Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၁၇.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ဒီဥပဒေအရတိုင်ကြားလာရင် မည်သူ့ကိုမဆို ကော်မရှင်ကစစ်ဆေးခွင့်ရှိပြီး သက်ဆိုင်ရာတရားရုံးတွေကို တရားစွဲဆိုတင်ပို့ခွင့်ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက ဝန်ကြီးချုပ်အဆင့်ရှိ ပုဂ္ဂိုလ်တွေကို စစ်ဆေးဖို့ရှိလာရင် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တရားရုံးတွေကို ဒီဥပဒေအရ စစ်ဆေးအရေးယူခွင့်ပေးထားပါတယ်။ ဒီ တရားရုံးများအပေါ်မှာ အုပ်ချုပ်ရေးအဖွဲ့တွေက သြဇာလွှမ်းမိုးခံရတယ်လို့ ကော်မရှင် ကယူဆရင် အထူး တရားရုံးတွေ ဖွဲ့စည်းဆောင်ရွက်ခွင့်ကိုလည်း ဥပဒေအရ ပေးအပ်ထားပါတယ်။”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် Fresh News Journal အမှတ်(၃/၁၈၈)တွင်ပါရှိသော “လာဘ်ကိစ္စလက်ရှောင်ကြလော့”သတင်းမှ ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုး၏ ပြောကြားချက်အားကောက်နှုတ်ချက်။

------------------------------------------------------------------------------------------

“ဒီ ညီလာခံက အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပါတီက ဒီမိုကရေစီပါတီဆိုတော့ ဒီမိုကရေ စီနည်းကျကျ ရွေးချယ်တင်မြှောက်ပွဲတွေကို အောက်ခြေအကျဆုံးဖြစ်တဲ့ ရပ်ကွက်၊ ကျေးရွာ တို့အထိ အားလုံး မှာ ညီလာခံတွေလုပ်ပြီးတော့မှ နောက်ဆုံးဗဟိုညီလာခံလုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ပါတီ ဒီမိုကရေစီ နည်းကျတည်ဆောက်တဲ့နေရာမှာ အရေးကြီးဆုံးအချက်ဖြစ်တယ်လို့ပြောချင်ပါတယ်။”

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၀) တွင်ပါရှိသော “NLD ပြည်လုံးကျွတ်ညီလာခံ မတ်လ အတွင်း ကျင်းပမည်” သတင်းမှ ဦးတင်ဦး၏ ပြောကြားချက်အား ကောက်နှုတ် ချက်။

---------------------------------------------------------------------------------------------------

“အစိုးရကအသွင်ကူးပြောင်းနေချိန်မှာ အရင်ကဖြစ်ခဲ့တာတွေကို မလုပ်တာထားပါတော့ လက်ရှိ အစိုးရမှာ ဖြစ်တဲ့ ကိစ္စတွေကိုတော့ သေချာကိုင်တွယ် ရပါလိမ့်မယ်”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၇) တွင်ပါရှိသော “လက်ပံတောင်း တောင် သပိတ်စခန်းဖြိုခွင်းရာ တွင် စစ်သုံးလက်နက်များ အသုံးပြုခဲ့ဟုဆို” သတင်းမှ လက်ပံတောင်းတောင် အရေး ပူးပေါင်းလုပ်ဆောင်နေသည့် Justice Trust အဖွဲ့ဒါရိုက်တာ Roger Normand ၏ပြောကြားချက် အားကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------

“စင်ကာပူနိုင်ငံမှာ ဆိုရင်တက္ကသိုလ်ကျောင်းသားတွေ အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အချိန်ပိုင်း အလုပ်လုပ်ခွင့် ဘယ်နေရာမှ မပေးဘူး။ အဲဒီတော့ ကျွန်တော်တို့ရဲ့ မီဒီယာမှာ အချိန်ပိုင်းလာလုပ်ဖို့ အစီအစဉ်ရေးဆွဲနေပါတယ်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူလေးတွေ အချိန်ပိုင်း အဖြစ် သတင်းလိုက် ခြင်း၊ သတင်းစာစီ၊ စာရိုက်ခြင်း၊ Marketing ဆင်းခြင်းစတဲ့ ဝါသနာပါတဲ့ အလုပ်ကို ဝင်ရောက်လုပ်ကိုင်ပြီး ဝင်ငွေရှာနိုင် ပါတယ်။”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၇) တွင်ပါရှိသော “တက္ကသိုလ်ကျောင်းသားများ အချိန်ပိုင်းအလုပ်ရရှိအောင် ကူညီပေးမည်” သတင်းမှ Home Multi Media Group မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------

“အခုလို လှူဒါန်းနိုင်တာဟာ ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်တဲ့ အကျိုးဆက်တစ်ခုလို့ပဲ ယူဆပါတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့တာလည်း နှစ် ၆၀ ကျော်ခဲ့ပါပြီ။ မြေစာပင်ဖြစ်ခဲ့တာ ကျွန်တော်တို့ ပြည်သူများ ပဲဖြစ်ပါတယ်။ ယခုကဲ့သို့ စားနပ်ရိက္ခာများပေးအပ်ခြင်းသည် ဒုက္ခသည်များအတွက် ပထမဆုံး အကြိမ် တရားဝင် ရရှိသော ထောက်ပံ့မှုလည်း ဖြစ်ပါတယ် ”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၇) တွင်ပါရှိသော “KNU နယ်မြေထဲရှိ ဒုက္ခသည်များအား နီပွန်ဖောင်ဒေးရှင်းမှ သွားရောက်လှူဒါန်း” သတင်းမှ KNU ဆက်ဆံရေးရုံးမှ ကာကွယ်ရေးတာဝန်ရှိသူ ဦးစောရော်ဂျာစင်၏ ပြောကြားချက် အားကောက်နှုတ်ချက်။

                                                            ********************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁၆.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ဥရောပသမဂ္ဂ(EU)-မြန်မာ စီးပွားပိုမိုခိုင်မာရေး ပူးပေါင်းဆောင်ရွက်မည်
  2. ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရေး ဖက်ဒရယ်ပြည်ထောင်စုမူအပေါ် အခြေခံရန်လိုအပ်
  3. မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ မတ်လတွင် တင်သွင်းမည်
  4. မြန်မာနိုင်ငံပညာရေးကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံတကာမှ ကာလတိုပညာရေးအကူအညီရယူသင့်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ဥရောပသမဂ္ဂ(EU)-မြန်မာ စီးပွားပိုမိုခိုင်မာရေး ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ(EU)နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ပိုမိုခိုင်မာသော စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်ဟုန်မြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂဆိုင်ရာအကြီးအကဲ ပြောရေးဆိုခွင့်ရှိသူ ကက်သရင်းအက်ရှ်တန်က ပြောကြားခဲ့သည်။မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဥရောပသမဂ္ဂအကြီးအကဲ

 ကက်သရင်းအက်ရှ်တန် တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးအနေအထားမှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ကက်သရင်းအက်ရှ်တန်က တရားဝင်ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂနိုင်ငံများမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် နေပြည်တော်သို့သွားရောက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်း တို့နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာနိုင်ငံနှင့် အီးယူ အဖွဲ့ဝင်နိုင်ငံများ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုများကို ၂၀၁၂ ခုနှစ် ဧပြီလနောက်ပိုင်းမှစတင်၍ ဖြေလျော့မှုများပြုလုပ်ပေးခဲ့ပြီး မြန်မာနိုင်ငံအတွင်း ကျန်းမာရေး၊ ပညာရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယူရိုသန်း ၁၅၀ ကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                                        YC

 ******************************************************************

ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရေး ဖက်ဒရယ်ပြည်ထောင်စုမူအပေါ် အခြေခံရန်လိုအပ်

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရာတွင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုမူ အပေါ်အခြေခံ၍ တည်ဆောက်သင့်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ Y.W.C.A ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုနေ့အခမ်းအနားတွင် ဒီမိုကရေစီမိတ်ဆွေပါတီများမှ ထုတ်ဖော်ပြောကြားခဲ့သည်။

ဒီမိုကရေစီမိတ်ဆွေပါတီများမှ ထုတ်ပြန်ကြေညာသည့် ကြေညာချက်တွင် ယခင်က  မြန်မာနိုင်ငံသည် ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့သော်လည်း ပြည်ထောင်စုဝင် တိုင်းရင်းသားများအားလုံး ကျေနပ်လက်ခံနိုင်မည့် အခွင့်အရေးတန်းတူညီမျှမှု၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် မတည်ဆောက်နိုင်ခဲ့မှုများကြောင့် တိုင်းရင်းသားအချင်းချင်း အငြင်းပွားမှုများမှသည် လက်နက်ကိုင်ပဋိပက္ခဖြစ်သည့် အဆင့်အထိ ဖြစ်ပွားခဲ့ရပြီး ပြည်တွင်းစစ်မီး မငြိမ်းနိုင်ခဲ့ရသည်မှာလည်း ယခုထိပင်ဖြစ်သည့်အတွက် အဆိုပါ အတိတ်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုမူဖြင့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ထုထောင်သင့်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါကြေညာချက်တွင် တိုင်းရင်းသားများအနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသော ဖက်ဒရယ်မူကိုသာလိုလားပြီး စီးပွားဖြစ်ထွန်းမှုနှင့် ဒီမိုကရေစီ ဖြစ်ထွန်းမှုများမှာသည် တိုင်းရင်းသားများ၏ အဓိကလိုအပ်ချက် မဟုတ်ကြောင်းသိရသည်။ထို့ပြင် မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရ သည့် အဓိက အကြောင်းအရင်းများမှာလည်း ယခင် စစ်အစိုးရမှ တိုင်းရင်းသားများအား ဖက်ဒရယ်မပေးခဲ့သောကြောင့်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖယ်ဒရယ်မူကျင့်သုံးနိုင်ရေးကိုသာ အဓိကထား ဆွေးနွေးသွား မည်ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဦးနိုင်ခင်မောင်က ပြောကြားခဲ့သည်။

YC

**********************************************************************

 

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ မတ်လတွင် တင်သွင်းမည်

မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Mr. Tomas Ojea Quintana မှ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ရခိုင်တိုင်းရင်းသားများနှင့် ရိုပာင်ဂျာတို့၏ ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ မတ်လ ၁၁ ရက်နေ့တွင် လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတစ်စောင် ကို ကုလသမဂ္ဂသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Mr. Tomas Ojea Quintana သည် အဆိုပါအစီရင်ခံစာကို တင်သွင်းနိုင်ရန်အတွက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်သို့ သွားရောက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် စစ်တွေမြို့များတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း အခြေအနေများကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

Mr. Quintana သည် ၎င်း တင်သွင်းမည့် လူ့အခွင့်ရေးအစီရင်ခံစာတွင် ရခိုင်ပြည်နယ် ပဋိပက္ခအခြေနေကိုပါ ထည့်သွင်း သွားမည်ဖြစ်သည့် အတွက် ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေကြသော ဒေသခံများနှင့်ပွင့်ပွင့်လင်းလင်း တွေ့ဆုံခဲ့သည့်အပြင် စစ်တွေမြို့နယ်ရှိ နှစ်ဖက်ဒေသခံများ နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ မစ္စတာ ကွင်တားနားမှ ထိုသို့တွေ့ဆုံ၍ ၎င်းတို့၏ ခံစားချက်များလွတ်လပ်စွာပြောဆိုမှုကို နားထောင်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့အပြင် Mr. Quintana သည် ရခိုင်ပြည်နယ်သို့ရောက်ရှိစဉ်တွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသားများ နှင့်လည်း တစ်ဦးချင်း တွေ့ဆုံခဲ့ပြီး လွတ်လပ်စွာတွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံလူ့အခွင့်ရေးအခြေနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Mr. Tomas Ojea Quintana နှင့်အတူ ကုလသမဂ္ဂမအဖွဲ့စည်းများဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Mr. Ashok Nigam လည်း လိုက်ပါလာခဲ့ကြောင်းသိရသည်။

YC

******************************************************************************

 

မြန်မာနိုင်ငံပညာရေးကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံတကာမှ ကာလတိုပညာရေးအကူအညီရယူသင့်

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍပြန်လည်မြှင့်တင်နိုင်ရန်နှင့် ကုစားနိုင်ရန် နိုင်ငံတကာတွင်သင်ကြားလျက်ရှိသော ကာလတိုပညာရေးစနစ် အကူအညီကို ရယူသင့်ကြောင်း မြန်မာနိုင်ငံတက္ကသိုလ်များနှင့် ပညာရေးစနစ်ကို လာရောက်လေ့လာနေသည့် အင်္ဂလန်နိုင်ငံရှိ တက္ကိသိုလ်များမှ တာဝန်ရှိသူများက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိသင်ကြားနေသော ဘွဲ့ကြို့ကဲ့သို့ သင်တန်းများတွင် နည်းပညာနှင့်ပံ့ပိုးမှု အားနည်းသကဲ့သို့ အကျိုးသက်ရောက်မှု များမှာလည်း အားနည်းနေသည့်အတွက် နိုင်ငံတကာမှ ဆရာများကို ခေါ်ယူ၍ ထိရောက်သည့် ကာလတို ( Short Term) သင်တန်းများဖြင့် အစားထိုးရန် သုတေသနများ လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များတွင် သင်ကြားလျက်ရှိသော သင်ရိုးညွှန်းတမ်း များကို မြန်မာနိုင်ငံတွင် ပြန်လည်သင်ကြား၍ နိုင်ငံတကာမှ အသိမှတ်ပြုထားသည့် ဘွဲ့များ ပေးစေလိုကြောင်း University of Manchester မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်ဘဏ္ဍာရေး အသုံးစရိတ်ခွဲဝေမှုစာရင်းတွင် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်မှာ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်ထက် သုံးပုံတစ်ပုံခန့်လျော့နည်းလျက်ရှိသည့်အတွက် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေးအသုံးစရိတ်ပိုမိုရရှိနိုင်ရန်  လက်ရှိ လွှတ်တော်တွင် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာ ပညာရှင်များကမူ မြန်မာ့ပညာရေးစနစ်နှင့်ပတ်သက်၍ (၁) တက္ကသိုလ်များကို အစိုးရမှ တိုက်ရိုက် ချုပ်ကိုင်မှု လျော့နည်းအောင် ပြုလုပ်ရန်၊ (၂) ရန်ကုန်တက္ကသိုလ်အား နိုင်ငံတကာအဆင့်မြှင့်တင်ရန်၊ (၃) တက္ကသိုလ်ကျောင်းသားများ၏ ရွေးချယ်နိုင်ခွင့်၊ ဦးဆောင်နိုင်ခွင့်ရှိသော လွတ်လပ်သော ပညာရေးစနစ်တစ်ရပ် ဖော်ထုတ်ရန် လိုအပ်သည်ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၁၉၅၀ ခုနှစ်များတွင် အရှေ့တောင်အာရှ၏ ပညာရေးကို ဦးဆောင်နိုင်ခဲ့သော ရန်ကုန်တက္ကသိုလ်ကို လက်ရှိအချိန်တွင် ပြန်လည် အဆင့်မြှင့်တင်နိုင်ရန်လိုအပ်သကဲ့သို့ မြန်မာနိုင်ငံ၏ အထက်တန်းပညာရေးစနစ်ကိုလည်း မြှင့်တင်သွားနိုင်ရေးအတွက် နိုင်ငံတကာမှ ပညာရေးကျွမ်းကျင် သူများက မြန်မာနိုင်ငံသို့ လာရောက် လေ့လာလျက်ရှိကြောင်း သိရသည်။

                                                                                                                YC

 

*************************************************************************************************************************************

                

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive