Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၂.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. နောက်ထပ် တရုတ်ပုံစံတစ်ခုလေလား

(20 Feb 2013 ရက်စွဲပါ China Economic review မှ The Next China? ဆောင်းပါးကိုဘာသာပြန်ဆိုသည်)

  1. မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ရန် မြန်မာနှင့် အမေရိကန်သဘောတူ

(Associated Press မှ 21 Feb 2013 ရက်စွဲပါ “Myanmar US agree to resume cooperation in fighting narcotics”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုပာင်ဂျာများကို ခိုလှုံခွင့်ပေးရန် သြစတြေးလျား ငြင်းပယ်

(AAP News မှ 22 Feb 2013 ရက်စွဲပါ “Carr rules out Aust asylum for Rohingya”သတင်းကို ဘာသာပြန်ဆိုသည်)

ဘာသာပြန်သတင်းများ

နောက်ထပ် တရုတ်ပုံစံတစ်ခုလေလား

(20 Feb 2013 ရက်စွဲပါ China Economic review မှ The Next China? ဆောင်းပါးကိုဘာသာပြန်ဆိုသည်)

ရန်ကုန်မြို့၏ အဆောက်အဦးတစ်ခု ခေါင်မိုးတွင်မတ်တပ်ရပ်၍ ပတ်ဝန်းကျင်ကိုကြည့်ပါကပတ်ပတ်လည်တွင် တရုတ်ပြည်ကိုတွေ့နေ ရသကဲ့သို့ရှိပါသည်။ တရုတ်နယ်စပ်သည် ရန်ကုန်မြို့မှကီလိုမီတာ ရာပေါင်းများစွာဝေးပါသည်။ သို့သော်ရန်ကုန်မြို့ပတ်ပတ်လည်တွင် ပေါက်လာသော အထပ်မြင်အဆောက်အဦးများသည် အလျင်အမြန်ဆောက်ပြီး ဈေးပေါသောကွန်ကရစ်နှင့် သံချောင်းများကိုသာသုံးထားပုံရရာ တရုတ်ပုံစံဖွံ့ဖြိုး တိုးတက်မှုကို ပြသနေပါသည်။

ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ်ခံထားရပြီး ၂၀၁၀ ခုနှစ်ကမှနိုင်ငံရေးအရ စီးပွားရေးအရတံခါးဖွင့်လာသော မြန်မာနိုင်ငံကို တရုတ်နှင့် နှိုင်းယှဉ်ခြင်းကို ဆန့်ကျင်ကြလိမ့်မည် မပာုတ်ပေ။

တရုတ်နိုင်ငံ တံခါးဖွင့်ပြီးစကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ဆယ်စုနှစ်ပေါင်းများစွာ အပယ်ခံဖြစ်ပြီး ဆင်းရဲမွဲတေမှုများကြောင့် လူအများကို ဝင်ငွေနိမ့်ပြီး ဆင်းရဲလှသောအခြေအနေတွင် အလုပ်ကြိုးစားလုပ်လိုစိတ်များ ဖြစ်ပေါ်စေပါသည်။ တစ်ပြားနှစ်ပြားကအစ တွက်ချက်နေသော ကမ္ဘာ့ အရင်းရှင်များအတွက် မြန်မာလူမျိုးများ၏ လစာနိမ့်ကျမှုနှင့်ဆင်းရဲမှုက ဆွဲဆောင်လျက်ရှိပါသည်။ ပြီးခဲ့သည့်နှစ်က မြန်မာအစိုးရသည် အထည်ချုပ် စက်ရုံများအတွက် တစ်ရက်လျှင် အနည်းဆုံးလုပ်ခကို ဒေါ်လာ ၁.၂၅(၁၀၀၀ ကျပ်)သတ်မှတ်ခဲ့ပါသည်။ တရုတ်တွင် ၎င်းတို့၏အနာဂါတ် စက်ရုံများအတွက် မြန်မာနိုင်ငံကို ထည့်သွင်းစဉ်းစားလာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကလည်း ၎င်းတို့သည် ဤပုံစံဖြင့် တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းလာခြင်း ဖြစ်ပါသည်။ ပောာင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဂျာမဏီတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံမှ အထည်ချုပ် လုပ်ငန်းတွင် လုပ်ခနည်းပါးမှုကို အခွင့်ကောင်းယူလျက် ရှိပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကျေးလက်မှအလုပ်သမားများ ပေါများလှရာ ထိုလမ်းကြောင်းအတွက် မက်လုံးပင်ဖြစ်ပြီး တရုတ်နိုင်ငံမှာကဲ့သို့ လုပ်ခနည်းပါးမှုမှာ အချိန်အတန်ကြာ ရှိနေနိုင်ပါသေးသည်။ တိုင်းပြည်၏ ထိပ်တန်းမြို့ကြီး ငါးမြို့တွင်နေထိုင်သူ(၇)သန်းခန့် အကြမ်းဖျဉ်းရှိပြီး မြန်မာနိုင်ငံလူဦးရေ(၅၆)သန်း၏ အများစုမှာ ကျေးလက်များတွင်သာ နေထိုင်ကြပါသည်။ မြန်မာနိုင်ငံသည် လုပ်ခလစာများ လျင်မြန်စွာမြင့်တက်လာရန်မှာ ဆယ်စုနှစ်အနည်းငယ်လိုဦးမည် ဖြစ်ပြီး တရုတ်နိုင်ငံတွင် ထိုအခြေအနေဖြစ်ရန် နှစ်ပေါင်း(၃၀)ကျော် စီးပွားရေးတိုးတက်မှုပြီးမှ ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

နိုင်ငံစုံမှ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုအရှိဆုံးဖြစ်မည့်ကိစ္စမှာ စက်ရုံများဖြင့်ရှိမည့် မြို့ပြတွင်စားသုံးသူ လူတန်းစားအသစ် ပေါ်လာနိုင်သည့် အလားအလာပင်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသည် တရုတ်ထက်စာလျှင် စကေးအတော် နည်းပါးလှပါသည်။ တရုတ်ထက်စာလျှင် ပေါ်ပေါက်လာမည့် စားသုံးသူဈေးကွက်သစ်သည် သေးငယ်သည်ဆိုသော်လည်း နိုင်ငံစုံမှစီးပွားရေး လုပ်ငန်းရှင်များသည် (၅၆)သန်းသော သုံးစွဲသူ ဈေးကွက်အလားအလာကို သွားရေကျလျက်ရှိပါသည်။ မြန်မာလူမျိုးအများစုသည် ဈေးပေါသော ကုန်ပစ္စည်းများကိုသာ တက်နိုင်သည်ဆိုသော်လည်း သုံးစွဲမှုပမာဏ တက်လာပုံကို လမ်းများပေါ်တွင်ကြည့်ကာ သိနိုင်ပါသည်။ ယခုအခါ ရန်ကုန်မြို့နေသူများသည် ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံမှ ဈေးပေါသော ကားများ အလုံးအရင်းဝင်ရောက်လာမှုကြောင့် လမ်းများပိတ်ဆို့ကုန်ပြီပာု ညီးညူခဲ့ကြပါသည်။ ဈေးပေါသော ဖုန်းများထုတ်သည်ပာု နာမည်ကြီးသော တရုတ်ပြည်မှ Huawei နှင့် ကိုရီးယား၏ Samsung ဖုန်းများကို မြို့အနှံ့ဆိုင်များတွင် ရောင်းချလျက်ရှိပါသည်။

ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်၏ အဓိကနိုင်ငံရေးလက္ခဏာအချို့ကို ပုံတူကူးလုပ်ဆောင်လျက် ရှိနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော်လည်း တရုတ်ကဲ့သို့ တစ်ပါတီအစိုးရက ခိုင်မြဲစွာချုပ်ကိုင်ထားမှုအောက်တွင် ရှိနေဆဲဖြစ်ပါသည်။ စစ်တပ်သည် လွှတ်တော်တွင် ၂၅% ကိုအလိုအလျောက် နေရာရရှိထားပြီးဖြစ်ပါသည်။ စစ်တပ်ကနောက်ခံပြုပြီး စစ်တပ်မှ ပုဂ္ဂိုလ်ပောာင်းများပါဝင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့်ပေါင်းလျှင် ဥပဒေပြုရေးကဏ္ဍ၌ သုံးပုံနှစ်ပုံခန့် လွှမ်းမိုးထားနိုင်ပါသည်။

ထိုသို့သောစနစ်မျိုးတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဦးတည်စေမည်ဖြစ်သော်လည်း ကမ္ဘာမှရင်းနှီးမြှုပ်နှံသူများ ဖြစ်စေလိုသည့် တည်ငြိမ်မှု ကိုမူ စစ်တပ်နောက်ခံပြုအစိုးရ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ တရုတ်ကွန်မြူနစ်ပါတီ လုပ်ပုံလုပ်နည်းအတိုင်း ဖြစ်ပါသည်။ USDP သည် ပြုပြင်ပြောင်းလဲမှု ကို တဖြည်းဖြည်းသာ ချဉ်းကပ်လိုပါသည်။ ဘဏ်စနစ်ကို တဖြည်းဖြည်းပြောင်းလဲရန်၊ မီဒီယာထိန်းချုပ်မှုကိုတဖြည်းဖြည်းသာ ဖြေလျော့ရန်နှင့် စစ်တပ်က ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်တဖြည်းဖြည်း ပြုလုပ်ရန်သာ ဆန္ဒရှိပါသည်။ အစိုးရသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ကြောက်သောကြောင့် ဈေးကွက်ကို ရုတ်တရက်ပြောင်းရေးကို မလိုလားပေ။

အထက်ဖော်ပြပါ အချက်များ၌ တရုတ်နှင့်ဆင်တူမှုများရှိသော်လည်း မြန်မာပြည်သူများသည် တရုတ်ရင်းနှီးမြှုပ်နှံမှုကို လက်ခံရန်နှင့် တရုတ်၏ ညစ်ပတ်သောအပေါ်မှ အမိန့်ပေးသော တိုးတက်ကြီးထွားရေးပုံစံကိုလက်ခံရန် သံသယရှိနေကြပါသည်။ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်တို့လုပ်ဆောင်နေသော ဒေါ်လာ(၃.၆)ဘီလီယံတန် ရေလှောင်တမံကို ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများရှိသည်ပာု ဆန္ဒပြမှုကြောင့် ရပ်ဆိုင်း ခဲ့ပါသည်။ နိုဝင်ဘာလက ဆန္ဒပြမှုများကို ပြင်းထန်စွာနှိမ်နင်းခဲ့သော တရုတ်တို့၏ ကြေးနီစီမံကိန်းတွင်လည်း ပြီးခဲ့သည့်အပတ်က ဆန္ဒပြမှုများ သီးခြားစီ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

မြန်မာပြည်သူများသည် မန္တလေးမြို့တွင်တရုတ်များ ဝင်ရောက်လာမှုအတွက် စိတ်ပျက်မှုအား ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြပါသည်။ တရုတ်လူမျိုးရင်းနှီးမြှုပ်နှံသူများသည် မန္တလေးမြို့၏ ဗပာိုကျသော နေရာများကိုရည်ရွယ်ချက်ဖြင့် ဝယ်ယူခဲ့ကြပါသည်။ တရုတ်အစားအသောက် မရောင်း သော စားသောက်ဆိုင်ကိုရှာဖွေရန် ခက်ခဲလာပါသည်။ စာရေးဆရာ သန်းမြင့်ဦးက ၎င်း၏ “Where China meets India: Burma and the new crossroads of Asia” စာအုပ်တွင်မန္တလေးမြို့တွင် တရုတ်တို့လျင်မြန်စွာတိုးပွားလာသော်လည်း မန္တလေးမြို့တွင် ယခင်ကတည်းက နေထိုင်လာသူများမှာ တိုးတက်မှုတစ်ခုမျှမတွေ့ရဘဲ လစ်လျူရှုနေထိုင်နိုင်ကြသည်ပာု ဖော်ပြထားပါသည်။ မြန်မာနိုင်ငံနေရာအနှံ့တွင်ရှိကြသော ပြည်သူများက မန္တလေးတွင် ဖြစ်သလိုနိုင်ငံအနှံ့ ဖြစ်မည်ကို စိုးရိမ်လျက်ရှိပါသည်။

မြန်မာနိုင်ငံသားများအဖို့ တရုတ်၏ဖွံ့ဖြိုးတိုးတက်ရေး မပာာဗျူပာာအပေါ် သံသယရှိမှုမှာ မည်သည့်နည်းနှင့်မဆို ရှိသင့်သည့်အခွင့်အရေး ရှိပါသည်။ လျင်မြန်စွာဖြင့် ဈေးပေါပေါနှင့်ဆောက်သော တရုတ်မြို့ကြီးများမှာ ယေဘူယျအားဖြင့် စိတ်ပျက်ဖွယ်ကောင်းလှပါသည်။ ကမ္ဘာ့ဘဏ်က ပြောကြားရာတွင် အကယ်၍တရုတ်သည် ပတ်ဝန်းကျင်ဆိုင်ရာပျက်စီးမှုများကို GDP ကိန်းဂဏန်းများတွင် ထည့်သွင်းတွက်ချက်ပါက စီးပွားရေးတိုးတက်မှု တွင် ၃.၈ ခန့်ကိုနှုတ်ပစ်ရလိမ့်မည်ပာုဆိုပါသည်။

သန်းပေါင်းများစွာသော လူများကိုဆင်းရဲမွဲတေမှုမှ လွတ်မြောက်အောင်လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ သင်ခန်းစာများကို နမူနာယူသင့်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ်ရှိရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာများ အဆင့်နိမ့်ကျသွားမှုကို အရင်းအနှီး မပြုလုပ်သင့်ပေ။  နောက်မျိုးဆက်များကိုလည်း အလပာဿဖြစ်မည့် ရင်းနှီးမြှုပ်နှံမှုများမပေးသင့်ပေ။ အစိုးရက မည်သို့ကန့်သတ်သည်ဖြစ်စေ မြန်မာနိုင်ငံတွင် လုပ်ခလစာ ပေးရမှုနည်းပါးလွန်းခြင်းနှင့် စားသုံးသူဈေးကွက်သစ်ကြီးကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကမူ လာနေကြဦးမည်သာ ဖြစ်ပါသည်။ တရုတ်ကုမ္ပဏီ တစ်ခုစနှစ်ခုစကဝင်ရောက်ရန် ကြောက်နေမည်ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုကြီးကြီး ကုန်ကျမည်ဆိုပါကလည်း တန်ပါသေးသည်။

ရန်ကုန်မြို့တွင် အနာဂါတ်၌ မိုးမျှော်တိုက်ကြီးများ ပေါ်ပေါက်ရာတွင် တရုတ်တို့တည်ဆောက်ခြင်း(သို့)တရုတ်၏ ငွေဖြင့်ဆောက်လုပ်ခြင်းများ ပါဝင်လာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော် အဆိုပါအဆောက်အဦးများတွင် အမေရိကန်၊ ဂျပန်၊ ဥရောပနှင့် အထူးသဖြင့် မြန်မာတို့၏ ဆောက်လုပ်မှုများ ရောနှောပါဝင်ပါက ပို၍အသင့်တော်ဆုံး ဖြစ်ပါလိမ့်မည်။

                                        ***********************************************************************************

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ရန် မြန်မာနှင့် အမေရိကန်သဘောတူ

(Associated Press မှ 21 Feb 2013 ရက်စွဲပါ “Myanmar US agree to resume cooperation in fighting narcotics”သတင်းကိုဘာသာပြန်ဆိုသည်)

                                                Photo Credit: Washing Post

မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့သည် ကိုးနှစ်နီးပါး ရပ်ဆိုင်းနေသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်ရန် ကြာသပတေးနေ့က သဘောတူညီချက်ရရှိခြင်းဖြင့် ပိုမိုရင်းနှီးစွာဆက်ဆံကြရန် နောက်တစ်ဆင့်တိုးခဲ့ကြသည်။

ဘိန်းစိုက်ပျိုးမှု ဆာဗေးကိုပြန်စရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လေ့ကျင့်မှုတွင် ပူးပေါင်းဆောင်ရွက်ကြရန် နှစ်ဖက် သဘောတူခဲ့ကြသည်ပာု နိုင်ငံပိုင်ရုပ်သံက ဆိုပါသည်။

နေပြည်တော်တွင် လက်မှတ်ရေးထိုးပွဲအခမ်းအနားအပြီး၌ အမေရိကန်သံအမတ်ကြီး၊ ဒဲရစ်မစ်ချယ်က သတင်းထောက်များအား “ယခုသဘော တူညီချက်သည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရန်အတွက် နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ပြီး ထိုအတွက်များစွာ ကျေနပ်မိသည်”ပာု ပြောကြားခဲ့သည်။

မြန်မာဖက်မှ ရဲမှူးကြီးမြင့်သိန်းက ယခုပြုလုပ်မည့်ဆာဗေးကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ပိုကောင်းသော သတင်းအချက် အလက်များရရှိမည်ဖြစ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကြိုးပမ်းမှုကို အထောက်အကူဖြစ်စေလိမ့်မည်ပာုယုံကြည်ကြောင်း ရှင်းလင်းပြောကြာသည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး ဘိန်းထုတ်လုပ်မှုဖြစ်ပြီး ကမ္ဘာ့စုစုပေါင်း ဘိန်းထွက်ရှိမှု၏ ၂၅ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိသည်ပာု ကုလသမဂ္ဂ အစီရင်ခံစာများအရ သိရှိရသည်။

ဘိန်းစိုက်ပျိုးမှု ပူးပေါင်းလေ့လာခြင်းဆာဗေးကို ၂၀၀၄ ခုနှစ်ကနောက်ဆုံးပြုလုပ်ခဲ့သည် မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရထံ ကူညီမှုများကိုဖြတ်တောက်ခဲ့ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကူအညီကိုလည်း လျှော့ချ ကန့်သတ်ထားခဲ့သည်။

သို့သော်လည်း ၂၀၁၁ မတ်လတွင် ဗိုလ်ချုပ်ကြီးပောာင်းသိန်းစိန် သမ္မတအဖြစ်အာဏာရလာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လာခြင်းကြောင့် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား သိသိသာသာတိုးတက် ကောင်းမွန်လာခဲ့သည်။

                                                    *******************************************************************************

ရိုပာင်ဂျာများကို ခိုလှုံခွင့်ပေးရန် သြစတြေးလျား ငြင်းပယ်

(AAP News မှ 22 Feb 2013 ရက်စွဲပါ “Carr rules out Aust asylum for Rohingya”သတင်းကို ဘာသာပြန်ဆိုသည်)

                                                     Photo Credit: VOA

သြစတြေးလျားနိုင်ငံက မြန်မာနိုင်ငံ၏ အိုးမဲ့အိမ်မဲ့ဒုက္ခသည်မျာအတွက် ဒေါ်လာ ၂.၅ သန်း ထပ်မံကူညီသွားမည်ဖြစ်သော်လည်း ရခိုင်ပဋိပက္ခ ကြောင့် ထွက်ပြေးလာသော ရိုပာင်ဂျာမွတ်ဆလင်များအား တံခါးဖွင့်ပေးရေးမူဝါဒကိုမူ ပယ်ချလိုက်ပါသည်။

UNHCR ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မပာာမင်းကြီးရုံးမှ အကြံဥာဏ်ပေးပြီးနောက် ထွက်ပေါ်လာသောရိုပာင်ဂျာများကို အခြေချ နေထိုင်ခွင့်ပေးရေးမူဝါဒကို သြစတြေးလျား နိုင်ငံခြားရေးဝန်ကြီးဘော့ကားက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင်နှင့်ဆွေးနွေးပြီးနောက်တွင် ပယ်ချ လိုက်ခြင်းဖြစ်သည်။

“သြစတြေးလျားကို လမ်းကြောင်းရှာဖို့ ထိုင်းကိုရောက်လာကြတဲ့ သနားစရာရိုပာင်ဂျာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ထင်မြင်ချက် မပေး ချင်ပါဘူး။ ဒီနေစရာမရှိသူတွေကို နေရာချထားပေးရမယ့် ကိစ္စပာာ ရခိုင်မူဝါဒတွေပြောင်းသွားအောင် သက်ရောက်မှုဖြစ်စေမယ့် မူဝါဒပြောင်းလဲမှုတွေ အပေါ်မှာ မူတည်နေပါတယ်”ပာု ဘော့ကားက ဘန်ကောင်တွင် သတင်းထောက်များအား ပြောကြားသည်။

မနှစ်က ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ထွက်ပြေးလာကြသော ရိုပာင်ဂျာများမှာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွင် အရေအတွက် ၂၀၀၀ ခန့်အထိ ရောက်ရှိနေကြသည်။

အဆိုပါ ရခိုင်ပြည်နယ်မှ အပြန်အလှန်အကြမ်းဖက်မှု ပဋိပက္ခကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးကာ၊ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်နှင့်ဆိုင်ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် လူပေါင်းတစ်သိန်းကျော်ကို အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်စေခဲ့သည်။

ထိုပဋိပက္ခကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှရိုပာင်ဂျာ ၁၉၀၀၀ ခန့်သည် စိတ်မချရသော စက်လှေများဖြင့် ထွက်ပြေးလာခဲ့ကြပြီး အမျိုးသမီးနှင့် ကလေးများအပါအဝင် အရေအတွက် ရာနှင့်ချီ၍ ရေနစ်သေဆုံးခဲ့ရသည်ပာု လူ့အခွင့်အရေူအုပ်စုများကပြောကြားသည်။

ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးပြီးနောက် ဘော့ကားက “ရိုပာင်ရှာများအား နေရာချထားရေးသည် ရခိုင်ပြည်နယ် အတွင်းတွင်သာ ဖြစ်သင့်ကြောင်း နှစ်နိုင်ငံသဘောတူခဲ့ကြသည်”ပာု ပြောဆိုပါသည်။

“သူတို့အတွက် တစ်ခြားသူတွေက ဖြေရှင်းပေးလို့မရနိုင်ပါဘူး။ သူတို့ရဲ့ နိုင်ငံသားခံယူခွင့်ကိစ္စ၊ ပြန်လည်အခြေချနေထိုင်ရေးကိစ္စ၊ စီးပွားရေး ထူထောင်ရေးကိစ္စတွေကိုဖြေရှင်းပေးရမယ့် လူသားချင်းစာနာတဲ့နေရာချထားရေးအစီအစဉ်တွေ ရခိုင်ပြည်နယ်အတွင်းမှာ လိုအပ်နေပါတယ်”ပာု ဘော့ကား က ဆိုပါသည်။

မြန်မာစစ်တပ်နှင့် အေအိုင်အေအကြား တိုက်ပွဲဖြစ်မှုကြောင့် လူပေါင်း ၇၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေသော ကချင်ပြည်နယ်မှ ဒုက္ခသည် စခန်းများ၏ ရေနှင့် သန့်ရှင်းရေးအစီအစဉ်များ အတွက်လည်း သြစတြေးလျားက ဒေါ်လာ ၇၅,၀၀၀၀ ထောက်ပံ့ဦးမည်ပာု သိရှိရသည်။

ထို့အပြင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် ဒေါ်လာ ၅၀၀၀၀၀ ကူညီဦးမည်ဖြစ်သည်။

တစ်ဆက်တည်းတွင် ၂၀၀၆ ခုနှစ်က ထိုင်းနိုင်ငံတွင်အာဏာသိမ်းခံရပြီး မျက်ကွယ်ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရခြင်းကြောင့် ပြည်ပတွင် တိမ်းရှောင်နေထိုင်နေရသူ ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်ရှင်နာဝပ်ထရာကို သြစတြေးလျား ပြည်ဝင်ဗီဇာပေးလိုက်ပြီပာု ဘော့ကားက AAPP သတင်း ဌာနသို့ ပြောကြားသည်။

“သူက ဗီဇာလျှောက်ထားလို့ ၂၀၁၂ အစောပိုင်းမှာဗီဇာပေးလိုက်တာပါ။ ဗီဇာပေးပြီးတဲ့နောက် သြစတြေးလျားကိုရောက်မလာနိုင်သေးပါဘူး”ပာု ဘော့ကား က ရှင်းလင်းပြောဆိုသည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်လပ်၏ အစ်ကိုဖြစ်သူ သက်ဆင်သည် သြစတြေးလျားဗီဇာ အပိတ်ခံထားရသည်ပာု သိရှိရသည်။

                                        ****************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၂.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“အခုလို ဒုတိယအကြိမ်မြောက် ထပ်လုပ်တာဆိုတော့ ကောင်းပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တယ်ဆိုတော့ အဓိကကတော့ အပြောနဲ့အလုပ်ကိုက်ညီဖို့လိုတယ်။ နောက်တစ်ခုက တခြား တိုင်းရင်းသားတွေလည်းပါတယ် ဆိုတော့ သူတို့ရဲ့ အချုပ်အခြာကိုလေးစားပြီး အလျှော့အတင်းတစ်ခုတော့ ရှိရမယ်။”

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် Unity Journal “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲလားရှိုး၌ကျင်းပမည်” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းဝင်းမြင့်၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

                                               **************************************************

“e-government အတွက် Infrastructure ကောင်းကောင်းလိုအပ်ပြီး e-government ပီပြင်စွာဖြစ်လာတာနဲ့ တိုင်းပြည်အတွင်းမှာ မပြည့်စုံသေးတဲ့ လိုအပ်သော Infrastructure များ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ခေတ်နဲ့ အညီနည်းပညာတွေကို လေ့လာနိုင်ပြီး Electronic System ကိုအခြေပြုပြီး အစိုးရလုပ်ငန်းစဉ်တွေ အရှိန်အဟုန်ဖြင့် လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ မူဝါဒတွေ ပြင်ဆင်နိုင်ဖို့ လုပ်နည်း၊ လုပ်ထုံးတွေ သတ်မှတ်နိုင်ဖို့ အခက်အခဲတွေ အမြန်ဆုံးကျော်လွှားနိုင်တဲ့ နည်းလမ်းတွေသေချာနိုင်ဖို့အတွက် သက်ဆိုင်ရာ Electronic ပညာရှင်များ ဖိတ်ခေါ်ထားပါတယ်”

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် Unity Journal “မြန်မာနိုင်ငံ၏ e-government လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ” သတင်းမှ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီးဦးဥာဏ်ထွန်း၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

                                                 *************************************************

“ဒီအကြမ်းဖက်ဖြိုခွဲမှုဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကိုသွားနေတဲ့ နိုင်ငံမှာ သိပ်အရုပ်ဆိုးလွန်းတယ်။ အစိုးရသစ်လက်ထက်မှာ ဖြစ်လာတဲ့ ဒီလို ကိစ္စတွေကို သေသေချာချာကိုင်တွယ်ဖြေရှင်းသင့်တယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်။”

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် Unity Journal “လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုဘယ်သူကပစ် မိန့်ပေးခဲ့သလဲဟု ပရော်ဖက်ဆာ Roger Normand မေးခွန်းထုတ်” သတင်းမှ Roger Normand ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

                                               ***************************************************

“လာဘ်ပေး လာဘ်ယူလုပ်တဲ့ ကိစ္စလုပ်တဲ့အခါမှာ မီဒီယာကပိုလုပ်ခွင့်သာတယ်။ အခုဟာအရေးယူမှ ရေးတာ တွေရှိတယ်။ အရေးယူမှ မဟုတ်ပဲ တရားရေး ဘက်ကလှည့်ရေးလို့ရတယ်။ ပညာရှင်တွေမေးပြီး Campaign တွေ လုပ်လို့ရတယ်။ တစ်ခုပဲရှိတယ်။ သတင်းစာတွေက ဒီနေ့အထိ ကမ်ပိန်းရယ်လို့ သိပ်မလုပ်ကြဘူး။ ကမ်ပိန်းရယ်လို့ သိပ်မလုပ်ကြဘူး။ ကမ်ပိန်း လုပ်တဲ့ဟာကသူများနိုင်ငံတွေမှာ အလေ့အကျင့်ကိုရှိကြတယ်။ မတရားတဲ့ဟာတွေတွေ့ရင် ကမ်ပိန်းလို လုပ်ကြတယ်။ ကမ်ပိန်း လိုလုပ်ကြတော့ တကယ်ပြောရရင် ဒီမှာမီဒီယာ ကအစွယ်ရှိပေမဲ့ အစွယ်က သိပ်မစူးဘူး ဖြစ်နေတယ်”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၇) တွင်ပါရှိသော “လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရာမှာ မီဒီယာအားနည်းနေ” သတင်းမှ သတင်းဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ပြောကြားချက် အားကောက်နှုတ်ချက်

                                                 ******************************************************

“ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့သာမဟုတ်ဘူး။ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံသား အခွင့်အရေးတွေရရှိဖို့ကိုပါ ရည်ရွယ်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း စိစစ်ရေးကော်မတီကို တိုက်တွန်းသွားမှာပါ”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၇) တွင်ပါရှိသော “လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများ နိုင်ငံသားအခွင့်အရေး တန်းတူမရရှိဟုဆို” သတင်းမှ AAPP အသင်းမှ တွဲဖက်အတွင်းရေးမှူး ကိုကိုကြည်၏ ပြောကြားချက် အားကောက်နှုတ်ချက်

********************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive