Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၅.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာ စက်လှေစီးသူများနှင့် ပတ်သက်၍ ကုလသမဂ္ဂတပ်လှန့်သတိပေး

(The Nation News မှ 23 February 2013 ရက်စွဲပါ “UN alarmed over Myanmar boat people” သတင်း ကိုဘာသာပြန်ဆိုပါသည်)

  1. အကြီးမားဆုံးမူးယစ်ဆေး ဖမ်းဆီးရမိမှုတစ်ခုတွင် အဖမ်းခံရသူ ၆ ဦးအနက်ဗိုလ်မှူးကြီးတစ်ဦးပါဝင်

(DNA India News မှ 24 February 2013 ရက်စွဲပါ “Army Colonel among 6 arrested in one of the biggest drug hauls” သတင်းကိုဘာသာပြန်ဆိုပါသည်)                

                ***********************************************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာ စက်လှေစီးသူများနှင့် ပတ်သက်၍ ကုလသမဂ္ဂတပ်လှန့်သတိပေး

(The Nation News မှ 23 February 2013 ရက်စွဲပါ “UN alarmed over Myanmar boat people” သတင်း ကိုဘာသာပြန်ဆိုပါသည်)

Photo Credit by Online

အိန္ဒိယသမုဒ္ဒရာကို လူမှောင်ခိုစက်လှေများဖြင့် ဖြတ်ကူးရန် ကြိုးစားရင်းသေဆုံးသူ များပြားလာပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံမဲ့ရိုဟင်ဂျာ အသိုင်းအဝိုင်းမှ အမျိုးသမီးများနှင့် ကလေးများ အရေအတွက်တိုး လာခြင်းကို တားဆီးရန်အတွက် အရေးပေါ်ဆောင်ရွက်ကြရန် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးများ ရုံး UNHCR ကတောင်းဆိုလိုက်ပါတယ်။ “အိန္ဒိယသမုဒ္ဒရာဟာ ကမ္ဘာပေါ်မှာ နိုင်ငံစွန့်ခွာ ထွက်ပြေးတဲ့သူ တွေအတွက် အသေအပျောက်အများဆုံးရေပြင်တစ်ခုဖြစ်ကြောင်း ထင်ရှားနေပြီဟု UNHCR ပြောရေးဆိုခွင့်ရှိ သူ အန်ဒရေမာဟီဆစ် က ဂျီနီဗာတွင် သတင်းထောက်များကို ပြောကြားကြောင်း” နယူးယောက် ကုလဌာန ချုပ်က သတင်းထုတ်ပြန်သည်။

၂၀၁၂ အတွင်း လူမှောင်ခိုစက်လှေများဖြင့် ဖြတ်ကူးသူ ၁၃၀၀၀ ခန့်အနက်မှ ဘင်္ဂလားပင်လယ်အော် အတွင်းစက်လှေပျက်ခြင်း၊မှောက်ခြင်း တို့ကြောင့် သေဆုံးသူ ၅၀၀ နီးပါး ရှိခဲ့သည်ဟု UNHR ကခန့်မှန်းသည်။

“၂၀၁၃ ခုနှစ်ထဲမှာပဲ ဘင်္ဂလားပင်လယ်အော်ကို လူမှောင်ခိုစက်လှေတွေနဲ့ ဖြတ်ကူးခဲ့သူအရေအတွက် ထောင်ချီနေပြီလို့ ယုံကြည်ရပါတယ်” ဟု မာဟီဆစ် ကဆိုပါသည်။

အထူးစိုးရိမ်ရသူများမှာ မြန်မာအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်မပြုသော ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများပင် ဖြစ်သည်။ ပြီးခဲ့သော ဇွန်လက စတင်ဖြစ်ပွားသော ဗုဒ္ဓဘာသာရခိုင်နှင့် မွတ်ဆလင် ရိုဟင်ဂျာ တို့အကြား ပဋိပက္ခကြောင့် ရိုဟင်ဂျာအများစုဖြစ်သော လူပေါင်း ၁၁၅ ၀၀၀ ခန့်အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ၎င်းတို့သည် ပြည်တွင်းဒုက္ခသည်စခန်းများ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်းနိုင်ငံများရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိသည်။

ထုံးစံအားဖြင့် အမျိုးသားများကသာ လူမှောင်ခိုစက်လှေများဖြင့် ပင်လယ်ဖြတ်ကူးထွက်ပြေးလေ့ရှိသော် လည်း ပြီးခဲ့သော သတင်းပတ်များ အတွင်း အမျိုးသမီးများနှင့် ကလေးများတိုးပွားပါဝင်လာခြင်းက မျှော်လင့် ချက်မဲ့ခြင်း၊ ဘဝဆုံးရှုံးခြင်းတို့ ကြီးထွားလာမှုကို ပြသနေသည်ဟု UNHCR က သုံးသပ်သည်။

မကြာသေးမှီက ရိုဟင်ဂျာစက်လှေတစ်စီးစက်ပျက်ကာ ပင်လယ်တွင်းနှစ်လခန့်မျောပါနေစဉ် အစာနှင့် ရေငတ်ပြတ်မှုကြောင့် လူ ၉၀ ကျော် သေဆုံးခဲ့ရပြီး အသက်ရှင်ကျန်သူ ၃၀ ခန့်ကို သီရီလင်္ကာရေတပ်က ကယ်ဆယ်ခဲ့ရခြင်းမှာ အဆိုးဝါးဆုံး နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။

“UNHCR အနေနဲ့ ဒီကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် များစွာစိတ်မကောင်းဖြစ်ရပြီး သီရိလင်္ကာရေတပ်ရဲ့ မြန်ဆန်တဲ့ ကယ်တင်စောင့်ရှောက်မှုကို ချီးကျူးပါတယ်။ နိုင်ငံတကာ အကာအကွယ်လိုအပ်နေတဲ့လူတွေကို ကူညီရာမှာ သီရိလင်္ကာအာဏာပိုင်တွေကို အားပေးကူညီဖို့ UNHR က အဆင်သင့်ရှိနေပါတယ်” ဟု မာဟီဆစ် ကပြောကြားသည်။

ထိုအတောအတွင်း ရိုဟင်ဂျာဒုက္ခသည်အမြောက်အများကို လက်ခံထားကြသော ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ အပါအဝင်အစိုးရများအား ကယ်ဆယ်ခဲ့သော ခရီးသည်များကို မြန်ဆန်စွာ လှေပေါ်မှချ၍ အရေးပေါ် လူသားချင်းစာနာမှု အကူအညီပေး၍ စောင့်ရှောက်ရန် စည်းမျဉ်းများကို သဘောတူကြရန် UNHCR ကတိုက်တွန်းလျက်ရှိသည်။

မာဟီဆစ်က ဆက်လက်၍ “ဒုက္ခသည်တွေ၊ ခိုလှုံသူတွေ၊ ရွှေ့ပြောင်းသူတွေ၊ ပုံမှန်မဟုတ်တဲ့ ပင်လယ်ခရီးနဲ့သွားလာနေကြတဲ့ ဒေသတွင်း ပုံစံတစ်ခု ဖြစ်လာတာကို UNHCR ကသတိပြုမိပါတယ်။ ဝန်ထုပ်ဝန်ပိုးနဲ့ တာဝန်ယူမှုကို ဝိုင်းဝန်းလုပ်ဆောင်ကြမယ့် စစ်မှန်တဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တွေကသာ ဒီဒုက္ခသည်တွေ၊ အလုပ်အကိုင်ရှာဖွေသူတွေရဲ့ အန္တရာယ်များ၊ ဂုတ်သွေးစုတ်ခံ စက်လှေခရီး တွေကို ရှောင်ရှားစေနိုင်မှာ ဖြစ်ပါတယ်။” ဟု ရှင်းလင်းပြောကြားသည်။

လာမည့်မတ်လတွင် ဂျကာတာ၌ ကျင်းပမည့် ဒေသတွင်းအစည်းအဝေးတွင် အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ဤကိစ္စ ဆွေးနွေးမှုများ အဆင်ပြေချောမွေ့အောင်ဆောင်ရွက်သွားမည်ဟု UNHCR ကပြောကြားခဲ့သည်။

 

*********************************************************************

 အကြီးမားဆုံးမူးယစ်ဆေး ဖမ်းဆီးရမိမှုတစ်ခုတွင် အဖမ်းခံရသူ ၆ ဦးအနက်ဗိုလ်မှူးကြီးတစ်ဦးပါဝင်

(DNA India News မှ 24 February 2013 ရက်စွဲပါ “Army Colonel among 6 arrested in one of the biggest drug hauls” သတင်းကိုဘာသာပြန်ဆိုပါသည်)

Photo Credit by The Nation

တနင်္ဂနွေနေ့က ချန်ဒယ်ခရိုင်တွင် မြန်မာနိုင်ငံဖက်သို့တရားမဝင်ခိုးထုတ်မည့် ရူပီးငွေ ၁၅ ကုဋေ တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့် ဗိုလ်မှူးကြီးတစ်ဦးနှင့် အခြားသူ ၅ ဦးတို့ကို မဏိပူရရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးခဲ့ပြီး ၎င်းပြည်နယ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှု တစ်ခုဖြစ်သည်ဟု သိရှိရသည်။

မော်တော်ယဉ်သုံးစီးအတွင်းမှ မူးယစ်ဆေးဝါးများကို ပါလယ်မြို့တွင် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပြီး၊ ဗိုလ်မှူးကြီး အေဂျေးချောင်ဒရီ၊ သူ၏ လက်ထောက် အာကေဘာဘလူး၊ လက်ထောက် မန်နေဂျာ ဘရိုဂျင်ဒရိုဆင်း တို့နှင့် အခြားသုံးဦးတို့ကို ဖမ်းဆီးထားကြောင်း အင်ဖားမှ ပြည်နယ်ရဲတပ်ဖွဲ့ ကပြောကြားသည်။

“ဗိုလ်မှူးကြီး ချောင်ဒရီနဲ့ အခြားသူငါးဦးကို ဒီနေ့မနက်ပဲ မဏိပူရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အခုလို ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိတာကို ကျွန်တော်တို့ တအံ့တသြယုံကြည်လိုက်ရပါတယ်” ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂျာဒစ်ဒါဟီဗာ ကဒေလီ တွင်ပြောကြား လိုက်ပါသည်။

အကယ်၍ ထိုအမှုတွင် ပါဝင်ပတ်သက်ကြောင်းတွေ့ရှိရပါက မည်သူကိုမဆိုစည်းကမ်းအတိုင်း တင်းတင်းကြပ်ကြပ်အရေးယူဆောင်ရွက် သွားမည်ဟု အိန္ဒိယစစ်ဖက်က ကတိပေးထားသည်။

“တကယ်လို့ ဒီနယ်မြေရဲ့ဥပဒေအတိုင်း သူ့မှာ အပြစ်ရှိကြောင်းတွေ့ရှိတယ်ဆိုရင် တိကျတဲ့စည်းကမ်း အတိုင်းသူ့ကို အရေးယူဆောင်ရွက် သွားမယ်ဆိုတာကို ကျွန်တော်တို့အလေးထားပြီး ပြောချင်ပါတယ်။ ကျွန်တော်တို့ဆီကို တရားဝင်အကြောင်းကြားလာတဲ့အခါ ကျွန်တော်တို့လည်း ဒီလုပ်ငန်းစဉ်မှာ ပါဝင် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဒါဟီဗာ ကပြောကြားသည်။

၎င်းတို့ခြောက်ဦးကို အင်ဖားမှ ၄၅ ကီလိုမီတာဝေးသော ပါလယ်ရဲစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း နှင့် အမှုကိုစာရင်းသွင်း မှတ်ပုံတင် ထားပြီးဖြစ်၍ သိုဘယ်ခရိုင် ကက်ရှင် ရဲစခန်းသို့၎င်းတို့ကိုပို့ဆောင်မည်ဖြစ် ကြောင်း ရဲတပ်ဖွဲ့ကပြောကြားပါသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများတွင် Respifed၊ Omkop၊ Hilcold၊ Polyfed နှင့် Actidin ဆေးပြားများ  ပါဝင်ပြီး ရူပီးငွေ ၁၅ ကုဋေခန့်တန်ဖိုးရှိကြောင်းနှင့် ပြည်နယ်တွင်းအကြီးမားဆုံးဖမ်းဆီးရမိမှု တစ်ခုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ရှင်းလင်းပြောဆိုခဲ့သည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၆.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“အောက်ခြေအဆင့်တွေက အထင်အမြင်လွဲမှားတာပါ။ မနေ့ကတော့တိုက်ပွဲတွေရပ်သွားပါပြီ။ ဒီနေ့တော့မရှိတော့ပါဘူး။ အောက်မှာရှိတဲ့ တပ်တွေက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ တစ်ခြားနိုင်ငံတွေလည်း လိုက်လေ့လာ ဖို့လိုပါတယ်။ တစ်ခြားနိုင်ငံတွေမှာလည်း အောက်ခြေမှာတော့ ဖြစ်နေကြတာပါပဲ။ ဒါက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို မပျက်နိုင်ပါဘူး”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၃၂) တွင်ပါရှိသော “ငြိမ်းချမ်းရေး ဆွေးနွေးပြီး ၁၉ ရက်အတွင်း ကချင်ပြည်နယ်တွင် တိုက်ပွဲပြန်ဖြစ်” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ပြောကြားချက်အား ကောက်နှုတ်ချက်။

----------------------------------------------------------------------------------

“ဒီစာချုပ်ကြီးဟာ တရားဝင်တယ်၊ မဝင်တယ်ဆိုတာ ကျွန်မတို့မသိရဘူး၊ စာချုပ်ထဲမှာ ဘာတွေပါတယ်၊ မပါဘူးဆိုတဲ့ စာချုပ်ရဲ့အချက်အလက်တွေကို  ကျွန်မအနေနဲ့ မသိရဘူး ဒါတွေကို တစ်ကယ်တမ်း သိပြီး၊ တစ်ကယ်ကိုင်တွယ်တာက ကျွန်မတို့ရဲ့ ဥက္ကဋ္ဌကိုယ်တိုင်ဖြစ်တယ်”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၃၂) တွင်ပါရှိသော “လက်ပံတောင်းတောင် လုပ်ငန်း သဘောတူစာချုပ် ကြည့်ရှုခွင့်မရဟု စုံစမ်းရေးအဖွဲ့ဝင်တစ်ဦးပြော” သတင်းမှ ဒေါ်ခင်စန်းလှိုင်၏ပြောကြားချက်အား ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------

“နေ့စဉ်သတင်းစာထွက်လာပြီဆိုတာနဲ့ သတင်းအားပြုတဲ့အပတ်စဉ် ထုတ်သတင်းဂျာနယ်တွေ ပွဲပြီးသွားပြီ။ သတင်းစာက နေ့စဉ်သတင်းကို ဖတ်တဲ့သူက အပတ်စဉ်သတင်းကို မဖတ်တော့ဘူး။ အပတ်စဉ်သတင်းက သိုးသွားပြီ။ ဒီကိစ္စကရှင်းတယ်။ သူ့နယ်ပယ်နဲ့သူ ထုတ်တဲ့ဟာတွေကတော့ ကျန်ခဲ့မှာပါ။ ကျန်ခဲ့တယ် ဆိုပေမယ့်လည်း နေ့စဉ်သတင်းစာဝယ်ဖတ်တဲ့သူနဲ့ ယှဉ်ရင်လည်းခံမှာပဲလေ။ နေ့စဉ်သတင်းစာ ထဲမှာလည်း ဒါတွေကပါမှာပဲ။ နေ့စဉ်သတင်းစာ ထွက်ရှိလာပြီဆိုတာနဲ့ အပတ်စဉ်ထုတ်တဲ့ဟာတွေက သေကိုသေသွားမှာပါ”

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် Monitor Journal အတွဲ (၂) အမှတ် (၄၄) တွင်ပါရှိသော “နေ့စဉ်သတင်းစာ များထွက်ရှိလာလျှင် သတင်းအားပြုသတင်းဂျာနယ်များ ပွဲပြီးသွားပြီဟု The Voice သတင်းဂျာနယ် အယ်ဒီတာချုပ်ကို ကျော်မင်းဆွေပြောဆို” သတင်းမှ ဦးကျော်မင်းဆွေ၏ ပြောကြားချက်အားကောက် နှုတ်ချက်။

-------------------------------------------------------------------------------------

“အခုလို အလှည့်အပြောင်းဖြစ်လာပြီး ကော်မတီဖွဲ့တယ်။ စုံစမ်းတယ်ဆိုတာ အင်မတန်ကောင်းပါတယ်။ ထောင်ထဲမှာ နိုင်ငံရေးပုဒ်မတပ်ထားတဲ့ (၁၉၅၀) ပြည့် အရေးပေါ်စီမံမှု ဥပဒေအရ ပြစ်ဒဏ်ချခံရသူတွေရှိတယ်။ အဲဒါတွေကို နိုင်ငံရေးအကျဉ်းသားလို့ခေါ်မှာပေါ့။ ကျွန်တော်ပြောနေတာက ကျောင်းသားတွေချည်း ပြောနေတာ မဟုတ်ဘူး။ တိုင်းရင်းသားတွေအတွက်လည်းပါတယ်။ တပ်မတော် အရာရှိဟောင်းတွေလည်းပါတယ်။ သမ္မတရုံးက ဦးစိုးသိန်းတို့ အဖွဲ့ကို ကျွန်တော်အနေနဲ့ ခင်ဗျားတို့ကတဆင့်အကြံပေးချင်တယ်အိန္ဒိယနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားနဲ့ပတ်သက်ပြီး အဘိဓါန် ဖွင့်ထားတယ်။ အစိုးရတစ်ရပ်၏ မူဝါဒကို ပြောင်းလဲအောင်လုပ် တာ အစိုးရကို ပြုတ်ကျအောင်လုပ်တာ အဲဒါအားလုံးအကျုံးဝင်သူတွေကို နိုင်ငံရေးအကျဉ်းသမားလို့ အိန္ဒိယ ပညာရှင်တွေက အဘိဓါန်ဖွင့်ထားတာရှိတယ်။ အဲဒါတွေကိုလေ့လာပြီး အမြောက်အများ လွှတ်ပေးပါလို့ဆန္ဒပြု ချင်ပါတယ်”

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် Monitor Journal အတွဲ (၂) အမှတ် (၄၄) တွင်ပါရှိသော “နိုင်ငံရေးအကျဉ်သားနဲ့ ပတ်သက်ပြီး ကော်မတီဖွဲ့တယ် စုံစမ်းတယ်ဆိုတာ အင်မတန်ကောင်းပါတယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောကြား” သတင်း မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ပြောကြားချက်အားကောက် နှုတ်ချက်။

----------------------------------------------------------------------------------

“ကော်မရှင်ဟာ မျှတဖို့လိုပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ထိခိုက်မှုမရှိဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေကို လက်ခံဖို့အတွက် ကော်မရှင်က ဆုံးဖြတ်ချက်မှန်ကန်ရပါမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံဥပဒေနဲ့ နည်းဥပဒေမှာ ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို အဓိကထားတာကို တွေ့ရတဲ့အတွက် ကော်မရှင်မှ ပါဝင်မယ့်အဖွဲ့ဝင်တွေဟာလဲ အရေးပါပါတယ်”

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၄၉) တွင်ပါရှိသော “နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုကော်မရှင် ဆုံးဖြတ်ခွင့် အပေါ် ဝေဖန်မှုများရှိနေ” သတင်းမှ စီးပွားရေးပညာရှင် ဦးခင်မောင်လွင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 

********************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၆.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် လိုင်စင်လျှောက်ထားရန် မလိုအပ်တော့
  2. မြို့နယ်နှင့် ရပ်ကွက်များတွင် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီများ ဖွဲ့စည်းရန် အမိန့်ကြေငြာစာထုတ်ပြန်
  3. သုံးလအတွင်း အဆောက်အအုံမဆောက်ပါက စက်မှုဇုန်မြေကွက် ပြန်သိမ်းမည်
  4. ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးတွင် မြန်မာ့အရေးဆွေးနွေးရန်ရှိ

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် လိုင်စင်လျှောက်ထားရန် မလိုအပ်တော့

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်င်ငံ၏ ကုန်သွယ်ရေးကဏ္ဍမြင့်တက်လာနိုင်စေရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖြေလျော့မှုတစ်ခုအဖြစ် ဧပြီ ၁ ရက်နေ့မှစတင်၍ အရေးကြီးသည့် ကန့်သတ်ကုန်စည်မှလွဲ၍ ကျန်ကုန်စည် ပို့ကုန်၊ သွင်းကုန်ဆောင်ရွက်မှုများကို လိုင်စင်မဲ့ခွင့်ပြု ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

ယခင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပထမအဆင့်ဖြေလျော့မှုအဖြစ် မတ်လ ၁ ရက်နေ့တွင် ပို့ကုန် ၁၅၂ မျိုးနှင့် သွင်းကုန် ၁၆၆ မျိုးကို လိုင်စင်လျှောက်ထားရန် မလိုဘဲ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁ ရက်နေ့တွင် ဒုတိယအဆင့် ဖြေလျော့မှုပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြေလျော့မှုများပြုလုပ်လိုက်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်ရာတွင် လိုင်စင် လျှောက်ထားရန်မလိုအပ်တော့ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ ဆောင်ရွက် သွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ မူလအဖွဲ့ဖြစ်သော GATT အဖွဲ့စတင်ချိန် ၁၉၄၇ ခုနှစ်ကတည်းကပင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် GATT အဖွဲ့အဖြစ်မှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်ချိန်တွင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

YC

*****************************************************

 မြို့နယ်နှင့် ရပ်ကွက်များတွင် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီများ ဖွဲ့စည်းရန် အမိန့်ကြေငြာစာထုတ်ပြန်

နိုင်ငံတော်သမ္မတရုံးမှ မြို့နယ်နှင့် ရပ်ကွက်(သို့) ကျေးရွာဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်စေရန် ဒေသခံပြည်သူများမှ လူမှုရေးအဖွဲ့အစည်းအသီးသီး၏ အများဆန္ဒနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်သည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်(သို့)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီအသီးသီးကို ဖွဲ့စည်းဆောင်ရွက်ရန် အမိန့်ကြေငြာစာအမှတ် (၂၇/၂၀၁၃)ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီနှင့် ရပ်ကွက် (သို့) ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီတို့ကို မတ်လ ၃၁ ရက်နေ့မတိုင်မီအပြီးတစ်ပြေးညီဖွဲ့စည်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီအနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သည့်ကိစ္စရပ်များအား အများဆန္ဒနှင့်အညီ ပူးပေါင်းအဖြေရှာ၍ ဒေသခံအာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ မြို့နယ်ဌာနဆိုင်ရာများ၏ လုပ်ပိုင်ခွင့်များကို ထိခိုက်ခြင်းမရှိဘဲ မြို့နယ်ဖွံ့ဖြိုးရေးနှင့် ပြည်သူ့လူမှုစီးပွားရေးလိုအပ်ချက်များအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း၊ နိုင်ငံတော်အစိုးရ၏ Policy Making, Decision Making Process များတွင် ထိထိရောက်ရောက်ပါဝင်ဆောင်ရွက်ခြင်းနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ အမှန်တကယ်နစ်နာဆုံးရှုံးရမှုများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့တင်ပြ၍ ကူညီဆောင်ရွက်ပေးခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရပ်ကွက်(သို့)ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီအနေဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးဥပဒေပါ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များကို အကြံဥာဏ်ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊ ရပ်ကွက်(သို့)ကျေးရွာအတွင်းရှိ ပြည်သူများ တရားဥပဒေလေးစားလိုက်နာ၍ ဥပဒေနှင့်အညီ နေထိုင်နိုင်စေရန် စည်းရုံးပညာပေးခြင်းစသည့်ကိစ္စရပ်များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ယခုဖွဲ့စည်းမည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီကို အဖွဲ့ဝင်အနည်းဆုံး ၇ ဦးမှ အများဆုံး ၉ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ရပ်ကွက်(သို့)ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီကို အနည်းဆုံး ၅ ဦးမှ အများဆုံး ၇ ဦးဖြင့်ဖွဲ့စည်းတာဝန်ပေးအပ် သွားရမည်ဖြစ်ကြောင်း သိရသည်။

YC

*****************************************************

သုံးလအတွင်း အဆောက်အအုံမဆောက်ပါက စက်မှုဇုန်မြေကွက် ပြန်သိမ်းမည်

စက်မှုဇုန် မြေကွက်များဝယ်ယူထားသော်လည်း ဆောက်လုပ်ခြင်းမရှိသော မြေကွက်များအနေဖြင့် သုံးလအတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းမရှိပါက အဆိုပါမြေကွက်များကို နိုင်ငံတော်ပိုင်အဖြစ် ဥပဒေအရ ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယ သမ္မတဦးဥာဏ်ထွန်းက ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ လှိုင်သာယာစက်မှုဇုန်တွင် ကျင်းပခဲ့သည့် ဒုသမ္မတနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ စက်မှုဇုန်မြေကွက်များကို ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် လုပ်ငန်းရှင်များ လက်သို့ အဆောက်အအုံဆောက်လုပ်ရန် ရောင်းချခဲ့ခြင်းဖြစ်သော်လည်း ယင်းမြေကွက်များအား ပြန်လည်ရောင်းချခွင့်နှင့် ပေါင်နှံခွင့်များကိုမူ လုံးဝ ခွင့်မပြုထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့် စက်မှုဇုန်မြေကွက်အလွတ် ၃၀ ရာခိုင်နှုန်းကျော်ကို နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်းခြင်း မပြုသည့်အတွက် အဆိုပါ စက်မှုဇုန်မြေကွက်များမှာ ဈေးနှုန်းအဆမတန် မြင့်မားလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ယင်းမြေကွက်အလွတ်များတွင် နယ်မှပြောင်းရွှေ့လာသူများနှင့် အိမ်ယာအတိအကျမရှိသူများမှ ကျူးကျော်နေထိုင်လျှက်ရှိပြီး လုပ်ငန်း လုပ်ကိုင်မည့်အချိန်တွင် ယင်းကျုးကျော်များ ပြန်လည်ဖယ်ပေးခြင်းမရှိသည့်အတွက် ပြဿနာများ ပေါ်ပေါက်နေရကြောင်း ရွှေပြည်သာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ပေါင်း ၂၉ ခုအနက် ၂၂ ခုတွင်သာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး စက်မှုဇုန် ၇ ခုမှာမူ တည်ဆောက်လျက်ပင်  ရှိနေသေးကြောင်း သိရသည်။

                                        YC

***************************************************

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးတွင် မြန်မာ့အရေးဆွေးနွေးရန်ရှိ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၂၂)ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာ့နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်လက်ရှိသော ပြုပြင်ပြောင်းလဲမှုများအပေါ် ကုလသမဂ္ဂအနေဖြင့် ကြိုဆိုသော်လည်း အဓိကဖြေရှင်းရမည့် လူ့အခွင့်အရေးကိစ္စရပ်များ ကျန်ရှိနေသေးသည့်အပြင် ကချင်ပြည်နယ်နှင့် ရခိုင်ဒေသများတွင် ဖြစ်ပွားခဲ့သော အစိုးရနှင့် KIO တို့၏ တိုက်ပွဲများ၊ ရိုပာင်ဂျာအကြမ်းဖက်မှုများကြောင့် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးနေရသည့် ပစ်ထွက်ပြေးကြသည့် ဒုက္ခသည်များအရေးမှာ အထူးစိုးရိမ်စရာဖြစ်ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ပြောကြားခဲ့သည်။

သီတင်းလေးပတ်ကြာမြင့်မည့် အဆိုပါ အစည်းအဝေးတွင် နိုင်ငံအလိုက် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် များ၏ အသေးစိတ်အစီရင်ခံစာများကို  ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံမှ ဆွေးနွေးကြမည်ဖြစ်ပြီး အစည်းအဝေး ပထမနေ့တွင် ဆီးရီးယားအရေးနှင့် ပတ်သက်၍ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay ကဆွေးနွေးခဲ့ကြောင်း သိရသည်။

YC

***************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

YC

 

                **********************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive