Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၄.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. နှစ်တစ်နှစ်၏ နောက်ဆုံးသုံးလအတွင်း စင်ကာပူ၏ စီးပွားရေးဖွံ့ဖြိုးမှု ခန့်မှန်းထားမှုထက် ပိုမို

(BBC News မှ ဖေဖော်ဝါရီ ၂၂ တွင်ပါသည့် Singapore growth exceeds estimates in fourth quarter ကို ဘာသာပြန်ဆိုသည်။)

  1. မူးယစ်တိုက်ဖျက်ရေးတွင်  မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများ သုံးတော့မည့် တရုတ်

(Feb 19 2013 ရက်စွဲပါ Foreign Policy မှ 'China now considering drone strikes in its drug war' အား ဘာသာပြန်ဆိုသည်။)

***********************************************************************

ဘာသာပြန်သတင်းများ

နှစ်တစ်နှစ်၏ နောက်ဆုံးသုံးလအတွင်း စင်ကာပူ၏ စီးပွားရေးဖွံ့ဖြိုးမှု ခန့်မှန်းထားမှုထက် ပိုမို

(BBC News မှ ဖေဖော်ဝါရီ ၂၂ တွင်ပါသည့် Singapore growth exceeds estimates in fourth quarter ကို ဘာသာပြန်ဆိုသည်။)

photo credit - AFP

စင်ကာပူ၏ စီးပွားရေးသည် နှစ်တစ်နှစ်၏ နောက်ဆုံးသုံးလအတွင်း ကုန်ထုတ်လုပ်ရေးကဏ္ဍ၏ မြင့်မားသော ကုန်ထုတ်လုပ်မှုများကြောင့် မျှော်မှန်းထားသည်ထက် ပိုမိုခဲ့သည်။

ယမန်နှစ် နောက်ဆုံး သုံးလအတွင်း (ဒီဇင်ဘာလအထိ) စီးပွားရေးတိုးတက်နှုန်းမှာ ၁.၅ ရာခိုင်နှုန်းရှိခဲ့သည်။ ကနေဦးသုံးသပ်ချက်များအရ စင်ကာပူစီးပွားရေးမှာ ၁.၁ ရာခိုင်နှုန်းပတ်ဝန်းကျင် ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။

သုံးလပတ်တိုင်း တစ်ကြိမ် စိစစ်သုံးသပ်မှုအရ စီးပွားရေးဖွံ့ဖြိုးမှုမှာ ကနေဦး ခန့်မှန်းခဲ့သည့် ၁.၈ ရာခိုင်နှုန်းထက် ကျော်လွန်ကာ ၃.၃ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ယမန်နှစ်များက ကမ္ဘာ့စီးပွားကျဆင်းသဖြင့် စင်ကာပူ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ နှေးကွေးခြင်းသည် ၎င်း၏စီးပွားရေးကို ထိခိုက်စေခဲ့သည်။

သို့သော်ငြားလည်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာ၏ နောက်ဆုံးရ အချက်အလက်များအရ အောက်တိုဘာမှ ဒီဇင်ဘာ ကာလအတွင်း စင်ကာပူ၏ ကုန်ထုတ်လုပ်မှုမှာ ပြီးခဲ့သည့် သုံးလပတ်နှင့် နှိုင်းစာလျှင် ပျှမ်းမျှ၃.၂ ရာခိုင်နှုန်း မြင့်မားလာခဲ့ကြောင်းသိရသည်။

၎င်းကို ပြီးခဲ့သည့် သုံးလအတွင်း ၁၆.၆ ရာခိုင်နှုန်းကျုံ့သွားမှုနှင့် နှိုင်းယှဉ်ခြင်းဖြစ်သည်။

ဝန်ကြီးဌာနမှ ယခုလို စီးပွားရေးပြန်တက်လာခြင်းမှာ ကျဆင်းသွားသည့် လျှပ်စစ်ပစ္စည်းထုတ်လုပ် ရေးကဏ္ဍကို ဇီဝဆေးဝါး ထုတ်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့ ဖွံ့ဖြိုးလာခြင်းဖြင့် ထေခဲ့ခြင်း ကြောင့်ဖြစ်သည်ဟု ဆိုသည်။

သတိရှိစွာ အကောင်းမြင်ခြင်း

သို့သော်ငြားလည်း အစိုးရဟာ ၂၀၁၃ ခုနှစ်အတွက် ၎င်းစီးပွားရေးဖွံ့ဖြိုးမှု ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း ကြား မပြောင်းလဲအောင် ထိမ်းသိမ်းထားရန် မျှော်မှန်းပါသည်။

ထိုသို့ မကြာမီက တိုးတက်သည့်လက္ခဏာများ ဖြစ်ထွန်းလာသော်လည်း တကမ္ဘာလုံးစီးပွားရေးမှာ အချိန်မရွေးပြောင်းလဲသွားနိုင်သည့် အခြေအနေမှာပင်ရှိနေပါသေးသည်။

အမေရိကန်နိုင်ငံအတွင်း  အားကောင်းသည့် စီးပွားရေးပြန်လည်နိုးထလာမှုကို ၎င်း၏တင်းကြပ်သည့် အခွန်ဘဏ္ဍာမူဝါဒဖြင့်  ကန့်သတ် ထိန်းချုပ်သလို ဖြစ်သွားနိုင်သည်ကို စိုးရိမ်ရကြောင်း ဝန်ကြီးဌာနမှဆိုသည်။

ဆက်လက်ဖြစ်ပွားနေတဲ့ ဥရောပဇုံအတွင်း ကြွေးမြီးအကျပ်အတည်းနှင့် အလုပ်လက်မဲ့နှုန်းမြင့်မား နေမှုများသည် အဆိုပါ ဒေသ၏ ဖွံ့ဖြိုးမှုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဖြည့်စွက်ပြောကြားသည်။

တစ်ချိန်တည်းမှာပင် ပြည်တွင်းဝယ်လိုအား ပုံမှန်အခြေအနေတိုင်းပြန်ဖြစ်လာမှုနှင့်  ပြည်ပဝယ်လိုအား အတော်အသင့် ဖွံ့ဖြိုးလာခြင်းအစရှိသော ဖြည့်ဆည်းပေးမှုများဖြင့် အာရှ၏ စီးပွားရေးတိုးတက်နှုန်းမှာ အလယ်အလတ်အဆင့်လောက် တိုးတက်မှုရှိလိမ့်မည်ဟု ဝန်ကြီးဌာနမှ ခန့်မှန်းသည်။

“ယင်း အမျိုးသားအဆင့် စီးပွားရေးနောက်ခံကားချပ်နဲ့ ချိန်ထိုးကြည့်လိုက်ရင် စင်ကာပူစီးပွားရေးဟာ  အပေါင်းလက္ခဏာဆောင်တယ်လို့ သတိနဲ့ ပြောနိုင်ပါတယ်” ဟု ဝန်ကြီးဌာနက ဆိုသည်။

မည်သို့ပင်ဖြစ်စေ အမေရိကန်နှင့် ဥရောပဇုန်အတွင်းရှိ စီးပွားရေးအခြေအနေသည် ပို၍ ဆိုးရွားလာလျှင် စင်ကာပူစီးပွားရေးဖွံ့ဖြိုးမှုမှာ မျှော်မှန်းထားတာထက် ပို၍ နိမ့်ပါးလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------

မူးယစ်တိုက်ဖျက်ရေးတွင်  မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများ သုံးတော့မည့် တရုတ်

(Feb 19 2013 ရက်စွဲပါ Foreign Policy မှ 'China now considering drone strikes in its drug war' အား ဘာသာပြန်ဆိုသည်။)

photo credit - Foreign Policy Magazine

တရုတ်အစိုးရက မောင်းသူမဲ့ စစ်တပ်သုံး လေကြောင်းတိုက်ခိုက်မှုများဖြင့် မြန်မာနိုင်ငံတွင် ပုန်းခိုနေသော မူးယစ်ဆေးဝါးကုန်သည်များအား ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဋ္ဌာနမူးယစ်ဆန့်ကျင်ရေးဗျူရို အုပ်ချုပ်မှုဒါရိုက်တာ Liu Yuejin နှင့် ဂလိုဘယ်တိုင်းမ်တို့ တနလာင်္နေ့က တွေ့ဆုံမေးမြန်းချက်အရ သိရသည်။ မူးယစ်ကုန်ကူးခြင်းနှင့်ပတ်သက်သော တရုတ်သဘောင်္သား ၁၃ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုအတွက် အလိုရှိခဲ့သောပစ်မှတ် နော်ခမ်းသည် လွန်ခဲ့သော ဧပရယ်လက လာအိုနိုင်ငံတွင်ပြုလုပ်သော တရုတ်-လာအို ပူးပေါင်းစစ်ဆင်ရေးတွင် ဖမ်းမိခဲ့ပြီး ယခု တရုတ်နိုင်ငံတွင် သေဒဏ်အတွက် အယူခံဝင်လျှက်ရှိသည်။

ယူဂျင်း၏မှတ်ချက်သဘောထားသည် မောင်းသူမဲ့လေယာဉ် အသုံးပြုတိုက်ခိုက်ရန် တရုတ်တို့စဉ်းစားနေခြင်းအတွက် သဘောထား လျှပ်တပြက် ထင်ဟပ်ချက်တစ်ခုဖြစ်သည်။ ယင်းဗျူဟာမှာ အမေရိကန်တို့ကသာ အသုံးပြုခဲ့သော်လည်း ယခုအခါအသုံးပြုခြင်းမရှိတော့ပေ။

တရုတ်တို့စဉ်းစားနေသောကိစ္စကို  မငြိမ်မသက်ဖြစ်နေသော မြန်မာပြည်မြောက်ပိုင်းတွင်  လုပ်ဆောင်မည်ဖြစ်ပါသည်။

ထိုနေရာတွင် မူးယစ်ဆေးဝါးအရောင်းအဝယ်နှင့် တိုင်းရင်းသားအရေးတို့ကို နေပြည်တော်အစိုးရက ထိန်းချုပ်ရန်ကြိုးပမ်းနေသည်။ ပါကစ္စတန်၊ ယီမင်နှင့် ဆိုမာလီယာ တိုက်ခိုက်မှုတို့တွင် အမေရိကန်၏ တရားဝင်အကြောင်းပြချက်နှင့် အလားတူပင် တရုတ်အနေနှင့် နေပြည်တော်၏ ထောက်ခံမှုကို ရအောင်ရှာနိုင်သကဲ့သို့ အိုဘားမား၏  white paper တွင်ဖေါ်ပြထားသကဲ့သို့ 'ပစ်မှတ်ထားရာ တစ်ဦးချင်းပါဝင်သော ရန်သူအား မချေမှုန်းနိုင် သို့မဟုတ် ချေမှုန်းရန်ဆန္ဒမရှိ'ဟု ဆိုခြင်းကြောင့် သဘောတူခြင်းကိုလည်း ရနိုင်ရန်ကြိုးစားနိုင်ပါသည်။ မူးယစ်ရာဇာတစ်ဦးသည် တရုတ်သင်္ဘောသားများ သေဆုံးရမှုနှင့် ပတ်သက်လာသောအခါ မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုမျိုးအတွက် တရားမျှတသည်ဟုဆင်ခြင်ဖွယ်ရှိပါသည်။ white paper တွင် မခိုင်မာသော အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း မိမိမြေကို ကြီးမားစွာခြိမ်းခြောက်ပြီး ပြင်းထန်စွာတိုက်ခိုက်လာခြင်းကြောင့် တရားသည်ဟု မှတ်ယူလိမ့်မည်။

အမေရိကန်သည် အယ်ကိုင်းဒါးစစ်သွေးကြွများအား ပစ်မှတ်ထားခဲ့စဉ်က USS Cole အား မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် တရားသည်ဟု ဖြေရှင်းခဲ့ပြီး 2002 white paper မထွက်မှီကပင် Abu Ali al-Harithi အား စတင်ပစ်မှတ်ထားခဲ့ပါသည်။

တရုတ်အစိုးရက မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်ရန်စဉ်းစားခွင့်ပြုခဲ့ခြင်းမှာ တရုတ်စီမံကိန်းအချို့ရပ်ဆိုင်းသွားခြင်း အနောက်နိုင်ငံများနှင့် ပြိုင်ဆိုင်လာရခြင်းများစသည့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးစိမ်းလာသည့်အချိန်ဖြစ်ပါသည်။

ယခုလများအတွင်း တရုတ်သည် အမေရိကန်ထုတ်နှင့်တူသည်ဟု သံသယဖြစ်စရာရှိသော Predator and Reaper လေယာဉ်များကို ပွဲထုတ်ခြင်း၊ အဝေးထိန်းစနစ်ဖြင့် ပျံသန်းနိုင်သော Shenyang J – 6 ဂျက်လေယာဉ်ဟောင်းများကို ပြန်လည်တည်ဆောက်ခြင်းဖြင့် ၎င်းတို့၏ UAV အစီအစဉ်ကို အထူးအလေးထားနေသည့်ပုံပေါ်သည်။

နော်ခမ်းအား အရှင်ဖမ်းရမည်ဟူသော ညွှန်ကြားချက်ကြောင့် လေကြောင်းတိုက်ခိုက်မှုအား လျစ်လျူပြုခဲ့ခြင်းဖြစ်သည်ဟု ယီမင်းက ဂလိုဘယ်တိုင်းကို ပြောခဲ့သည်။ သို့သော် သူ၏မှတ်ချက်များက တရုတ်သည် အသေသတ်ချေမှုန်းရေးလမ်းစဉ်အား အလေးကဲနေသည်ကို ဖော်ပြသကဲ့သို့ပင်။

အကယ်၍ တရုတ်က ပထမဆုံးလေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်သောအခါ အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေး သုံးနိုင်ငံနှင့် ပူးပေါင်းရမည်ဖြစ်သည်။  ပြီးလျှင် အဆိုပါ နိုင်ငံများနှင့်အတူ အဆိုပါစစ်ဆင်ရေးများသည် တရားဝင်မှုရှိမရှိ လက်ရှိနိုင်ငံတကာအကဲဖြတ်မှုကို ခံယူရမည်ဖြစ်ပါသည်။ လက်ရှိအချုပ်အခြာပိုင်ဆိုင်မှုသတ်မှတ်ချက်များနှင့်နိုင်ငံတကာဥပဒေများကို လစ်လျုရှုခြင်းရှိမရှိ တို့ကို အစစ်ခံရမည်ဖြစ်ပါသည်။

 ***********************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၄.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

 “ဖြေရှင်းတာနည်းရတဲ့ အကြောင်းအရင်း ပြန်ကြားမှုနည်းတာကတော့ လက်ခံရရှိတဲ့ အစိုးရအဖွဲ့က ဖြေရှင်း ဆောင်ရွက်မှုရှိပါတယ်။ ဒါပေမဲ့ အဆင့်ဆင့်လုပ်ဆောင်နေရတယ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ အဲဒီကနေ ခရိုင်၊ မြို့နယ် ဒီလိုအဆင့်ဆင့်စိစစ်ရလို့ ကြန့်ကြာနေတာပါ”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၇) တွင်ပါရှိသော “တိုင်စာနှင့် ဖြေရှင်းစာ မမျှဖြစ်နေ” သတင်းမှ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်း၏ ပြောကြားချက် အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------

“ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းမှာပါတဲ့အတိုင်း လူထုဆန္ဒ၊ လူထုအသံမပါဘဲ ဘယ်စီမံ ကိန်းကိုမှ မလုပ်ပါဘူးဆိုပြီး ယုံကြည်ခဲ့တာပါ။ ဒါပေမယ့်အခုစည်ပင်သာယာက လုပ်တဲ့ပုံစံကတော့ သမ္မတကြီး ကိုတောင် ဂရုမစိုက်တဲ့ သဘောဖြစ်နေပါတယ်”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ်  The Street View Journal အတွဲ (၂) အမှတ် (၈) တွင်ပါရှိသော “ဟံသာဝတီကားပွဲစားတန်း မပြောင်းရွှေ့ရေး ၂၃ ရက်နေ့တွင် စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်မည်” သတင်းမှ မပြောင်းရွှေ့ရေးကော်မတီအဖွဲ့ ခေါင်းဆောင်ဦးဝင်းကိုမြင့် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------

“လွှတ်တော်ကနေပြီးတော့ အရေးကြီးအဆိုပထမအကြိမ်တင်တာတော့ အဆင်မပြေဘူး။ အဆင်မပြေတော့ ပြန်ပြီးတော့ဆွေးနွေးဖို့ ဆုံးဖြတ်ဖို့ လွှတ်တော်ရဲ့အဆုံးအဖြတ်ကိုခံဖို့။ ဒါမှမဟုတ်လည်း အမျိုးသားလွှတ်တော် မှာ တင်ပြီးတော့ အဆုံးအဖြတ်ယူဖို့ကြိုးစားနေပါတယ်။ တခြားဖက်မှာလည်း တရားစွဲပြီးတော့ ဒါကိုတားရင် ကောင်းမလား၊ ဘယ်လိုပုံစံတရားစွဲရင်ကောင်းမလည်း စဉ်းစားနေတယ်”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ်  The Street View Journal အတွဲ (၂) အမှတ် (၈) တွင်ပါရှိသော “တိုင်းတရားရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲမှုရပ်တန့်ရေး ရှေ့နေများကွန်ယက်က တရားစွဲခြင်းနည်းဖြင့် ဆောင်ရွက်ရန်စဉ်းစားလျက်ရှိ” သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ပြောကြားချက် အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------

“အလုပ်သမားဥပဒေတွေကို မလိုက်နာရင် အလုပ်ရှင်ကို ပြင်းပြင်းထန်ထန်အရေးယူ၊ အလုပ်သမားကိုလည်း အရေးယူ၊ လေဘာအရာရှိ ကိုလည်းအရေးယူရမယ်”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၈) တွင်ပါရှိသော “လုပ်သားပြဿနာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် လုပ်သားများတိုက်တွန်း” သတင်းမှ မြန်မာနိုင်ငံစက်မှုဇုန် အလုပ်သမားများ သမဂ္ဂဥက္ကဋ္ဌ ဦးရဲကျော်သူ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------

“ပါတီနှစ်ခုပူးပေါင်းဖို့ လမ်းခရီးကမဖြောင့်ဖြူးနိုင်ဘူး ဖြစ်နေတယ်။ ကွာဟချက်က ဘယ်လိုပူးပေါင်းမလဲဆိုတဲ့ နည်းလမ်းပဲ။ မူတွေအများကြီးကွဲတာ မရှိပေမယ့် လူတွေကွဲနေပါတယ်။ ချင်းလူထုက ချင်းဆိုတစ်ပါတီတည်း ဖြစ်စေချင်တော့ ပုဂ္ဂိုလ်ရေးအဖုအထစ်တွေ၊ သမိုင်းကြောင်းမလှခဲ့တာတွေက ပူးပေါင်းဖို့ ခက်ခဲစေတယ် လို့မြင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်တော့ ပူးပေါင်းမှာပါ။ပါတီတစ်ခုတည်း ဖြစ်သွားရင် လွှတ်တော် အမတ်တွေ ပေါင်းစည်းမိပြီး အင်အားကောင်းလာမှာပါ”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် Favourite News Journal အမှတ် (၃/၁၈၉) တွင်ပါရှိသော “ချင်းပါတီနှစ် ခုပေါင်းဖို့ အဖုအထစ်တွေရှိနေဆဲ နှစ်ပါတီပေါင်းတာ ကောင်းမှန်းသိပေမယ့် ပေါင်းရခက်နေ” သတင်းမှ ချင်းအမျိုးသားပါတီမှ အတွင်းရေးမှူး၏ပြောကြားချက်အား ကောက်နှုတ်ချက်။

********************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၄.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ဘဏ်ချေးငွေများသူများကို နောက်ကြောင်းစုံစမ်းမည့်အဖွဲ့ ဖွဲ့စည်းရန်စီစဉ်
  2. SMEs ဥပဒေသစ် ယခုနှစ်အတွင်း ထွက်ရှိမည်
  3. ကျပ် ၁၀၀ အောက်ပိုင်ဆိုင်မှ လူမွဲဖြစ်မည့် လူမွဲ ဥပဒေ ပြင်ဆင်ရန် ဥပဒေပညာရှင်များ ပြောကြား
  4. ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် KIO တို့ မတ်လ ပထမအပတ်တွင် ထပ်တွေ့မည်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ဘဏ်ချေးငွေများသူများကို နောက်ကြောင်းစုံစမ်းမည့်အဖွဲ့ ဖွဲ့စည်းရန်စီစဉ်

အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများအတွက် ဘဏ်မှချေးငွေယူသူများ၏ နောက်ကြောင်းအချက်အလက်များကို စုံစမ်းမည့်အဖွဲ့တစ်ခု ဖွဲ့စည်းရန်စီစဉ်နေကြောင်း မြန်မာ့အရှေ့တိုင်းဘဏ်မှ အထွေထွေမန်နေဂျာ ဦးစံသိန်းက ပြောကြားခဲ့သည်။

Credit Information Bureau အမည်ရ ယင်းအဖွဲ့သည် ဘဏ်မှ ငွေချေးယူသူများ တခြားဘဏ်များတွင် အကြွေးတင်နေခြင်း ရှိမရှိနှင့် လာရောက်ချေးယူသည့်ဘဏ်တွင် ယခင်က အကြွေးယူထားခြင်းရှိမရှိ စသည့်၎င်းတို့၏ နောက်ကြောင်းများကို စုဆောင်းပြီး ရရှိလာသည့်အချက်များကို လိုအပ်သည့်ဘဏ်များသို့ ဖြန့်ဝေသည့် အဖွဲ့ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောကြားခဲ့သည်။

ဘဏ်များ ငွေကြေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေနည်းပါးရန်၊ ပြည်သူများက ဘဏ်များအပေါ်တွင် ပိုမိုယုံကြည်လာရန်အတွက် ထိုသို့ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ဖြည့်စွက်ပြောကြားခဲ့သည်။

Credit Information Bureau ကိုဖွဲ့စည်းရာတွင် ဗဟိုဘဏ်၏ စုစည်းမှုဖြင့် ပုဂ္ဂလိက ဘဏ်များနှင့် စင်ကာပူကုမ္ပဏီတစ်ခု၏ အကူအညီ ရယူသွားမည် ဖြစ်ကြောင်း မြန်မာ့အရှေ့တိုင်းဘဏ်မှ အထွေထွေမန်နေဂျာ ဦးစံသိန်းက ထပ်မံပြောကြားခဲ့သည်။

ယင်းကဲ့သို့သောအဖွဲ့ကို အမေရိကန်ပြည်ထောင်စုတွင် Consumer Reporting Agency (CRA) ဟုလည်းကောင်း၊ ဗြိတိန်တွင် Credit Reference Agency (CRA) ဟုလည်းကောင်း အသီးသီးခေါ်ဆိုပြီး သတင်းအချက်အလက်များကို အရင်းအမြစ်ပေါင်းစုံမှ စုစည်းကာ ငွေချေးသူများ၏ ယုံကြည်စိတ်ချရမှုကို မှတ်တမ်းတင်သောအဖွဲ့ဖြစ်သည်။

YC

--------------------------------------------------------------------------------------------------------

SMEs ဥပဒေသစ် ယခုနှစ်အတွင်း ထွက်ရှိမည်

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် တာဝန်နှင့်အခွင့်အရေး တစ်ပြိုင်နက် ဖော်ဆောင်ပေးနိုင်မည့် SMEs ဥပဒေသစ် ယခုနှစ်အတွင်း ထွက်ပေါ်လာမည်ဖြစ်ကြောင်း SMEs လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးဗဟိုမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးအဆောက်အအုံတစ်ခုလုံး၏ ၉၆ ရာခိုင်နှုန်းအထိရှိနေသော အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများ၏ အကျိုးစီးပွားနှင့် အရင်းအနှီးများကို ရှင်သန်ရပ်တည်နိုင်ရန် အကာကွယ်ပေးနိုင်မည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ ( SMEs Law )ကို နိုင်ငံတော်အနေဖြင့် ယခု ၂၀၁၃ ခုနှစ်အတွင်း အတည်ပြုပြဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း ယင်းဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လက်ရှိအသေးစားနှင့်အလတ်စားလုပ်ငန်းများ၏ အနေအထားသည် ဥပဒေမရှိသောကြောင့် လုပ်ကိုင်ရာတွင် အခက်ခဲများရှိနေပြီး SMEs ဥပဒေ ထွက်ပေါ်လာပါက အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ပံ့ပိုးမူများရှိလာမည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များက SMEs ဥပဒေထွက်ပေါ်လာရန် တိုက်တွန်းနေခြင်းဖြစ်ကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားခဲ့သည်။

ယခုအခါပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) များသည် မှတ်ပုံတင်ပြီးသော အရေအတွက်သည် ၄၀၀၀၀ ကျော် အထိရှိကာ မှတ်ပုံမတင်ရသေးသော လုပ်ငန်းများကိုပါ ထည့်သွင်းတွက်ချက်ပါက အရေအတွက် နှစ်သိန်းကျော်အထိ ရှိလာနိုင်ပြီး အဆိုပါဥပဒေ ထွက်ပေါ်လာမည့် SMEs ဥပဒေသစ်တွင်မူ ကုန်သွယ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများပါ ထည့်သွင်းနိုင်မည်ဖြစ်ပြီး SMEs ဥပဒေပြင်ဆင် ရေးဆွဲရာတွင် ပြည်တွင်းရှိ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ အကြံပြုချက်များကို ရယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

 YC

*********************************************************************************

ကျပ် ၁၀၀ အောက်ပိုင်ဆိုင်မှ လူမွဲဖြစ်မည့် လူမွဲ ဥပဒေ ပြင်ဆင်ရန် ဥပဒေပညာရှင်များ ပြောကြား

ယနေ့ခေတ်အခါတွင် ငွေကြေးတန်ဖိုးများပြောင်းလဲနေပြီဖြစ်သော်လည်း ဥပဒေပြဋ္ဌာန်းချက်များတွင် ယခင်ကိုလိုနီခေတ်က ငွေကြေးတန်ဖိုး များဖြင့် သတ်မှတ်ထားသော လူမွဲဥပဒေအား ခေတ်နှင့်လုံးဝလျှော်ညီခြင်းမရှိတော့သည့်အတွက် ပြင်ဆင်ရမည်ဖြစ်ကြောင်း ဥပဒေပညာရှင်အသိုင်းအဝိုင်းမှ ပြောကြားကြသည်။

လက်ရှိပြဋ္ဌာန်းထားသော လူမွဲဥပဒေတွင် ငွေကျပ် ၁၀၀ အောက် မပိုင်ဆိုင်ကြောင်းသက်သေပြနိုင်သူသာ တရားမမှုများတွင် လူမွဲမှု ပူးတွဲ လျှောက်ထားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အမှန်တကယ်ခံစားခွင့်ရှိသော ငွေကြေးချို့တဲ့သူများအနေဖြင့် တရားစွဲရန် အခက်အခဲများရှိနေသဖြင့် နစ်နာနေကြောင်း သိရသည်။

ငွေကြေးချို့တဲ့သူများအနေဖြင့် လူမွဲမှုလျှောက်လွှာဖြင့် ပူးတွဲလျှောက်နိုင်သော်လည်း လူမွဲဥပဒေမှာ ယနေ့ကာလနှင့် မည်သို့မျှ မအပ်စပ်တော့ သော ငွေကျပ် ၁၀၀ အောက်ဖြစ်နေသောကြောင့် လူမွဲမှု ပူးတွဲလျှောက်ကာ တရားစွဲရန် ခက်ခဲသွားကြောင်း တရားလွှတ်တော် ရှေ့နေဦးတိုးဝင်းက ရှင်းပြသည်။

ထို့ကြောင့် ဆင်းရဲသား အောက်ခြေပြည်သူများ လူမွဲဥပဒေ၏ အကျိုးကို ခံစားခွင့်ရပြီး တရားစွဲစရိတ် သက်သာစေရန်အတွက် လူမွဲဥပဒေပါ ငွေကြေးတန်ဖိုးကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရမည်ဖြစ်ကြောင်း ရှေ့နေဦးထွန်းအောင်ကလည်း ပြောကြားသည်။

ယခုခေတ်တွင် လူမွဲမှုဥပဒေနှင့်ပတ်သက်ပြီး နားလည်တတ်ကျွမ်းသည့် ရှေ့နေ ရှားပါးနေသကဲ့သို့ လူမွဲဥပဒေတွင် ပြဋ္ဌာန်းထားသည့် ငွေကြေး ပမာဏကြောင့် လူမွဲမှုဖြင့်တရားစွဲဆိုနိုင်သူ လွန်စွာရှားပါးပြီး လေးနှစ်တာကာလအတွင်း နှစ်မှုသာတွေ့ရသည်ဟု သိရသည်။ လူမွဲမှုကို တရားမမှုများတွင် ပူးတွဲလျှောက်ထားကာ တရားစွဲဆိုနိုင်ပြီး အမှန်တကယ်နစ်နာကာ တရားစွဲရန်မတတ်နိုင်သူများအတွက် အဆိုပါလူမွဲဥပဒေ ထုတ်ထားခြင်းဖြစ်သည်။

YC

--------------------------------------------------------------------------------

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် KIO တို့ မတ်လ ပထမအပတ်တွင် ထပ်တွေ့မည်

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ မတ်လ ပထမအပတ်အတွင်း ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးရန် စီစဉ်မည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်။

အစိုးရနှင့် KIO အကြား ပထမအကြိမ်အဖြစ် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ဆုံခဲ့ပြီး ပထမအဆင့်အနေဖြင့် နှစ်ဖက်ပူးတွဲကြေညာချက် statement များထုတ်ထားခဲ့ပြီးဖြစ်သည်။ ယခု ဒုတိယအကြိမ်ကိုမူ မည်သည့်နေရာ၌ တွေ့ဆုံမည်ကို အတိအကျ မပြောနိုင်သေးကြောင်း၊ KIO က သဘောတူလျှင် ပြည်တွင်းမှာပင် ၎င်းတို့တောင်းဆိုသောနေရာ၌ တွေ့ဆုံရန် စီစဉ်မည်ဖြစ်ကြောင်း ဦးအောင်မင်းက ဆိုသည်။

ပထမအကြိမ်ရွှေလီမှ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးအုန်းမြင့်တို့နှင့် အဖွဲ့ဝင် ၆ ဦး၊ KIO ဆွေးနွေးရေးအဖွဲ့မှ ဦးဆွမ်လွတ်ဂမ်နှင့် ဗိုလ်ချုပ် ဂွမ်မော်တို့ ဦးစီး ၅ ဦး၊ တရုတ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန သံအမတ်ကြီး Mr. Luo Zhaohui ဦးစီး (၂) ဦး၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးနှင့် အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း၊ RCSS/SSA မှ ဗိုလ်မှူးချုပ် စိုင်းလူး ဦးစီး ၃ ဦး၊ ဦးဟန်ညောင်ဝေ နှင့် Victor Biak Lian တို့ တက်ရောက်ခဲ့ကြသည်။

YC

*************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive