Transparency Myanmar

transparency.myanmar@gmail.com

ON INTERNATIONAL MEDIA (1)
Document ON INTERNATIONAL MEDIA (1)

Snapshot of the item below:
ON INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. Xi Jinping တရုတ်သမ္မတနေရာအတွက် ရေပန်းစား

( 14 March 2013 ရက်စွဲပါ BBC News မှ ‘Xi Jinping poised for China Presidency’ ကို ဘာသာပြန်ပါသည်)

  1. တပ်မတော် အာဏာစွန့်ဖို့လိုပာု ဦးဝင်းတင်ပြောကြား

(Bangkok Post မှ 13 Mar 2013 ရက်စွဲပါ “Myanmar military must go: Win Tin”သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်တို့လုပ်ကိုင်နေသောကြေးနီမိုင်းသည်နိုင်ငံစီးပွားရေးအတွက်အကျိုးရှိမည်ပာု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(AFP News မှ 14 Mar 2013 ရက်စွဲပါ “Chinese-lacked mine will benefit Myanmar: Suukyi”သတင်းကို ဘာသာပြန် ဆိုသည်)


Xi Jinping တရုတ်သမ္မတနေရာအတွက် ရေပန်းစား

( 14 March 2013 ရက်စွဲပါ BBC News မှ ‘Xi Jinping poised for China Presidency’ ကို ဘာသာပြန်ပါသည်)

ဘေဂျင်းမှခေါင်းဆောင်များသည် နှစ်ပတ်လည်ပါလီမန် အစည်းအဝေးတွင် ဇီဂျင်ပင်းအား သမ္မတအဖြစ် အမည်စာရင်း တင်သွင်းရန် မျှော်လင့်နေပါသည်။

ဇီသည် ပြီးခဲ့သည့်နိုဝင်ဘာလက သတ်မှတ်ထားသည့် ဆယ်နှစ်တာကာလပြီးဆုံး၍ အနားယူတော့မည့် ဟူကျင်တောင် နေရာတွင် ကွန်မြူနစ်ပါတီ၏ ထိပ်တန်းရာထူးတွင် ခန့်အပ်ခြင်းခံရပါသည်။

ပြည်သူ့ခန်းမကြီးတွင် ကျင်းပသော အမျိုးသားပြည်သူ့ကွန်ဂရက်တွင် လူ ၃၀၀၀ ခန့်သည် မဲပေးရွေးချယ်ကြမည် ဖြစ်ပါ သည်။

ဝန်ကြီးချုပ်အသစ်အဖြစ်လည်း ဝမ်ကျားပေါင်နေရာတွင် Li Keqiang အား သောကြာနေ့တွင် အမည်စာရင်း တင်သွင်း လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့်ခန့်မှန်းနေကြပါသည်။

အဆိုပါနေရာများအတွက် မဲပေးရွေးချယ်ရာတွင် အစဉ်အလာအရ အခမ်းအနားကြီးဖြစ်ပြီး အံ့သြဖွယ်ရလဒ်များ ထွက်ခဲ့ပါ သည်။

Mr. Xi အား နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသော အစည်းအဝေးတွင် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ပြီး ထိပ်တန်းစစ်တပ်အဖွဲ့ဖြစ်သော ဗဟိုစစ်ကော်မရှင်တွင်လည်း ခေါင်းဆောင်ခန့်အပ်ခဲ့ပါသည်။

၎င်းအား တိုင်းပြည်ခေါင်းဆောင်အဖြစ် မဲပေးရွေးချယ်ခြင်းသည် ၎င်းနှင့် ၎င်း၏အဖွဲ့အပေါ် အာဏာလွှဲပြောင်းမှုအတွက် နောက်ဆုံးအဆင့်ဖြစ်ပါသည်။ ၎င်း၏အဖွဲ့မှာ လျှော့ချထားပြီး အဖွဲ့ဝင် ၇ ဦးပါဝင်သော လုပ်ငန်းကော်မတီဖြစ်ပါသည်။

Mr. Xi သည် အသက် ၅၉ နှစ်ရှိပြီဖြစ်ပြီး တော်လှန်ရေးအတွေ့အကြုံရှိသူတစ်ဦး၏သား ဖြစ်ပါသည်။

၎င်းသည် တရုတ်နိုင်ငံ၏ အဆုံးအဖြတ်များချမှတ်သည့် ထိပ်တန်းကော်မတီဖြစ်သောလုပ်ငန်း ကော်မတီတွင် ၂၀၀၇ တွင် ခန့်အပ်ခြင်းမခံရမီက Zhejiang နှင့် ရှန်ဟိုင်းနယ်များတွင် ထိပ်တန်းပါတီခေါင်းဆောင်နေရာ ရရှိခဲ့ပါသည်။

နိုဝင်ဘာလက ထိပ်တန်းပါတီခေါင်းဆောင်နေရာ ရရှိပြီးနောက် တရုတ်မီဒီယာများတွင် ရာထူးအတွက် ထောင်ချောက် များကို ရှောင်ရှားနိုင်ခဲ့သူအဖြစ်ချီးကျူးရေးသားခဲ့ပါသည်။

အဆင့်တိုင်းတွင် အဂတိလိုက်စားမှုများတိုက်ဖျက်ရန် လိုအပ်ပုံနှင့် ပါတီ၏အခွင့်အရေးယူမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိက မငြိမ်မသက်မှုများ ဖြစ်နိုင်ကြောင်း သတိပေးမှုများ ၎င်းက ပြောကြားခဲ့ကြပါသည်။

ပါတီတွင် စိန်ခေါ်မှုများ ရင်ဆိုင်နေရကြောင်း ၎င်းကကွန်မြူနစ်ပါတီခေါင်းဆောင်နေရာ ရယူပြီးနောက် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

အချို့ပါတီအဖွဲ့ဝင်များနှင့် ကေဒါများ၏ အဂတိလိုက်စားမှုများနှင့် လာဘ်ငွေရယူမှုများ၊ ပြည်သူများနှင့် အလှမ်းဝေး နေမှုများနှင့် ဗျူရိုကရေစီနှင့် တရားဝင်လုပ်ထုံးလုပ်နည်းများတွင် မလိုအပ်သည်များကို အလေးပေးမှုများကို ကိုင်တွယ်လုပ်ဆောင် ရမည်ဟု ၎င်းကပြောပါသည်။

အရေးကြီးသောဒုတိယသမ္မတနေရာကိုလည်း ကြာသာပတေးနေ့တွင် ဆုံးဖြတ်မည်ဖြစ်ပါသည်။

သောကြာနေ့တွင် ဝန်ကြီးချုပ်ဝမ်ကျားပေါင်၏နေရာဆက်ခံမည့်သူအမည် ပေါ်ထွက်လာမည်ဖြစ်ရာ ပါတီ၏ နံပါတ်နှစ် ခေါင်းဆောင် ယခင် Liaoning ပါတီခေါင်းဆောင်ဟောင်း Li Keqiang အား အမည်စာရင်း တင်သွင်းဖွယ်ရှိပါသည်။

 


တပ်မတော် အာဏာစွန့်ဖို့လိုပာု ဦးဝင်းတင်ပြောကြား

(Bangkok Post မှ 13 Mar 2013 ရက်စွဲပါ “Myanmar military must go: Win Tin”သတင်းဆောင်းပါးကို ဘာသာပြန်ဆို သည်)

တပ်မတော်အစိုးရ အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် အလျှော့ပေးလွန်းသည်ပာု ယုံကြည်ထားသူ ဒီမိုကရေစီ လက်ပောာင်းကြီး ဦးဝင်းတင်က တပ်မတော်အာဏာ အပြည့်အဝမစွန့်လွှတ်သေးသ၍ ဒီမိုကရေစီနိုင်ငံဖြစ်လာ မည်မပာုတ်ပာု ပြောကြားလိုက်ပါသည်။

အသက် ၈၃ နှစ်အရွယ် ဦးဝင်းတင်သည် တပ်မတော်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီး ခံရပြီး ထောင်ဒဏ် ၁၉ နှစ်ခန့် ချမှတ်ခံခဲ့ရသူဖြစ်သည်။

NLD ပါတီ အကြီးတန်းတာဝန်ရှိသူ ဦးဝင်းတင်က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်ချုပ်ရေးအ လွန်ပြုပြင်ပြောင်းလဲရေးများကို ထိထိရောက်ရောက် တွန်းအားပေးနိုင်ခြင်းမရှိသေးပာု ပြောကြားသည်။

ဗုဒ္ဓပာူးနေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာနှင့် အင်တာဗျူးတွင် ဦးဝင်းတင်က “ကျွန်တော်တို့ အများစုကတော့ စစ်အာဏာ ရှင်တွေကို ဘင်္ဂလားပင်လယ်အော်ထဲကို တွန်းချပစ်ချင်ကြပါတယ်။ ဒေါ်စုကတော့ သူတို့ကို ရန်ကုန် ကန်တော်ကြီးထဲလောက်ပဲ တွန်းချချင်တာပါ”ပာု ရယ်ရွှင်ဖွယ် တင်စားပြောဆိုသည်။

“ဒေါ်စုကတော့ တပ်မတော်ခေါင်းဆောင်တွေကို သူ့ရဲ့ ဒီမိုကရေစီဘက်တော်သား မိတ်ဆွေတွေဖြစ်လာအောင် စည်းရုံး နိုင်မယ်လို့ ထင်နေပါတယ်။ ဒါပေမယ့် ပြည်သူတွေပာာ စစ်အုပ်ချုပ်ရေးအောက်မှာ ခါးခါးသီးသီးဒုက္ခတွေ့ခဲ့ကြရပါတယ်။ တပ်မ တော် အာဏာမစွန့်ပဲနဲ့ ဘယ်လိုဒီမိုကရေစီ၊ ဘယ်လိုလူ့အခွင့်အရေးမှ မရနိုင်ပါဘူး”ပာု ဦးဝင်းတင်က ပွင့်ပွင့်လင်းလင်းပြော ဆိုသည်။

ထိုသို့ စိုးရိမ်ပူပန်သော်ငြားလည်း ဦးဝင်တင်က “ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားကြောင်း၊ သူမ၏ ဒီမိုကရေစီအရေး မဆုတ်မနစ် ကြိုးပမ်းမှုကို အခိုင်အမာယုံကြည်ကြောင်း၊ မိမိအနေဖြင့် သူမ၏ နည်းဗျူပာာများကို သံသယရှိသော်ငြားလည်း အ ကယ်၍ စစ်ခေါင်းဆောင်များကို ယဉ်ပါးအောင်လုပ်နိုင်သူ တစ်စုံတစ်ဦးရှိသည်ဆိုပါက သူမသာလျှင် ဖြစ်နိုင် ကြောင်း”ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် စစ်တပ်၏ထိန်းချုပ်မှုသည် ၂၀၁၁ တွင် ပြေလျော့လာပြီး သမ္မတသစ်ဦးသိန်းစိန်လက်ထက်တွင် နိုင်ငံ ရေးအကျဉ်းသားများအား လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို လွှတ်တော်ရွေးကောက်ပွဲဝင်ခွင့်ပေးခြင်း အပါ အဝင် ဒီမိုကရေစီသို့ ဦးတည်သော ဆောင်ရွက်ချက်များ ထွက်ပေါ်လာခဲ့သည်။

ထိုသို့ ပြုပြင်ပြောင်းလဲနေသော်လည်း မိမိ၏ဒီမိုကရေစီ စံနှုန်းများကို မှီရန် အဝေးကြီးပာု ဦးဝင်းတင်ကဆိုပါသည်။

“ကျွန်တော်တို့အနေနဲ့ လွတ်လပ်တဲ့လူတစ်ယောက်ဆိုပေမယ့် တစ်နိုင်ငံလုံး ထောင်ကျနေတုန်းလို့ ခံစားရပါတယ်။ ထောင်နံရံတွေမရှိတော့ပေမယ့် သံခြေကျင်းခတ်ထားတုန်းပါပဲ”ပာု ဦးဝင်းတင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေခံဥပဒေတွင် တပ်မတော်ကို လွှတ်တောအမတ်နေရာ လေးပုံတစ်ပုံ ပေးထားသည့်အပြင် ဒီမို ကရေစီနည်းကျ ရွေးကောက်ထားသောအစိုးရကို ဖျက်သိမ်းခွင့်၊ အရေးပေါ် အခြေအနေကြေညာခွင့်တို့ အပ်နှင်းထားသည်။

ထို့အပြင် NLD ပါတီ ရွေးကောက်ပွဲနိုင်သည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာစေရန် ပိတ်ပင်ထားဦး မည်ဖြစ်သည်။

“ကျွန်တော်တို့အများစုကတော့ ဒီအခြေခံဥပဒေကို ပြင်ချင်တယ်။ အသစ်ပြန်ရေးချင်တယ်”ပာု ဦးဝင်းတင်က ပြောကြား သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် စာစောင်မထုတ်ခင် ဆင်ဆာတင်ရသော စနစ်ကို ၂၀၁၂ သြဂုတ်လတွင် ဖျက်သိမ်း ပေး ခဲ့ပြီး ဂျာနယ်မှသည် သီချင်းစာသားအထိ အရာအရာထိန်းချုပ်ထားမှုကို အဆုံးသတ်လိုက်ကာ ဧပြီလတွင် ပုဂ္ဂလိကသတင်းစာ များကိုပင် ထုတ်ဝေခွင့်ပြုတော့မည်ဖြစ်သည်။

သို့သော်လည်း ယခုလဆန်းတွင် အဆိုပြုလာသော ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းကို မီဒီယာလောကသားများက စိတ် ပျက်လက်ပျက် တုန့်ပြန်ခဲ့ကြပြီး၊ သတင်းစာလွတ်လပ်ခွင့်ပေးသည့် ကတိကဝတ်ကို အစိုးရက ပြန်ရုတ်သိမ်းနိုင်မည်ပာူသော စိုးရိမ် မှုများ ပေါ်ထွက်လာသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသော ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပ က္ခကို သတင်းရေးသားခြင်း၊ အခြေခံဥပဒေကို ချိုးဖောက်သော ဆောင်းပါးများရေးသားခြင်းတို့ကို တားမြစ်ခြင်းအပါအဝင်ချုပ် ချယ်သည့် စည်းကမ်းချက်အချို့ကို ထည့်သွင်းထားသည်။

အစိုးရ၊ တပ်မတော်နှင့် အပေါင်းအပါ စီးပွားရေးသမားများကို အပတ်စဉ်ဆောင်းပါးများ၊ ရေဒီယိုအသံလွှင့် အစီအစဉ် များမှတစ်ဆင့် အစဉ်တစ်စိုက် ဝေဖန်နေသူ ဦးဝင်းတင်က နိုင်ငံနှင့် ပြည်သူတို့၏ ပိုမိုလွတ်လပ်ခွင့်အတွက် မီဒီယာ များက တွန်း အားပေးကြရမည်ပာု ပြောကြားသည်။

“စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေ အတော်များများက အခုအခြေအနေကို တော်တော်ကောင်းနေပြီလို့ ထင် နေကြတယ်။ သူတို့က ဒါလေးနဲ့ပဲ ရောင့်ရဲနေကြတယ်။ အစိုးရကို အပြစ်မတင်ချင်ကြဘူး။ ထုတ်မပြောချင်ဘူး။ ဒါပြဿနာ ပဲ”ပာု ဦးဝင်းတင်ကဆိုသည်။

ပြည်တွင်းမှ အကဲခတ်လေ့လာသူအချို့ကမူ “စစ်အုပ်ချုပ်ရေးနွံ့ထဲမှ မြန်မာနိုင်ငံကို ဒီမိုကရေစီဘုံသို့ဆွဲတင်ရာတွင် အစိုးရနှင့်လွှတ်တော်ကို အပြုသဘောချီးကျူးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့အပြင် အပြုသဘော ပြစ်တင်ဝေဖန်ခြင်း၊ ဆန့်ကျင် ကန့်ကွက်ခြင်း စသည့်နည်းလမ်းပေါင်းစုံဖြင့် ဘက်စုံ၊ ဒေါင့်စုံမှ ဝိုင်းဝန်းဆွဲတင်ကြရန်လိုအပ်ကြောင်း၊ နောက်ကွယ်မှ မပာာဗျူပာာ ကစားကွက်ဖန်တီးရှင် ဦးသန်းရွှေ(ဖာဂူဆန်)နှင့် ယှဉ်ပြိုင်ကစားရာတွင် မော်ရင်ပာိုလို ကျွမ်းကျွမ်းကျင်ကျင် ပါးနပ်ဖို့လိုအပ် ကြောင်း”သုံးသပ်ပြောဆိုကြသည်။

မနှစ်က မြန်မာပြည်အလယ်ပိုင်းတွင် လှုပ်သွားသော အင်အားပြင်း ငလျင်သည် မြန်မာအာဏာပိုင်များအတွက် ထိခိုက် နိုင်သောကြောင့် တစ်နိုင်ငံလုံး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြန်ရွေးကာ ပြောင်းလဲခြင်း၊ အမျိုးသမီး အုပ်ချုပ်ရေးမှူး များထည့်သွင်းရွေးချယ်ခြင်းဖြင့် ယတြာချေသည့်သဘော ဆောင်ရွက်ခဲ့သည်ပာု အတည်မပြုနိုင်သော သတင်း များက ဆိုပါ သည်။

                   


        

တရုတ်တို့လုပ်ကိုင်နေသောကြေးနီမိုင်းသည် နိုင်ငံစီးပွားရေးအတွက် အကျိုးရှိမည်ပာု ဒေါ်အောင် ဆန်းစုကြည် ပြောကြား

(AFP News မှ 14 Mar 2013 ရက်စွဲပါ “Chinese-lacked mine will benefit Myanmar: Suukyi”သတင်းကို ဘာသာပြန် ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မုံရွာနယ် လက်ပံတောင်းတောင် ဒေသတွင် တရုတ်တို့ လုပ် ကိုင်နေသော အငြင်းပွားဖွယ် ကြေးနီမိုင်းကို လက်သင့်ခံကြရန်နှင့် သို့မပာုတ်ပါက တိုင်းပြည်စီးပွားရေးကို နစ်နာစေမည့် အန္တရာ ယ်ရှိကြောင်း ပြောကြားကာ ဆန္ဒပြသူများကို မနေ့ကတိုက်တွန်းလိုက်ပါသည်။

အကယ်၍ အငြင်းပွားဖွယ်ကြေးနီစီမံကိန်းကို စွန့်လွှတ်မည်ဆိုပါက အနီးတစ်ဝိုက် ဒေသခံအသိုင်းအဝိုင်းနှင့် နိုင်ငံ၏ စီးပွားရေးကို ထိခိုက်နစ်နာစေနိုင်သည်ပာူသော ဒေါ်အောင်ဆန်းစုကြည်၏ သတိပေးစကားက ကြေးနီမိုင်းအနီးမှ ဒေသခံရွာသား များကို စိတ်ပျက်လက်ပျက် ဖြစ်စေပါသည်။

“ဒီစီမံကိန်းကို ရပ်ပစ်လိုက်မယ်ဆိုရင် ဒေသခံပြည်သူတွေကော၊ တိုင်းပြည်အတွက်ကော အကျိုးရှိမှာမပာုတ်ပါဘူး။ တစ် ခြားနိုင်ငံ(တရုတ်)က ကျွန်မတို့တိုင်းပြည်ပာာ စီးပွားရေးနဲ့ပတ်သက်လို့ မယုံရဘူးလို့ ယူဆသွားနိုင်ပါတယ်။ ကျွန်မတို့ ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အိမ်နီးချင်းနိုင်ငံနဲ့ကတော့ ဆက်ဆံနေရမှာပါ”ပာု ဒေါ်အောင်ဆန်းစုကြည်က ၎င်းဒေသသို့ သွားသော ခရီးစဉ်တွင်ပြောကြားခဲ့သည်။

ဒေသခံဒုတိယရွာတွင် လူ ၅၀၀ ခန့်ကို စကားပြောရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမအပေါ် မကျေနပ်သူများအား “ကျွန်မအိမ်ကိုလာပြီး ဆန္ဒပြကြပါ”ပာု တိုက်တွန်းနှစ်သိမ့်ခဲ့သည်။

ယခုကိစ္စသည် ဒေါ်အောင်ဆန်းစုကြည်အတွက် လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို အပြည့်အဝဆောင်ရွက်ရင်း အဖိ နှိပ်ခံ ဒေသခံပြည်သူများအရေးနှင့် ပထဝီနိုင်ငံရေးအကြား ဖြေရှင်းပေးနေရသည့် ပာန်ချက်မညီမှုကို ဖြစ်ပေါ်စေပါသည်။

သူမသည် ဒေသခံပြည်သူများ၏ လိုလားချက်နှင့် လှုပ်ရှားမှုများကို ထောက်ခံရပ်တည်ပေးရန် ပျက်ကွက်ခဲ့ပြီး အထူးသ ဖြင့် ယခင်တပ်မတော်အစိုးရလက်ထက်က အတိုက်အခံများကို နှိပ်ကွပ်သည့် ပုံစံနှင့်ထပ်တူလိုက်နေသော နိုဝင်ဘာလ ကုန် အကြမ်းဖက်နှိမ်နင်းမှုအတွက် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ရန် ဖိအားပေးခြင်းမရှိခဲ့ပေ။

သို့သော် သူမက “ကျွန်မကို ပွင့်ပွင်းလင်းလင်းပြောခွင့်ပေးပါ။ ဆန္ဒပြမယ်ဆိုရင် ဥပဒေအတိုင်းခွင့်ပြုချက်ယူပါ။ ခွင့်ပြု ချက်တောင်းရင် ဆန္ဒပြခွင့်ပေးမယ်လို့ ဒေသအာဏာပိုင်တွေက အာမခံထားပါတယ်။ ခွင့်ပြုချက်မယူပဲနဲ့တော့ ဆန္ဒမပြကြ ပါနဲ့။ ခွင့်ပြုချက်မပါရင် အာဏာပိုင်တွေက အရေးယူပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံမှာ ဥပဒေစိုးမိုးမှုရှိဖို့ လိုပါတယ်”ပာု ရှင်းလင်း ပြော ဆိုခဲ့သည်။

 


                               

 

               


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

QUOTES AND COMMENTS
Document QUOTES AND COMMENTS

Snapshot of the item below:
QUOTES AND COMMENTS

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“စာရွက်ထဲမှာရော ဟိုလိုလုပ်ရမယ်၊ ဒီလိုလုပ်ရမယ် ပါတာပေါ့။ တကယ်ရော ဦးပိုင်တို့ ဝမ်ပေါင်တို့က လိုက်လုပ်နိုင်ပါ့မလား။ စောင့်ထိန်း နိုင်ပါ့မလားပေါ့။ အဲဒါကတော်တော်အရေးကြီးတယ်ဗျ။ သူတို့ထဲက အကြံပေးချက်အတိုင်း ဘယ်သူကလုပ်မှာလဲ။ သေချာလုပ်မှာလား။ အဲဒါကို ဘယ်သူက enforce လုပ်မှာလဲ။”

မတ်လ ၁၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၅၊ အမှတ် ၅၀ ပါ ‘လက်ပံတောင်းတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေးကော်မရှင် အစီရင်ခံစာထုတ်ပြန်အကြံပေးသည့်အတိုင်း လုပ်ဆောင်ပါက အကျိုးရှိစေနိုင်သည့် အချက်များ ပါဝင်သော်လည်း ဒေသခံများအတွက်မူ အငြင်းပွားစရာများ ရှိနေဆဲဖြစ်’ သတင်းမှ မုံရွာဒေသခံဖြစ်သည့် စာရေးဆရာ ကိုတာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


‘ဒီအစီရင်ခံစာထုတ်ပြန်မှုဟာ ကျွန်မမှာ အဓိကတာဝန်ရှိပါတယ်။ တကယ်လို့ ဒေသခံတွေအနေနဲ့ မကျေနပ်လို့ ဆန္ဒပြချင်ရင် ကျွန်မအိမ် ကိုလာပြီးဆန္ဒပြလို့ရပါတယ်။ ဘာမှမဆိုင်တဲ့ ဝမ်ပေါင်ကို သွားပြီး အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆန္ဒပြစရာ မလိုပါဘူး။’

၂၀၁၃ မတ်လ ၁၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၅၊ အမှတ် ၅၀ ပါ ‘ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ဒေသသို့ ရောက်ရှိခဲ့ပြီး ဒေသခံများ၊ ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် သဘောမတူကြောင်း ပြသ သည့်အနေဖြင့် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့ကြ’ သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


‘ပြည်တွင်းကလာတဲ့ နေပြည်တော်ကိုယ်စားလှယ်အဖွဲ့ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ KIO ကိုယ်စားလှယ်အဖွဲ့ပဲဖြစ်ဖြစ် တော်တော်များများ အခြေခံသဘောတူညီချက် ရကြတယ်။ သို့သော်လည်းပဲ အခုအိမ်ရှင်အဖြစ် ကျင်းပပေးတဲ့ တရုတ်ကိုယ်စားလှယ်တွေက ကြားဝင်ပြီးတော့ တချို့အချက်တွေကို ကြိုက်တယ်၊ တချို့ စာလုံးတွေပြင်ပေးပါ။ စာလုံးတွေက ဘာဖြစ်သင့်တယ်ဆိုပြီးတော့ ဝင်ရောက်အကြံပေး တာပေါ့ ဗျာ။ ရိုးရိုးပြောရရင်တော့စွက်ဖက်တဲ့သဘောမျိုး။ intervene များတဲ့အခါကျတော့ အဲဒီအပေါ်မှာ နှစ်ဖက်လုံးက သိပ်စိတ်မကောင်း ကြဘူး’

၂၀၁၃ မတ်လ ၁၅ ရက်နေ့ထုတ် Fresh News ဂျာနယ် အမှတ် ၁/၀၅၁ ပါ ‘ခိုင်မာသော အပစ်အခတ် ရပ်စဲရေးရအောင် ဆောင်ရွက်မည်’ သတင်းမှ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


‘ဒီဥပဒေကို ပယ်ဖျက်ဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး၊ ဒီတော့ ဆိုင်းငံ့ပြီးထားမယ်။ တတ်နိုင်သမျှ ပြင်ဆင်မယ်။ အကယ်၍ မီဒီယာဥပဒေ ထွက်မယ်ဆိုရင် ဒီဥပဒေနှစ်ခုကို ပေါင်းလို့ရရင်လည်း ပေါင်းနိုင်အောင် ကြိုးစားသွားမယ်’

၂၀၁၃ မတ်လ ၁၄ ရက်ထုတ် Venus News Weekly ဂျာနယ်  အတွဲ ၄၊ အမှတ် ၃၄ ပါ ‘ပုံနှိပ်သူများနှင့် ထုတ်ဝေရေးလုပ်ငန်း ဥပဒေမူကြမ်း ရွှေ့ဆိုင်းထားရန် ကြိုးစားမည်’ဟု သူရဦးအေးမြင့်ဆို သတင်းမှ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံ ရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


‘အခုခရီးစဉ်က သံခင်းတမန်ခင်းသွားတဲ့သဘောပါ။ ဟိုဘက်နိုင်ငံတွေက အရင်းအနှီးနဲ့ဖိတ်သလို ဒီဘက်ကလည်း အရင်းအနှီးနဲ့သွားတဲ့ သဘောပါ။ စီးပွားရေးဆိုင်ရာအခွင့်အလမ်းတွေလည်း ပါနိုင်မယ်။ ဒီမိုကရေစီသမ္မတတစ်ယောက်အနေနဲ့ကတော့ နိုင်ငံတကာခရီးစဉ်တွေ ကို သွားသင့်တယ်။ အဲဒါမှ နိုင်ငံရဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးကဏ္ဍမှာ နိုင်ငံတကာရဲ့အထောက်အပံ့တွေ ရလာနိုင်မယ်’

၂၀၁၃ မတ်လ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၉၊ အမှတ် ၁၁ ပါ ‘သမ္မတဦးသိန်းစိန် ဓနသဟာယနိုင်ငံများ သို့ လေ့လာရေးသွားမည်’ သတင်းမှ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင့်ဦး၏ ပြော ကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

                 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive