Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

မြန်မာ့ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်ကောင်းလာ

(Channel News Asia မှ 13 March 2013 ရက်စွဲပါ Reforms in Myanmar gaining Momentum ကိုဘာသာပြန်ဆိုသည်)


မြန်မာ့ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်ကောင်းလာ

(Channel News Asia မှ 13 March 2013 ရက်စွဲပါ Reforms in Myanmar gaining Momentum ကို ဘာသာပြန်ဆိုသည်)

Photo Credit by AFP

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများမှာ စတင်အရှိန်ရရှိလာပြီဖြစ်ပြီး လေ့လာ စောင့်ကြည့်သူများက သမ္မတဦးသိန်းစိန်၏ အတွေးအခေါ်နှင့် အမြင်များမှာ အသီးအပွင့်များခံစားရရှိလာ ပြီဟူသော သင်္ကေတတစ်ခုပင်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ယင်းသို့အရှိန်ရလာမှုမှာ လွန်ခဲ့သည့် ၂ နှစ်ကျော်ကာလ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ ဖြစ်လာသည့် အချိန်မှ စ၍ ကြိုးပမ်းအားထုတ်ခဲ့မှုများကို ညွှန်းဆိုမှုတစ်ရပ်ပင်ဖြစ်သည်။

ယခင် စစ်ဗိုလ်ချုပ်ကြီးဟောင်း၊ သမ္မတဦးသိန်းစိန်သည် အများပြည်သူတို့အနေဖြင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်မှု၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုမှုမှသည တည်ဆဲဥပဒေများစွာပြန်လည်ပြင်ဆင်မှုများအထိ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအာဏာ ရရှိလာသည့် အချိန်မှစ၍ အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့သည်။

နိုင်ငံရေး လေ့လာဆန်းစစ်သူ ဦးတိုးဇော်လတ်က “ထူးခြားတဲ့ ပြောင်းလဲမှုကြီးတွေရှိတယ်လို့ကျွန်တော်ထင်ပါတယ်။ လူပုဂ္ဂိုလ်ပြောင်းလဲတာတင်မကပါဘူး၊ ပလေယာတွေပါပြောင်းလဲမှုရှိပါတယ်။ အတိတ်ကာလတုန်းကဆိုရင် စစ်အစိုးရမှာ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်ပဲ အာဏာရှိတာပါ။ ဒါပေမဲ့ ယခုတော့ အာဏာက သုံးနေရာမှာရှိနေပါတယ်။ သမ္မတရယ်၊ လွှတ်တော်ရယ်၊ စစ်တပ်ရယ်ပေါ့။ ဒါဟာ ပကတိတရားပဲ” ဟု သုံးသပ်ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဘက်သို့ ကူးပြောင်းသွားအောင် လုပ်ဆောင်ပေးခဲ့သည် ဟူသောအချက်ကို အများစုက အသိအမှတ်ပြုကြသည်။

“နိုင်ငံရေး၊ စီးပွားရေးနဲ့ မီဒီယာ စတဲ့မတူညီတဲ့ နယ်ပယ်တွေထဲမှာ ထူးခြားထင်ရှားတဲ့ အပြောင်းအလဲ ဒါမှမဟုတ် အဆင့်တွေ ဖြစ်ပေါ်လာတယ်။ အဲဒီတော့ အသွင်ကူးပြောင်းမှု ဒါမှမဟုတ် ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ဟာ အရှိန်ရလာပါတယ်။ လူအများစုက သမ္မတကြီးဟာ ကောင်းတဲ့အလုပ်ကိုလုပ်နေတယ်လို့ ယုံကြည်လျက်ရှိတယ်။ သူလုပ်သမျှထဲမှာ အချိန်တို အတွင်းအရေးအကြီးဆုံး လုပ်ဆောင်နိုင်မှုတစ်ခုက မြန်မာပြည်သူတွေကို ယုံကြည်လက်ခံလာအောင်လုပ်ခဲ့တာပါပဲ။ အငြိမ်း စားဗိုလ်ချုပ်ကြီးတစ်ယောက်အနေနဲ့ အများပြည်သူတွေရဲ့ ယုံကြည်မှုကို ပမာဏများစွာရရှိလာအောင်လုပ်နိုင်ခဲ့တယ်၊ ပြည်သူတွေ သူ့ကိုယုံကြည်အောင် လုပ်နိုင်ခဲ့တယ်” သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးစည်သူကိုကိုက ပြောကြားသည်။

နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးဝင်းကျော်က “ပြည်သူတွေက ဦးသိန်းစိန်ကို ယုံကြည်ကြတယ်။ ဒါပေမဲ့ သူ့အ နေနဲ့ ကြီးကြီးမားမားလုပ်ဆောင်ပေးနိုင်တာမျိုးမရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတဦးသိန်းစိန်ဟာ လတ်တလော အခြေ အနေမှာ အပြောင်းအလဲတစ်ခုဖြစ်အောင် အမှန်တကယ်ကြိုးစားနေတယ်လို့ ကျွန်တော်တို့ တွေ့မြင်ခံစားမိပါတယ်” ဟုပြော သည်။

မည်သို့ပင်ဆိုစေကာမူ တိုင်းပြည်ပိုမို လွတ်လပ်မျှတမှုရှိလာရေးအတွက် လုပ်ကိုင်ဆောင်ရွက်သင့်သည့် ကိစ္စများစွာ ရှိနေသည်ဟု မြန်မာနိုင်ငံသားအချို့ကယုံကြည်ကြသည်။

ထိုသို့လုပ်ကိုင်ရာတွင် ယခင်စစ်ဘက်အရာရှိဟောင်း၊ လက်ရှိ ကက်ဘိနက်ဝန်ကြီးများအနေဖြင့် ၎င်းတို့၏ အုပ်ချုပ် မှုဆိုင်ရာ အတွေးအခေါ်ဟောင်းများကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။

“ပြည်သူတွေ အသံမထွက်ဘဲ တိတ်တိတ်နေရမယ် ဆိုတဲ့အတွေးမျိုး သူတို့(အစိုးရအရာရှိကြီးများနှင့်ဝန်ကြီးများ)မှာ ရှိနေဆဲပါပဲ။ အဲဒီ စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေက ပြည်သူတွေကိုမယုံကြည်ကြပါဘူး။ လွတ်လပ်မှုဆိုတဲ့ သဘောတရားကို ပြည်သူတွေသိအောင် သင်ကြားပေးဖို့လိုတယ်ဆိုတဲ့အချက်ကိုလည်း သူတို့နားမလည်ကြပါဘူး။ အဲဒါဟာ တိုးတက်ဖြစ်ထွန်း မှုတွေရှိလာဖို့အတွက် အမှန်တကယ်လိုအပ်တာပါ” ဟု ဦးဝင်ကျော်က ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ဦးသိန်းစိန် သမ္မတဖြစ်လာသည့်အချိန်မှစ၍ မြန်မာ့ နိုင်ငံရေးဝန်းကျင် တွင် ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်ဟူသောအချက်မှာ ငြင်း၍မရပေ။ ပြောင်းလဲမှုဟူသည့် ယန္တရားကြီးမှာ လည်း အရှိန်ကောင်း စွာလည်ပတ်လျက်ရှိရာ အဆိုပါပြောင်းလဲမှုဖြစ်စဉ်ကို ထိန်းချုပ်ရန် လွယ်ကူပါမည် လောဟူသည့် မေးခွန်းမျိုးကိုအချို့သော လေ့လာစောင့်ကြည်သူများက စိုးရိမ်တကြီးမေးလာကြသည်။

သို့တိုင်အောင် မြန်မာ့နိုင်ငံရေးအခင်းအကျင်း စောင့်ကြည်သူများက လာမည့် ၂၀၁၅ ခုနှစ်တွင် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကြီးတစ်ရပ် ကျင်းပပေးနိုင်အောင် လက်ရှိဖွံ့ဖြိုးတိုးတက်မှုများက လုပ်ဆောင်ပေးလိမ့် မည်ဟု ယုံကြည်လျက်ရှိသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာအပေါ် စစ်ဘက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ သြစတြေးလျ စတင်ဖယ်ရှား

(Reuters သတင်းဌာနမှ 18 March 2013 ရက်စွဲပါ Australia eases some military sanctions on reforming Myanmar ကိုဘာသာပြန်ဆိုသည်)

  1. အခြေခံဥပဒေပြန်လည်သုံးသပ်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာအောင် မြှင့်တင်ပေးနိုင် ဖွယ်ရှိ

(Bloomberg News မှ 18 Mar 2013 ရက်စွဲပါ “Myanmar review may boost Suu Kyi Leadership bid: Southeast Asia”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. သြစတေးလျက မြန်မာနိုင်ငံသို့ အကူအညီပို့ပေးရန် အဆိုပြု

(18 Mar 2013 ရက်စွဲပါ brisbane times မှ “Australia offers Myanmar extra aid” ကို ဘာသာပြန်ပါသည်)


မြန်မာအပေါ် စစ်ဘက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ သြစတြေးလျ စတင်ဖယ်ရှား

(Reuters သတင်းဌာနမှ 18 March 2013 ရက်စွဲပါ Australia eases some military sanctions on reforming Myanmar ကိုဘာသာပြန်ဆိုသည်)

photo credit - Reuter

မြန်မာနိုင်ငံတွင် ရာစုနှစ်ဝက်မျှ ကြာမြင့်ခဲ့သော စစ်ဘက်အုပ်ချုပ်ရေးစနစ်မှ အရပ်သားအစိုးရ အုပ်ချုပ်ရေးစနစ်သို့ ၂၀၁၁ ခုနှစ်အတွင်း အာဏာလွှဲပြောင်းကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများပြုလုပ်သည့်အတွက် သြစတြေးလျနိုင်ငံအနေ ဖြင့် မြန်မာနှင့် စစ်ရေးအရစေ့စပ်ညှိနှိုင်းမှုများပြုလုပ်မှုအပေါ် ကန့်သတ်ပိတ်ပင်ထားမှုအား ပယ်ဖျက်ပေးတော့ မည် ဖြစ် ကြောင်း ဝန်ကြီးချုပ် Julia Gillard က မတ်လ ၁၈ ရက်၊ တနင်္လာနေ့တွင်ပြောကြားသည်။

မြန်မာသမ္မတ ဦးသိန်းစိန် သြစတြေးလျနိုင်ငံ၊ ကန်ဘာရာသို့ အလည်အပတ်ရောက်ရှိနေစဉ် ဝန်ကြီးချုပ် Gillard က “ယခင်က သတ်မှတ်ပြဋ္ဌာန်းထားသည့် စစ်ဘက်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးမှုများ၊ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ အပေါ်ကန့်သတ်ပိတ်ပင်မှုအား ပယ်ဖျက်ပေးမည်ဖြစ်သည်” ဟု ပြောကြားသည်။ သို့သော် မြန်မာနိုင်ငံ အပေါ် စစ်လက်နက်ရောင်းချမှုများ ကန့်သတ်ပိတ်ပင်မှုကိုမူ ဆက်လက်ထားရှိသွားမည်ဖြစ်သည်ဟု ဆိုသည်။ သမ္မတ ဦးသိန်းစိန်သည် ယင်းခရီးစဉ်ကြောင့် ၁၉၇၄ ခုနှစ်နောက်ပိုင်း သြစတြေးလျနိုင်ငံသို့ ပထမဆုံးသွား ရောက်လည် ပတ်သည့် မြန်မာ ခေါင်းဆောင်ဖြစ်လာသည်။

“ကျွန်တော်ယနေ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တာကတော့ ကျွန်တော်တို့နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံ ရေးနဲ့ပတ်သက်ပြီး ပထမဆုံးခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်” ဟု Gillard က မြန်မာသမ္မတဦးသိန်းစိန်နှင့် အတူပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို အသိပေးပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က စစ်အစိုးရက အာဏာစွန့်လွှတ်ကာ အမည်ခံအရပ်သားအစိုးရ ဖွဲ့စည်းလိုက်သည့် အချိန်မှစ၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလှိုင်းများ ဖြစ်ပေါ်လာခဲ့ကာ အနောက်ကမ္ဘာမှအစိုးရတို့ကလည်း တိုင်း ပြည် အပေါ်သတ်မှတ်ပြဋ္ဌာန်းထားသည့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးလာခဲ့သည်။

သို့သော်လည်း ယခင် စစ်ဗိုလ်ချုပ်ကြီးများရေးဆွဲထားခဲ့ပြီး လွှတ်တော်တွင် စစ်တပ်မှကိုယ်စားလှယ် လေးပုံ တစ်ပုံ ခန့် ရွေးကောက်တင်မြှောက်ခံစရာမလိုဘဲ ရရှိခွင့်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာအစိုးရက ဆက်လက် ထိန်း သိမ်းပေးထားဆဲဖြစ်သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတဖြစ်ခွင့်မရှိပေ။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်ရာတွင် နိုင်ငံရေးအကျဉ်းသား ၂၅၀ ခန့်ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း၊ လူပေါင်း ၁၂၀ ၀၀၀ ခန့်မှာ ပြည်တွင်း၌ ဖိအားပေးရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်ကြောင်း သတိပေးပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အလှည့်ကျအဖွဲ့ဝင်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်လည်းဖြစ်သော သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Gillard အဆိုအရ မြန်မာနိုင်ငံရှိ သြစတြေးလျသံရုံးတွင် မကြာမီကာလအတွင်း စစ်သံမှူးခန့် အပ်ထားရှိမည်ဖြစ်သည်ဟု သိရသည်။ ထို့ပြင် မြန်မာအစိုးရဝန်ထမ်းများကို လူ့အခွင့်အရေးနှင့်ပတ်သက်၍ လေ့ကျင့် သင်ကြားပေးရေးအတွက် ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိသည့် အကူအညီအထောက်အပံ့များလည်းပေးအပ်သွားမည်ဖြစ်သည်။

ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူ သမ္မတ ဦးသိန်းစိန်သည် အာဏာရရှိလာသည့် အချိန်မှစတင် လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများအတွက် ပြည်တွင်း၊ ပြည်ပအသိုင်းအဝိုင်းကြားတွင် ချီးမွမ်းပြောဆိုခံထားရသည်။ မြန်မာနိုင်ငံရှိ ရင်းမြစ်ဆိုင်ရာ အခန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေးနှင့် လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရေးအတွက် သြစတြေး လျနိုင်ငံကို ကူညီထောက်ပံ့ပေးသွားမည်ဟု ဦးသိန်းစိန်ကဆိုသည်။

“တိုင်းပြည်က ရင်းမြစ်တွေကို မှန်မှန်ကန်ကန် ထုတ်ယူအသုံးချနိုင်မှုပြုလုပ်နိုင်ရေးအတွက် ကျွန်တော်တို့တတွေ အသေအချာ လုပ်ကိုင်သွားရမှာဖြစ်ပါတယ်” ဟု ဦးသိန်းစိန်ကဆိုသည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံခွင့်မရရှိခဲ့သည့်အတွက် ယခုအခါ အာရှတွင် အဆင်းရဲဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံထားရသည်။

သြစတြေးလျအစိုးရသည် မြန်မာအပေါ်သတ်မှတ်ထားသည့် ခရီးသွားလာခွင့်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှု များကို ယမန်နှစ်က စတင်ဖယ်ရှားပေးခဲ့ပြီး လာမည့် ၂၀၁၅ ခုနှစ်မှစ၍ ကူညီထောက်ပံ့မှုများကို ဒေါ်လာ သန်း ၁၀၀ အထိ ပေးအပ်သွားရန် စီစဉ်ထားသည်။


အခြေခံဥပဒေပြန်လည်သုံးသပ်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာအောင်မြှင့်တင် ပေးနိုင်ဖွယ်ရှိ

(Bloomberg News မှ 18 Mar 2013 ရက်စွဲပါ “Myanmar review may boost Suu Kyi Leadership bid: Southeast Asia”သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာ့လွှတ်တော်သည် ၂၀၀၈ ခုနှစ်က တပ်မတော်အကြီးအကဲဟောင်းရေးဆွဲခဲ့သည့် အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် ပြင်ဆင်နေပြီဖြစ်ရာ ထိုဆောင်ရွက်ချက်ကြောင့် ယခင်နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည် အတွက် သမ္မတဖြစ်နိုင်ခွင့်ရှိလာနိုင်ပါသည်။

အခြေခံဥပဒေကို သင့်လျှော်သောပြင်ဆင်မှုများ ပြုလုပ်ရေးအတွက် လေ့လာသုံးသပ်ရန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း (ယခင်အစိုးရ၏ နံပါတ် ၃ အဆင့်ရှိသူ)က မတ်လ ၁၅ ရက်နေ့တွင် ကော်မရှင်ဖွဲ့စည်းလိုက်သည်။ မိသားစုဝင် ထဲတွင် ပြည်ပနိုင်ငံသားခံယူထားသူရှိပါက သမ္မတ (သို့) ဒုတိယသမ္မတလောင်းစာရင်းဝင်ရန် အရည်အချင်းမပြည့်မီဟု အခြေခံဥပဒေက ဆိုထားသောကြောင့် အသက် ၆၇ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လတ်တလောတွင် နိုင်ငံ အကြီးအကဲ တာဝန်ယူရန် စည်းကမ်းကိုက်ညီမှု မရှိသေးပါ။

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားပေးနေသော Network Myanmar အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဗြိတိသျှသံအမတ်လောင်း Derek Tonkim က “ဒေါ်အောင်ဆန်းစုကြည်အပေါ် တားမြစ်မှုအချို့ကို သူတို့ပြင်ဆင်ပေးမယ့်ပုံ ရှိပါတယ်။ ဒီလိုအခြေအနေမှာ သူတို့အတွက် မလိုအပ်သေးဘဲနဲ့ ပြင်ပေးမှာဆိုတော့ ဒါက သိပ်ကိုစိတ်ဝင်စားစရာ ကောင်းနေပါတယ်။ တစ်ယောက်ယောက်က ဒါကိုလုပ်လိုက်တာပါ။ အပေါ်ကလာတယ်ဆိုတာ ထင်ရှားပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနှစ်ကလွှတ်တော်သို့ ရောက်လာပြီးနောက် နိုင်ငံဦးဆောင်ခွင့်ရအောင် အခြေခံ ဥပဒေပြင်ဆင်ရေးကို ကြိုးပမ်းလျှက်ရှိပြီး တပ်မတော်နှင့် ဆက်ဆံရေးကောင်းမွန်နေပါသည်။

ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရစဉ်ကာလတွင် ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် အာဏာ ရလာသော သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီဦးတည်ပြောင်းလဲမှုများက အနောက်အုပ်စု Sanction ပိတ်ဆို့မှုများကို ပြေလျော့သွားစေပြီး Google Inc၊ General Electric Co၊ Telenor ASA စသောနိုင်ငံတကာ ကုမ္ပဏီကြီးများကိုပင် ဆွဲဆောင်နေပြီဖြစ်သည်။

လွှတ်တော်ဝက်ဘ်ဆိုဒ်တွင် တင်ထားသောကြေညာချက်အရ အခြေခံဥပဒေကို သုံးသပ်ရန်အတွက် ဦးရွှေမန်းက ဥပဒေကျွမ်းကျင်သူများ၊ အတွေ့အကြုံရင့် ပုဂ္ဂိုလ်များဖြင့် ကော်မရှင်ဖွဲ့စည်းပေးလိုက်သည်ဟု သိရှိရသည်။ ပြင်ဆင်ရ မည့်စာကြောင်းများကိုမူ ရည်ညွှန်းဖော်ပြခြင်းမရှိပါ။

မြန်ဆန်သောပြောင်းလဲမှုများ

“၂၀၀၈ အခြေခံဥပဒေသည် အခြေအနေအရပ်ရပ်ကို ထောက်ရှုကာ ရည်ရွယ်ချက်ကောင်းဖြင့်ရေးဆွဲခဲ့ခြင်း ဖြစ်သော် လည်း မြန်ဆန်သော နိုင်ငံရေးအပြောင်းအလဲများကြောင့် ယနေ့လက်ရှိအချိန်နှင့် ကိုက်ညီမှုမရှိတော့ကြောင်းနှင့် အချိန်အခါ အခြေအနေနှင့် ကိုက်ညီအောင် ထိုအချက်များကို ပြန်လည်သုံးသပ်သင့်သည်ဟု အခိုင်အမာယူဆကြောင်း” ဦးရွှေမန်းက ပြောကြားထားသည်။

လက်ရှိအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်က အငြင်းပွားဖွယ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းဖြင့် အတည် ပြုထားခြင်းဖြစ်ပြီး နယူးယောက်အခြေစိုက် Human Right Watch က ကလိမ်ကကျစ်ဆန္ဒခံယူပွဲဟု ခေါ်ဝေါ်သတ်မှတ် ခဲ့သည်။ ယင်းဆန္ဒခံယူပွဲကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး ၈ လခန့်အကြာ နာဂစ်မုန်တိုင်းပြီးကာစအချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းအခြေခံဥပဒေသည် လွှတ်တော်ထဲတွင် တပ်မတော်သားကိုယ်စားလှယ်များကို လေးပုံတစ်ပုံ သီးသန့်နေရာ ပေးထားသည်။

အခြေခံဥပဒေပြောင်းလဲပြင်ဆင်မှုများအတွက် လွှတ်တော်တွင်းထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် လိုအပ်သော ကြောင့် မည်သည့်အပြောင်းအလဲကိုမဆို တပ်မတော်က ထိထိရောက်ရောက် ဗီတိုသုံးခွင့်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် တားဆီးထားသည့်အချက်အပါအဝင် အချို့အခန်းများကို ပြင်ဆင် ရာတွင် ပြည်သူ့ဆန္ဒခံယူပွဲလည်း လိုအပ်ပါသည်။

ယခုပြန်လည်သုံးသပ်မှုသည် မည်သူ့ကိုမျှရည်ရွယ်ခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ရရှိစေမည့် အစီအစဉ်များထည့်သွင်းရန်သာဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီဝင် ဦးဝင်းဦးက ဆိုပါသည်။

၂၀၁၅ မတိုင်ခင်

“အခြေခံဥပဒေတစ်ခုလုံးကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်တဲ့အချက်တွေကို စစ်ဆေးမယ်။ ၂၀၁၅ မတိုင်ခင်မှာ ပိုကောင်းတဲ့အခြေခံဥပဒေတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်သွားမှာပါ။” ဟု ပြည်သူ့လွှတ်တော် ဥပဒေရေးရာကော်မတီမှ ဦးဝင်းဦးက ပြောကြားပါသည်။

တိုင်းရင်းသားပါတီများကလည်း ၎င်းတို့၏မဲဆန္ဒနယ်များအတွက် ငွေကြေးနှင့် လုပ်ပိုင်ခွင့် ပိုမိုရရှိစေမည့် အပြောင်း အလဲများကို အဆိုပြုကြလိမ့်မည်ဟု ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လွှတ်တော်အမတ် ဦးအေးမောင်က ပြောကြားသည်။ သမ္မတဦးသိန်းစိန်သည် နိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဗဟိုအစိုးရကို တော်လှန်လာခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အပစ်အခတ်ရပ်စဲနိုင်ရန် တွန်းအားပေးလျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမသည် တပ်မတော်၏ ရင်နှစ်သည်းချာတစ်ဦးဖြစ်သည်ဟု ဇန်နဝါရီလက ပြောကြားခဲ့ပြီး အခြေခံဥပဒေပြင်ဆင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး ၁၉၄၇ ခုနှစ် တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့သည်။ ထို့နောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားတွင် ပညာသင်ကြားခဲ့ပြီး ဗြိတိသျှ လူမျိုး ပါမောက္ခမိုက်ကယ်လ်အဲရစ်နှင့် လက်ထပ်ကာ သားနှစ်ဦးထွန်းကားခဲ့ရာ နှစ်ဦးလုံး ဗြိတိန်နိုင်ငံသားခံယူထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်

၁၅ နှစ်ခန့် အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရသူ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီဥက္ကဋ္ဌအဖြစ် ယခုလ ညီလာခံတွင် ပြန်လည်ရွေးချယ်ခံရသည်။ NLD ပါတီသည် မနှစ်က ကြားဖြတ်ရွေးကောက်ပွဲများတွင် အနိုင် ရရှိပြီးနောက် ၂၀၁၅ ၌ သမ္မတရွေးချယ်ရာတွင် NLD အမတ်များ လုံလုံလောက်လောက် မဲပေးခွင့်ရလာဖွယ်ရှိသည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အောင်ပွဲခံရန် မျှော်လင့်လျှက်ရှိသည်။

မြန်မာနိုင်ငံတွင် လေဒီဟုလူသိများသော ဒေါ်အောင်ဆန်းစုကြည်သည် သူမဦးဆောင်သော ပြည်သူ့လွှတ်တော် စုံစမ်းရေးကော်မရှင်က မြန်မာနိုင်ငံအနောက်မြောက်ဒေသမှ ဒေသခံများ ဆန့်ကျင်ကန့်ကွက်နေကြသော အငြင်းပွားဖွယ် ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်သင့်သည်ဟု အစီရင်ခံစာထုတ်ပြန်ခဲ့ပြီးနောက်တွင် ယခုသီတင်းပတ်အတွင်း ဒေသခံများ၏ ပြစ်တင်ဝေဖန်မှုကို ရင်ဆိုင်နေရသည်။ ယင်းကြေးနီစီမံကိန်းကို တရုတ်ကာကွယ်ရေးဌာန လက်နက် ထုတ်လုပ်သူ Norinco ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲ ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့တပ်မတော်ပိုင် စီးပွားရေးဦးပိုင်လိမိတက်တို့ ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် မနှစ်က ၅.၅ ရာခိုင်နှုန်းမှ ယခုမတ်လ ၃၁ ရက်တွင် ပြီးဆုံးမည် ဘဏ္ဍာရေးနှစ်တွင် ၆.၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်မည်ဆိုပါက လာမည့် ငါးနှစ်အတွင်း ၇ ရာခိုင်နှုန်းသို့ ရောက်ရှိလိမ့်မည်ဟု IMF ၏ဇန်နဝါရီလ အစီရင်ခံစာက ဆိုပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများကို တယ်လီဖုန်းအော်ပရေတာလိုင်စင်သစ် နှစ်ခုချထားပေးတော့မည့်အပြင် နိုင်ငံခြားဘဏ်များကိုလည်း ဖက်စပ်လုပ်ငန်းများ ထူထောင်ခွင့်ပေးနေပြီဖြစ်ရာ Google Inc ဥက္ကဋ္ဌ အီရစ်ရှမစ်သည်လည်း မြန်မာနိုင်ငံသို့ ယခုလ လာရောက်ရန် စီစဉ်နေပြီဖြစ်သည်။

အခြေခံဥပဒေပါ သမ္မတလောင်းအရည်အချင်းသတ်မှတ်ချက်နှင့် လွှတ်တော်တွင် တပ်မတော်ကိုယ်စားလှယ် များအား ၂၅ ရာခိုင်နှုန်းနေရာပေးထားမှုတို့အပါအဝင် စည်းကမ်းချက် ၁၂ ချက်ကို ပြင်ဆင်ပေးရန် NLD ပါတီက တောင်းဆိုထားပါသည်။ ယခုကဲ့သို့အခြေခံဥပဒေ ပြန်လည်သုံးသပ်မှုကို NLD ပါတီအနေဖြင့် ကြိုဆိုပြီး သတိထား၍ အပြု သဘောရှုမြင်ကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က တယ်လီဖုန်းမှတဆင့် မှတ်ချက်ပေးပြောဆိုသည်။

“ဒါက တကယ့်ကို အစပဲရှိသေးတယ်။ ဒီအခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေကို အခြေပြုကိုးကားပြီး ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် လွတ်လပ်မျှတမှာ မဟုတ်ပါဘူး”ဟု ဦးအုန်းကြိုင်ကပြောကြားသည်။


သြစတေးလျက မြန်မာနိုင်ငံသို့ အကူအညီပို့ပေးရန် အဆိုပြု

(18 Mar 2013 ရက်စွဲပါ brisbane times မှ “Australia offers Myanmar extra aid” ကို ဘာသာပြန်ပါသည်)

photo credit - Bangkok Post

သြစတေးလျသည် မြန်မာနိုင်ငံအား ၎င်း၏လူ့အခွင့်အရေးကိစ္စတွင် တိုးတက်မှုများကြောင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ထောက်ပံ့ကူညီမှုများ ပိုမိုပေးရန် အဆိုပြုခြင်းများဖြင့် ဆုလာဒ် အဖြစ်ပေးလျှက်ရှိသည်။

တနင်္လာနေ့က ကင်ဘာရာမြို့ရှိ မြန်မာသံရုံးနှင့် ပါလီမန်အဆောက်အအုံရှေ့တွင် လူ့အခွင့်အရေးလှုပ်ရှားသူများ စုဝေး၍ နှစ်နိုင်ငံစလုံးသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို လျစ်လျူရှုထားသည်ဟု ဆိုကြပါသည်။

သမ္မတဦးသိန်းစိန်သည် ၁၉၇၄ တည်းက ပထမဆုံးအကြိမ် သြစတြေးလျသို့ လာရောက်လည်ပတ်သော မြန်မာ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကင်ဘာရာတွင် ဝန်ကြီးချုပ် Julia Gillard နှင့် တွေ့ဆုံ၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

Ms Gillard နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဦးသိန်းစိန်က သတင်းထောက်များသို့ ပြောကြားရာတွင် ၎င်းအနေဖြင့် လူ့အခွင့်အရေးကိစ္စများအပေါ် အသိအမှတ်ပြုပါကြောင်း၊ သို့သော် ၎င်း၏တိုင်းပြည်သည် ငြိမ်းချမ်းရေး အတွက် အသွင်ကူးပြောင်းရေးကာလကို ရောက်ရှိနေကြောင်း ဆိုပါသည်။

“ကျွန်တော်တို့လုပ်နေတဲ့ လုပ်ငန်းစဉ်တွေဟာ အခုခေတ်မှာ သူနဲ့အလားအဖြစ်အပျက်မျိုး မရှိပါဘူး”ဟု သမ္မတက ပြောပါသည်။

Ms Gillard ကပြောကြားရာတွင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးများ တိုးတက်ရန်နှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်စရာများစွာကျန်နေသေးကြောင်း ဆိုပါသည်။

“ဒါပေမယ့် ထင်ရှားတဲ့တိုးတက်မှုတွေအတွက် ကျွန်မတို့သဘောကျနေပါတယ်။ နောက်ပြီး နောက်ထပ် တိုးတက်မှု တွေအတွက်လည်း အကောင်းမြင်ပါတယ်” ဟု ၎င်းကပြောပါသည်။

ဝန်ကြီးချုပ်က ဒေါ်လာသန်း ၂၀ နှစ်နှစ်အကူအညီအစီအစဉ်ကို ကြေညာခဲ့ပြီး ရန်ကုန်တွင် ကာကွယ်ရေး စစ်သံမှူး နှင့် ကုန်သွယ်ရေးကော်မရှင်နာတစ်ဦးထားရှိရန်လည်း ကြေညာခဲ့ပါသည်။

Ms Gillard ကပြောကြားရာတွင် စစ်သံမှူးခန့်ထားခြင်းသည် ယခင်စစ်အစိုးရဟောင်းနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးပုံမှန်ပြန်လုပ်ဆောင်သည်ဟု မဆိုလိုကြောင်းနှင့် ၎င်းမှာ အနာဂတ်တွင်ပူးပေါင်းလေ့ကျင့်မှုများအတွက် အရေးပါ သော ပထမခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“ကျွန်မတို့အနာဂတ်မှာ လေ့ကျင့်မှုများအပါအဝင် အခြားအဆိုပြုမှုတွေ စဉ်းစားမှာပါ”ဟု ၎င်းကပြောပါသည်။

ဒေါ်လာသန်း ၂၀ အကူအညီပေးရေးအစီအစဉ်တွင် မြန်မာ့လူ့အခွင့်အရေးကော်မရှင်ကို ရန်ပုံငွေထောက်ပံ့ခြင်း၊ မြန်မာဝန်ကြီးများ သြစတြေးလျသို့ လာရောက်၍ သတ္တုတွင်းပညာရှင်များ၏ အတွေ့အကြုံများ ရယူရေးများလည်း ပါဝင်သည်။

သတ္တုတွင်းသည်မြန်မာနိုင်ငံအနာဂတ်အတွက် အရေးပါသည်ဟု စဉ်းစားရပါသည်။ သို့သော် အဂတိလိုက်စားမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ထားမှုနှင့် ဒေသခံလူများ ပြောင်းရွှေ့ပေးရမှုများတွင် စိုးရိမ်ရမှုများ ရှိပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive