Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၉.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“စစ်ပွဲတွေရပ်ထားရမှာတော့ သေချာပါတယ်။ ညှိနှိုင်းမှုတွေ လိုဦးမှာပါ။ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ကြမယ်လို့ သဘောတူကြတဲ့အတွက် လက်တွေ့ အကောင်အထည်ဖော်နိုင်ရင် ငြိမ်းချမ်းရေးဖြစ်သွားနိုင်ပါတယ်။”

ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၅) တွင်ပါရှိသော “ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှသည် ပြည်ထောင်စုစနစ်ဆီသို့” သတင်းမှ ကေအိုင်အေမှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                 ************************************************************

“နောင်မှာသက်သာတဲ့ အတိုးနှုန်းချေးငွေတွေကို ဦးစားပေးပြီးတော့ ပြည်သူကို တိုက်ရိုက်အကျိုးပြုစီမံကိန်း ဦးစားပေးဆောင်ရွက်ပါ့မယ်။ အခုလို ကြွေးမြီ ပြဿနာမတင်အောင် ဆောင်ရွက်ပါ့မယ်။ တစ်ချိန်အကြွေးယူနိုင်ငံကနေ အကြွေးရှင်နိုင်ငံ ဖြစ်လာအောင် ကြိုးစားမယ်။”

ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၅)တွင်ပါရှိသော “တိုင်းပြည် အကျပ်အတည်းမဖြစ်အောင် အကြွေးသစ်တွေထပ်မတင်ဖို့ ထည့်သွင်းစဉ်းစားပေးပါ”သတင်းမှ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

***************************************************************

“ဝန်ကြီးဦးအောင်မင်းကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ UNFC ကို ဒီလဖေဖော်ဝါရီ ၉ ရက်မှာ ဆွေးနွေးဖို့ တရားဝင် စာပို့ပြီးတောင်းဆိုထားတယ်။ ဒါပေမယ့် ဟိုဘက်ကလည်း သူတို့ပြန်ပြီး ဆွေးနွေးဖို့ အချိန်တွေကြည့်ပြီးတော့ ၁၆ ရက်၊ ၁၇ ရက်နောက်ပိုင်းမှသာ ဆွေးနွေးနိုင်မယ့် အကြောင်းကြားစာပြန်ပို့တယ်။ အဲဒါကိုကြည့်ရင် လာမယ့် ၁၉ ရက်၊ ၂၀ ရက်လောက်မှာတော့ Political Dialogue လုပ်ဖို့အတွက် ပထမ Frame Work တစ်ခုစပြီး ဆွေးနွေးနိုင်မယ်လို့ ထင်တယ်”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Street View ဂျာနယ် အတွဲ (၂) အမှတ် (၆)တွင်ပါရှိသော “ပြည်တွင်း ငြိမ်းချမ်းရေးအတွက် UNFC နှင့် နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်နိုင်တော့မည်”သတင်းမှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

*******************************************************************

“လွှတ်တော်ကိုထိခိုက်လို့ ထင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရတော့ အကြောင်းမဟုတ်ပါဘူး။ သဘောထားတွေကတော့ ကွဲလွဲပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဝေဖန်တာတွေ၊ ထောက်ပြတာတွေ လုပ်လို့ရပါတယ်။ အပြစ်ပြောတာလည်း လုပ်နိုင်ပါတယ်။ ဒါပေမဲ့ မစော်ကားသင့်ပါဘူး။ ဒီမိုကရေစီဆိုပြီး ရပ်ကွက်ကို အော်ဆဲလို့ရမလား၊ ပုဂ္ဂိုလ်တစ်ဦးချင်းက အကြောင်းမဟုတ်ပေမယ့် အဖွဲ့အစည်းတစ်ခုကို ကျုးလွန်စော်ကားတာမျိုးတော့ လူသားတွေရဲ့ လိုက်နာရမယ့် စည်းတော့စောင့်ထိန်းသင့်ပါတယ်။”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Street View ဂျာနယ် အတွဲ (၂) အမှတ် (၆)တွင်ပါရှိသော “ဒေါက်တာဆိတ်ဖွားအတွက် စုံစမ်းရေးကော်မတီ အဖွဲ့ဝင်စာရင်း တရားဝင်ထုတ်ပြန်” သတင်းမှ ဦးမျိုးသန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၏ ပြောကြားချက်အား ကောက်နှုတ်ချက်။        

                                *********************************************************************************

 “ကျွန်တော်တို့မှာ ဒီနေ့တွေ့နေရတဲ့ ဟာကတော့ စီမံကိန်းတွေအများကြီးပဲ၊ အသစ်လုပ်မယ့် စီမံကိန်းတွေလည်း အများကြီးပဲ၊ အဟောင်းတွေအများကြီး ဖြစ်ပြီးတော့ ဘယ်စီမံကိန်းဟာ ဘယ်နှစ်မှာပြီးမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါဘူး။ ဘယ်စီမံကိန်းကို ဘယ်နှစ်မှာ ဘယ်လောက်သုံးမယ်ဆိုတဲ့ သတ်မှတ် ချက်လဲ မရှိတဲ့အတွက် အခက်အခဲရှိသလို စီမံကိန်းတစ်ခု တင်ပြလာပြီဆိုရင် ဒီစီမံကိန်းကို ဆောင်ရွက်တဲ့အခါမှာ အကျိုးသက်ရောက်မှု ဘယ်လောက် ကောင်း၊မကောင်း ။ ပြီးတဲ့အခါ ဒီစီမံကိန်းကပေါ်လာမယ့် အကျိုးအမြတ်ရှိ၊ မရှိစသဖြင့် ဒီဟာတွေတွက်ဆပြီးတော့ ဒီစီမံကိန်းတွေ မရှိမဖြစ်၊ မလုပ်မဖြစ် လုပ်ရမယ်ဆိုရင် ဘယ်နှစ်ကစမယ်၊ ဘယ်နှစ်မှာပြီးမယ်၊ ဘယ်နှစ်မှာ ဘယ်လောက်သုံးမယ်ဆိုတာက အစနောက်ပိုင်းမှာ ဆောင်ရွက်ရမယ့် ကိစ္စများဖြစ်ပါ တယ် ။”

ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၅) တွင်ပါရှိသော “စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေမရှိပါ” သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                 *****************************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၉.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် UNFC တို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် နိုင်ငံရေးဆွေးနွေးဖွယ်ရှိ
  2. တိုင်းဒေသကြီးလေးခုရှိ NGO အဖွဲ့ လေးခုအား MFF နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ သိန်း ၂၀၀ ထောက်ပံ့ကူညီ
  3. နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မြန်မာမူးယစ်ဆေးဝါးထုတ်လုပ်မှု တိုက်ဖျက်မည်
  4. မြန်မာနိုင်ငံ၏ ပိုက်နက်အတွင်း အိန္ဒိယလက်နက်ကိုင်သူပုန် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိ

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

 အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် UNFC တို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် နိုင်ငံရေးဆွေးနွေးဖွယ်ရှိ

မြန်မာနိုင်ငံအတွင်း ပြည်တွင်းငြိမ်းချမ်းရေး လုံးဝရရှိနိုင်စေရန် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC တို့မှ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့များတွင် နိုင်ငံရေးဆွေးနွေးပွဲ Frame Work ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌဦးအောင်မင်းမှ UNFC နှင့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နိုင်ငံရေးဆွေးနွေးရန် တရားဝင်စာပို့တောင်းဆိုခဲ့ပြီး UNFC မှ ဖေဖော်ဝါရီ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့ နောက်ပိုင်းကာလများမှသာ ဆွေးနွေးနိုင်မည်ပာု ပြန်လည်အကြောင်း ကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ပထမအဆင့် အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ဦးစွာဆောင်ရွက်မည် ဖြစ်သည့်အပြင် ဒုတိယအဆင့်အနေဖြင့် နိုင်ငံရေးဆွေးနွေးမှု (Political Dialogue) အား ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။.

အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အချက်(၅)ချက်ပါ နှစ်ဘက်သဘောတူညီချက် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိ အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်(၁၁)ဖွဲ့အနက်(၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

YC

***********************************************

တိုင်းဒေသကြီးလေးခုရှိ NGO အဖွဲ့ လေးခုအား MFF နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ သိန်း ၂၀၀ ထောက်ပံ့ကူညီ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့မှ ရန်ကုန်တိုင်းဒေသကြီးရှိ မင်္ဂလာပရပိာတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရှိ ပညာ့ဗိမာန်ပရိပိာတဘုန်းတော်ကြီးကျောင်း၊ံ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်းရှိ မိဘမဲ့မသန်မစွမ်းကလေးငယ်များအား ပညာသင်စရိတ်နှင့် မကွေးတိုင်ဒေသကြီး မင်းဘူးမြို့နယ် မဇ္စျိမလွင်ပြင်ကွန်ရက်တို့ရှိ ကလေးငယ်များ၏ ပညာသင် စရိတ်တို့အတွက် ကျပ်သိန်း ၂၀၀ ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ လှူဒါန်းငွေပေးအပ်ရခြင်းမှာ မြန်မာနေရှင်နယ်လိဂ်(MNL)ပြိုင်ပွဲဝင် အသင်းများ၏ ပရပိာတစိတ်ဖြင့် အမျိုးအကျိုးသယ်ပိုးနေသည့် ပရိပိာတဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် လူမှုကွန်ရက်အဖွဲ့များကို တက်စွမ်းသမျှ ကူညီပေးခဲ့ခြင်းဖြစ်သည့်အပြင် မိသားစု၏စီးပွားရေး အခက်အခဲများကြောင့် ပညာသင်ကြားနိုင်ခြင်းမရှိခဲ့သည့် ကလေးငယ်များ လမ်းမှားမရောက်သွားစေနိုင်ရန်တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)အနေဖြင့်လည်း ကွန်မြူနတီဖလားပြိုင်ပွဲကို နှစ်စဉ်ကျင်းပသွားမည် ဖြစ်သကဲ့သို့ နိုင်ငံတွင်းရှိ ပရပိာတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် လူမှုဖွဲ့အစည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ လှူဒါန်းခဲ့သည့် လှူဒါန်းငွေများကို ၂၀၁၃ ခုနှစ် ကွန်မြူနတီဖလားပြိုင်ပွဲက ရရှိခဲ့သည့် ကွင်းဝင်ကြေး နှင့် MNL အသင်းပိုင်ရှင်များ စုပေါင်းလှူဒါန်းသည့် ကျပ်သိန်း ၁၀၀ နှင့် ဧရာဝတီဖောင်းဒေးရှင်းဥက္ကဋ္ဌမှ လှူဒါန်းသည့်ကျပ်သိန်း ၁၀၀ တို့ဖြင့် ပရပိာတကျောင်းများနှင့် လူမှုရေး အဖွဲ့အစည်းများအား ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

***************************************************

နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မြန်မာမူးယစ်ဆေးဝါးထုတ်လုပ်မှု တိုက်ဖျက်မည်

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါး ဒုတိယအများဆုံးထုတ်လုပ်လျက်ရှိကြောင်း နိုင်ငံတကာမှ သတ်မှတ်ထားသည့် အတွက် မြန်မာနိုင်ငံတော်အစိုးရ အဖွဲ့အစည်းဌာနပေါင်း ၁၄ ဖွဲ့၊ ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများကို တိုက်ဖျက်ချေမှူန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗပာို) (MANA)မှမူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေး၊ ထုတ်လုပ်မှု လျှော့ချရေးနှင့် ရောဂါအန္တရာယ်လျှော့ချရေးများကို မူးယစ်ဆေးဝါးဆန့်ကျင်ရေး အမျိုးသားရေးဝါဒအဖြစ် ဒုတိယ(၅)နှစ်စီမံကိန်းကို ၂၀၁၉ ခုနှစ်အထိ လုပ်ဆောင်လျက်ရှိကြောင်း MANA အသင်း(ဗပာို)ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းမှ ဗိုလ်တစ်ထောင်မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၊ ပညာပေး ပောာပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ပညာပေးပောာပြောပွဲတွင် MANA လူထုဆက်ဆံရေး သံတမန်အဆိုတော် ဖြူဖြုကျော်သိန်း၊ လူထုဆက်ဆံရေး MANA ဇာတ်မင်းသား မိုးမင်း၊ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌဦးလူမင်း၊ သရုပ်ဆောင် ဒါရိုက်တာ ညိုမင်းလွင်တို့မှ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အတွေ့အကြုံများကို အမျိုးသား စီမံခန့်ခွဲမှု ပညာရေးကောလိပ်ရှိ ကျောင်းသူ၊ ကျောင်းသားများအား ပညာပေးပောာပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ဝက်ထီးကန်စခန်းနှင့် ရွာသာကြီးစခန်းနှစ်ခုတွင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဆေးလာရောက် ဖြတ်သူဦးရေ ၂၇၇၀ ဦး၊ ဘီပိုး၊ စီပိုး၊ HIV လျှော့ချရေး ဆေးကုသဦးရေ ၂၉၀၀ ကျော်ရှိပြီး ဆေးလာရောက် ဖြတ်သူများအတွက် ဘိန်းအစားထိုး တိုက်ကျွေးဆေးဝါးများကို နယူးဇီလန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ UN ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံ ဆေးဝါး စက်ရုံမှ ဆေးဝါးများဖြင့်တိုက်ကျွေးကုသလျက်ရှိကြောင်း သိရသည်။

YC

*************************************************************

မြန်မာနိုင်ငံ၏ ပိုက်နက်အတွင်း အိန္ဒိယလက်နက်ကိုင်သူပုန် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိ

မြန်မာနိုင်ငံပိုင်နက်အတွင်း အိန္ဒိယ လက်နက်ကိုင် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိကြောင်း မြန်မာရဲတပ်ဖွဲ့ စာမျက်နှာ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ အိန္ဒိယသူပုန်အဖွဲ့များမှာ PLA၊ ULFA၊ PREPAK၊ KCP၊ KYKL၊ RPF၊ UNLF၊ Manipur Naga Revolutionary Front(MNRF)၊ The Katampur Liberation Organisation၊ KLO of Assam စသည်အဖွဲ့များဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တမူးမြို့၌ လက်နက်ငယ်မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံအလုံး ၆၀၊ နင်းမိုင်း ၂၃ ခု၊ ကျည်မျိုးစုံ ၇၉၀၇ တောင့်၊ ယမ်းတောင့် ၂၅၁ တောင့်၊ ယမ်းကြိုးခွေ ၄ ခွေတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအားပုန်ကန်၍ တမူးမြို့နယ်အတွင်း အခြေချနေထိုင်လျက်ရှိသည့် မဏိပူသူပုန်အဖွဲ့များအနက် The United Peoples’s Party of Kangleipak(UPPK)အဖွဲ့သည် လက်ရှိအချိန်တွင် အိန္ဒိယအစိုးရနှင့် အဆက်အသွယ်ရယူ၍ မြန်မာ-မဏိပူရနယ်စပ်အားဖြတ်ကျော်ကာ မိုရေးမြို့သို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း မဇ္ဈိမအင်တာနက်သတင်းတွင် ဖော်ပြပါရှိသည်။

UPPK အဖွဲ့မှ ထိပ်တန်းခေါင်းဆောင်အချို့အပါအဝင် အဖွဲ့ဝင် ၄၅ ဦးပါဝင်သည့်အဖွဲ့သည် မြန်မာ-မဏီပူရနယ်စပ်အားကျော်ဖြတ်နိုင်ရန် မဏိပူရပြည်နယ်ထောက်ဘား(Thoubal)ခရိုင် ရဲကွန်မန်ဒိုအဖွဲ့က မိုရေးမြို့မှ ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မဏိပူရပြည်နယ်၌ နာဂတော်လှန်ရေးတပ်ဦးနှင့် အာသံ(Katampur)လွတ်မြောက်ရေးအဖွဲ့တို့ တမူးမြို့နယ်ခွဲ လိုင်ဘုတ် (Leipok)အရပ်တွင် စခန်းချနေထိုင်လျက်ရှိကြောင်း သိရသည်။

YC

 

 *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive