားသားများ နှစ်ရှည်နေထိုင်ခွင့် PR (Permit Resident) ကို သတ်မှတ်ချက် လေးချက် ဖြစ်သည့် နိုင်ငံတကာမှ အသိပညာရှင်၊ အတက်ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံသားဟောင်းများ၊ နိုင်ငံနှင့်သွေးစပ်သူများ စသည့်အချက်များနှင့် ကိုက်ညီသူများကို လပိုင်း အတွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ဧည့်သည်များသည် ရေကြောင်းနှင့် နယ်စပ်ဒေသဝင်ပေါက်ဂိတ် ၂၆ ခုနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ နေ့စဉ် ခရီးသည် ၃၀၀၀ ခန့်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

YC

---------------------------------------------------------

စီးပွားရေး အချက်အခြာကျသော မြို့များတွင် ကုန်းတွင်းကုန်သတ္တာဆိပ်ကမ်းများ တည်ဆောင်မည်

နိုင်ငံတကာမှ ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် ရေကြောင်းခရီးသာမက ကုန်းလမ်းများတွင်ပါ အဆင်ပြေ ရန်အတွက် ကုန်းတွင်းကုန် သတ္တာဆိပ်ကမ်း Dry Port များကို အချက်အခြာနေရာကျသည့်မြို့ကြီး ရှစ်မြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သော ကုန်းတွင်းကုန်သတ္တာ ဆိပ်ကမ်းဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။

ကုန်းတွင်းဆိပ်ကမ်းဆိုသည်မှာ ပင်လယ်ဆိပ်ကမ်းကဲ့သို ကုန်သတ္တာများကို တင်၊ ချ၊ သိုလှောင်ကာ သက်ဆိုင်ရာ နေရာများသို့ ပြန်လည် ပို့ဆောင်ပေးရကြောင်း၊ ကွာခြားသွားတာက သင်္ဘောအစား မီးရထားနှင့် ကားများသာကွာခြားခြင်း ဖြစ်ကြောင်း၊ အဆိုပါကုန်းတွင်း ကုန်သတ္တာ ဆိပ်ကမ်း များ တည်ဆောက်ပြီးပါက အာရှအဝေးပြေးကားလမ်းနှင့် ရထားလမ်း ကွန်ယက်များမှ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း ဆွေနွေးပွဲသို့ တက်ရောက်လာသူ တစ်ဦးက ပြောကြားသည်။

ကုန်းတွင်းကုန်သတ္တာဆိပ်ကမ်း တည်ဆောက်ရန် ရွေးချယ်ထားသည့် မြို့ကြီး ရှစ် မြို့မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တမှုး၊ မူဆယ်၊ ပြည်၊ ပဲခူးနှင့် မုံရွာတို့ဖြစ်ကာ ဆောက်လုပ်ရန်နေရာများကို ရွေးချယ်လျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ထိုင်နိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပသည့် ကုန်းတွင်းကုန်သတ္တာဆိပ်ကမ်းဆိုင်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံ တွင်ကုန်းတွင်း ကုန်သတ္တာ ဆိပ်ကမ်းများ အကောင်အထည် ဖော်ရန်အတွက် အဆိုပါ နေရာများကိုအဆိုပြုတင်သွင်းခဲ့ကြောင်း သိရသည်။

YC

----------------------------------------------------------------

ဂျပန်နိုင်ငံမှ သီလဝါအထူးစီးပွားရေှးဇုန်သို့ MRT ရထားပြေးဆွဲရန်ကူညီမည်

photo:Internet

သီလဝါ အထူးစီးပွားရေးဇုန်သို့ ၂၀၁၅ ခုနှစ်အတွင်း MRT မြို့ပတ်ရထားလိုင်း ၅ လိုင်းပြေးဆွဲရန်အတွက် ငွေကြေးနှင့် နည်းပညာ အကူအညီများ ကို ဂျပန်နိုင်ငံမှ ကူညီမည်ဖြစ်ကြောင်းကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားကြောင်းသိရသည်။

ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်းများကို အဆင့်လိုက် ဒီဇိုင်းများ ရေးဆွဲ ခြင်း၊ လေ့လာတိုင်းတာခြင်းနှင့် ပြုပြင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ သီလဝါအထူး စီးပွားရေးဇုန်သို့ ၂၀၁၅ ခုနှစ်တွင် MRT ရထားလိုင်းများတည် ဆောက်နိုင်ရန်၊ ဘတ်စ်ကားဂိတ်များနှင့်လည်းကွန်ယက်များ သဖွယ်သွားလာနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

ရန်ကုန်နှင့် မော်လမြိုင်ခရီးစဉ်အတွက် တစ်ဦးလျင်ငွေကျပ် ၆၀၀၀ သာကုန်ကျမည့် တစ်နိုင်ရီ ကီလိုမီတာ ၅၈၀ နှုန်းဖြင့် ပြေးဆွဲနိုင်သည့် ကျည်ဆန်ရထားလမ်းကို ထိုင်းနိုင်ငံမု လုပ်ငန်းရှင်များကလုပ်ကိုင်နိုင်ရန် လာရောက်ဆွေးနွေး ခဲ့ကြောင်းသိရသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင်မြို့ပတ်ရထားအစင်း ၂၀၀ အဆိုင်း ၂၁ ဆိုင်းဖြင့် မြို့ပတ်စီးနင်းသည့် ခရီးသည် တစ်သိန်းဝန်းကျင်ခန့် ပြေးဆွဲလျက် ရှိကြောင်း ရန်ကုန်ဘူတာကြီး၏ တရားဝင်စာရင်းများအရသိရသည်။

YC

 *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1.  ကြေးနီစီမံကိန်းသည် မြန်မာနိုင်ငံမှခေါင်းဆောင်များအတွက် စမ်းသပ်မှုတစ်ခု

(1 February 2013 ရက်စွဲပါ VOA News မှ Daniel Schearf ရေးသားသော “Copper Mine Controversy tests Burma’s Leaders” ကို ဘာသာပြန်ပါသည်)

  1. Sanctions ရုတ်သိမ်းချန်တွင် မြန်မာသို့ Carlberg ပြန်ဝင်လာ

(Reuters News မှ 1 Feb 2013 ရက်စွဲပါ “Carlsberg reuturns to Myanmar after sactions eased”သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုအပေါ် နိုင်ငံတကာ၏ အစောတလျင်ချီးကျူးမှုများ အန္တရာယ်

(Guardian သတင်းစာမှ 1 Feb 2013 ရက်စွဲပါ Zoya Phan ရေးသားသော International praise for reformed Burma is premature- and dangerous ကိုဘာသာပြန်ဆိုသည်)  

***************************************************************

ဘာသာပြန်သတင်းများ

ကြေးနီစီမံကိန်းသည် မြန်မာနိုင်ငံမှခေါင်းဆောင်များအတွက် စမ်းသပ်မှုတစ်ခု

(1 February 2013 ရက်စွဲပါ VOA News မှ Daniel Schearf ရေးသားသော “Copper Mine Controversy tests Burma’s Leaders” ကို ဘာသာပြန်ပါသည်)

photo:Internet

မြန်မာနိုင်ငံတွင် စစ်တပ်နှင့် တရုတ်တို့လုပ်ကိုင်နေသော အငြင်းပွားဖွယ် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစီရင်ခံစာထုတ်ပြန်ရန် အချိန်လွန် နေပြီ ဖြစ်သည့်အပြင် ပြင်းထန်သည့်ဆန့်ကျင်မှုများကို ကြုံတွေ့ရလျက် ရှိပါသည်။ လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြားရာတွင် အဆိုပါစီမံကိန်း အတွက် စုံစမ်းစစ်ဆေးမှုသည် အစိုးရအသစ်နှင့် စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အတွက် စမ်းသပ်မှု တစ်ခုပင်ဖြစ်ပါသည်။

မြန်မာသမ္မတက ခန့်အပ်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်သည် ၎င်း၏ စစ်ဆေးတွေ့ရှိချက်များကို ဇန်နဝါရီ လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ရန် သတ်မှတ်ထားသော်လည်း ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံမှ အဆိုပါ အကြီးဆုံးကြေးနီစီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုနှင့် စစ်တပ်ပိုင် ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေး ဦးပိုင်လီမိတက် (UMEHL) တို့ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

၎င်းတို့သည် စီမံကိန်းကို ဒေါ်လာ (၁) ဘီလီယံတန်ဖိုးတိုးချဲ့ရန်ပြုလုပ်စဉ် ဒေသခံရွာများက ၎င်းတို့အား နစ်နာကြေးပေးမှုမမျှတခြင်းနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ သက်ရောက်မှုများရှိသည်ဟုဆိုကာ ဆန္ဒပြမှုများ ဖြစ်ပေါ် ခဲ့ပါသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တစ်လခန့်ကြာသော ဆန္ဒပြမှုများကို ရဲများက ပြင်းထန်စွာ ဖြိုခွဲခဲ့ပါသည်။

Burma Lawyer’s Network မှ အကြီးအကဲ ဦးသိန်းသန်းဦး ပြောကြားရာတွင် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် အသုံးပြုသော ဖော့စဖရပ်များ ပါဝင်သော ဗုံးအခွံ့များအတွက် သက်သေများရှာဖွေတွေ့ရှိ ထားသည်ဟု ဆိုပါသည်။

“သူတို့က ဦးပိုင်ကို မထိနဲ့လို့ လူထုကို သတိပေးလိုတယ် ထင်ပါတယ်။ ဒုတိယတစ်ချက်က လူထုကို ကြောက်အောင် လုပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။”  ဟု ၎င်းကပြောပါသည်။

၎င်းတို့အနေဖြင့် ရဲများက ထိုသို့နှိမ်နှင်းရာတွင် မည်သူအမိန့်ပေးသနည်းဆိုသည်ကို သိလိုပြီး စစ်တပ်မှ ပါဝင်ပတ်သက်မှုရှိမည်ဟု သံသယ ရှိ ကြောင်း ဦးသိန်းသန်းဦး ကဆိုပါသည်။

ဆန္ဒပြမှုများကို ဖြိခွဲခြင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်များရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းရေးကော်မရှင်သည်လည်း စုံစမ်း စစ်ဆေးရန် အခွင့်အာဏာ အပြည့်အဝရှိ မရှိ မရှင်းလင်းပေ။

Human Rights Watch မှ အာရှသုတေသနပြုသူ David Mathieson ကပြောကြားရာတွင် ယခု စုံစမ်းစစ်ဆေးရေးမှာ မြန်မာနိုင်ငံ၏ အရပ်သား ဦးဆောင်သော အစိုးရအတွက် နယ်ပယ်သစ်ဖြစ်ကြောင်း ပြောပါသည်။

“ဆန္ဒပြမှု၊ ဆန္ဒပြမှုကို ဖြိုခွင်းမှု အပြင် လက်ပံတောင်းဝန်းကျင်နှင့် ကြေးနီစီမံကိန်းက အခြားကိစ္စ တွေဟာ အားလုံးအလေးအနက်ထားရမယ့် ကိစ္စတွေဖြစ်ပါတယ်။ အာဏာပိုင်တွေက ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ဘယ်လိုကိုင်တွယ်တယ်ဆိုတာရယ်၊ မြေယာပိုင်ခွင့်ကိစ္စတွေကို ဘယ်လိုဆုံးဖြတ် တယ်ဆိုတာရယ်ဟာ အရေးကြီးတဲ့ စမ်းသပ်မှုတွေပါပဲ။ သူ့မှာ အရေးကြီးတဲ့ စံနမူနာဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။” ဟု ၎င်း ကပြောပါသည်။

ကြေးနီစီမံကိန်းအတွက် တရုတ်ကုမ္ပဏီနှင့် မြန်မာစစ်တပ်တို့အကြား သဘောတူညီမှုများမှာ စစ်အစိုးရ လက်ထက်က ဖြစ်ခဲ့ပြီး ပွင့်လင်းမြင်သာ မှုမရှိကြောင်း ဝေဖန်မှုများရှိခဲ့ပါသည်။

အဆိုပါ အငြင်းပွားမှုအတွက် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူခဲ့ရပြီး၊ ဒေသခံရွာသားများ၏ ရပိုင်ခွင့်များကို ကာကွယ်ရန် လိုအပ်သကဲ့သို့ နိုင်ငံခြားကုမ္ပဏီများနှင့် သဘောတူညီချက်များကိုလည်း အလေးပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကော်မရှင်၏ အစီရင်ခံစာသည် ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံရေးသမားတစ်ဦးအဖြစ် မှတ်ကျောက်တင်မည့် စမ်းသပ်မှုတစ်ခု ဖြစ် သည်ဟု Mathieson ကပြောပါသည်။

“စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအရ နယ်ပယ်မတူတဲ့ အခြားအဖွဲ့ဝင်တွေ ပါဝင်လာပါ တယ်။ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး အနေနဲ့ထိရောက်စွာ ဘယ်လိုလုပ်ဆောင် မယ်ဆိုတာ စောင့်ကြည့်ရပါမယ်” ဟု ၎င်း ကပြောပါသည်။

အစီရင်ခံစာထွက်ပေါ်လာပါက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖိအားများကို မည်သို့ကိုင်တွယ် ခဲ့သည်ဆိုသည့် အပေါ်ပြသသင့်သည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကပြောပါသည်။

“ကျွန်တော်တို့အနေနဲ့ ဖိအားတွေဘယ်လိုရှိတယ်၊ လက်ပံတောင်းဒေသကပြည်သူတွေ အကျိုးအတွက် သူဘယ်လောက် လုပ်ပေးနိုင်မလဲ ဆို တာ အစီရင်ခံစာကို စောင့်ကြည့်သင့်ပါတယ်” ဟု ဦးဥာဏ်ဝင်း ကပြောပါသည်။

တစ်ချိန်တည်းမှာပင် စီမံကိန်းအနီးတွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း မြန်မာမီဒီယာ များက ယခုအပတ်သတင်းများ ရေးသား ခဲ့ကြပါသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ကလည်း ယခု အပတ်သတ္တုတွင်းဝန်ကြီးနှင့် တွေ့ဆုံရာတွင် အဆိုပါကိစ္စကို အလေးပေးပြော ကြားခဲ့ပါသည်။

တရုတ်သံရုံးမှ ထုတ်ပြန်သော ကျေညာချက်တွင် သံအမတ်ကြီးက မြန်မာနိုင်ငံသည် တရုတ်၏ စီးပွားရေးအကျိုးစီးပွားကို ကာကွယ်ရန်နှင့် ထွက်ပေါ်လာသော ပြဿနာများကို ကူညီဖြေရှင်းပေးရန်ကို မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

------------------------------------------------------------------------------

Sanctions ရုတ်သိမ်းချန်တွင် မြန်မာသို့ Carlberg ပြန်ဝင်လာ

(Reuters News မှ 1 Feb 2013 ရက်စွဲပါ “Carlsberg reuturns to Myanmar after sactions eased”သတင်းကိုဘာသာပြန်ဆိုသည်)

photo:Internet

ကမ္ဘာကျော် ဒိန်းမတ်ဘီယာ Carlsberg သည် ၁၉၉၀ ခုနှစ်များအတွင်းက မြန်မာနိုင်ငံမှ အတင်းအကြပ်ထွက်ခွာစေခဲ့သော Carlsbergs သည် ၁၉၉၀ ခုနှစ်များအတွင်းက မြန်မာနိုင်ငံမှ အတင်းအကြပ်ထွက်ခွာစေခဲ့သော Sanctions များဖြေလျော့သွားပြီးနောက်တွင် ရန်ကုန်မြို့တော်သို့ နောက်တစ်ချီပြန်ဝင်လာပြီဖြစ်သည်။

ကမ္ဘာ့နံပါတ် ၄ အင်အားကြီး ဘီယာကုမ္ပဏီသည် ဘီယာသောက်သုံးမှု မြင့်တက်လာတော့မည်ပာု မျှော်လင့်ရသော မြန်မာဈေးကွက်တွင် စက်ရုံသစ်တည်ရန်အတွက် ပါတနာပောာင်း Myanmar Golden star Breweries ကုမ္ပဏီနှင့် သောကြာနေ့က သဘောတူ လက်မှတ်ထိုးလိုက်ပြီ ဖြစ်သည်။

သောကြာနေ့က ရန်ကုန်မြို့တော်၌ လက်မှတ်ရေးထိုးပွဲတွင် Carlsberg ၏စီအီးအို ဂျော်ဂင်ဘူးရပ်စမှုဆင်က “မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ ကတော့ မြင်တဲ့အတိုင်းပဲ။ ဈေးကွက်ရဲ့အခွင့်အလမ်းကလည်း သိပ်ကြီးတယ်။ ဒီအစီအစဉ် မြန်မြန်လုပ်ဆောင်သွားမှာကို သံသယရှိစရာမလိုပါဘူး”ပာု Reuters သို့ပြောကြားသည်။

Carlsberg က ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်မည့် ဖက်စပ်လုပ်ငန်းသည် ပထမနှစ်အနည်းငယ်အတွင်း အနည်းဆုံး ဒေါ်လာ သန်း ၅၀ ကုန်ကျ လိမ့်မည်ပာု သိရှိရသည်။

ယခင်က Carlsberg ဘီယာတင်သွင်းရောင်းချရာတွင် Carlsberg နှင့် MGS တို့ လက်တွဲခဲ့ဘူးသည်။

“Sanctions တွေရုတ်သိမ်းသွားပြီဆိုတော့ သူတို့ (MGS)ကို ပြန်ပြီးဆက်သွယ်ရတာပေါ့။ ဒါကျွန်တော်တို့ရဲ့ ထုံးစံပါ”ပာု ရပ်စမူဆင်က ပြောကြားသည်။

ယခု စက်ရုံသစ် တည်ဆောက်မှုသည် ဥရောပဈေးကွက်အေးနေချိန်တွင် နိုင်ငံတကာ ဘီယာကုမ္ပဏီများအတွက် အရေးပါလာသော အာရှဒေသတွင် Carlsberg ၏ခြေလှမ်းချဲ့ထွင်မှုကို နောက်တစ်ဆင့်တိုးမြှင့်လိုက်ခြင်းပင်ဖြစ်သည်။

အမှီလိုက်

လူဦးရေ သန်း ၆၀ ရှိပြီး တစ်နှစ်လျှင် တစ်ဦးချင်း ပျှမ်းမျှဘီယာ ၄ လီတာ သောက်သုံးနှုန်းရှိသော မြန်မာဈေးကွက်သည် တစ်နှစ်လျှင် ၇ ရာခိုင် နှုန်းတိုးကာ အိမ်နီးချင်းနိုင်ငံများကို လိုက်မှီသွားလိမ့်မည်ပာု Carlsberg ကခန့်မှန်းထားသည်။

ထိုင်းနိုင်ငံတွင် နှစ်စဉ်တစ်ဦးချင်း ပျှမ်းမျှဘီယာ ၂၅ လီတာသောက်သုံးပြီး၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့တွင် လီတာ ၃၀ သောက်သုံးကြ သည်ပာု သိရှိရသည်။

နှစ်စဉ်ထုတ်လုပ်မှုနှုန်း ပာက်တိုလီတာတစ်သန်းရှိမည့် Carlsberg ၏စက်ရုံသစ်ကို လာမည့်နှစ်တွင် အပြည့်အဝလည်ပတ်ရန် မျှော်လင့်ထား ပြီး ထပ်မံတိုးချဲ့နိုင်မည့် အလားအလာရှိသည်။

မြန်မာနိုင်ငံ၏ စုစုပေါင်း ဘီယာသောက်သုံးမှုပမာဏသည် လောလောဆယ်တစ်နှစ်လျှင် ပာက်တိုလီတာ ၃.၅ သန်းခန့်ရှိသည်ပာု ကုမ္ပဏီက ဆိုပါသည်။

“ရင်းနှီးမြှုပ်နှံရာတွင် စွန်းစားမှုအချို့ရှိသော်ငြားလည်း မြန်မာ့နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုရှိနေပြီပာု ယူဆကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ကုမ္ပဏီ၏ ကိုယ်ပိုင်ကျင့်ဝတ်စည်းမျဉ်းများကို ကျင့်သုံးနိုင်လိမ့်မည်ပာု စိတ်ချယုံကြည်ထားကြောင်း”Carlsberg ကုမ္ပဏီက ရှင်းလင်းပြောကြားသည်။

---------------------------------------------------------------------- 

မြန်မာ့ပြုပြင်ပြောင်းလဲမှုအပေါ် နိုင်ငံတကာ၏ အစောတလျင်ချီးကျူးမှုများ အန္တရာယ်

(Guardian သတင်းစာမှ 1 Feb 2013 ရက်စွဲပါ Zoya Phan ရေးသားသော International praise for reformed Burma is premature- and dangerous ကိုဘာသာပြန်ဆိုသည်)  

photo:Internet

မြန်မာနိုင်ငံသည် မဲလိမ်မှုများဖြင့် အာဏာရရှိလာသော စစ်တပ်ကျောထေက်နောက်ခံ အစိုးရအုပ်ချုပ်မှုအောက်တွင်ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြန်မာစစ်တပ်သည်လည်း တိုင်းရင်းသားလူနည်းစုများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်။ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက် သောကြောင့် ရွှေ့ပြောင်းထွက်ပြေးကြရသူ ထောင်ပေါင်းများစွာအတွက် ပေးအပ်သည့် နိုင်ငံတကာ အကူအညီ အထောက်အပံ့များကိုလည်း မြန်မာ အစိုးရက ပိတ်ပင်ထားသည်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရဆဲပင်ဖြစ်သည်။ မုဒိမ်းမှုကို လက်နက်တစ်ခုသဖွယ် အသုံးချလျက် ရှိသည်ဟူသော သတင်းပေးပို့မှုများမှာလည်း ပိုမိုများပြားလာလျက်ပင်ရှိသည်။ မိမိပိုင်ဆိုင်သောမြေများ အစိုးရကသိမ်းယူထားသည့်အတွက် ပြန်လည် ရရှိရန်ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းရာတွင် မြန်မာရဲတပ်ဖွဲ့ဝင်များက ဖော့စဖရတ်(မီးစုန်းဓာတ်)အဖြူ ကိုအသုံးပြုခဲ့သည်ဟူသည့် စွပ်စွဲ ပြောဆိုမှုလည်း ထပ်မံပေါ်ထွက်လာပြန်သည်။ သို့သော် နိုင်ငံတကာအသိုင်းအဝိုင်းမှ နိုင်ငံအများစုက မြန်မာနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုနေပုံများ မှာယခုလိုမျိုး မဟုတ်ပေ။

မစ္စစ်ဟီလာရီကလင်တန်က ၎င်းအနေဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တာဝန် ထမ်းဆောင်နေစဉ် ကာလ အတွင်း အောင်မြင်မှုများတွင် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ယခု ရက်သတ္တပတ်တွင်း ထုတ်ဖော်ပြောဆိုသည်။ သို့သော် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ယခုရက် သတ္တပတ်တွင်း ထုတ်ပြန်လိုက်သော နှစ်စဉ်အစီရင်ခံစာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ၏ ကောင်းကွက်များကို အရှိတရားထက် ပို၍ ပြောဆိုကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးဆိုးရွားရွား ဖြစ်နေသည့်ကြားမှ ချီးမွမ်းပြောဆိုမှုများ ပြုနေကြောင်း ထည့်သွင်းရေးသားသည်။

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်တွင် ဖိနှိပ်မှုများခံလာရပြီးနောက် မြန်မာနိုင်ငံတွင်း ပွင့်လင်းသည့် စနစ်ပြောင်းလဲကျင့်သုံးလာမှု အပေါ် စိတ်လှုပ်ရှားစွာဖြင့်စောင့်စားမျှော်လင့်ကြသည်မှာ ဖြစ်သင့်သောကိစ္စပင်ဖြစ်ပါသည်။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုများ အလျင်အမြန် ဖယ်ရှားပေးသည့်ကိစ္စမှာ ပြောစရာဖြစ်လာပါသည်။ အသေးစား ပြုပြင်ပြောင်းလဲမှုများ သို့မဟုတ် ပြုပြင်ပြောင်းလဲ ရေး ကတိကဝတ်များ အပေါ် ချီးမွမ်းပြောဆိုကာ မြန်မာနှင့် ကုန်သွယ်ရေး မြှင့်တင်ရန်ကြိုးပမ်းနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း အံ့အားသင့်မိ သည်။ အကြောင်းမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမြဲပင်တစေ ကျွန်ုပ်တို့ မြန်မာပြည်သူများဘက်က ရပ်တည်ခဲ့သည်ဟု ထင်မှတ်ခဲ့သော ကြောင့်ဖြစ်၏။

ကုန်ခဲ့သည့် ၂၀၀၆ ခုနှစ်တွင် ကျင်းပပြုလုပ်သော ဗြိတိန်၊ ကွန်ဆာဗေးတစ်ပါတီကွန်ဖရင့်တွင် ကျွန်ုပ်အနေဖြင့် စကားပြောခွင့်ရခဲ့သည်။ ထိုစဉ်က ကျွန်ုပ်မှာ ဆယ်ကျော်သက်အရွယ်မျှသာဖြစ်ပြီး မြန်မာစစ်တပ်က ကရင်တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှု များကြောင့် ရွာမှထွက်ပြေးခဲ့ရချိန်လည်းဖြစ်သည်။ ကျွန်ုပ်အနေဖြင့် ထိုစဉ်က ရွာမှထွက်ပြေးခဲ့ရချိန်တွင် ဗြိတိန်ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့မှာ ရန်ကုန်မြို့တွင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ညစာအတူစားနေခဲ့ကြသည်။ ကွန်ဆာဗေးတစ်ပါတီကတော့ အနာဂတ်ဗြိတိန်၏ နိုင်ငံခြားရေးမူဝါဒတွင် လူ့အခွင့်အရေး ကိစ္စကိုဦးစားပေးသွားမည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သို့သော် ယမန်နှစ်ကအဖြစ်အပျက်များကိုကြည့်ရသည်မှာ သမိုင်းမှာ လာလမ်း အတိုင်း ပြန်လျှောက်နေသည့် သဘောမျိုးဖြစ်နေသည်ကိုတွေ့ရသည်။ ကချင်တိုင်းရင်းသားများနှင့် နှစ်ပေါင်း ၁၇ နှစ်ကြာအပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ယွင်းသွားပြီးနောက် မြန်မာစစ်တပ်က အရပ်သားများနေထိုင်သည့် ကချင်ကျေးရွာများကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ တိုက်ခိုက်ပုံမှာ ကျွန်ုပ်တို့ ကရင်ကျေးရွာများကို တိုက်ခိုက်ခဲ့စဉ်က ပုံစံမျိုးပင်ဖြစ်သည်။ အမျိုးသမီးများ မုဒိမ်ကျင်ခံရပြီး လယ်သမားများမှာ လယ်ကွင်းထဲ တွင်ပစ်သတ်ခံရသည်။ လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းထွက်ပြေးကြရသည်။ ကချင်ပြည်နယ်တွင်ဖြစ်ပျက်နေမှုများမှာ ကျွန်ုပ်တွေ့ကြုံခဲ့ရသည်များနှင့် အတော်လေးပင်တူညီနေသည်။ ယင်းသို့ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ယနေ့အချိန်အထိ လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ သို့သော် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးကတော့ ကုန်သွယ်ရေးအဖွဲ့ကို ဦးဆောင်ကာ ရန်ကုန်မြို့သို့ ဒီဇင်ဘာလတွင် နောက်ထပ်တစ်ကြိမ် သွားရောက်ခဲ့သည်ဟု သိရပါသည်။

အမှန်ကိုပြောရလျှင် မြန်မာပြည်တွင်း ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုသူ အနည်းငယ်ရှိနေပါသည်။ မြန်မာနိုင်ငံရှိ မြို့ကြီးပြကြီး အတော်များများ တွင်နေထိုင်သူများအဖို့ အရပ်ဘက်လွတ်လပ်ခွင့်များ တိုးမြှင့်ရရှိနေသည်မှာလည်း မှန်ပါသည်။ သို့သော် သမ္မတ နှင့် စစ်တပ်တို့၏ တိုင်းပြည်အပေါ် ထိန်းချုပ်မှု  အကန့်အသတ်မှာမူ ယခင်အတိုင်းပင်ဖြစ်ပါသည်။ လူ့အခွင့်အရေးနှင့်ပတ်သက်သော အခြေအနေများမှာလည်း ယခင်အတိုင်းပင်ဖြစ်ပါသည်။

မြန်မာပြည်သူများအနေဖြင့် ၎င်းတို့ကြုံတွေ့နေရသော လွတ်လပ်မှုများ၏ အကန့်အသတ်ကို စမ်းသပ်ကြည့်မည်ဆိုပါက ပြုပြင်ပြောင်းလဲမှုများ မှာ သိသိသာသာ ရှိနေသလိုမျိုးပင်ဖြစ်နေသည်။ မကြာသေးခင်က ထွက်ပေါ်လာသော လွတ်လပ်စွာစုဝေးခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့်ပြုသည့် ဥပဒေနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက ချီးမွမ်းပြောဆိုမှုများပြုလုပ်ခဲ့သည်။ သို့သော် အမှန်လက်တွေ့တွင် အစိုးရအနေဖြင့် မကြိုက်မနှစ်သက်သော ဆန္ဒပြမှုများဖြစ်ပါက ဟန့်တားပစ်နိုင်သည့် အခွင့်အရေးမျိုးရအောင် ယင်းဥပဒေက ခွင့်ပြုပေးထားခြင်းသာဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒပြသူများ အားလုံး လည်း ဖမ်းဆီးခံရကာ ထောင်တွင်းတွင်ပင် စခန်းသိမ်းသွားရမည်သာဖြစ်သည်။ ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲပါသည်ဟု ကတိကဝတ်ပြုပြီး ဖြစ်သည့်တိုင် မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ကုလသမဂ္ဂနှင့် သဘောတူစာချုပ်ချုပ်ဆိုမှုများ မည်သို့ ပင်ပြုလုပ်ခဲ့သော်လည်း ကလေးစစ်သားစုဆောင်းမှုနှင့် အသုံးပြုမှုများဆက်လက်ဖြစ်ပေါ်နေဆဲပင်ဖြစ်သည်။

ဤသို့သော ဖြစ်ရပ်များက ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ရန် အားပေးအားမြှောက် ပြုခဲ့ သည့် ဗြိတိန်၊ အီးယူနှင့် အမေရိကန်ပြည်ထောင်စုအတွက် အကျပ်ရိုက်စေသော ပြဿနာများကို ဖန်တီးပေးလျက်ရှိသည်။  ထင်ထားသည့်အတိုင်း မဖြစ် သည့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်းတွေ့မြင်ထားရပြီဖြစ်သည့်အတွက် ယင်းနိုင်ငံများအနေဖြင့် ပြဿနာများကို ဖုံးကွယ် ကာ အပြုသဘောဆောင်သည့် ကိစ္စရပ်များသာ ဆွေးနွေးလိုသည့်သဘောတွင်ရှိပါသည်။ ဤမျှအတွေးတိမ်သော လုပ်ဆောင်ချက်များက သမ္မတဦးသိန်းစိန် ကို အခြေခံကျသော ပြုပြင်ပြောင်းလဲမှုများလုပ်ကိုင်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများအဆုံးသတ်ရေး အစရှိသည်တို့ လုပ်ကိုင်ရန် မလိုအပ်ဟု အားပေး အားမြှောက်ပြုသနေသကဲ့သို့ရှိပါသည်။ ပို၍ဝမ်းနည်းစရာကောင်းသည်မှာ ဦးသိန်းစိန်အနေဖြင့် ထိုသို့လုပ်ကိုင်မှုမပြုဘဲနေသည်မှာ မှန်သည်ဟူသော အတွေမျိုး မြန်မာနိုင်ငံသားအတော်များများတွင် ကိန်းအောင်းလာကြခြင်းပင်ဖြစ်သည်။

**********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive