Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၃.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ချင်းမိုင်တွင်တွေ့ဆုံဆွေးနွေး

(Bangkok Post သတင်းစာမှ 21 Feb 2013 ရက်စွဲပါ Myanmar talks peace in Chiang Mai ကိုဘာသာပြန်ဆိုသည်)

  1. စီးပွားရေးအခွင့်အလမ်းများရှာဖွေရန် မြန်မာသို့ အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်မည်

(VOA သတင်းဌာနမှ 22 Feb 2013 ရက်စွဲပါ US Business Group Heading to Burma to Explore Opportunities ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ တိုင်းရင်းသားများနှင့်စစ်ပွဲက တရုတ်ကိုစိတ်အခန့်မသင့်ဖြစ်စေ

(22 February 2013 ရက်စွဲပါ New York Times မှ Edward Wong ရေးသားသော Ethnic war in Myanmar has China on edge ကိုဘာသာပြန်ဆိုပါသည်)

  1. ကမ္ဘောဒီးယားနှင့် မြန်မာတွင် စက်မှုဇုန်တည်ထောင်ရန် ဂျပန်ကုမ္ပဏီများစိတ်ဝင်စား

(The Asahi Shimbun မှ 22 Feb 2013 ရက်စွဲပါ “Japanese Firms keen to develop industrial parks in Cambodia and Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

ဘာသာပြန်သတင်းများ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ချင်းမိုင်တွင်တွေ့ဆုံဆွေးနွေး

(Bangkok Post သတင်းစာမှ 21 Feb 2013 ရက်စွဲပါ Myanmar talks peace in Chiang Mai ကိုဘာသာပြန်ဆိုသည်)

Photo Credit by AFP

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်တွင်ဖြစ်ပေါ်လျက်ရှိသော စစ်မက်ပဋိပက္ခကိစ္စအပါအဝင် အခြားသော အရေးကိစ္စများ ဖြေရှင်းရန် မြန်မာအစိုးရနှင့် တိုင်းရင်းသားလူမျိုးစုများအဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်တိုင်းရင်းသားများအပါအဝင် အခြားသောတိုင်းရင်းသား လူမျိုးစုများပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားဖက်ဒရယ်ကောင်စီ(UNFC) နှင့် မြန်မာအစိုးရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရအရာရှိကြီးများသည် ချင်းမိုင်မြို့တွင်တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ကြေညာချက်အကျဉ်းချုပ်ထုတ်ပြန်ရာတွင် “နိုင်ငံရေး ဒိုင်ယာလော့ခ် ပြုလုပ်နိုင်ရေးအတွက် မူဘောင်တစ်ရပ်ချမှတ်သွားရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖြစ်ကြောင်း၊ လာမည့် ၂ လတာကာလအတွင်း နောက်ထပ်အလားတူ ဆွေးနွေးပွဲများ ထပ်မံ ကျင်းပသွားရန် ကတိကဝတ်ပြုခဲ့ကြကြောင်း” ဖော်ပြပါရှိသည်။

မြန်မာပြုပြင်ပြောင်းလဲရေးအစိုးရသည် ၂၀၁၁ ခုနှစ်၊ နိုင်ငံရေးအာဏာရရှိခဲ့သည့် အချိန်မှစ၍ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အများစုနှင့် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့သည်။ သို့သော် ကချင်တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် ထိုသို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရရှိနိုင်ဘဲဖြစ်နေသည်။

အစိုးရသည် ကေအိုင်အို(ကချင်လွတ်လပ်ရေးအဖွဲ့)နှင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယခု လဆန်းပိုင်းက တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ စစ်ရေးတင်းမာမှုများလျှော့ချရေးနှင့် နိုင်ငံရေး ဒိုင်ယာလော့ခ် ဆက်လက်လုပ်ဆောင်သွားရေး အစရှိသည်တို့ကို သဘောတူညီခဲ့ကြသည်။

ကချင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသော ကေအိုင်အေ တို့က စေ့စပ် ညှိနှိုင်းမှုများသည် ၎င်းတို့၏ တောင်းဆိုမှုများနှင့် နိုင်ငံရေးအခွင့်အလမ်းများကို ဖြေရှင်းပေးနိုင်ရမည်ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ မြန်မာအစိုးရက ဇန်နဝါရီလအတွင်း အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို တစ်ဖက်သတ်ထုတ်ပြန်ကြေညာခဲ့သော်လည်း မြန်မာစစ်တပ်သည် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း ကချင်သူပုန်များက စွပ်စွဲ ပြောဆိုသည်။

-------------------------------------------------------------------------------------------------------------------

စီးပွားရေးအခွင့်အလမ်းများရှာဖွေရန် မြန်မာသို့ အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်မည်

(VOA သတင်းဌာနမှ 22 Feb 2013 ရက်စွဲပါ US Business Group Heading to Burma to Explore Opportunities ကိုဘာသာပြန်ဆိုသည်)

Photo Credit by Reuters

သဘာဝသယံဇာတနှင့် ရင်းမြစ်များပေါကြွယ်ဝပြီး အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုများ စတင်ဖယ်ရှားပေးခြင်း ခံလိုက်ရပြီဖြစ်သော မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းများ ရှာဖွေနိုင်ရေးအတွက် အမေရိကန်စီးပွားရေးအမှုဆောင် ၅၀ ဦးသည် လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း အမေရိကန်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြောကြားသည်။

"ဒီကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အရေးကြီးတဲ့မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ နှစ်နိုင်ငံ(မြန်မာနှင့် အမေရိကန်ပြည်ထောင်စု) အကြား စီးပွားရေးဆက်ဆံမှု ပုံမှန်ပြန်ဖြစ်နိုင်ရေးအတွက် ကျွန်တော်တို့အနေနဲ့ အတိုင်းအတာပမာဏကြီးမားစွာ တိုးတက်အောင်မြင်မှုရှိအောင် လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။ ယခုဆိုလျှင် အဲဒီစီးပွားရေးဆက်ဆံမှုကို နောက်တစ်ဆင့်ရောက်အောင် လုပ်ဆောင်ရမယ့်အချိန်ကိုကျရောက်နေပါပြီ" ဟု

ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့ ဒုတိယဥက္ကဌ မစ္စတာ TamiOverby ကပြောကြားသည်။

အဆိုပါစီးပွားရေးကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက် ပထမဆုံးအရေးကြီးသည့် စီးပွားရေးခရီးစဉ်ကြီးတစ်ခုဖြစ်လာလိမ့်မည်။ ကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန် စိုက်ပျိုးရေး၊ မော်တော်ကားထုတ်လုပ်ရေး၊ အီလက်ထရွန်နစ်၊ စွမ်းအင်၊ လက်လီရောင်းချရေး၊ တယ်လီဆက်သွယ်ရေး နှင့် အခြားသော အခန်းကဏ္ဍတို့ ကုမ္ပဏီလုပ်ငန်းရှင်များ ပါဝင်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ကဆိုသည်။

အမေရိကန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲသို့တက်ရောက်ရန် စီစဉ်ထားကြောင်း၊ အဆိုပါဆွေးနွေးပွဲကြောင့် နှစ်နိုင်ငံစလုံးမှ စီးပွားရေးအမှုဆောင်များနှင့် အစိုးရအရာရှိကြီးများလည်းတွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို တုံ့ပြန်သည့်အနေဖြင့် သွင်းကုန်ပစ္စည်းများတင်သွင်းမှုအပေါ် ပိတ်ပင်ကန့်သတ်ထားမှုအတော်များများကို ဖယ်ရှားပေးထားပြီးဖြစ်သည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံမှ ဘဏ်လုပ်ငန်းကြီး လေးခုအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးလိုက် ပြီဖြစ်ရာ ယခုအခါ အဆိုပါဘဏ်များအနေဖြင့် အမေရိကန်ဘဏ္ဍာရေးစနစ်ထဲသို့ ဝင်ရောက်လုပ်ကိုင်နိုင်ပြီဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အာရှဂရင်းဖွံ့ဖြိုးရေးဘဏ်(Asia Green Development Bank) နှင့် ဧရာဝတီဘဏ်တို့အား အထွေထွေလုပ်ငန်းလိုင်စင်ထုတ်ပေးလိုက်ပြီဖြစ်သည်။ အဆိုပါ အထွေထွေလိုင်စင်က ပိတ်ဆို့အရေးယူမှုများကို လျှော့ချပေးပြီး မြန်မာဘဏ်များအနေဖြင့် အမေရိကန်နိုင်ငံသား၊ ကုမ္ပဏီကြီးများနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုသည်။ သို့သော် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေမှာ ဆက်လက်ကျန်ရှိနေမည်ဖြစ်ရာ ဝါရှင်တန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်မှ နောက်ကြောင်းပြန်မလှည့်သွားစေရန် ထိန်းချုပ်မှုတစ်ခုရရှိသွားစေသည်။

အိုဘားမားသည် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်သော အမေရိကန်သမ္မတတစ်ဦးဖြစ်သည်။

------------------------------------------------------------------------------------------------

မန်မာနိုင်ငံမှ တိုင်းရင်းသားများနှင့်စစ်ပွဲက တရုတ်ကိုစိတ်အခန့်မသင့်ဖြစ်စေ

(22 February 2013 ရက်စွဲပါ New York Times မှ Edward Wong ရေးသားသော Ethnic war in Myanmar has China on edge ကိုဘာသာပြန်ဆိုပါသည်)

Photo Credit by AP

တရုတ်စစ်တပ်မှ တပ်ဖွဲ့များသည် မြန်မာနိုင်ငံနှင့် နယ်စပ်အနီးတွင် ပြင်းထန်သော လေ့ကျင့်မှုများပြု လုပ်လျက်ရှိရာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများနှင့် စစ်ပွဲများကြောင့် တရုတ်အနောက်တောင်သို့ ကျွံ့ဝင်လာမည် ကို စိုးရိမ်၍ဖြစ်ကြောင်း တရုတ်တရားဝင်သတင်းမီဒီယာက ဖော်ပြသော သတင်းများအရ သိရှိရပါသည်။

လေ့ကျင့်မှုများသည် ယူနန်ပြည်နယ်၏ တောင်များပေါ်တွင် ဖြစ်ပါသည်။ ၎င်းသည် ကချင်ပြည်နယ်နှင့် ထိစပ်နေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက ကချင်တပ်နှင့် မြန်မာတပ်ကြားတိုက်ပွဲများပြင်းထန်လာပြီး၊ လက်နက် ကြီးများတရုတ်နိုင်ငံအတွင်းသို့ ကျရောက်ခဲ့ကြောင်း သတင်းများဖော်ပြခဲ့ပါသည်။ ကချင်ဒုက္ခသည်များသည် ဟော်တယ်များတွင်လည်းကောင်း၊ ယူနန်ပြည်နယ်ရှိမိတ်ဆွေများ၊ မိသားစုများ၏ နေအိမ်များတွင် လည်းကောင်း နေထိုင်နေကြရသည်ဟု ဆိုပါသည်။

ပြီးခဲ့သည့်လက မြန်မာအစိုးရသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် KIA အပေါ် အပစ်အခတ် ရပ်စဲကြောင်း ကျေညာခဲ့ပါသည်။ သို့သော် နောက်ရက်များတွင် မြန်မာစစ်တပ်က တိုက်ခိုက်မှုများ ပြုလုပ် ကြောင်း ထိုဒေသရှိနိုင်ငံခြားသားများက သတင်းများပေးပို့ခဲ့ပါသည်။ သောကြာနေ့က ဖော်ပြသော တရုတ် သတင်းတစ်ခုက ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် အရေးပါသော တိုးတက်မှု တစ်စုံတစ်ရာမရရှိခဲ့ကြောင်း ဆိုပါသည်။

ယူနန်ပြည်နယ်မှ စစ်ရေးလေ့ကျင့်မှုများ၏ ရည်မှန်းချက်မှာ တရုတ်တပ်ဖွဲ့များသည် စစ်ပွဲတွင် တိုက်ခိုက်ပြီး အောင်ပွဲရမှုသေချာစေရန် ဖြစ်သည်ဟု ကြာသာပတေးနေ့က Xinhua သတင်းက ဖော်ပြခဲ့ပြီး အခြားသတင်းဝက်ဆိုဒ်များတွင်လည်း တွေ့ရှိရပါသည်။

Xinhua သတင်းကဖော်ပြရာတွင် လေ့ကျင့်မှုများမှာ တရုတ်နှစ်သစ်ကူးအပြီးတွင် စတင်ခဲ့ခြင်းဖြစ်ပြီး နယ်ခြားစောင့်တပ်များကို တစ်ကယ့်တိုက်ပွဲဝင်တပ်များဖြစ်ရန် ရည်မှန်းခဲ့သည်ဟု ဆိုပါသည်။ လေ့ကျင့်မှုများ တွင် ရာသီဥတုဆိုးဝါးနေချိန်တွင် ချီတက်ခြင်းနှင့် ဆက်သွယ်ရေး အချက်ပြမှုများ မရသောနေရာများတွင် လုပ်ကိုင်ခြင်းများ ပါဝင်သည်ဟုဆိုပါသည်။

ယူနန်တွင် တောင်ထူထပ်ခြင်းသည် အထူးစိန်ခေါ်မှု ဖြစ်ကြောင်းသတင်းကဖော်ပြပြီး၊ တပ်များသည် တောနက်တွင်လည်းကောင်း၊ မတ်ဆောက်သော တောင်ကြားတွင်လည်းကောင်း၊ ရေထဲတွင် လည်းကောင်း တိုက်ခိုက်နိုင်ရန်လေ့ကျင့်နေကြောင်း ဆိုပါသည်။ အချို့တပ်ဖွဲ့များသည် နယ်စပ်တစ်လျှောက်တွင် ဆက်သွယ်ရေးတိုင်များ ထောင်လျက်ရှိပါသည်။

အစောပိုင်းက ယူနန်စစ်တပ်ခေါင်းဆောင်များသည် အုပ်ချုပ်မှုဗဟိုဌာန တစ်ခုဖွင့်လှစ်ခဲ့ပါသည်။ ကွန်မြူနစ်ပါတီ၏ သတင်းစာဖြစ်သော People’s Daily ဝက်ဆိုဒ်တွင် ဇန်နဝါရီလက ဖော်ပြထားရာတွင် နယ်ခြားစောင့်တပ်များ၊ ရဲအရာရှိများ၊ နယ်စပ်မြို့ Nabang တွင်တွေ့နေရပြီး အရပ်သားများ၏ မှတ်ပုံတင်ကဒ်များ စစ်ဆေးလျက်ရှိသည်ဟု ဖော်ပြထားပါသည်။ သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းသွားသော ကြောင့် စီးပွားရေးလုပ်ငန်းများ အများစုပိတ်ထားရပါသည်။ ညဖက်တွင် လက်နက်သံများကြားနေရသည်ဟု အဆိုပါဆောင်းပါးက ဆိုပါသည်။

တရုတ်ခေါင်းဆောင်များ၏ ယေဘူယျအလေးပေးမှုမှာ တရုတ်စစ်တပ်သည် တိုက်ခိုက်ရန်ပြင်ဆင် ထားသင့်ပြီး၊ ခေတ်မှီစွာရှိသင့်ကြောင်း ဖြစ်ပါသည်။ ကွန်မြူနစ်ပါတီခေါင်းဆောင်သစ် Xi Jinping သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံတောင်ပိုင်းရှိ စစ်တပ်နှင့် ရေတပ်တပ်ဖွဲ့များသို့ သွားရောက်လည်ပတ် ခဲ့ပြီး စစ်တပ်အင်အားတောင့်တင်းရန် လိုအပ်ပုံကို ပြောကြားခဲ့ပါသည်။

လက်ရှိတိုက်ပွဲများသည် KIA တို့၏ ဌာနချုပ်ဖြစ်သော လိုင်ဇာမြို့ကို ဗဟိုပြုလာပါသည်။ ယခု ဆောင်း ရာသီတွင် မြန်မာစစ်တပ်သည် လိုင်ဇာကိုသိမ်းယူရန် သို့မဟုတ် ၎င်းအနီးရှိ စစ်ရေးအရအရေးပါသော နေရာများကို သိမ်းပိုက်ရန် စစ်ဆင်ရေးပြုလုပ်လာခြင်း ဖြစ်ပါသည်။ မြန်မာစစ်တပ်သည် တိုက်လေယာဉ်များ၊ လက်နက်ကြီးများ အသုံးပြုလာ၍ အရပ်သားအချို့သေဆုံးရကြောင်း ဒေသခံများက ပြောပါသည်။

ယခု ဆောင်းရာသီတွင် တရုတ်အစိုးရတာဝန်ရှိသူများက ပြင်းထန်သော တိုက်ပွဲများ၊ အထုးသဖြင့် ယူနန်အတွင်းသို့  အမြောက်ဆံများကျရောက်မှု အတွက် စိုးရိမ်ကြောင်းဖော်ပြခဲ့ပါသည်။ ဒီဇင်ဘာလ (၃၀) ရက်မှစ၍ အနည်းလေးလုံးခန့်ကျရောက်ခဲ့ပါသည်။ ဒုက္ခသည်များအလုံးအရင်းဝင်လာမည်ကိုလည်း စိုးရိမ်လျက် ရှိပါသည်။

၂၀၁၁ ခုနှစ် စစ်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ခရစ်ယာန်အများစုဖြစ်သော ကချင်ဒုက္ခသည်များ ထောင်ပေါင်းများစွာသည် ယူနန်ပြည်နယ်အတွင်းသို့ဝင်ရောက်လာသဖြင့် တရုတ်ခရစ်ယာန်များနှင့် တရုတ် ပြည်တွင်း၌ နေထိုင်သော ဂျိန်းဖော (ကချင်လူမျိုး) များသည် ဒုက္ခသည်စခန်းများသို့သွားရောက်၍ အကူအညီများ ပေးခဲ့ပါသည်။ ပြီးခဲ့သည့် သြဂုတ်လက တရုတ်အာဏာပိုင်များက ဒုက္ခသည်များအား ကချင် ပြည်နယ်သို့ ပြန်ရန်မောင်းထုတ်ခဲ့ပါသည်။

တိုင်းရင်းသားပြည်တွင်းစစ်များသည် တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခဖြစ်စေလျက်ရှိရာ ဗမာတိုင်းရင်းသားလွှမ်းမိုးသောအစိုးရသည် ကချင်ကဲ့သို့သော တိုင်းရင်းသားများ၏ တောင်းဆိုမှုကို လေးလေး နက်နက် ထည့်သွင်းစဉ်းစားခြင်း ပြု၊မပြု မေးခွန်းမှာ ပဋိပက္ခအတွင်းထွက်ပေါ်လာသည့် မေးခွန်းဖြစ်ပါသည်။

-----------------------------------------------------------------------------------------------------

ကမ္ဘောဒီးယားနှင့် မြန်မာတွင် စက်မှုဇုန်တည်ထောင်ရန် ဂျပန်ကုမ္ပဏီများစိတ်ဝင်စား

(The Asahi Shimbun မှ 22 Feb 2013 ရက်စွဲပါ “Japanese Firms keen to develop industrial parks in Cambodia and Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

Photo Credit by The Asahi Shimbun

လုပ်အားခနည်းပါးခြင်း၊ အရှေ့တောင်အာရှနိုင်ငံများနှင့် နီးကပ်ခြင်းတို့ကြောင့် မြန်မာနှင့် ကမ္ဘောဒီးယားတွင် စက်မှုဇုန်အကောင်အထည်ဖော်  လုပ်ကိုင်လိုသော ဂျပန်ကုမ္ပဏီအရေအတွက် တိုးပွားလာပါသည်။

ဖနွမ်းပင် ဆင်ခြေဖုံးရှိ ၃၆၀ ပာတ်တာကျယ်ဝန်းသော အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ပြီး ဂျပန်နှင့် ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံသူများ ဖွဲ့စည်းထားသည့် ဖက်စပ်ကုမ္ပဏီက စီမံခန့်ခွဲလျက်ရှိသည်။

၎င်း စီးပွားရေးဇုန်တွင် လုပ်ကိုင်နေသော ကုမ္ပဏီ ၅၀ ခန့်အနက်မှ ၃၀ မှာ ဂျပန်ကုမ္ပဏီများဖြစ်ကြသည်။ ကားပစ္စည်းထုတ်လုပ်သော Denso Corp ကလည်း ထိုနေရာတွင် အခြေစိုက်ရန် ဇန်နဝါရီလကုန်က ဆုံးဖြတ်ခဲ့သည်။

ကုန်သွယ်မှုကုမ္ပဏီ ဆူမီတိုမိုကော်ပရေးရှင်းက ဇွန်လကုန်မှစ၍ စက်မှုဇုန်၏ အေးဂျင့်အဖြစ် ဝန်ဆောင်မှုပေးလျက်ရှိသည်။

ဆူမီတိုမို ကော်ပရေးရှင်းသည် ၁၉၉၀ ခုနှစ်များမှစ၍ အရှေ့တောင်အာရှကို ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့တွင် စက်မှုဇုန်များ စတင်အကောင်အထည်ဖော်ခဲ့သည်။

ထိုနိုင်ငံများတွင် လုပ်အားခနှင့် အလုပ်သမားပြဿနာများ မြင့်တက်လာသောအခါ ဆူမီတိုမိုက ကမ္ဘောဒီးယားကို စိတ်ဝင်စားလာခဲ့သည်။

“ကားပစ္စည်းအစိတ်အပိုင်းတွေကို ထိုင်းနိုင်ငံကို ကုန်းလမ်းက ပို့ဆောင်နိုင်တဲ့အတွက် ကမ္ဘောဒီးယား တစ်စိတ်တစ်ပိုင်း ရွှေ့ပြောင်းထုတ်လုပ်ခဲ့တာပါ”ပာု ဆူမီတိုမိုကော်ပရေးရှင်း၏ ပင်လယ်ရပ်ခြား စက်မှုဇုန်ဌာနခွဲ အထွေထွေမန်နေဂျာ ယာဆူရှီဖူကူဒါက ပြောကြားသည်။

မြန်မာနိုင်ငံတွင်မူ ဆူမီတိုမို၊ မစ်ဆူဘီရှီနှင့် မာရူဘီနီ ကော်ပရေးရှင်းကြီးများ ပူးပေါင်းကာ ရန်ကုန်အနီးတွင် သီလဝါစက်မှုဇုန်ကို အကောင်အထည် ဖော်လျက်ရှိသည်။

ထိုအတွက် ဂျပန်နှင့် မြန်မာပူးပေါင်းဖက်စပ်ကုမ္ပဏီကို မတ်လကုန်တွင် ဖွဲ့စည်းသွားမည်ဖြစ်သည်။ ၂၀၁၅ တွင်စက်ရုံများ စတင်လည်ပတ်ရန် မျှော်လင့်ထားသည်။ သီလဝါစက်မှုဇုန်သည် ကနဦး ပာတ်တာ ၄၄၀  ရှိပြီး ပာတ်တာ ၂၄၀၀ အထိတိုးချဲ့ရန် စီစဉ်ထားသည်။

မစ်ဆူဘီရှီကော်ပရေးရှင်းဥက္ကဋ္ဌ ကင်ကိုဘာယာရှီက “သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တိုင်းတာမှုဆာဗေးနဲ့ အခြားပြင်ဆင်မှုတွေပြီးတာနဲ့ တည်ဆောက်ရေးကိုစတင်တော့မှာပါ။ တည်ဆောက်ရေး စတင်ပြီဆိုရင် အချိန်အများကြီး မကြာတော့ပါဘူး။ ကျွန်တော်တို့ ကော်ပရေးရှင်းရဲ့ ကွန်ယက်တွေကို အပြည့်အဝအသုံးပြုပြီး အလုပ်ရှင်ဖောက်သည်တွေကို ဆွဲဆောင်သွားမှာပါ”ပာု ပြောကြားသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား၊ ကားလမ်းနှင့် အခြေခံစနစ်များ ဖွံ့ဖြိုးမှုမရှိသေးသောကြောင့် ထုတ်လုပ်ရေးကုမ္ပဏီအများစုမှာ မြန်မာနိုင်ငံသို့ခြေချရန်အတွက် စောင့်ကြည့်အကဲခတ်ခြင်းနည်းလမ်းကို ကိုင်စွဲထားကြသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက “တကယ်လို့ ပင်လယ်ရပ်ခြားမှာ သွားလုပ်ရမယ်ဆိုရင် ကမ္ဘောဒီးယားကိုပဲ ရွေးမှာပေါ့”ပာု ပြောကြားပါသည်။

သို့သော်လည်း လောလောဆယ် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကြောင့် လူဦးရေ သန်း ၆၀ ရှိသောမြန်မာဈေးကွက်အပေါ် မျှော်လင့်ချက်များ ကြီးထွားလျက်ရှိသည်။

“၂ နှစ် ၃ နှစ်အတွင်းမှာ အရာရာလုံးဝ ကွဲပြားခြားနားသွားပါလိမ့်မယ်”ပာု မာရူဘီနီ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။

 

***********************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive