Transparency Myanmar

transparency.myanmar@gmail.com

ON INTERNATIONAL MEDIA (1)
Document ON INTERNATIONAL MEDIA (1)

Snapshot of the item below:
ON INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. အမေရိကန်မှ UN အနေဖြင့်မြောက်ကိုရီးယားသံအမတ်များအား ပစ်မှတ်ထားအရေးယူမှုများ ဖြစ်ပေါ်ရန် ကြိုးစား လုပ်ဆောင်

(BBC News မှ US seeks UN sanctions targeting North Korean diplomat ကိုဘာသာပြန်ဆိုသည်။)


အမေရိကန်မှ UN အနေဖြင့်မြောက်ကိုရီးယားသံအမတ်များအား ပစ်မှတ်ထားအရေးယူမှုများ ဖြစ်ပေါ်ရန် ကြိုးစား လုပ်ဆောင်

(BBC News မှ US seeks UN sanctions targeting North Korean diplomat ကိုဘာသာပြန်ဆိုသည်။)

Photo Credit by AFP

အမေရိကန်သည် (တရုတ်၏ သဘောတူညီမှုဖြင့်)ကုလ၏ ပဋိပက္ခဖြေရှင်းရေးစားပွဲဝိုင်းတွင် သံတမန်ရေးရာနှင့် ယင်းတို့၏ ငွေအလွဲအပြောင်းများကိုပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများလုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိကြောင်းသိရသည်။ ဝါရှင်တန် ကုလ သံအမတ် Susan Rice က ကုလမှ အပြင်ထန်ဆုံးသောအရေးယူပိတ်ဆို့မှုအချို့ ချမှတ်မည် ဟုဆိုသည်။

တရုတ်သံအမတ် Li Baodong က “ပြီးခဲ့တဲ့လကမြောက်ကိုရီးယားရဲ့ တတိယကြိမ်မြောက်အားအပြင်းဆုံး နှူးကလီးယား စမ်းသပ်မှုအပြီးမြောက်ကိုရီးယားအပေါ် ပြင်းထန် တဲ့ သတိပေးချက် ပေးရမှာ ဖြစ်တယ်” လို့ ပြောကြားခဲ့သည်။

အစောပိုင်းကာလများက ပြုံးယမ်းအစိုးရသည် နှစ်ပေါင်းခြောက်ဆယ်ကြာတောင်- မြောက် ကိုရီးယားအပစ်အခတ် ရပ်စဲ ရေးသဘောတူညီမှုကို ပယ်ဖျက်မည်ဟုသတိပေးခဲ့သည်။ “အရေးယူပိတ်ဆို့မှုများဖြင့်ခြိမ်းခြောက်နေတာနဲ့ တောင်ကိုရီးယားတွင် လက်ရှိ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုများကြောင့် တောင်ကိုရီးယားနှင့် အပတ်အခက်ရပ်စဲရေးသဘောတူညီမှု မတ် ၁၁ ရက်နေ့ တွင် ရပ်ဆိုင်းသွားလိမ့်မည်” ဟုမြောက်ကိုရီးယားတပ်မတော်မှ ပြောကြားသွားခဲ့သည်။

“ကျွန်တော်တို့တွေသည် အဆင့်များစွာ ဖြတ်သန်းရသည့် အပစ်အခတ်ရပ်စဲရေးနှင့် အမျိုးသားပြန် လည်ပေါင်းစည်းနိုင် ရေးအတွက် ကျွန်တော်တို့၏ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့အောင် လုပ်ဆောင်ခြင်း မျိုးမရှိဘဲ အချိန်မရွေးနေရာမရွေး ရုတ် တရက်တိုက်ခိုက်မှုမျိုးလုပ်ဆောင်သွားဖို့ ရည်ရွယ်သည်” ဟုထုတ်ပြန် ချက်တွင် ဖော်ပြ ထား သည်။

ကိုရီးယားစစ်ပွဲသည် ၁၉၅၃ ခုနှစ်၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုနှင့် အတူရပ် ဆိုင်းသွားခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းတော့ မရှိသေးပါ။ ထိုအတွက်ကြောင့် တိတိကျကျ အဓိပ္ပယ်ဖွင့်ဆိုရလျှင် ကိုရီးယားကျွန်းဆွယ် မှာစစ်ပွဲအတွင်းရှိနေတုန်းဟုအဓိပ္ပယ်သက် ရောက်နေသည်။

“ပြင်ထန်တဲ့ သတိပေးချက်”

“အဲဒီပဋိပက္ခ ဖြေရှင်းမှုဟာပထမဆုံးအနေနဲ့ မြောက်ကိုရီးယားသံတမန် များရဲ့ တရားမဝင် လုပ်ဆောင်နေမှုတွေ၊ မြောက် ကိုရီးယားဘဏ်များနဲ့ ပမာဏများတဲ့ ငွေလွှဲပြောင်းမှုတွေတရားမဝင် လုပ်ဆောင်နေမှုအပေါ် ပစ်မှတ်ထားပါတယ်” ဟု Susan Rice ကလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် ၁၅ ဦးနှင့် တံခါးပိတ်ဆွေးနွေးပြီးနောက် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

“ယင်းအရေးယူပိတ်ဆို့မှုရဲ့ နက်ရှိုင်းကျယ်ပြန့်မှုဟာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကိုရီးယား ကျွန်းဆွယ်တွင် နှူးကလီးယားလျော့ချရေးနှင့်ပတ်သက်ပြီးခိုင်မာတဲ့ ခံယူချက်ရှိကြောင်းကိုဖော်ပြနေတာလည်းဖြစ်တယ်” ဟုသူမ ကသတင်းထောက်များကို ပြောကြားသွားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်တွင် မြောက်ကိုရီးယားမှနောက်ထပ် နှူးကလီးယားစမ်းသပ်မှု လုပ်ဆောင်ခြင်းအပေါ် အရေးယူ မှုများလည်းပါဝင်သင့်ကြောင်းသူကပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီသည် ဆုံးဖြတ်ချက်မူ ကြမ်းအပေါ် ဆန္ဒခံယူမှု ယခုတစ် ပတ်အတွင်းလုပ်ဆောင်လိမ့်မည်ဟုသူမမျှော်လင့်ကြောင်းဆိုသည်။ တရုတ်သံအတ် Li Baodong က တရုတ်အနေဖြင့် ဒီလှုပ် ရှားမှုအပေါ် ထောက်ခံခဲ့ကြောင်းပြောကြားသွားခဲ့သည်။ “ သို့သော် အရေးယူမှုဟာဟန်ချက်ညီညီရှိသင့်တယ်၊ တင်းမာမှုလျော့ချ ရေးနဲ့ သံခင်းတမန် ခင်းနည်းလမ်းတွေအပေါ် အလေးထားသင့်တယ်လို့ထင်တယ်လို့ ကျွန်တော်ထင်တယ်” ထပ်လောင်းပြောကြား သွားခဲ့သည်။

“နှူးကလီယားစမ်းသပ်မှုဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်ဆိုတာကိုခိုင်မာတိကျတဲ့ သတိပေးမှု မျိုးပို့ရလိမ့်မယ်” ဟုသူက ရိုက်တာသတင်းဌာနသို့ ပြောကြားသွားခဲ့သည်။ တရုတ်သည် မြောက်ကိုရီးယား၏ တစ်ခု တည်းသော မဟာမိတ်ဖြစ်ပြီး အဓိကကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်သည်။ ယခင်တုန်းကတော့ ဘေးဂျင်းအစိုးရအနေဖြင့် ပြင်းထန်သည့် အရေး ယူ ပိတ်ဆို့မှုများကိုထောက်ခံဖို့ တွန့်ဆုတ်နေခဲ့သည်။

ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သော နှူးကလီးယားစမ်းသပ်မှုသည် ဒီဇင်ဘာ ၂၀၁၁ ၌ ကွယ်လွန်ခဲ့သည့် ဖခင် Kim Jong-il

သေဆုံးပြီးနောက် ခေါင်းဆောင်မှု နေရာကိုရယူခဲ့သည့် ခေါင်းဆောင်သစ် Kim Jong-un လက်ထက်တွင် ပထမဦးဆုံး စမ်းသပ်မှု ဖြစ်သည်။

ဗီယင်နာ အခြေစိုက် နှူးကလီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့က မြောက်ကိုရီးယားဘက်မှ အသုံးပြုသောပစ္စည်းမှာ သေးငယ် သည်ဟုဆိုသော်လည်း ၂၀၀၉ ၌ နောက်ဆုံးစမ်းသပ်ခဲ့သည့် ပေါက်ကွက်မှုအားထက် နှစ်ဆပိုလျက်ရှိနေသည် ဟုဆိုသည်။

မြောက်ကိုရီးယားမှအရွယ်အစားသေးငယ်အောင် အသွင်ပြောင်းထားသည့်ပစ္စည်းဖြင့် စမ်းသမ်းခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ မြောက်ကိုရီးယားမှ အရွယ်သေးငယ်သော ဒုံကျည် တည်ဆောက်လာနိုင်ခြင်းကို အကြောက်ပိုလာကြသည်ဟုဆိုသည်။ အမေရိ ကန်၏ အဆက်မပြတ် တိုက်ခိုက်နေမှုများကိုကာကွယ်ဖို့ လိုအပ်သည့်အတွက် ယခုလိုစမ်းသပ်မှုမျိုး ဆောင်ရွက်ရခြင်းဖြစ် ကြောင်း ပြုံယမ်းကဆိုသည်။

ပြုံးယမ်းမှ ဒုံးကျဉ်ကိုအသုံးပြု၍ အကာသအတွင်း ဂြိုလ်တုလွှတ်တင်မှု ပြုပြီးနောက် ဒုံကျည်နည်းပညာစမ်းသပ်မှု ကိုတား မြစ်သည့် ကုလ၏ ပြင်းပြင်းထန်ထန် ကန့်ကွတ်မှုလပိုင်းအတွင်း ဖြစ်ပေါ်လာခဲ့သည်။


 

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   

              

                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

QUOTES AND COMMENTS
Document QUOTES AND COMMENTS

Snapshot of the item below:
QUOTES AND COMMENTS

သတင်းနှင့် ဆောင်းပါးကောက်နှုတ်ချက်များ

 “စီးပွားရေးအောင်မြင်ဖို့ဆိုတာ ယုံကြည်မှုပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုပဲ ဥပဒေတွေပြဋ္ဌာန်း၊ ဘယ်လိုစာချုပ် တွေပဲလက်မှတ် ထိုးနောက်ဆုံးရင်းနှီးမြှုပ်နှံမှု စဉ်းစားတဲ့သူတွေက ကျွန်မတို့နိုင်ငံတွင်းက အခင်းအကျင်းပေါ် မှာယုံကြည်မှုရှိမှသာ ကျွန်မတို့ မျှော်မှန်းတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးရမှာပါ။ အဲဒါကြောင့် ဒီလိုရင်းနှီးမြှုပ်နှံမှုမျိုးရဖို့ဆိုတာက ကျွန်မတို့ဘက်က ပြင်သင့်တဲ့ကိစ္စတွေကို ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ကျွန်မတို့နိုင်ငံတွင်းအင်အားတွေ၊ အတွင်းအရည်အချင်းတွေ မြှင့်တင်နိုင်မှုနိုင်ငံခြားက ရောက်လာ တဲ့အခွင့်အရေးတွေက နိုင်ငံသူ၊ နိုင်ငံသား တွေ အပြည့်အဝအကျိုးပြုနိုင်မှာပါ”

မတ်လ ၁၁ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၀) တွင်ပါရှိသော “နိုင်ငံအတွင်း အခင်း အကျင်းအပေါ် ယုံကြည်မှုရှိမှသာ ရင်းနှီးမြှုပ်နှံမှုများရရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

_____________________________________________________________________________________________

“ပါတီဝင် ၇၀% လောက်က ကယားပြည်နယ်ညီလာခံ ကျင်းပရေးကော်မရှင်ကို ကန့်ကွက်ကြတယ်။ သဘောထားမတိုက်ဆိုင်တာ တော်တော်ကြာနေပါပြီ။ ကျွန်တော်တို့ညှိနှိုင်းမှုတွေလည်း လုပ်ခဲ့ပါသေးတယ်။ စည်းလုံးမှုမရှိဘူး၊ ပြန်ပူးပေါင်းပါဆိုတာပဲ ဗဟိုက ပြောနေတယ်။ ကယားပြည်နယ်မှာရှိတဲ့ လူနည်းစုက အာဏာရှင်ဆန်ဆန်လုပ်နေပါတယ်။ ကယားပြည်နယ်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်အားလုံး ရဲ့ ၇၀% ကညီလာခံကျင်းပရေးကော်မရှင်ကို ကန့်ကွက်နေတာ။ ကန့်ကွက်သူအားလုံးကို စည်းလုံးမှုပျက်ပြားအောင် လုပ်တယ်ဆိုပြီး ပါတီကနေ နှုတ်ထွက်ခိုင်းတယ်။ ပါတီဆိုင်းဘုတ်တွေဖြုတ်ခိုင်းတယ်။ အစပိုင်းတော့ ကျွန်တော်တို့က တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိပါးမှာစိုးလို့သည်းခံပါသေးတယ်။ ဒါပေမယ့် သူတို့လုပ်ရပ်တွေက တိုင်းရင်း သားတွေကို ကိုယ်စားမပြုဘူး။ ပွင့်လင်းမြင်သာမှုဆိုတာ ရှိမလာဘူး”

မတ်လ ၁၁ ရက်နေ့ထုတ် Favorite News Journal အမှတ် (၃/၁၉၁) တွင်ပါရှိသော “NLD ညီလာခံပထမနေ့ မတ်လ ၈ ရက်နေ့မှာ ကယားပြည်နယ်ပါတီဝင် ၁၀၀၀၀ ကျော်နှုတ်ထွက်” သတင်းမှ ကယားပြည်နယ် စည်းရုံးရေးမှူး ဦးစော ဒယ်နီရယ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

_____________________________________________________________________________________________

“အမှန်အတိုင်းပြောရရင် စိုးရိမ်ပူပန်တာတွေက အများကြီးပါပဲ။ ကျွန်တော်တို့ ASEAN Summit ကို တစ်ခါမှ လက်ခံမကျင်းပ ဖူးပါဘူး။ အာဆီယံကိုစဝင်ကတည်းက နိုင်ငံတကာအဆင့်မြင့် အခမ်းအနားကြီးတွေကို လက်ခံကျင်းပဖူးတာမျိုး မရှိတဲ့အခါ အရာ ရာကို စိုးရိမ်ပူပန်ပါတယ်”

မတ်လ ၁၁ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၁၀) တွင်ပါရှိသော “အာဆီယံဥက္ကဋ္ဌရာထူး မြန်မာ ပြင်ဆင်မှု စိုးရိမ်နေဆဲဟုဆို” သတင်းမှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အားကောက် နှုတ်ချက်။

_____________________________________________________________________________________________

“ကျည်ကာကားနဲ့ ဆေးရုံပိုတွေဆောက်တာထက် ပင်စင်နဲ့ရပ်တည်နေရတဲ့ အငြိမ်းစားဝန်ထမ်းတွေအတွက် ဘတ်ဂျက်ပို သုံးသင့် တယ်”

မတ်လ ၁၁ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၁၀) တွင်ပါရှိသော “အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များကို ပင်စင်လစာတိုးပေးမည်” သတင်းမှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အငြိမ်းစားလက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သန်းဝင်း၏ ပြောကြားချက် အားကောက်နှုတ်ချက်။

_____________________________________________________________________________________________

“အမေရိကန်ကလက်ရှိအနအထားကို သုံးသပ်တယ်လို့မြင်တယ်။ အခု လာဘ်ပေး၊ လာဘ်ယူမှုထက် အကျင့် ပျက်ခြစားမှု တွေက လည်း တဖြည်းဖြည်းလျော့နည်းလာတယ်။ နိုင်ငံတော်သမ္မတရဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့အစိုးရဖြစ်ရမယ် ဆိုတာ ကလဲ တဖြည်းဖြည်းအောက်ခြေအဆင့်ထိ ရောက်ရှိလာတော့မှာပါ။ အဲဒါတွေကို ဥုံဖွဆိုပြီးမန်းလို့မရဘူး။ ကောင်းမွန်တဲ့အမြင်နဲ့ တိုးတက်နေတယ်လို့ မြင်ပေးရင် ရင်းနှီးမြှုပ်နှံ မှုတွေက လာကိုလာမယ်။ အခု အမေရိကန်တွေပြောသွားတဲ့ ပွင့်လင်းမြင်သာမှု ဆိုတာကလည်း အခု လေး၊ ငါးလ အတွင်းမှာ သိသိသာသာပွင့်လင်းမြင်သာလာတယ်။ အဲဒါတွေကြောင့် အစိုးရရဲ့လုပ်ဆောင်မှု တွေကိုလည်း အပြုသဘောမြင်ဖို့ တော့လိုတယ်။ စစ်တပ်နဲ့တည်ဆောက်ခဲ့တာက နှစ်ပေါင်း ၆၀ လောက်ကြာခဲ့တဲ့ အတွက်အခု ကတော့စစ်တပ်က နောက်ဆုတ်နေပြီ။ ဒီမိုကရေစီနိုင်ငံကို သွားနေပါပြီ”

မတ်လ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်အတွဲ (၉) အမှတ် (၁၀) တွင်ပါရှိသော “အကျင့်ပျက်ခြစားမှုနှင့် စီးပွား ရေးလုပ်ငန်းများတွင် စစ်တပ်က ပါဝင်ခြင်းသည် အမေရိကန်ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေဟု ကန်ကုန်သွယ် ရေး လက်ထောက်ဝန်ကြီးပြောကြား” သတင်းမှ စီးပွားရေးပညာရှင်ဦးလှမောင်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT AFFAIR
Document CURRENT AFFAIR

Snapshot of the item below:
CURRENT AFFAIR

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးသတင်းများ

  1. ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်း လွှတ်တော်က ဆိုင်းငံ့သင့်

  1. ဘင်္ဂလားပင်လယ်အော်အတွင်း အိန္ဒိယ-မြန်မာရေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မည်

  1.  ဂျပန် နှင့် မြန်မာနိုင်ငံတောင်သူသမဂ္ဂများ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မည်

 

ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်း လွှတ်တော်က ဆိုင်းငံ့သင့်

ပြည်တွင်းစာနယ်ဇင်းသမားများအားလုံး တညီတညွတ်တည်း ကန့်ကွက်နေသော ပြန်ကြားရေးဝန်ကြီး ဌာန ၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခြင်း မပြုသေးဘဲ ဆိုင်းငံ့ထားရန် ကြိုးစားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့၊ ရှစ်မိုင်လမ်းဆုံရှိ ဟိုတယ် ရန်ကုန်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေး မှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ နှင့်သတင်းမီဒီယာများတွေ့ဆုံပွဲတွင် သူရဦးအေးမြင့်က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) က ရေးဆွဲပြီး ပေါ်ပေါက်လာမည့် ပုံနှိပ်နှင့် မီဒီယာဥပဒေနှင့် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲ ထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအကြား ပဋိပက္ခများ ဖြစ်ပွား စေနိုင်သည်ဟု ထင်မြင်မိ သောကြောင့် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်း လုပ်ငန်းဥပဒေကြမ်းကို လွှတ်တော်တွင် ဆိုင်းငံ့ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)က ရေးဆွဲနေသော မီဒီယာဥပဒေ ကြမ်းပေါ်ထွက်လာမှသာလျှင် ပြန်လည်ဆွေးနွေးမည်ဖြစ်ပြီး စာနယ်ဇင်းကောင်စီ၏ မီဒီယာဥပဒေကြမ်းက ပြည့်စုံ လျှင် ပြန်ကြားရေးဝန်ကြီးဌာန၏ ဥပဒေကြမ်းကို ပယ်ဖျက်နိုင်ကြောင်း ပြောကြားခဲ့ သည်။

၁၉၆၂ ခုနှစ်မှစတင်ပြီး ၀ိဝါဒ ကွဲပြားမှုများကြောင့် နိုင်ငံနှင့်ပြည်သူများ ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပြီး လတ်တ လော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဆိုင်းငံ့ထားခြင်းကသာ စည်းလုံးညီညွတ်မှု မပြိုကွဲစေသော အဖြေတစ်ခုဖြစ်လိမ့်မည်ဟု သူရဦးအေးမြင့်က ထပ်မံပြောကြားခဲ့သည်။

လူငယ်သတင်းသမား အများစုပါဝင်နေသော သတင်းလွတ်လပ်ခွင့်ကော်မတီက လာမည့် ရက်အနည်းငယ် အတွင်း အစိုးရ ပုံနှိပ်ဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုများ တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်ပတ်သက်သော သတင်းမီဒီယာများ၏ အလုပ်ရုံ ဆွေးနွေး ပွဲတရပ်ကို ဒဂုံမြို့နယ်ရှိ ယုဇနဂါးဒင်း ဟိုတယ်တွင် မတ်လ ၁၂ ရက်နေ့ ၁ နာရီမှ ၄ နာရီအထိ ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

YC

________________________________________________________________________________

ဘင်္ဂလားပင်လယ်အော်အတွင်း အိန္ဒိယ-မြန်မာရေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မည်

မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံသည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် ဘင်္ဂလားပင်လယ်အော် အတွင်း ပူးတွဲ ကင်းလှည့်ရေးနှင့် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ရေးကို ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရ သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ မြန်မာ့ရေတပ်မှ ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနှင့် အငယ်စား စစ်သင်္ဘောတစ်စီး တို့သည် အိန္ဒိယမှ ဗီဆက်ခါ ပတ်ထနမ်ဆိပ်ကမ်းသို့ ယခုရက်ပိုင်းအတွင်း ဆိုက်ရောက်မည် ဖြစ် ကာ ထိုနောက်ရက်အနည်းငယ် အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်မည် ဟုဆိုသည်။

မြန်မာနှင့် အိန္ဒိယတို့ သည် မကြာမီကပင် စစ်ရေး၊ စီးပွားရေး ဆက်ဆံမှုများ တိုးမြှင့်လာခဲ့ပြီး ၂၀၁၂ နိုဝင်ဘာ နှင့် ဒီဇင်ဘာလ အတွင်း နိုင်ငံခြား ရေးဝန်ကြီး ဆယ်လ်မန် ခါရှစ်၊ လေတပ်ဦးစီး ချုပ် အန်၊ အေ၊ကေ ဘရောင်းတိုလည်း လာရောက်လည်ပတ်ခဲ့ကြသည်။

ယင်းနောက် အိန္ဒိယသည် မြန်မာတပ်မတော် စွမ်းရည်မြင့်တင်ရေး အတွက် မြန်မာလေတပ် ပိုင်းလော့များ အား အိန္ဒိယသို့ခေါ်ယူကာ ရုရှားလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယဉ်များနှင့် လေ့ကျင့်ပေးရေး ကိုလည်းသဘော တူခဲ့သည်။

အိန္ဒိယသည် မြန်မာသို့ စစ်သုံးလက်နက်များကိုလည်း ရောင်းချပေးနေပြီး ယင်းတွင် ကုန်းတွင်းပိုင်းသုံး ရေ တပ် ကင်းလှည့်လေယဉ်များ၊ ရေ တပ်သုံး စက်သေနတ်တင် မော်တော်ဘုတ်များ၊ ၁၀၅ မီလီမီတာ အပေါ့စား သေ နတ်များ၊ မော်တာစိန်ပြောင်းများ၊ လောင်ချာများနှင့် ရိုင်ဖယ် သေနတ်များလည်းပါဝင်သည်။

ထို့ပြင် မြန်မာသည် ၎င်း၏ရေတပ်သင်္ဘောများအတွက် Bharat Electronics Ltd ကထုတ်လုပ်သော ရေဒါ

စနစ်များကိုလည်း ဝယ်ယူထားကြောင်း သိရသည်။

YC

_________________________________________________________________________________

 ဂျပန် နှင့် မြန်မာနိုင်ငံတောင်သူသမဂ္ဂများ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မည်

ဂျပန်နိုင်ငံတောင်သူသမဂ္ဂနှင့် မြန်မာနိုင်ငံတောင်သူသမဂ္ဂများ ပူးပေါင်း၍ စိုက်ပျိုးရေးနည်းပညာနှင့် လိုအပ် သောအထောက်အပံ့များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အပြည်ပြည်ဆိုင် ရာ အလုပ်သမားသမဂ္ဂဒါရိုက်တာ Mr. Nagashamasan က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မတားစု ကျေးရွာတွင် ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းချိန်ကာလဖြစ်၍ လက်ရှိဖြစ်ပေါ်နေသော လယ်သမားများ၏ အခြေအနေကိုကြည့်ပြီး သက်ဆိုင်ရာအစိုးရမှ သင့်တော်သောစနစ်တစ်ခုကို ချမှတ်သင့်သကဲ့သို့ နိုင်ငံတကာတွင် ကျင့်သုံးနေသော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ လယ်သမားအဖွဲ့အစည်းများ ပါဝင်သော စနစ် တစ်ခုကို အကောင်အထည်ဖော် ဆောက်ရွက်သင့်သည်။ အဆိုပါစနစ်သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ထိန်း ကျောင်းသောစနစ်ဖြစ်၍ နိုင်ငံတကာတွင် လက်ခံ ကျင့်သုံးလျှက်ရှိပြီး လယ်သမား၊ အလုပ်သမားကိုယ်စားပြု သမဂ္ဂများအဖွဲ့များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းသင့်ကြောင်း Mr. Nagashamasan က ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ တောင်သူလယ်သမားများ ဖြစ်သောကြောင့် ၎င်းတို့၏ အခက်ခဲများကို အစိုးရမှ မဖြေရှင်းပေးနိုင်ပါက တိုင်းပြည်တိုးတက်နိုင်မည်မဟုတ်ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သူ ဒေါက်တာမင်းညိုမှ ပြောကြားခဲ့သည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးတွင် သမဂ္ဂဖွဲ့သော တောင်သူများကို သက်ဆိုင်ရာမှ အကြောင်းအမျိုးမျိုး ပြကာ ဖမ်းဆီးအရေးယူခြင်းများ ရှိနေပြီး တောင်သူများက ဥပဒေတွင်ပါရှိသော မိမိတို့၏အခွင့်ရေးများကို တောင်းဆို နိုင်ရန်အတွက် မိမိတို့၏ ကိုယ်စားပြုအဖွဲ့စည်းများကို ဖွဲ့စည်းရန်လိုအပ်ကြောင်း မြန်မာဘဝလူမှုဖွံ့ဖြိုးရေးကွန်ရက်မှ ဦးနေမျိုးဇင်ကပြောကြားခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနေ့ကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မတားစုကျေးရွာ တွင် ပြုလုပ်ခဲ့ပြီး ခရမ်း၊ သုံးခွ၊ သန်လျင်၊ ကျောက်တန်း တို့မှ ကိုယ်စာပြုသမဂ္ဂများနှင့် ဒေသခံတောင်သူ ၆၀၀ ကျော် ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

YC


                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive