Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၎.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ဦးဇင်းအမြင်ကတော့ ပြည်သူလူထု ဆန္ဒဖော်ထုတ်တဲ့အခါမှာ ဘယ်သူ ဘယ်ဝါဆီမှ ခွင့်တောင်းခံနေစရာ မလိုဘူး ထင်တယ်။ ဒီ ပုဒ်မ ၁၈ ကလည်း မလိုပါဘူး။ အာဏာရှင်စနစ်လက်ထက်တုန်းက သူတို့ အကျိုးစီးပွား တစ်ခုကို ကြည့်ပြီး ရေးဆွဲတဲ့ ပုဒ်မပါ။ ဘယ်သူ့ကိုမှ အကျိုးမပြုတဲ့ ပုဒ်မဖြစ်နေတယ်။ တစ်ကယ်တမ်း ပြည်သူတွေ ဘာပြောသလဲဆိုတာ နားထောင်ပြီး ဆောင်ရွက်ရင် တိုင်းပြည်က တိုးတက်မှာပါ။ ဒါ့ကြောင့် ပြည်သူ့အသံကို နားထောင်ပါလို့ပဲ ပြောချင်ပါတယ်။”

ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၂၈) တွင်ပါရှိသော “ပုဒ်မ ၁၈ အား အယုံအကြည်မရှိသဖြင့် ဆန္ဒဖော်ထုတ်ခွင့် စာတင်တော့မည် မဟုတ်ကြောင်း ဗကသ အဖွဲ့ဆို” သတင်းမှ ဂဋ္ဌုန်နီ ဆရာတော် ဦးကာဝိရ ၏ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ကြဘူးဆိုရင် လူငယ်တွေဘက်က ခုခံကာကွယ်မယ့် စိတ်ဓါတ်တွေနဲ့ လူမျိုးရေးအရ အမုန်းပွားလာပြီး စစ်မီးတွေပိုပြီးတောက်လောင်လာမယ်။ အခု စစ်ဘေးဒဏ်ကြောင့် ကချင်ဒေသမှာရှိတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ ဒုက္ခပိုခံစားနေကြရတယ်။ ဒီလိုအခြေအနေမှာ ကချင် လူငယ်တွေအနေနဲ့ ဘယ်လောက်ခံစားနေရမယ်ဆိုတာ ကျွန်တော်တို့ မွန်လူငယ်တွေကလည်း စာနာမိပါတယ်။”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် Open News Journal အတွဲ (၅) အမှတ် (၁၈) တွင်ပါရှိသော “တစ်ပြည်လုံး စစ်ပွဲရပ်ဆိုင်းပြီး အမြန်ဆုံးနိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း” သတင်းမှ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ၏ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းကူပေးပါလို့ သူ့ကို သမ္မတကြီးက နှုတ်နဲ့လည်း ပြောထားပြီးသားဖြစ်ပါတယ်။ အဲဒီတော့ သူကူညီချင်တဲ့ အခန်းကဏ္ဍမှာ ကူညီလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပြီးသား လည်း ဖြစ်ပါတယ်။ သူပါမယ်ဆိုလည်း ဝမ်းသာပါတယ်။ တစ်နေ့ပါလာမှာ ဖြစ်ပါတယ်။ သူ့ကို ကြည့်ရတာ ပင်လည်း ပင်ပန်းပါတယ်။ လက်ပံတောင်းတောင် ကိစ္စလည်းကိုင်ရ၊ သူ့ပါတီ ညီလာခံလည်း လုပ်ရ၊ သူ့ မှာလည်း အလုပ်ချိန်တော်တော်များပါတယ်။ တစ်နေ့တစ်ချိန်မှာ မျှော်လင့်သလို ပါလာမှာ ဖြစ်တယ်။”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် Open News Journal အတွဲ (၅) အမှတ် (၁၈) တွင်ပါရှိသော “ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် UNFC တိုင်းရင်းသား ကိုယ်စားပြုအဖွဲ့များ ထိုင်းတွင် ထပ်မံတွေ့ဆုံမည်” သတင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း  ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ဒီ ဥပဒေကို ဖျက်သိမ်းတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင်အားစု အားလုံးကို အရင် နဝတ အစိုးရ အာဏာတည်ဖို့၊ ၅/၉၆ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အခုဖျက်သိမ်းတယ် ဆိုပေမယ့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက်ရှိနေသေးတယ်။”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် Favourite News Journal အမှတ် (၃/၁၈၆) တွင်ပါရှိသော “ဥပဒေက ပြုတ်သွားပေမယ့် နိုင်ငံရေးသမားကိုတော့ အကျဉ်းကမထုတ်သေး” သတင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကျွန်တော်တို့နိုင်ငံက တခြားနိုင်ငံတွေထက် နောက်ကျပေမယ့် အားသာချက်ကတော့ အခြား နိုင်ငံတွေရဲ့ အကောင်း၊ အဆိုးကို သုံးသပ်ပြီး ကောင်းတာတွေကို အတုယူလုပ်ဆောင်နိုင်တယ်။ မဲခေါင်ဒေသ ကအိမ်နီးချင်း နိုင်ငံတွေနဲ့ မြန်မာနိုင်ငံဟာ ကွာခြားမှုမများတဲ့အတွက် ဒီလေ့လာမှုဟာ အကျိုးအများကြီးရှိပါတယ်”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် Favourite News Journal အမှတ် (၃/၁၈၆) တွင်ပါရှိသော “ကျေးလက်နေပြည်သူတွေများတဲ့ မြန်မာနိုင်ငံကျေးလက်ဖွံ့ဖြိုးရေး မဲခေါင်နိုင်ငံများဆွေးနွေး” သတင်းမှ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။ 

   **************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၎.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာနိုင်ငံတွင် တံခါးဖွင့်မှုကြောင့် Best  Western ပာိုတယ်အုပ်စုမျက်စိကျ

(4 Feb 2013 ရက်စွဲပါ Bloomberg မှ Nichola Saminather ရေးသားသော Myanmar opening to foreigners draws Best Western Hotels ကိုဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာကိစ္စကို လူသားချင်းစာနာသောစိတ်ဖြင့် အာဆီယံဖြေရှင်းသင့်ဟု ဆူရင်ပြောကြား

(The Nation သတင်းစာမှ 4 Feb 2013 ရက်စွဲပါ Asean must address Rohingya issue on humanitarian grounds, surin insists ကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် တံခါးဖွင့်မှုကြောင့် Best  Western ပာိုတယ်အုပ်စုမျက်စိကျ

(4 Feb 2013 ရက်စွဲပါ Bloomberg မှ Nichola Saminather ရေးသားသော Myanmar opening to foreigners draws Best Western Hotels ကိုဘာသာပြန်ဆိုသည်)

photo credit - bloomberg

ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးပိာုတယ်များဖွင့်လှစ်သည့် Best Western international Inc. သည် ပိုမိုကောင်းမွန်လာသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံတွင် ပိာုတယ်အခန်းလိုအပ်ချက်များကြောင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးရင်းနှီးမြှုပ်နှံမည်ဖြစ်ပါသည်။

၎င်းသည် Phoenix အခြေစိုက်အုပ်စုဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးအပါအဝင် နေရာများစဉ်းစားလျက်ရှိကြောင်း ဘန်ကောက်အခြေစိုက် အာရှနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတကာလုပ်ငန်းများ ဒုတိယဥက္ကဋ္ဌ Glenn de Souza က ဇန်နဝါရီ(၃၁)ရက်နေ့က မေးခွန်းများကို အီးမေးလ်ဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်သည် ဆယ်စုနှစ်ငါးခုခန့်အထီးကျန်ဖြစ်သော တိုင်းပြည်အား ဒီမိုကရေစီနှင့် ၎င်း၏ဘဏ္ဍာရေးနှင့် ပုဂ္ဂလိက အခြေခံအဆောက်အဦးကို ခေတ်မီအောင် အသွင်ပြောင်းရန် ကြိုးစားလျက်ရှိပါသည်။ ၎င်းသည် နိုင်ငံတကာ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရန် နိုဝင်ဘာလက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို လက်မှတ်ရေးထိုးခဲ့ပါသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဥပသေစ်ထွက်ပေါ်လာပြီးနောက်မှာ အခွင့်အလမ်းတွေအများကြီးရှိနေပါတယ်”ပာု de Souza ကပြောပါသည်။

“ပာိုတယ်ကဏ္ဍက လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ အထူးသဖြင့် အလယ်အလတ်အဆင့်ရှိတဲ့ပာိုတယ်တွေ လိုအပ်နေပါတယ်။ ပထမဆုံးဝင်လာတဲ့လူတွေအတွက်ကတော့ အခွင့်အလမ်းတွေအများကြီးရှိမှာပါ”ပာု ၎င်းကပြောပါသည်။

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့လာရောက်သော ဧည့်သည်များကိုကြည့်ပါက နယ်စပ်မှဝင်ရောက်သူမျာကို ထည့်သွင်းတွက်ချက်ခြင်းမပြုပါက ၂၀၁၂ တွင် ၂၀၀၈ ကထက်စာလျှင် သုံးဆခန့်တက်လာပြီး ၅၉၃၃၈၁ ဦး ရှိကြောင်း အစိုးရပာိုတယ်ခရီးဌာန၏ ကိန်းဂဏန်းများကဆိုပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ပိာုတယ်အားလုံး၏ အရေအတွက်မှာလည်း ၂၇% မြင့်တက်လာပြီး(၇၈၇)လုံးရှိလာသည်ပာု အဆိုပါ ကိန်းဂဏန်းများက ပြောပါသည်။

ပာိုတယ်ဖြည့်ဆည်းပေးနိုင်မှုထက် ခရီးသွားများရောက်ရှိလာမှုကပိုများသဖြင့် ရန်ကုန်တွင် နောက်ထပ်ငါးနှစ်မှဆယ်နှစ် ပာိုတယ်အခန်း လိုအပ်ချက်သည် အဓိကဖြစ်နေဦးမည်ပာု ဘန်ကောက်အခြေစိုက် jones Lang LaSalle Hotels မှ အကြီးတန်း ဒုဥက္ကဋ္ဌ Andrews Langdon က တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

ပျှမ်းမျှပာိုတယ်အခန်းခများမှာလည်း ကြယ်လေးပွင့်နှင့် ငါးပွင့်ပာိုတယ်များအတွက် ၂၀၁၂ ခုနှစ်တွင် ၂၀၀၈ ကထက် ၃၅% ကျော်မြင့်တက် လာပြီး ဒေါ်လာ(၁၃၀)ခန့်ရှိလာပါသည်။ ယခုနှစ်တွင် ၂၅% ခန့်တက်လာဦးမည်ပာု ၎င်းကပြောပါသည်။

အစိုးရသည် လာမည့်ဒီဇင်ဘာလတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကို လက်ခံကျင်းပနိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ရန်ကုန်တွင် ဧက(၂၀၀၀)ရှိ ပိာုတယ်ဇုန်သစ်ကို စီစဉ်လျက်ရှိသည်ပာု ပြီးခဲ့သည့်လက Xinhua သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

“မြန်မာနိုင်ငံပာာ နိုင်ငံတကာ ဧည့်သည်တွေကြားမှာ ရေပန်းစားလာပါတယ်။ နိုင်ငံတကာ ပာိုတယ်အုက်စုတွေပာာ ဈေးကွက်ကို လေ့လာနေပါတယ်။ အခွင့်အလမ်းတွေနဲ့ စွန်းစားရမယ့်အရာတွေကို လေ့လာနေပါတယ်”ပာု Langdon က ပြောပါသည်။

ရင်းနှီးမြှုပ်နှံသူများ၏ ဆွေးနွေးမှုများ

ကမ္ဘာတစ်လွှားတွင် ပိုင်ဆိုင်မှု(၄၀၀၀)ကျော်အား စီမံခန့်ခွဲနေသော Best Wester သည် မြန်မာနိုင်ငံရှိပာိုတယ်များနှင့်ပတ်သက်၍ ဖရန်ချိုက် ပေးရန်နှင့် ပိုင်ဆိုင်မှုပေးရန်နည်းလမ်းများ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးလျက်ရှိသည်ပာု de Souza ကပြောပါသည်။ အသေးစိတ် ကိုမူ ပြောကြားခြင်းမရှိပေ။ ရွေးချယ်သောနေရာနှင့် သင့်တော်မည့် အမည်  Best Western၊ Best Western Plus (သို့) Best Western Premier ကို ရွေးချယ်ရန် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာလေကြောင်းလိုင်း(၈)ခုက ပျံသန်းလျက်ရှိပြီး လက်ရှိလိုင်းများက တိုးချဲ့ပျံသန်းရန် အဆိုပြုထားသည်ပာုဆိုပါသည်။ ပြည်တွင်းပျံသန်းခြင်းများမှာလည်း တိုးတက်လာပြီး ပြည်တွင်းပထမဆုံး တန်ဖိုးနည်းလေကြောင်းလိုင်း Golden Myanmar Airline မှာလည်း စတင်နေကြောင်း ပြောဆိုပါသည်။

Best Western သည် အာရှတစ်လွှားတွင် ၂၀၁၅ ဒုတိယကွာတား၌ ပာိုတယ်(၅၅)လုံးဖွင့်လှစ်ရန် စီစဉ်ထားရာ အရှေ့တောင်အာရှ၌ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ပိုမိုများပြားစွာ ဖွင့်လှစ်မည်ပာု de Souza က ပြောပါသည်။

အာရှတွင်တိုးချဲ့ခြင်း

အင်ဒိုနီးရှားတွင် ပြည်တွင်းလိုအပ်ချက်များကြောင့် အလယ်အလတ်ဈေးကွက်ကို အာရုံပြုမည်ဖြစ်ပါသည်။ ၎င်းတို့သည် ၂၀၁၅ ဇန်နဝါရီလတွင် ပာိုတယ်(၁၅)ခု စီစဉ်ထားရာ မြို့တော် ဂျာကာတာနှင့် ဘာလီကျွန်းအပြင် တိုးတက်လာသည် Semarang၊ Samarinda နှင့် Benjamasin မြို့များတွင် ဖွင့်လှစ်မည်ဖြစ်သည်ပာု ၎င်းက ပြောပါသည်။

ထိုင်းနိုင်ငံ၏ မြို့ကြီးများဖြစ်သော ဘန်ကောက်နှင့် ဖူးခက်တို့တွင်လည်း အလယ်အလတ်ဈေးကွက်အတွက် ပိာုတယ်များဖွင့်လှစ်ရန် စီစဉ်နေပါသည်။ ထိုင်းနိုင်ငံ၌ ၂၀၁၅ ပထမကွာတားတွင် ပိာုတယ်(၇)ခု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်ပာု ၎င်းကပြောပါသည်။

အရှေ့တောင်အာရှ ဝင်ပေါက်မြို့ကြီးများတွင် ပာိုတယ်လိုအပ်ချက် တိုးတက်လာခြင်းနှင့်အတူ စိန်ခေါ်မှုများအတွက်လည်း ပူပန်မှုများရှိနေရာ၊ ရေကြီးမှုများနှင့် နိုင်ငံရေးအရ အန္တရာယ်များကိုလည်း စိတ်ပူရကြောင်း deSouza က ပြောပါသည်။

အရှေ့တောင်အာရှသည် ပာိုတယ်ဈေးကွက်၌ ကမ္ဘာပေါ်တွင် ဖြစ်ဖွယ်မရှိ အဆွဲဆောင်နိုင်ဆုံးဖြစ်လျက်ရှိဆဲဖြစ်နေကြောင်း de Souz က ပြောပါသည်။ ဒေသတွင်း ခရီးသွားကဏ္ဍသည် ကြီးစွာတိုးတက်လျက်ရှိရာ ၂၀၁၂ တွင်ဒေသတွင်းခရီးသွားမှုသည် ဂဏန်းနှစ်လုံးအထိ တိုးတက်လာကြောင်းဆိုပါသည်။

-----------------------------------------------------------------------------------------

ရိုဟင်ဂျာကိစ္စကို လူသားချင်းစာနာသောစိတ်ဖြင့် အာဆီယံဖြေရှင်းသင့်ဟု ဆူရင်ပြောကြား

(The Nation သတင်းစာမှ 4 Feb 2013 ရက်စွဲပါ Asean must address Rohingya issue on humanitarian grounds, surin insists ကိုဘာသာပြန်ဆိုသည်)

photo credit - CNA

ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာလူမျိုးများ အရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စတစ်ခုဖြစ်ပြီး အာဆီယံအနေဖြင့် လူသားချင်းစာနာထောက်ထားသော အသိစိတ်ဖြင့် ဝင်ရောက်ဖြေရှင်းသင့်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဆူရင်ပစ်ဆာဝမ်က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်ပြောကြားလိုက်သည်။

ပြဿနာ၏ အဓိကဇစ်မြစ်မှာ ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ်အသိအမှတ်မပြုသော မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်တွင်း ဥပဒေများပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင်းမှ အခြားသောအုပ်စုများကလည်း ရခိုင်ပြည်နယ်တွင် အဓိကအခြေချနေထိုင်သော ရိုဟင်ဂျာလူမျိုး ရှစ်သိန်းခန့်အား အသိအမှတ်ပြုခြင်းမရှိကြောင်း အာဆီယံအတွင်းရေးမှူးဟောင်း ဆူရင်ပစ်ဆာဝမ်ကဆိုသည်။

“ဒီပြဿနာကို တဖြည်းဖြည်းချင်း ကိုင်တွယ်ဖြေရှင်းသွားရမှာပါ။ ဘာကြောင့်လဲဆိုတော့ ပြင်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေက စိုးရိမ်ပူပန်နေကြလို့ပါပဲ။ ကုလသမဂ္ဂကတော့ ရိုဟင်ဂျာကိစ္စကိုလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့လည်း ဂရုတစိုက်နဲ့ လုပ်ကိုင်သွားဖို့လိုပါတယ်။ အာဆီယံအနေနဲ့ကတော့ လူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့ ဖြေရှင်းပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ဤအတောအတွင်းမှာပင် မလေးရှားမှ လှေငယ်ဖြင့် ထိုင်းနိုင်ငံထဲသို့ ရိုဟင်ဂျာ ၁၄၅ ဦး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်ရောက်ရှိလာသည်။ ၎င်းတို့ကိုထိုင်းနိုင်ငံက ရေနှင့်အခြားသော အကူအညီထောက်ပံ့မှုများရရှိခဲ့ပြီးနောက် ထိုင်းရေပိုင်နက်ပြင်ပသို့ ဆွဲထုတ်ခြင်းခံလိုက်ရသည်။ ၎င်းတို့ထဲတွင် အမျိုးသမီးနှစ်ဦးနှင့် ကလေးနှစ်ဦးပါဝင်သည်ဟုသိရသည်။

ထိုင်းရေကြောင်းရဲတပ်ဖွဲ့ဝင်များအဆိုအရ ယင်းရိုဟင်ဂျာများကို ဖမ်းဆီးထိန်းသိမ်းမှုများမပြုလုပ်ခဲ့ကြောင်း၊ အကြောင်းမှာ ၎င်းတို့အတွက် ခိုလှုံနေထိုင်စရာများ အလုံအလောက်ပေးနိုင်မည်မဟုတ်သောကြောင့်ဖြစ်ကြောင်း၊ ရိုဟင်ဂျာများမှာ ခြေကုန်လက်ပန်းကျနေပြီး ဆာလောင်မွတ်သိပ် နေကြသော်လည်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ပေးအပ်ထားသည့် အစားအစာနှင့် အခြားဆေးဝါးများ ထောက်ပံ့အပ်လိုက်ရခြင်းမရှိကြောင်းသိရသည်။

ထိုင်းအခြေစိုက် သတင်းထောက်များကမူ ယင်းရိုဟင်ဂျာများကို အထောက်အပံ့များပေးအပ်သည့်ကိစ္စအပေါ် သတင်းရယူရန် ရေကြောင်း ရဲတပ်ဖွဲ့ဝင်များနောက်သို့ လိုက်ခွင့်မရရှိလိုက်သည့်အတွက် မကျေမနပ်ဖြစ်ကာ ဝေဖန်ပြောဆိုခဲ့ကြသည်။ ရေကြောင်းရဲတပ်ဖွဲ့မူ သတင်းထောက်များ ရှိနေပါက ရိုဟင်ဂျာများအကြား အထိတ်တလန့်ဖြစ်နေမည်ကိုစိုးရိမ်သောကြောင့်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

***************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၎.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံကို အားဖြည့်ပေးရန် ကီဒန်ရင်ကုန်သွယ်ရေးအသင်းစီစဉ်

(The Japan Times မှ 4 Feb 2013 ရက်စွဲပါ “Keidanren set to make splash in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ တယ်လီဖုန်းဂိမ်းကို နိုင်ငံတကာကုမ္ပဏီများ စိတ်ဝင်စား

(Business Standard မှ 4 Feb 2013 ရက်စွဲပါ “Global telcos eye big game in Myanmar” သတင်းကို ဘာသာပြန်ပါသည်)

  1. မြန်မာနှင့် ကေအိုင်အေတို့ ရွှေလီတွင်တွေ့ဆုံဆွေးနွေးမည်

(2 February 2013 ရက်စွဲပါ AlertNet ပါ Reuters ၏ “Myanmar to hold peace talks in China with Kachin rebels”  ကို ဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံကို အားဖြည့်ပေးရန် ကီဒန်ရင်ကုန်သွယ်ရေးအသင်းစီစဉ်

(The Japan Times မှ 4 Feb 2013 ရက်စွဲပါ “Keidanren set to make splash in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

Japan Business Federation ပာုလည်း လူသိများသော ဂျပန်သြဇာကြီး ကုန်သွယ်ရေးအသင်း ကီဒန်ရင်သည် တနင်္လာနေ့မှ စနေနေ့အတွင်း မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ အကြီးစားကုန်သွယ်ရေးမစ်ရှင် စေလွှတ်ရန် စီစဉ်နေပါသည်။

နှေးကွေးစွာ ဒီမိုကရေစီကူးပြောင်းနေသော မြန်မာနိုင်ငံ၌ စီးပွားရေးအခွင့်အလမ်းများ ကြီးထွားလာတော့မည်ပာု မျှော်လင့်ရသောအချိန်တွင် နိုင်ငံ၏တရားဥပဒေသည် အပြစ်အနာအဆာများအပါအဝင် ဂျပန်ကုမ္ပဏီများ စီးပွားရေးလုပ်ရာ၌ ပာန့်တားနေသော ပြဿနာများကို ဖြေရှင်းပေးသွားရန် ကီဒန်ရင်က မျှော်လင့်နေသည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၁ တွင် အာဏာရလာပြီးနောက်ပိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အတက်ပြလာခြင်းကို အသိအမှတ်ပြု တုန့်ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံကုန်သွယ်မှုတားမြစ်ချက်များကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက ဖြေလျော့ ရုတ်သိမ်းပေးထားကြသည်။

စီးပွားရေးခေါင်းပြူစပြုလာသော မြန်မာနိုင်ငံ၏ကြွေးမြီအချို့ကို မကြာသေးမီက ပယ်ဖျက်ပေးလိုက်သော ဂျပန်နိုင်ငံက ၂၆ နှစ်အတွင်း ပထမဦးဆုံးအဖြစ် မတ်လကုန်တွင် အတိုးနည်းချေးငွေ အစီအစဉ်ပြန်စရန် စီစဉ်နေပါသည်။

သို့သော် ကီဒန်ရင်အဖွဲ့အစည်း၏ အစီအစဉ်နှင့် နီးစပ်သူတစ်ဦးက “မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလက်ခံရန် မလုံလောက်သော စွမ်းရည်ကိုသာ ပိုင်ဆိုင်ထားသည်။ လူသားရင်းမြစ်တိုးတက်ဖို့ အလွန်အရေးကြီးသည်”ပာု သုံးသပ်ပြောဆိုသည်။

ကီဒန်ရင်အဖွဲ့၏ဥက္ကဋ္ဌ ပီာရိုမာဆာယိုနီကူရာ ဦးဆောင်သော မစ်ရှင်အဖွဲ့သည် မြန်မာတို့အတွက် ပညာသင်စကောလားရှစ်အစီအစဉ် အကောင်အထည်ဖော်ရေး၊ ဂျပန်တွင် လုပ်ငန်းခွင်လေ့ကျင့်ရေးအခွင့်အလမ်းများ ဖြည့်ဆည်းပေးရေးတို့အပါအဝင် လူသားရင်းမြစ်ဖွံ့ဖြိုးရေး အစီအစဉ်များကို တွန်းအားပေးရန် မျှော်လင့်ထားပါသည်။

လိုက်ပါမည့်သူအများဆုံး မှတ်တမ်းဝင်မည့် ကီဒန်ရင်ကိုယ်စားလှယ်အဖွဲ့တွင် ၁၄၀ ခန့်ပါဝင်မည်ဖြစ်ပြီး ယိုနီကူရာသည်လည်း မြန်မာနိုင်ငံရောက် ပထမဆုံး ကီဒန်ရင်အဖွဲ့ဥက္ကဋ္ဌဖြစ်လာမည်ဖြစ်သည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် ကီဒန်ရင်ဥက္ကဋ္ဌအပါအဝင် အကြီးတန်းတာဝန်ရှိသူ ၂၀ နှင့်အတူ မီးရထားလုပ်ငန်းမှသည် အာမခံနှင့် သတ္တုလုပ်ငန်း အဆုံး အဖွဲ့ဝင်ကုမဏီ ၇၀ ခန့်၏ ဥက္ကဋ္ဌများလည်း လိုက်ပါသွားကြမည်ပာု သိရှိရသည်။

------------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ တယ်လီဖုန်းဂိမ်းကို နိုင်ငံတကာကုမ္ပဏီများ စိတ်ဝင်စား

(Business Standard မှ 4 Feb 2013 ရက်စွဲပါ “Global telcos eye big game in Myanmar” သတင်းကို ဘာသာပြန်ပါသည်)

photo credit - wall street journal

ကမ္ဘာ့အသေးစားဈေးကွက်များထဲတွင် မိုဘိုင်းဖုန်းပျံ့နှံမှု ၉ ရာခိုင်နှုန်းနှင့် လူဦးရေ သန်း ၆၀ သာရှိသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ တယ်လီကွမ်းကုမ္ပဏီများအတွက် ယခုလို ပေါ်ပြူလာ ဖြစ်နေခြင်းမှာ အံ့အားသင့်စရာပင် ဖြစ်ပါသည်။ အထူးသဖြင့် (မိုဘိုင်းဖုန်းသုံးစွဲသူ ၆.၆၇ သန်းရှိသည့်) ဂျာမူုးနှင့် ကက်ရှ်မီးယားထက်ပင် မြန်မာဈေးကွက်က ပို၍ သေးငယ်နေသည်။

ပြီးခဲ့သော အပတ်အတွင်း မြန်မာအစိုးရက နိုင်ငံခြားကုမ္ပဏီများ ပထမဆုံးချပေးမည့် အော်ပရေတာ လိုင်စင် နှစ်ခုအတွက် Telenor, Sing Tel, ST Telemedia ,  အိန္ဒိယ၏ Bharti Airtel  တို့အပါအဝင် အခြားနိုင်ငံတကာ ကုမ္ပဏီ ၁၆ ခုခန့်က စိတ်ဝင်စားကြောင်း အဆိုပြုလွှာတင်ခဲ့ကြသည်။

ယခင်က စစ်အုပ်ချုပ်ရေးကာလတွင် အစိုးရက မတန်တဆဈေးနှုန်းဖြင့် လက်ဝါးကြီးအုပ်ထားသော တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တံခါးပိတ်ထားခဲ့ပါသည်။ သို့သော် သမ္မတဦးသိန်းစိန် လက်ထက်တွင် နိုင်ငံခြားပိုင်ဆိုင်မှု ၁၀၀% ခွင့်ပြုမည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ကုမ္ပဏီများအား တယ်လီဖုန်း အော်ပရေတာလိုင်စင် နှစ်ခုချပေးတော့မည် ဖြစ်သည်။

လက်ရှိကာလတွင် မိုင်ဘိုင်းဖုန်း ၉% ခန့်နှင့် လိုင်းဖုန်း ၁% သာ ပြန့်နှံသုံးစွဲမှုရှိသော မြန်မာနိုင်ငံသည် ၂၀၁၆  တွင် ၈၀% ထိုးဖောက်ပျံ့နှံနိုင်ရန် ရည်မှန်းထားသောကြောင့် ယခုကဲ့သို့ ဆွဲဆောင်အားကောင်းနေခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ လက်ရှိ ဒေလီ GSM ဈေးကွက် နီးပါးရှိသော မိုဘိုင်းဖုန်း ၄၅ သန်းခန့်ကို ၃ နှစ်အတွင်း တိုးပွားစေမည့် သဘောပင်ဖြစ်သည်။ ထို့အပြင် ဖန်မျှင် ဖိုင်ဘာကြိုး ကီလိုမီတာထောင်ချီသွယ်တန်းခြင်း၊ လက်ရှိ ၁၈၀၀ ခန့်သာရှိသော တာဝါတိုင်များကို ၁၅,၀၀၀ ကျော်အောင်တိုးချဲ့ တည်ဆောက်ခြင်းတို့ပါဝင် ပြီး ရင်းနှီးမြှုပ်နှံငွေဒေါ်လာ ၉ ဘီလျံကျော် လိုအပ်လိမ့်မည်ဟု သိရှိရသည်။

လက်ရှိ အိန္ဒိယနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲသူဖောက်သည် ၁၈၅ သန်းရရှိထားပြီး ဈေးကွက်အေးနေသော Bharti ကုမ္ပဏီအတွက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးဈေးကွက်တစ်ခုပင် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နှင့် သီရိလကာင်္တွင် ဖောက်သည် ၇.၄ သန်းစီ အသီးသီးရရှိ ထားသော Bharti ကုမ္ပဏီအနေဖြင့် မြန်မာဈေးကွက်ကို ထိန်းချုပ်နိုင်ပါက ဒေသတွင်း အဆင့်တက်လာပေလိမ့်မည်။

အိန္ဒိယကုမ္ပဏီသည် အာဖရိကတိုက်တွင် တွင်ကျယ်စွာ သုံးစွဲနေသော ကုန်ကျစရိတ်သက်သာသည့်ပုံစံကို မိတ်ဆက်ပေးနိုင်သဖြင့် မြန်မာတို့တက်နိုင်သော မိုဘိုင်းဖုန်းနယ်ပယ်ကို ပြုလုပ်ပေးနိုင်ပါသည်။

သို့ရာတွင် မြန်မာဈေးကွက်သည် အခွင့်အလမ်းကြီးမားသည့်တိုင်အောင် နိုင်ငံတွင်းတည်ငြိမ်မှုသိပ်မရှိခြင်း၊ လွတ်လပ်သော တယ်လီဖုန်း ဥပဒေစနစ်မရှိခြင်း၊ အဂတိလိုက်စားမှုများ ကြီးထွားနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု လုံခြုံစိတ်ချရေးအပေါ် သံသယရှိနေခြင်း စသော စိန်ခေါ်မှုများကလည်း ကြီးမားလွန်းပေသည်။

မကြာသေးမီရက်ပိုင်းကပင် ဆက်သွယ်ရေးဝန်ကြီးမှာ အဂတိလိုက်စားမှုများကြောင့် ရာထူးမှနုတ်ထွက်ပေးခဲ့ရသည်။ ယင်းသို့သော အဂတိလိုက်စားမှုများက ဆက်သွယ်ရေးကဏ္ဍ ပွင့်လင်းလွတ်လပ်ရေး ကြိုးပမ်းမှုများ ပျက်ပြားအောင် ခြိမ်းခြောက်ခဲ့ပြီး တယ်လီဖုန်းအော်ပရေတာ လိုင်စင်အတွက် တင်ဒါအဆိုပြုလွှာတင်ရန် နောက်ဆုံးရက်ကိုပါ ဖိအားပေးခံခဲ့ရသည်ဟု သိရှိရသည်။

-------------------------------------------------------------------------------------------

မြန်မာနှင့် ကေအိုင်အေတို့ ရွှေလီတွင်တွေ့ဆုံဆွေးနွေးမည်

(2 February 2013 ရက်စွဲပါ AlertNet ပါ Reuters ၏ “Myanmar to hold peace talks in China with Kachin rebels”  ကို ဘာသာပြန်ပါသည်)

photo credit - AP

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ၎င်းသည် ရှေ့လာမည့်အပတ်တွင် တရုတ်နိုင်ငံ၌ မြန်မာအစိုးရနှင့် ဆွေးနွေးရန် သဘောတူခဲ့သည်ဟု စနေနေ့က ပြောကြားလိုက်ပါသည်။

KIA က ကြေညာချက်တွင် ဆွေးနွေးပွဲတွင် တရုတ်အစိုးရသည် သက်သေအဖြစ်လည်းကောင်း၊ ကြားဝင်ညှိနှိုင်းသူအဖြစ်လည်းကောင်း ပါဝင်မည် ဖြစ်ပြီး ကမ္ဘာတစ်လွှားရှိ ကချင်အသိုင်းအဝိုင်း၊ မိတ်ဆွေများနှင့်ထောက်ခံသူများ ၎င်းတို့ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် တိုက်တွန်းထား ပါသည်။

ဆွေးနွေးပွဲကို တနလာင်္နေ့တွင် တရုတ်နယ်စပ်မြို့ ရွှေလီတွင် ကျင်းပမည်ဖြစ်ပါသည်။ ရွှေလီမြို့သည် ၂၀၁၁ ခုနှစ်ဖွန်လ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက်ပိုင်း သုံးကြိမ်ဆွေးနွေးပွဲလက်ခံ ကျင်းပပေးခဲ့ပါသည်။ မြန်မာအစိုးရနှင့် KIA သည် အနည်းဆုံး ၈ ကြိမ်တွေ့ဆုံခဲ့ပြီးသော်လည်း အပစ်အခတ်ရပ်စဲရေးအတွက် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ပေ။

တိုက်ပွဲများတွင် မြန်မာအစိုးရဘက်မှ ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များသုံး၍ တိုက်ခိုက်ခဲ့သဖြင့် အရှိန်မြင့်လာမှုကို တရုတ်က စိုးရိမ်လာပါသည်။

ထာဝရငြိမ်းချမ်းရေးအတွက် သဘောတူညီမှုရရန်ခက်ခဲလျက်ရှိပါသည်။ သို့သော် အနည်းဆုံး တစ်ဖက်ဖက်သည် ၎င်း၏ ရပ်တည်ချက် ပျော့ပြောင်းရန် လိုအပ်ပါသည်။ မြန်မာအစိုးရသည် ပထမဦးစွာ အပစ်အခတ်ရပ်စဲရေးကို သဘောတူလက်မှတ်ရေးထိုးရန် လိုလားလျက်ရှိသော်လည်း KIA က နိုင်ငံရေးအရ သဘောတူညီချက်ရရန်အချက်အလက်များ ခိုင်မာမှုမရှိသေးပါက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ရန် ငြင်းဆိုခဲ့ပါသည်။

တိုက်ပွဲများကြောင့် သမ္မတဦးသိန်းစိန်သည် မြန်မာစစ်တပ်အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်မှု ရှိမရှိ သံသယဝင်စရာ ဖြစ်ခဲ့ရပါသည်။ ဦးသိန်းစိန်သည် မြန်မာစစ်တပ်က KIA အား ထိုးစစ်ဆင်ခြင်း မပြုရန် အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပါသည်။ သို့သော် သူပုန်များ၊ မျက်မြင်သက်သေများနှင့် လွတ်လပ်သောသတင်းစာ ဆရာများက ပြောကြားရာတွင် မြန်မာစစ်တပ်သည် သမ္မတ၏ ပြောဆိုမှုကို အလေးမထားဟု ဆိုပါသည်။

မြန်မာအစိုးရသည် သောကြာနေ့က နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ကြေညာချက်ထုတ်ပြန်ရာတွင် ၎င်းသည် KIA နှင့် ၎င်း၏နိုင်ငံရေးအဖွဲ့ KIO တို့ဖြင့် ဆွေးနွေးပွဲကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ဆိုပါသည်။ ရပြီးသော အခြားတိုင်းရင်းသားအုပ်စုများကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တွေ့ဆုံဆွေးနွေး မှုကို ကူညီမည်ဖြစ်ကြောင်း ဆိုခဲ့ပါသည်။

အစိုးရနှင့် KIA မှ ကိုယ်စားလှယ်များသည် တနလာင်္နေ့ဆွေးနွေးရာတွင် ပါဝင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူအစိုးရဖက်မှ ကြားဝင်ညှိနှိုင်း ပေးသူတစ်ဦးက Reuters သို့ပြောပါသည်။

**********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive