Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၇.၃.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာနိုင်ငံအရှေ့ပိုင်းတွင် အပစ်ရပ်ပြီးနောက်ပိုင်း မြေသိမ်းယူမှုများ အရှိန်မြင့်

( The News မှ ၆ Mar 2013 ရက်စွဲပါ “ Ceasefire fuels land – grab in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. တစ်နှစ်စာ ဘတ်ဂျက် ဒေါ်လာ ၂.၄ ဘီလျံခန့်တပ်မတော်ရရှိ

( AFP News မှ 6 Mar 2013 ရက်စွဲပါ “ Myanmar military handed US$ 2.4b budget” သတင်းကို ဘာသာပြန်ဆိုသည်။)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံအရှေ့ပိုင်းတွင် အပစ်ရပ်ပြီးနောက်ပိုင်း မြေသိမ်းယူမှုများ အရှိန်မြင့်

( The News မှ ၆ Mar 2013 ရက်စွဲပါ “ Ceasefire fuels land – grab in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

Photo Credit by Ayeyawady

ကရင်လက်နက်ကိုင် အုပ်စု KNU နှင့် မြန်မာ့တပ်မတော်အကြား အပစ်အခတ်ရပ်စဲမှုကြောင့် သယံဇာတ ကြွယ်ဝသော ၎င်းဒေသသို့ စီးပွားရေး လုပ်ငန်းရှင်များဝင်ရန် လမ်းပွင့်သွားပြီးနောက်တွင် အဆိုပါ မြန်မာနိုင်ငံအရှေ့ဘက်ဒေသတွင် မြေယာသိမ်းဆည်းမှုများ အရှိန်မြှင့်လာခဲ့သည်ဟု လူ့ အခွင့်ရေးအုပ်စုများက အဂါင်္နေ့တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။

၎င်းဒေသမှ မြေယာများကို တရုတ်၊ ထိုင်း အပါအဝင် နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများ အားခွဲဝေပေးနေခြင်းကြောင့် တောသူ တောင်သားများမှာ နှစ်ဖက်စလုံး၏ ဖိအားပေးခြိမ်းခြောက်ခြင်းကို ခံနေရပြီး၊ လျှော်ကြေး အနည်းငယ်မျှဖြင့် အတင်းအကြပ် မောင်းထုတ် ခံနေရ သည်ဟု ကရင်လူ့အခွင့်ရေးအုပ်စု Karan Human Right Group ကစွပ်စွဲပြောကြားလိုက်ပါသည်။

ဘန်ကောက်မြို့တွင် ထုတ်ပြန်သည့်အစီရင်ခံစာအတွက် ရာနှင့်ချီသော ဒေသခံရွာသားများကို တွေ့ဆုံးမေးမြန်းခဲ့သော KHRG အဖွဲ့မှ ခူးခူးဂျွန် “ တိုက်ပွဲတွေ မရှိတော့တဲ့အတွက် အရင်ကမရောက်နိုင်တော့တဲ့နယ်မြေတွေမှာ စီးပွားရေးသမားတွေ အခွင့်အလမ်းလေ့လာဖို့ လမ်းပွင့်သွားပါပြီ” ဟု ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ အပစ်ရပ်စဲမှုကြောင့် ကမ္ဘာ့သက်တမ်းရှည် ပြည်တွင်းစစ်တစ်ပွဲ ထာဝရပြီးဆုံးရန် မျှော်လင့်ချက်များ ထွက်ပေါ်လာပြီး နောက် ထိုနယ်မြေတွင် အခွင့်အလမ်းများပေါ်ထွက်လာသော်လည်း စီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေစိုးမိုးမှုမရှိ သေးပေ။

ကရင်လက်နက်ကိုင်များသည် ထိုင်းနယ်စပ်အနီး အရှေ့ပိုင်းတောတောင်များထဲတွင် ၁၉၄၉ မှစ၍ မြန်မာအစိုးရကို တော်လှန် တိုက်ခိုက် ခဲ့ကြခြင်းဖြစ်သည်။ ယခုအခါဒေသခံရွာသားများမှာ ကရင်သူပုန်နှင့် အစိုးရနှစ်ဖက်စလုံး၏ လူ့အခွင့်ရေးချိုးဖောက်မှုများကို ရင်ဆိုင် ကြုံတွေ့နေကြ သည်။

         ***********************************************************************

တစ်နှစ်စာ ဘတ်ဂျက် ဒေါ်လာ ၂.၄ ဘီလျံခန့်တပ်မတော်ရရှိ

( AFP News မှ 6 Mar 2013 ရက်စွဲပါ “ Myanmar military handed US$ 2.4b budget” သတင်းကို ဘာသာပြန်ဆိုသည်။)

ဆင်းရဲမွဲတေမှုပြဿနာစွဲကပ်နေသော မြန်မာနိုင်ငံတွင် တပ်မတော်(စပ်တပ်)သည် စုစုပေါင်းအစိုးရ အသုံးစရိတ်၏ ၁၂ ရာခိုင်နှုန်းကျော်ခန့် ရှိသော အမေရိကန်ဒေါ်လာ ၂.၄ ဘီလျံခန့်ကို တစ်နှစ်စာ ဘတ်ဂျက်ရရှိသွားသည်ဟု AFP က ဗုဒ္ဓဟူးနေ့တွင် တွေ့မြင်ခဲ့ရသော ကိန်းဂဏန်းများအရ သိရှိရသည်။

ပြီးခဲ့သည့် သောကြာနေ့လွှတ်တော်တွင် အတည်ပြုလိုက်သော ပမာဏသည် ယခင်နှစ်ကထက် ဒေါ်လာသန်း ၁၀၀ ခန့်လျော့သွားသော်လည်း လူဦးရေး သန်း ၆၀ ရှိသော နိုင်ငံမှ ပြိုလဲနေသည့် ပညာရေးနှင့် စောင့်ရှောက်မှု ကဏ္ဍများအတွက် သုံးစွဲခွင့်ရသော ငွေပမာဏာမှာမူ နည်းပါးနေဆဲပင် ဖြစ်သည်။

ယခင်က အဆိုပါနိုင်ငံတော်ဘက်ဂျက်ကို လူသိရှင်ကြားထုတ်ပြန်ခြင်း (သို့) စုံစမ်းစစ်ဆေးမှုခံယူခြင်းမရှိပါ။

တိုင်းပြည်၏ ဘဏ္ဍငွေများ အထူးသဖြင့် ရေနံဓါတ်ငွေ့ရောင်းရငွေ အများစုကို တပ်မတော်အတွက်သာ သုံးစွဲခဲ့သည်ဟု အကဲခတ်လေ့လာသူ များက ပြောကြားကြသည်။

သို့သော် ၂၀၁၁ နောက်ပိုင်း ပြုပြင်ပြောင်းလဲလာမှု၏ လက္ခဏာတစ်ရပ်အဖြစ် လွှတ်တော်အမတ်များက ၂၀၁၃ - ၂၀၁၄ နိုင်ငံတော်ဘက်ဂျက် အမေရိကန်ဒေါ်လာ ၁၉.၄၉ ဘီလျံကို ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ လွှတ်တော်တွင် မဟာမိတ် ပြည်ခိုင်ဖြိုးအမတ်များ ရှိထားသော တပ်မတော် (စစ်တပ်) ကိုပေးမည့် ဘက်ဂျက်အသုံးစရိတ်ကိုပင် မေးမြန်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။

“ ၂၀၁၃ - ၁၄ အတွက်ပြင်ဆင်ထားတဲ့ နိုင်ငံတော်ဘက်ဂျက်ကို ပြီးခဲ့တဲ့အပတ် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ကာကွယ်ရေး ဘက်ဂျက်ဟာ မနှစ်ကထက် နည်းနည်းလျော့သွားပါတယ်။ လေယာဉ် နဲ့လက်နက်တွေဝယ်ဖို့အတွက် ဒေါ်လာ ၁.၂၅ လီလျံလောက်သုံးစွဲကြမှာပါ” ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီပါတီမှ အထက်လွှတ်တော်အမတ် ဦးအေးမောင်က AFP သို့ပြောကြားခဲ့သည်။

*******************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle 2013 (1)
Document Yangon Chronicle 2013 (1)

Snapshot of the item below:
Yangon Chronicle 2013 (1)

၇.၃.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးများ အကူအညီလိုဟု အီးယူပြော

(5 March 2013 ရက်စွဲပါ UPI မှ Myanmar needs help with reform, EU says ကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာ့ရေနံဓါတ်ငွေ့ကဏ္ဍတွင် ပွင့်လင်းမှုအသစ် ကျင့်သုံးတော့မည်

(AFP News မှ 6 March 2013 ရက်စွဲပါ “Myanmar vows new openness in oil deals” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. အီးယူနှင့်အာဆီယံတို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု ကိစ္စဆွေးနွေးကြမည်

( New Europe News မှ 6 Mar 2013 ရက်စွဲပါ “ EU – ASEAN discuss trade and investment” သတင်းကို ဘာသာပြန်ဆိုသည်။ )

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးများ အကူအညီလိုဟု အီးယူပြော

(5 March 2013 ရက်စွဲပါ UPI မှ Myanmar needs help with reform, EU says ကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Public Service Europe

ဥရောပသမဂ္ဂသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကြောင့် အားရှိစရာဖြစ်ရကြောင်း သို့သော် နောက်ထပ်လုပ်စရာများ လိုအပ်နေ သေးကြောင်း  ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Barroso ကပြောပါသည်။

Barroso သည် အင်္ဂါနေ့က ဘရပ်စဲတွင် မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ၍ပြုပြင်ပြောင်းလဲရေး အကြောင်း ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံကို ၂၀၁၀ ရွေးကောက်ပွဲများအပြီး စတင်လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ချီးကျူးကြပါသည်။ Barroso ကပြောကြားရာတွင် မြန်မာနိုင်ငံ၏ မှန်ကန်သောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုအပေါ်အားတက်ကြောင်း ကမ္ဘာပေါ်မှ ထင်ရှားသော ဆီးရီးယားစစ်ပွဲနှင့် မြောက်ကိုရီးယား နျူကလီးယားပြဿနာများကို ဥပမာပေး၍ ပြောကြားခဲ့ပါသည်။

Barroso ကပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကချင်နှင့် ရခိုင်ပြည်နယ် ပဋိပက္ခများမှ တဆင့်ထွက်ပေါ်လာသော လူသားချင်း စာနာမှု ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်ကြောင်း ဆိုပါသည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အောင်မြင်မှုရှိပါက ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး များ ပိုမိုအားကောင်း လာမည်ဖြစ်ကြောင်း ၎င်းကပြောပါသည်။

“လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို နှစ်သက်အားတက်မှုရှိပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးက မပြီးသေးပါဘူး” ဟု Barroso ကကြေညာချက်တွင် ဖော်ပြထားပါသည်။

မည်သို့ပင်ဆိုစေ၊ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံရှိ တိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူများအား ကူညီရန် ငွေဒေါ်လာ (၇) သန်း ထောက်ပံ့ လျက်ရှိပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်လာ (၁၉၅) သန်း ကျော် နောက်ထပ်ပေးမည်ဟု ၎င်းကပြောပါသည်။

“ဥရောပသမဂ္ဂအနေနဲပ မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေရင်ဆိုင်ရာမှာ နိုင်ငံတကာရဲ့ထောက်ခံ ပံ့ပိုးမှု လိုတယ်ဆိုတာ သဘောပေါက်ပါတယ်” ဟု ၎င်းကပြောပါသည်။

*************************************************************************

မြန်မာ့ရေနံဓါတ်ငွေ့ကဏ္ဍတွင် ပွင့်လင်းမှုအသစ် ကျင့်သုံးတော့မည်

(AFP News မှ 6 March 2013 ရက်စွဲပါ “Myanmar vows new openness in oil deals” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Myanmar upstream

မြန်မာနိုင်ငံ၌ သဘာဝသယံဇာတများကို ကိုယ်ကျိုးသုံးစွဲခဲ့သည်ဟု စွပ်စွဲခံရသော တပ်မတော်အစိုးရ၏ ဖုံးဖိ၊ လျှို့ဝှက်၊ ဖိနှိပ် အုပ်ချုပ်မှုကာလ အပြီးတွင် ရေနံနှင့်ဓါတ်ငွေ့တွင် ပွင့်လင်းမြင်သာသော ခေတ်သစ်တစ် ခုကို တနလာင်္နေ့က အစပြုလိုက်ပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် ကျင်းပပြီး၊ နိုင်ငံခြားရေနံကုမ္ပဏီကြီးများစွာ တက်ရောက်ခဲ့ကြသော ညီလာခံတွင် မြန်မာစွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများက “အလားအလာကောင်းသော စွမ်းအင်ရုပ်ကြွင်း ရေနံဓါတ်ငွေ့ လုပ်ကွက်များ လုပ်ကိုင်ခွင့်အတွက် လေလံပစ်ရာတွင် နိုင်ငံတကာစံနှုန်းများကို ကျင့်သုံး သွားမည်” ဟုပြောကြားခဲ့သည်။

ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက “အရေးကြီးဆုံးကတော့ ပွင့်လင်းမြင်သာမှုရှိဖို့ပဲ” ဟု ပြောကြားသည်။ “ဒါ့ကြောင့်လည်း  အစိုးရက ETTI လုပ်ငန်းစဉ်ကို ဝင်ခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ETTI () Extractive Industries Transparency Initiative သည် နိုင်ငံပိုင် သယံဇာတထုတ်ယူခြင်းမှ သာမန်ပြည်သူများ အကျိုးဖြစ်ထွန်းစေရန် အာမခံချက်ပေးရသော နိုင်ငံတကာ လှုပ်ရှားမှုအစီအစဉ် တစ်ခု ဖြစ်ပါသည်။

တရုတ်နှင့် အိန္ဒိယအကြားညှပ်နေပြီး သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံတွင် လက်ရှိအစိုးရက ဒီမိုကရေစီဦးတည်သော နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လာခြင်းကို အနောက်အုပ်စုနိုင်ငံများက အသိအမှတ်ပြုကာ Sanctions ဖြေလျှော့ပေးနေခြင်းကြောင့် ကမ္ဘာ့စွမ်းအင် ကုမ္ပဏီကြီး များက မြန်မာ့ရေနံ ဓါတ်ငွေ့နယ်ပယ်ကို ခြေချရန် စိတ်ဝင်စားနေကြသည်။

သို့သော်လည်း ၂၀၁၁ ခုနှစ်က ပြည်ဖုံးကားချခဲ့သော စစ်အုပ်ချုပ်ရေးခေတ်၏ သွင်ပြင်လက္ခဏာ တစ်ခုဖြစ်သည့် အဂတိလိုက်စားမှုနွံ့ထဲသို့ မြန်မာ့စွမ်းအင်ကဏ္ဍ ပြန်လည်သက်ဆင်းသွားမည်ကို စိုးရိမ်ပူပန်လျက် ရှိကြသည်။

ETTI သတ်မှတ်ချက်များကို ပြည့်မှီဖို့ဆိုလျှင် မြန်မာအစိုးရအနေဖြင့် သယံဇာတထုတ်ယူမှုသည် ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ကျဉ်းပေးမည် ဖြစ်ကြောင်း ပြသရမည့်အပြင် ထိုသို့ စဉ်ဆက်မပြတ်လုပ်ဆောင်ရမည်။ ထို့အပြင် ကန်ထရိုက်စာချုပ်အရ ရရှိသော ဝင်ငွေများကို လူသိရှင်ကြား စစ်ဆေးခံရန် လိုအပ်သည်။

ယခင် တပ်မတော် အစိုးရလက်ထက်က ဓါတ်ငွေ့ကန်ထရိုက်စာချုပ်အရ ရရှိသောဝင်ငွေများ စာရင်း မရှိ၊ အင်းမရှိ ပျောက်ဆုံးသွားသည် ဟူ သော သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခင် အကြီးအကဲဟောင်း၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို အာမခံတာဝန်ယူထားရသော လက်ရှိ အစိုးရအနေဖြင့် ထိုကိစ္စကို ဖော်ထုတ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

ကမကထ စပွန်စာ Total နှင့် Cherron တို့အပါအဝင် ကမ္ဘာ့စွမ်းအင်ကုမ္ပဏီ အမြောက်အများတက် ရောက်ခဲ့ကြသော အခမ်းအနားတွင်  ဦးအောင်ကျော်ထူးက “လက်ရှိ ပြုပြင်ပြောင်းလဲရေးအစိုးရသည် ရေနံ၊ဓါတ်ငွေ့သာမကပဲ သစ်တော၊ စက်မှု၊ သတ္တုတွင်း ကဏ္ဍများပါ ပွင့်လင်းမြင်သာမှု ပိုမိုရှိအောင် စီစဉ်လျက်ရှိသည်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၌ ကာလကြာခြေကုပ်မြဲခဲ့သော အနောက်အုပ်စုကုမ္ပဏီနှစ်ခုမှာ Sanctions မပိတ်မှီ ဝင်ရောက်ခဲ့ကြသော Total နှင့် Chevron တို့ဖြစ်ပြီး၊ စစ်အစိုးရ၏ အကျိုးကိုသယ်ပိုးခဲ့ခြင်း အဓမ္မလုပ်သားကိစ္စ ကို မသိချင်ယောင်ဆောင်ခဲ့ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်ခံခဲ့ကြရသည်။

ဇန်နဝါရီလက ကုန်းတွင်းလုပ်ကွက် ၁၈ ခုအတွက် လေလံခေါ်ယူရာတွင် မြန်မာနိုင်ငံ၏ ဖိတ်ကြားမှုကြောင့် နိုင်ငံခြားကုမ္ပဏီများ၏ စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။ လာမည့် ဧပြီလဝန်းကျင်တွင် နောက်ထပ်ကမ်းလွန်လုပ်ကွက် ၅၀ ခန့်ကို လေလံဖွင့်ပေးဦးမည်ဟု မျှော်လင့်ရသည်။

              ရန်ကုန်မြို့တွင် ကျင်းပသော နှစ်ရက်ကြာညီလာခံအဖွင့်တွင် စွမ်းအင်ဝန်ကြီး ဦးသန်းဋ္ဌေးက “သယံဇာတ မှန်ကန်ထိရောက်စွာ စီမံခန့်ခွဲမှုကနေ ပြည်သူလူထုကို တိုက်ရိုက် အကျိုးဖြစ်ထွန်းစေမှာပါ” ဟု အာမခံပြောကြာသွားသည်။

************************************************************

အီးယူနှင့်အာဆီယံတို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု ကိစ္စဆွေးနွေးကြမည်

( New Europe News မှ 6 Mar 2013 ရက်စွဲပါ “ EU – ASEAN discuss trade and investment” သတင်းကို ဘာသာပြန်ဆိုသည်။ )

Photo Credit by Online

အီးယူကုန်သွယ်ရေးကော်မရှင်နာ ကာရယ် ဒီဂေါ့ခ်ျ သည် ထိုင်းကုန်သွယ်ရေးဝန်ကြီး ဘွန်ဆွန်၊ မြန်မာသမ္မတရုံးဝန်ကြီး ဦးစိုးသိန်း တို့နှင့် ဘရပ်ဆဲလ် တွင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက်တွင် မတ်လ ၇ - ၈ ၌ အာဆီယံကုန်သွယ်ရေးဝန်ကြီးများနှင့် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ဗီယင်နာနိုင်ငံ ဟနွိုင်း သို့ထွက်ခွာသွားပြီဖြစ်သည်။ ဆွေးနွေးပွဲများတွင် ထိပ်တန်းဆွေးနွေးမည့်အကြောင်းအရာမှာ ကုန်သွယ်မှု ၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ အားကောင်းအောင် ဘယ်လိုလုပ်မလဲဆိုသည့် ကိစ္စတွင်ပင် ဖြစ်သည်။

စီးပွားရေးနယ်ပယ် အချင်းချင်းအပါအဝင် အစိုးရနှင့် ပုဂ္ဂလိက အကြား ဒိုင်ယာလော့ ဆွေးနွေးညှိနှိုင်းမှု အားပေးမြှင့်တင်ရန် ရည်ရွယ်ကျင်းပ သည့် အီးယူ - အာဆီယံ စီးပွားရေးညီလာခံသို့ မတ်လ ၉ ရက်တွင် ကော်မရှင်နာမင်းကြီး ကာရယ်ဒီဂေါ့ ဆက်လက်တက်ရောက်မည်ဖြစ်သည်။ အဆိုပါ ညီလာခံသို့ မော်တော်ကား၊ ဘဏ်လုပ်ငန်း၊ ဆေးဝါးနှင့် အခြား ကဏ္ဍပေါင်းစုံ ကိုယ်စားပြု ကုမ္ပဏီကိုယ်စားလှယ်များ ၅၀၀ ခန့်အထိ တက်ရောက်ကြမည် ဖြစ်သည်။

အီးယူသည် ၂၀၁၂ ဒီဇင်ဘာတွင် စင်ကာပူနှင့် လွတ်လပ်စွာသဘောတူညီချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး၊ မလေးရှား၊ ဗီယက်နမ် နိုင်ငံတို့နှင့် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်လျှက်ရှိသည်။ သို့ရာတွင် အီးယူသည် နောင်တစ်ချိန်တွင် အီးယူ - အာဆီယံဒေသချင်း ကုန်သွယ်မှုသဘောတူုညီချက်များ အကောင်အထည်ဖော်ရည်မှန်းကာ အာဆီယံဒေသတွင်းအခြားစီးပွားဖက် နိုင်ငံများနှင့်လည်း ညှိနှိုင်းမှုများ စတင်နိုင် ရန် မျှော်လင့်နေသည်။

အီးယူ၏ ဥရောပအပြင်ဖက် ကုန်သွယ်မှုနိုင်ငံများအနက် အမေရိကန်နှင့် တရုတ်ပြီးလျင် တတိယအကြီးဆုံးကုန်သွယ်ဖက်ဖြစ်သူ အာဆီယံ အုပ်စုသည် ၂၀၁၁ ခုနှစ်အတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုတန်ဖိုး ယူရို ၂၀၆ ဘီလျံကျော်ခန့် အပြန်အလှန်ကုန်သွယ်မှုပြုလုပ်ခဲ့သည်။ ထို့အပြင် အီးယူ သည် အာဆီယံ၏ အဓိက ကုန်သွယ်ဖက်အဖြစ် တရုတ်နိုင်ငံ၏ နောက်တွင်ရပ်တည်နေပြီး အာဆီယံကုန်သွယ်မှုနယ်ပယ်တွင် ၁၁ ရာခိုင်နှုန်းပါဝင်နေပါ သည်။ ထိုမျှသာမကသေးဘဲ ဥရောပသည် အာဆီယံနိုင်ငံများတွင် အကြီးဆုံးရင်းနှီးမြုပ်နှံသူဖြစ်ပြီး နှစ်စဉ် ယူရို ၉.၁ ဘီလျံခန့် ရင်းနှီးမြုပ်နှံ လျှက်ရှိ သည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက်မှ မြန်မာနိုင်ငံသည် နောက်ဆုံးခေါင်းပြုလာသော ရေပန်းစားဈေးကွက်တစ်ခု ဖြစ်ပြီး ကြီးမားသော အလား အလာနှင့် အခွင့်အလမ်းများ ရှိနေသောကြောင့် နိုင်ငံတကာ ကုမ္ပဏီများ ရင်းနှီးမြုပ်နှံရန် စိတ်ဝင်တစားရှိနေကြသည်။

သို့သော်လည်း မြန်မာလွှတ်တော်အတွင်းမှ ခရိုနီများက ၎င်းတို့၏ လက်ဝါးကြီးအုပ် အမြတ်ထုတ် အခွင့်အရေးဆုံးရှုံးမသွားအောင် ကာကွယ် ရန်အတွက် နိုင်ငံခြားကုမ္ပဏီများကို တက်နိုင်သမျှဟန့်တားရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်နေကြသည်ဟု မြန်မာပြည်တွင်းမှ အကဲခတ် လေ့လာသူ များက သတိပေးပြောဆိုထားသည်။

*******************************************************************************

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

၇.၃.၂၀၁၃

“ကျွန်တော်တို့အနေနဲ့ ဒီညီလာခံမှာ ဥပဒေ၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတို့အပြင် ပြည်ပမှ ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေ၊ အခွန်၊ စည်းမျဉ်း၊ စည်းကမ်းတွေကအစဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုရဲ့ စည်းကမ်း ဥပဒေသစ်တွေကို ရှင်းလင်းပြောပြခဲ့တယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာဆိုရင် တစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်တဲ့ မြေဧရိယာပေါင်း ၅.၄ ဟက်တာအကျယ်အဝန်း ရှိတဲ့ မြေလွတ်တွေ ရှိတဲ့အကြောင်းစသဖြင့် တင်ပြခဲ့တယ်”

မတ်လ ၉ ရက်နေ့ထုတ် Trade Time Journal အတွဲ (၁) အမှတ် (၄၈) တွင်ပါရှိသော “ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်ရန်ညီလာခံကျင်းပပြီး ဖိတ်ခေါ်” သတင်းမှ မြန်မာနိုင်ငံအခြေစိုက် ဈေးကွက်သုတေသနနှင့် အကြံပေး ဝန်ဆောင်မှုများ ပြုလုပ်သည့် Thura Swiss ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ Hrair Simonian ၏ပြောကြားချက် အားကောက်နှုတ်ချက်။

----------------------------------------------------------------------------------

“အစီရင်ခံစာထဲမှာ ဘယ်လိုပါမယ်တော့ မပြောနိုင်သေးဘူး။ ကျွန်မတို့တွေအနေနဲ့က ဒီဟာကို ရပ်ဖို့လည်း မပြောဘူး။ မရပ်ဖို့လည်းမပြောဘူး။ ဘာလို့လဲ ဆိုတော့ ကော်မရှင်သည် အမှား၊အမှန်ကိုဆုံးဖြတ်ပေးမှာ မဟုတ်ဘူး။ စုံစမ်းတွေ့ရှိချက်ကို ပြည်သူတွေရော အားလုံးသိအောင် တင်ပြပေးမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံး ကို နိုင်ငံတော် အစိုးရကရော တာဝန်ရှိပုဂ္ဂိုလ်တွေကပါ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကျွန်မ တို့တင်ပြတာ တွေအပေါ်မှာ အမှား၊ အမှန်ခွဲခြားဖို့နဲ့ ဆုံးဖြတ်ဖို့က တာဝန်ရှိပုဂ္ဂိုလ်များရဲ့တာဝန် ဖြစ်တယ်။ ကျွန်မတို့က စုံစမ်းပေးရတဲ့အဆင့်ပဲ ဖြစ်တယ်။ ဒါကိုတော့ အားလုံးခွဲခွဲခြားခြား နားလည်ဖို့လိုတယ်”

မတ်လ ၉ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ (၂) အမှတ် (၁၀) တွင်ပါရှိသော “လက်ပံတောင်းတောင်နှင့် ပတ်သက်ပြီး ပြည်သူလူထု ယုံကြည်အပ်နှင်းထားသောကြောင့် အပြီးအထိတာဝန်ယူဖြေရှင်းသင့်” သတင်းမှ ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်၏ ပြောကြားချက် အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------

“တပ်မတော်အစိုးရ လက်ထက်မှာတောင် နယ်စပ်ဒေသနဲ့တိုင်းရင်းသားရေးရာဝန်ကြီးဌာန ရှိသေးတာပဲ။ ဒီမိုကရေစီစနစ်မှာရှိသင့်တာပေါ့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို သတင်းစာထဲရေးရုံ၊ ပါးစပ်ကပြောနေ ရုံနဲ့ မပြီးပါဘူး။ လက်တွေ့လုပ်ပြဖို့လည်း လိုပါတယ်”

မတ်လ ၉ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ (၂) အမှတ် (၁၀) တွင်ပါရှိသော “ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဖွင့်လှစ်ပေးရန်အဆိုရှုံးနိမ့်မှုသည် ပြည်မကိုယ်စားလှယ်များ၏ တိုင်းရင်းသား များ အပေါ်ထားရှိသော စိတ်ရင်းအခြေအနေကို ဖော်ပြပေး ရာရောက်ကြောင်းတိုင်းရင်းသားခေါင်းဆောင်များ ဆို ” သတင်းမှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၏ ပြောကြားချက် အားကောက်နှုတ်ချက်။

----------------------------------------------------------------------------------

“ကျွန်တော်တို့အခု အုပ်ချုပ်နေတာ ဒီမိုကရေစီစနစ်နဲ့ ပြည်သူအစိုးရဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သောနေရာ တွေမှာ ချက်ချင်းလုပ်လိုက်ရင် အခက်အခဲတွေ ရှိပါတယ်။ ပြည်သူတွေက အမြင်မကျယ်သေးဘူးလို့ ပြောချင် တယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေအားလုံးက ဘာသာရေးအစွဲ အလမ်းကြီးတာ တွေ၊ အယူသီးတာတွေရှိတယ်။ ဒီလိုဖြစ်နေတဲ့အခါကျတော့ လုပ်ချင်တာကိုလုပ်လိုက်ရင် အများရဲ့ မကျေနပ်ချက်တွေ ဖြစ်လာပြီး တစ်ယောက်နဲ့ တစ် ယောက် အာဃာတပွားလာပြီးတော့ ကိုယ်ထိလက်ရောက်ကျူးလွန်တာ ဖြစ်လာနိုင်ပါတယ်။ ဒါမျိုးတွေကိုလည်းမဖြစ်စေချင်တဲ့အတွက် အချို့နေရာတွေ မှာထိန်း ထိန်းသိမ်းသိမ်း လုပ်နေရတဲ့ အခြေအနေလေးတွေ ရှိနေပါတယ်”

မတ်လ ၇ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၃၂) တွင်ပါရှိသော “ပြည်သူများ အမြင်မကျယ်နိုင်သေးတဲ့အတွက် အချို့ နေရာများတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်နေရကြောင်း သာသနာရေး ဝန်ကြီးပြော” သတင်းမှ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------

“ပါတီဝင်အဖြစ်က ရပ်ဆိုင်းထားတာမဟုတ်ပါဘူး။ ညီလာခံကိုယ်စားလှယ်အဖြစ်ကနေပဲ ညီလာခံပြီးတဲ့ အချိန်ထိ ရပ်ဆိုင်းထားတာပါ။ နည်းနည်းသတင်း တွေထွက်တယ်။ ဘာလဲဆိုတော့ သူတို့ကအောက်ခြေပိုင်း မှာ လျှောက်ပြီးတော့ ဘယ်သူတွေပါရမယ်။ ဘယ်သူတွေမပါရဘူးဆိုပြီး လျှောက်လုပ်တယ်။ ဒီအတိုင်းပြောတာ ဆိုတာလောက်ဆိုလည်း ဘာမှမဖြစ်ပါဘူး။ အဲဒါကို သူတို့က စာရင်းတွေ အင်းတွေနဲ့ဖြန့်ချီတာတွေလုပ်တယ်။ ဒါ လုံးဝမလုပ်သင့်ဘူး။ သင့်လည်း မသင့်တော်ဘူး။ အခုလိုမျိုး ညီလာခံကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းထား တယ်ဆိုတာကလည်း ပြည်လုံးကျွတ်ညီလာခံ ကျင်းပရေးမှာ ချောချောမွေ့မွေ့ဖြစ်အောင်ပါ။ သူတို့ကို နစ်နာစေ လိုတာမျိုးလည်း မရှိပါဘူး။ ညီလာခံပြီးတဲ့အထိ နားပေးထားတဲ့သဘောပါ”

မတ်လ ၇ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၃၂) တွင်ပါရှိသော “NLD ဗဟိုညီလာခံ ကိုယ်စားလှယ် ၄ ဦးကို ကိုယ်စား လှယ်အဖြစ်မှရပ်ဆိုင်းကြောင်း ကြေညာချက်ထုတ်ပြန်” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

********************************************************************

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive