Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာနိုင်ငံတွင် ရေနံနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကြား အဆက်အစပ်ရှိဟုဆို

(19 Mar 2013 ရက်စွဲပါ UPI မှ Oil, abuse link seen in Myanmar ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာသမ္မတခရီးစဉ်ကို ဆစ်ဒနီတွင် ဆန္ဒပြ

(World News Australia မှ 19 Mar 2013 ရက်စွဲပါ “Protest Slams Myanmar president visit” သတင်းကို ဘာသာပြန် ဆိုသည်။)

  1. တရုတ်အိမ်သစ်ဈေးနှုန်းများ ဖေဖော်ဝါရီလအတွင်း မြင့်တက်

(18 Mar 2013 ရက်စွဲပါ BBC News မှ “China New Home prices rise in February” ကို ဘာသာပြန်ဆိုသည်)

  1. မုတ်သုန်မဝင်မှီ ရိုဟင်ဂျာများကို နေရာချထားပေးရန် ကုလတောင်းဆိုမှုကို မြန်မာငြင်းဆို

(Radio Australia News မှ 20 March 2013 ရက်စွဲပါ “Myanmar dismisses UN call to relocate Rohingyas ” သတင်း ကို ဘာသာပြန်ဆိုပါသည်)


မြန်မာနိုင်ငံတွင် ရေနံနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကြား အဆက်အစပ်ရှိဟုဆို

(19 Mar 2013 ရက်စွဲပါ UPI မှ Oil, abuse link seen in Myanmar ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် ရေနံဖွံ့ဖြိုးတိုးတက်မှုနှင့် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကြားတွင် ဆက်စပ်မှု တစ်ခု ရှိနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောပါသည်။

မြန်မာနိုင်ငံတွင် ၎င်း၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအ မှတ်ပြုမှုရှိခဲ့သော်လည်း လူ့အခွင့်အရေးမှတ်တမ်းများသည် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် ထိပ်တန်းစိုးရိမ်ဖွယ် ကိစ္စ ဖြစ်နေဆဲဖြစ်ပါသည်။

Save the Rohingya တည်ထောင်သူ Jamila Hanan က Oil Change International သို့ပြောကြားရာတွင် ရေနံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရိုဟင်ဂျာနှင့်ပတ်သက်သော ပဋိပက္ခကြားတွင် သေချာပေါက်ဆက်စပ်မှုရှိမည်ဖြစ်ကြောင်းဆိုပါသည်။

တရုတ်နိုင်ငံအနောက်တောင်ဘက်သို့ ပိုက်လိုင်းစီမံကိန်းသည် ပြဿနာ၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သူက ပြောကြားသည်။

‘ရဝမ်ဒါမှာ ဖြစ်ပျက်ခဲ့တဲ့ စကေးအတိုင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို သတ်ဖြတ်တဲ့ပွဲကြီး တတိယအကြိမ် ဖြစ်လာ လိမ့်ဦးမယ်လို့ ကျွန်မတို့သတင်းရထားပါတယ်။ အခုကနေ ဧပြီလလယ်အတွင်းမှာဖြစ်နိုင်တယ်လို့ ကျွန်မတို့ သတင်းရထားပါတယ်’ ဟု Hanan ကပြောပါသည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ရိုဟင်ဂျာနှင့် ဗုဒ္ဓဘာသာများကြား ပဋိပက္ခများအကြား အနည်းဆုံး လူ ၇၆ ဦး သေဆုံးပြီး လူပေါင်း သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ကြရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံအစိုးရများက အရေးယူမှုများဖြေလျော့ခဲ့ခြင်းကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် စီးပွားရေးအခွင့်အလမ်းများရှာဖွေလျှက်ရှိပါသည်။ China International Petroleum Corp က ပြောကြား ရာတွင် မြန်မာနိုင်ငံမှ ရေနံပိုက်လိုင်းတွင် ရေနံများစတင်ပို့လွှတ်မှု အစောဆုံး ဇွန်လတွင် ဖြစ်နိုင်မည်ဟု ဆိုပါသည်။


မြန်မာသမ္မတခရီးစဉ်ကို ဆစ်ဒနီတွင် ဆန္ဒပြ

(World News Australia မှ 19 Mar 2013 ရက်စွဲပါ “Protest Slams Myanmar president visit” သတင်းကိုဘာသာပြန် ဆိုသည်။)

ဆစ်ဒနီမြို့နိုင်ငံခြားရေးရုံးရှေ့တွင် လူ ၁၀၀ ခန့်စုဝေးကာ မြန်မာသမ္မတ၏ ခရီးစဉ်ကို ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

သြစတေးလျနိုင်၊ ဆစ်ဒနီမြို့ နိုင်ငံခြားရေးရုံးရှေ့တွင် ဆန္ဒပြသူ ၁၀၀ ခန့်က မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများအပေါ် သြစတေးလျအစိုးရက ပြတ်သားစွားရပ်တည်ရန် တိုက်တွန်းတောင်းဆိုကြခြင်းဖြစ်သည်။

ထိုသို့ဆန္ဒပြမှုသည် ဦးသိန်းစိန်၏ အင်္ဂါနေ့ခရီးနှင့် တိုက်ဆိုင်နေပြီး မတိုင်ခင်တစ်ရက်က ဦးသိန်းစိန်နှင့် ဝန်ကြီး ချုပ် ဂျူလီယာဂီးလ်ဘတ်တို့ ကမ်ဘာရာတွင် တွေ့ဆုံခဲ့ကြသည်။

သြစတေးလျဝန်ကြီးချုပ် မစ္စစ်ဂီးလ်ဘတ်က ရန်ကုန်မြို့တော်တွင် စစ်သံမှူးနှင့် ကုန်သွယ်ရေးသံမှူး ခန့်အပ်ထား ရှိခြင်းအပါအဝင် ၂ နှစ်စာဒေါ်လာသန်း၂၀ ထောက်ပံ့ကူညီမည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စများ တိုးတက်မှုရှိအောင် လုပ်စရာ များစွာ ကျန်သေးသည်ဟု သူမက ထုတ်ဖော်ပြောကြားသည်။

Burma Campaign Australia မှ ညှိနှိုင်းရေးတာဝန်ခံ ဇက်တီဘရိတ်ကမူ သြစတေးလျအစိုးရသည် မြန်မာပြည် သူများအပေါ် ပျက်ကွက်နေသည်ဟု ဝေဖန်သည်။

“ဖက်ဒရယ်အစိုးရ (သြစတေးလျအစိုးရ) ဟာ ဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာ လူ့အခွင့်အရေးလေးစားရေး၊ ပြည်တွင်း စစ်အဆုံးသတ်ရေးတို့ကို တွန်းအားပေးရမယ့်အစား သူ့ကို အမြောက် ၂၁ ချက်ဖောက် ကြိုဆိုပြီးတော့ မြန်မာနိုင်ငံကို စစ်သံ မှူးလွှတ်ပေးဖို့ သဘောတူခဲ့ပါတယ်” ဟု ဇက်တီဘရိတ်က ဝေဖန်ပြောဆိုသည်။

“အခုလိုသြစတေးလျအစိုးရက လူ့အခွင့်အရေးကိစ္စကို ဦးစားမပေးဘဲ မြန်မာပြည်သူတွေအပေါ် နောက်တစ်ကြိမ် ပျက်ကွက်ခဲ့တာဟာ စိတ်ပျက်စရာပါပဲ”ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရအာဏာရလာပြီး နောက်ပိုင်း တပ်မတော်ထိုးစစ်များ အကြမ်းဖက်မှုများ ပဋိပက္ခ များကြောင့် လူပေါင်း ၂၅၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု မစ္စတာဘရိတ်က ထောက်ပြပြောဆိုသွားသည်။


တရုတ်အိမ်သစ်ဈေးနှုန်းများ ဖေဖော်ဝါရီလအတွင်း မြင့်တက်

(18 Mar 2013 ရက်စွဲပါ BBC News မှ “China New Home prices rise in February” ကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ၏ မြို့ကြီး ၇၀ ထဲမှ ၆၆ မြို့တွင် အိမ်သစ်ဈေးနှုန်းများ ဖေဖော်ဝါရီလအတွင်းက မြင့်တက်ခဲ့သည်။ ၎င်းကို ထိန်းချုပ်ရန်မှာ တရုတ်၏ခေါင်းဆောင်အသစ် ရင်ဆိုင်ရမည့် စိန်ခေါ်မှုပင်ဖြစ်သည်။

အခြေပစ္စည်းဈေးနှုန်းများ တိုးတက်နေမှုကို ရပ်တန့်အောင်လုပ်ရန်မှာ ဘေဂျင်းအတွက် အဓိကအစီအစဉ်တစ်ခု ဖြစ်နေသည်။ အထူးသဖြင့်  ပိုင်ဆိုင်မှုပူဖောင်းပါက်မှု စိုးရိမ်ပူပန်မှုကြောင့်ဖြစ်သည်။ ယခုလ အစောပိုင်းတွင် ယင်းကဏ္ဍနှင့် ပတ်သက်သောအစီအစဉ်သစ်များကို ထုတ်ဖော်ကြေညာခဲ့ရာ ကနဦးငွေပေးသွင်းမှု မြှင့်လိုက်ခြင်းဖြင့် တက်ဈေးမျှော်ရိုက်သူ များအား ထိန်းချုပ်ရန် စီစဉ်ခဲ့ပါသည်။

သို့သော်လည်း အလွန်အကျွံတင်းကျပ်မှုများက စီးပွားရေးတိုးတက်နှုန်းကို ထိခိုက်စေနိုင်သည်ဟူသော ပူပန်မှုများ ကလည်း ရှိနေဆဲဖြစ်သည်။

“အစိုးရက တကယ်ကို အကျပ်အတည်းအခြေအနေ ဖြစ်နေတာပါ။ အိမ်ဈေးတွေကို သာမန်တရုတ်လူမျိုးတွေ တတ်နိုင်တဲ့ ဈေးအဖြစ် ထားနိုင်ဖို့လိုအပ်ပါတယ်” ဟု တရုတ်ဈေးကွက်သုတေသနအဖွဲ့မှ Managing Director ရှောင်ရိန်းက ပြောကြားခဲ့သည်။

“ဒါပေမယ့် တချိန်တည်းမှာပဲ တိုးတက်မှုရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ အိမ်ခြံမြေကဏ္ဍနဲ့ ဆောက်လုပ်ရေး နယ်ပယ်တွေမှာ  ဘေဂျင်းအနေနဲ့ ဈေးတွေသိသိသာသာကျဆင်းအောင် လုပ်ဖို့ မတတ်နိုင်သေးဘူး။”

ဘေဂျင်းတွင် အိမ်သစ်ဈေးနှုန်းများမှာ ဖေဖော်ဝါရီလက ၅ ဒဿမ ၉ ရာခိုင်နှုန်း မနှစ်ကထက်တိုးတက်ခဲ့သည်။ ထိုစဉ်တွင်  ဂွမ်ဆိုး၌ ၈ ဒဿမ ၁ ရာခိုင်နှုန်းနှင့် ရှန်ဟိုင်း၌ ၃ ဒဿမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးဖြစ်သည်။

အစီအစဉ်ကောင်းများ တရုတ်သည် မြင့်တက်လာသောဈေးနှုန်းများကို လွန်ခဲ့သောနှစ်နှစ်ခွဲကလို အကောင်းဆုံး အခြေအနေရောက်အောင်   ကြိုးပမ်းတိုက်ပွဲဝင်နေသည်။

၂၀၁၀ တွင် ပိုင်ဆိုင်မှုပူဖောင်းပါက်မည့် စိုးရိမ်ပူပန်မှုက အစိုးရကို ယင်းကဏ္ဍတွင် ရင်နှီးမြှုပ်နှံခြင်းအား ထိန်းချုပ်ရန် ရည်ရွယ်သည့် အစီအစဉ်မျိုးစုံနှင့် မိတ်ဆက်ပေးခဲ့သည်။

ယင်းအစီအစဉ်များက ဈေးနှုန်းများ လျှော့ချရန်အတွက် အထောက်အကူဖြစ်ခဲ့သော်လည်း တရုတ်၏ စီးပွားရေး တိုးတက်မှုလည်း နှေးကွေးသွားခဲ့သည်။

စီးပွားရေးတိုးတက်မှု ရေရှည်ခံရန် ကြိုးပမ်းရာတွင် တရုတ်သည် သူ၏ ဘဏ္ဍာရေးမူဝါဒအချို့ကို မနှစ်က ဖြေလျော့ ပေးခဲ့ရသည်။

ယင်းမူဝါဒထဲတွင် အတိုးနှုန်း နှစ်ခုကို လျော့ချခဲ့ပြီး ငွေချေးခြင်းကို အားပေးရန် ဘဏ်များအနေဖြင့် သီးသန့် ရန်ပုံ ငွေထားရှိသော ပမာဏကိုလည်း လျှော့ချခဲ့သည်။

သို့ရာတွင် လှုပ်ရှားမှုများသည် တရုတ်နိုင်ငံ၏ ပိုင်ဆိုင်မှုဈေးနှုန်းများ တဖန်ထပ်၍ စတင်မြင့်တက်လာခြင်းကို မြင် တွေ့ခဲ့ရသည်။ ရလဒ်အားဖြင့် ယခုနှစ် မတ်လ ၁ ရက်နေ့တွင် တရုတ်သည် ဈေးနှုန်းတိုးတက်မှု ရပ်တန့်စေရန်  ဆန်းသစ် သော အစီအစဉ်များကို ကြေညာခဲ့သည်။

ယင်းအစီအစဉ်သစ်များတွင် ဈေးနှုန်းများ လျင်မြန်စွာမြင့်တက်နေသော မြို့ကြီးများ၌ တဆင့်ခံ ဝယ်သူများ အတွက် အပေါင်တိုးနှုန်းများကို တိုးမြှင့်ထားသည်။

အစိုးရက အိမ်ခြံမြေရောင်းဝယ်မှုမှရသော အမြတ်၏ ၂၀ ရာခိုင်နှုန်းကို အခွန်ဆောင်စေလိမ့်မည်ဟု ပြောခဲ့သေး သည်။

သုံးသပ်သူများက အစီအစဉ်များသည် လာမည့်လများအတွင်း ဈေးနှုန်းများ လျော့ကျသွားမည့်ပုံ ရှိသည်ဟု ပြောကြားခဲ့သည်။

“ဈေးတက်နေတာတွေ ကျသွားလိမ့်မယ်။ ဒါပေမယ့် တောင်ပိုင်းကိုတော့ ဦးမတည်ဘူး”ဟု Mizuho Securities Asia ၏ တရုတ်စီးပွားရေးကျွမ်းကျင် ပညာရှင် Jianguang Shen က ပြောကြားခဲ့ပါသည်။


မုတ်သုန်မဝင်မှီ ရိုဟင်ဂျာများကို နေရာချထားပေးရန် ကုလတောင်းဆိုမှုကို မြန်မာငြင်းဆို

(Radio Australia News မှ 20 March 2013 ရက်စွဲပါ “Myanmar dismisses UN call to relocate Rohingyas” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by internet

လာမည့် မုန်သုန်ရာသီတွင် ရိုဟင်ဂျာ ဒုက္ခသည်ထောင်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်အောင် အရေးပေါ် ဆောင်ရွက်ရန် ကုလသမဂ္ဂအစီရင်ခံစာက တောင်းဆိုထားခြင်းကို မြန်မာနိုင်ငံက ကန့်ကွက်လိုက်ပါသည်။

ဒုက္ခသည်စခန်းများရှိ ယာယီတဲများသည် ခန့်မှန်းခြေလူပေါင်း ၁၂၀၀၀၀ ခန့်အတွက် လုံလောက်မှုရှိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Australia Network  ၏  Newsline အစီအစဉ်သို့ ပြောကြားသည်။

“ဒုက္ခသည်အများစုဟာ စခန်းမှာနေကြတုန်းဆိုပေမယ့် လာမယ့်မိုးရာသီအတွက် နေစရာနဲ့ ရိက္ခာ လုံလောက် မှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုဦးရဲထွဋ်က ဆိုပါသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ်အိုဂျာ ကင်တာနာ က သူ၏အစီရင်ခံစာတွင် ဒုက္ခသည် စခန်းများ လအနည်းငယ်အတွင်းရေမြှပ်သွားမည်ကို စိုးရိမ်ကြောင်းပြောကြားထားပြီး ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်း ထဲသို့ သွတ်သွင်းရန်အကြံပြုထားသည်။

“မေလမှာ ကျရောက်လာတော့မည့် မိုးရာသီမှာ ဒီဒုက္ခသည်စခန်းအများစုရေဝင်ပြီး မြှုပ်သွားပါလိမ့်မယ်။ လူသား ချင်းစာနာမှုနဲ့ဆိုင်တဲ့ ဖြစ်ရပ်ဆိုးတွေကို ရှောင်ရှားဖို့အတွက် အရေးပေါ်နေရာရွှေ့ပြောင်းမှုတွေ တိုးမြှင့်ပြုလုပ်ဖို့လိုပါတယ်” ဟု ကင်တာနာ က ပြောကြားသည်။

မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်တွင် ဒေသခံရခိုင်များနှင့် ရိုဟင်ဂျာရွှေ့ပြောင်းနေထိုင်သူများ အကြား သွေးစွန်းသော လူမျိုးစုအဓိကရုဏ်းနှစ်ကြိမ်တိုင်တိုင် ယခင်နှစ်က ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ အပြန်အလှန်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အသိုင်းအဝိုင်းနှစ်စုကွဲသွားပြီး၊ ရိုဟင်ဂျာ မူဆလင် များမှာ ယာယီဒုက္ခသည်စခန်းများသို့ သီးခြားဖယ်ထုတ်ခြင်းခံခဲ့ကြရသည်။

မကြာသေးမှီက တူရကီနိုင်ငံ၏ အကူအညီဖြင့် ရိုဟင်ဂျာများ အိမ်ဆောက်ပေးမည့် အစီအစဉ်ကို ဒေသခံရခိုင် အသိုင်းအဝိုင်းက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။

နိုင်ငံသားဖြစ်ခွင့်

ကုလသမဂ္ဂကဖိအားပေးနေသော်လည်း ရိုဟင်ဂျာများကို အထူးအခွင့်အရေး သို့ နိုင်ငံသားဖြစ်ခွင့် ပေးမည် မဟုတ်ကြောင်း မြန်မာနိုင်ငံက ထပ်မံအတည်ပြုပြောကြားသည်။

ဦးရဲထွဋ်က ဆက်လက်၍ “အရေအတွက်ထောင်နှင့်ချီသော နိုင်ငံမဲ့ ဒုက္ခသည်များသည် နိုင်ငံသားခံယူခွင့်အတွက် အစိုးရက သတ်မှတ်ထားသော စံညွှန်းများနှင့် ကိုက်ညီဖို့လိုကြောင်း သတ်မှတ်ချက် ကိုက်ညီသူတိုင်း နိုင်ငံသားခံယူခွင့် ရမည်ဖြစ်ကြောင်း သို့သော် ထိုဒေသတွင်တရားမဝင် ခိုးဝင်လာသူများရှိ နေဆဲဖြစ်၍ ထိုပြဿနာကို ဖြေရှင်းရဦးမည်ဖြစ် ကြောင်း” ရှင်းလင်းပြောကြားသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကင်တာနာက မြန်မာနိုင်ငံအား လူ့အခွင့်အရေးအနေအထား ချို့ယွင်းမှုများ (အထူးသဖြင့် ရိုဟင်ဂျာများနှင့်ပတ်သက်၍) ကို ဖြေရှင်းဆောင်ရွက်ရန်တိုက်တွန်းထားပါသည်။

ဦးရဲထွဋ်က “ပြီးခဲ့သည့် ဇွန်လနဲ့ အောက်တိုဘာလ နှစ်ကြိမ်အကြမ်းဖက် ဖြစ်ရပ်များအတွင်းရခိုင် ပြည်နယ်၌ ဖြစ်ခဲ့သော အမှန်တရားကို အစိုးရကဖော်ထုတ်ရမည်ဖြစ်ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် တာဝန်ရှိသူများ ကို တာဝန်ယူစေမည်ဖြစ်ကြောင်း” ပြောကြားသွားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များ နှင့်သတင်းတို

“ကျွန်တော်တို့ကောင်စီက ဆွဲထားတဲ့မီဒီယာဥပဒေလည်း အလုံးစုံအထိန်းအကွပ်မရှိပရမ်းပတာဆွဲထားတာ မဟုတ်ပါဘူး။ တာဝန်ယူမှု ၊ တာဝန်ခံနိုင်မှု၊ ကျင့်ဝတ်အားလုံးပါပါတယ်။ အခု ဥပဒေမူကြမ်းကတော့ အရင် ဥပဒေတွေနဲ့ ဘာမှမထူးဘူးလို့ မြင်ပါတယ်။ ဆီအိုးထဲကနေရေနွေးအိုးထဲပြောင်းထည့်လိုက်သလိုဖြစ်နေပါတယ်”

မတ်လ ၂၁ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၃) တွင်ပါရှိသော “ပုံနှိပ်ဥပဒေကြမ်း အတွက် အကြံပြုချက်များဆွေးနွေးရန် စာနယ်ဇင်းကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးတွေ့မည်” သတင်းမှ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဦးကျော်မင်းဆွေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုရပ်ရင် အားလုံးသာမယ်။ ကြေးနီစီမံကိန်းမရပ်ရင် မသာဘူးလို့ပြော လို့ရတယ်။ တိုင်းပြည်လည်း မနစ်နာစေချင်ဘူး။ ဒေသခံတွေလည်း မနစ်နာစေချင်ဘူး။ တရုတ်ကုမ္ပဏီကိုလည်း မထိခိုက်စေချင်ဘူး။ အစိုးရလည်းနစ်နာမှုအောင် စီမံကိန်းကိုရပ်စေချင်တယ်။”

မတ်လ ၂၁ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၃) တွင်ပါရှိသော “ကော်မရှင်အစီရင်ခံစာနှင့် ပတ်သက်၍ လက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီ ကြေညာချက်ထုန်ပြန်” သတင်းမှ လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီနာယက ဦးအံ့မောင်၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


“တောင်သူလယ်သမားများနစ်နာမှုမရှိစေရေးအတွက်လည်း စနစ်တကျမှတ်ပုံတင်နိုင်ရေးနဲ့ မှတ်ပုံတင်သည့် အခါမှာလည်း မှန်မှန်ကန်ကန်ဖြစ်ရေးအတွက်လည်း ဝိုင်းဝန်းလုပ်ဆောင်ပေးရန် လိုအပ်ပါတယ်။ ထိုသို့ဆောင်ရွက်နိုင်မှုများမရှိခဲ့ပါက တောင်သူလယ်သမားများအနေဖြင့် ပေးကားပေး၏မရဆိုသလိုဖြစ်ပြီး လယ်သမားများဘဝအတွက် နစ်နာသွားနိုင်ပါတယ်”

မတ်လ ၂၁ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၁၂) တွင်ပါရှိသော “လယ်ယာမြေမှတ် ပုံတင်ခြင်း နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်းမည်” သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဝန်ကြီးဦးအောင်မင်းက အမြဲတမ်းပြောပါတယ်။ ကျွန်တော်တို့ ပြည်တွင်းအရေးကို ပြည်တွင်းမှာပဲပြောရ အောင်လို့ ဆိုပြီးတော့ပါ။”

မတ်လ ၂၁ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၁၂) တွင်ပါရှိသော “ကေအိုင်အိုနှင့် မြစ်ကြီးနား တွင် ဆွေးနွေးလို” သတင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအကြံပေး ဦးလှမောင်ရွှေ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“အခု စစ်ပွဲတွေဖြစ်နေတယ်ဆိုတာက နိုင်ငံရေးပြဿနာပါ။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ကျွန်တော်တို့ တောင်းဆို နေတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းဖို့ပါပဲ။ အဲဒါကို စစ်ရေးနည်းနဲ့ဖြေရှင်းရင်တော့ ဘယ်တော့မှ ပြေလည်မှမဟုတ် ပါဘူး။ နောက် ဆွေးနွေးပွဲတွေမှာလည်း နိုင်ငံရေးဆွေးနွေးတဲ့အဆင့် မရောက်ရင်တော့ ပြေလည်နိုင်မယ်မထင်ပါဘူး”

မတ်လ၂၁ ရက်နေ့ထုတ် Independent Journal အမှတ် (၄၅) တွင်ပါရှိသော “အမုန်းစွဲတရားများကို ငြိမ်းချမ်းရေး ခြေလှမ်းများဖြင့်ဖျက်သိမ်းလို ငြိမ်းချမ်းရေးအတွက် ပြည်သူများပူးပေါင်းပါဝင်မှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ပထမခြေလှမ်းဖြစ်” သတင်းမှ ABSDF မှ ကိုမင်းဋ္ဌေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 NEWS IN BREIF

 

  1. တစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှုပမာဏ ကျပ်သန်း ၅၅၀ ကျော်ရှိ

နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုတွင် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် (Individual Trading Card – ITC) ထုတ်ပေးမှုအရေအတွက်မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက်အထိ ၂၆၁ ဦးရှိပြီး ယင်းကတ်ဖြင့် ကုန်သွယ်မှုပမာဏ ကျပ်သန်း ၅၅၀ ကျော် ရှိပြီဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှသိရသည်။ (ITC) ကိုင်ဆောင်သူသည် နှစ်နိုင်ငံ ငွေကြေးကို အခြေခံဆောင်ရွက်သော နယ်စပ်ကုန်သွယ်မှု နည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး ဘဏ်စနစ်ဖြင့် ငွေပေးချေဆောင်ရွက်သည့် နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်မှု စနစ်ဖြင့် တင်ပို့တင် သွင်းခြင်း လုပ်ငန်း၊ Transit Trade တို့ကို ဆောင်ရွက်ခွင့်မပြုကြောင်း သိရသည်။

  1. တိုင်းဒေသကြီးအစိုးရ၏ အဖွဲ့ဝင်များကို စင်ကာပူသို့ပညာသင်ရန်စေလွှတ်မည်

မြန်မာနိုင်ငံရှိတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်မှုဆိုင်ရာ ပညာရပ်များအား စင်ကာပူနိုင်ငံရှိတက္ကသိုလ်များသို့ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ပညာသင်စေလွှတ်သွားမည် ဖြစ်ကြောင်းသိရသည် ။ နီပွန် ဖောင်ဒေးရှင်းအနေဖြင့် ယင်းကဲ့သို့ ကူညီဆောင်ရွက်ပေးခြင်းမှာ မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်ကြောင်း ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသား ပြန် လည်သင့် မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဦးယောဟဲအိဆာဆာကာဝါ မှပြောကြား ခဲ့ကြောင်းသိရသည်။

  1. ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးရေးကော်မတီဖွဲ့စည်းရန် လွှတ်တော်တွင်အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် သို့တိုက် တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသောပြည်ထောင်စုလွှတ်တော်အစည်းဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။ ထိုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်မှု၊ တာဝန်ခွဲဝေမှုစသည်ဖြင့် အကြံပြုချက်ပေးလိုသူများမှာ ဇွန်လ ၂၅ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ ရေးသားပေးပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 
  1. FEC များပြန်လည်ရွေးနုတ်ရန် ပြည်ထောင်စုလွှတ်တော်ကအတည်ပြု

မတ်လ ၁၉ ရက်တွင်နိုင်ငံတော်သမ္မတထံမှပေးပို့သော နိုင်ငံတော်၏ စီးပွားရေးစနစ် အတွင်းကြားခံအဖြစ် သတ်မှတ်သုံးစွဲလျှက်ရှိသော FEC အားပြန်လည်ရွေးနုတ် ယူမည့်ကြေငြာချက်ထုတ်ပြန်နိုင်ရေး အတွက် ယနေ့မတ်လ (၂၀) ရက်တွင် ကျင်းပသော ပထမအကြိမ်ပြည်ထောင် စုလွတ်တော်ဆဌမပုံမှန် အစည်းအဝေး တွင်ပြည်ထောင်စု လွှတ်တော် ၏ သဘောတူညီ ချက်ရယူပေးနိုင်ရန် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာ အားဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ ဖတ်ကြားရှင်းလင်း ခဲ့ပြီးပြည်ထောင်စု လွတ်တော်၏သဘောထား ရယူရာပြည်ထောင်စု လွတ်တော်မှ သဘောတူ ထောက်ခံခဲ့သည်။

  1. ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းပွဲပြုလုပ်

လားရှိုးတွင်ကျင်းပမည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လျှပ်စစ်ဝန်ကြီး၊ သစ်တောရေးရာဝန်ကြီး တို့တက်ရောက်၍ ဗိုလ်ချုပ်ဆေထင်နှင့် အကြိုဆွေးနွေးခဲ့ကြောင်း သိရသည်။ဆွေးနွေးပွဲတွင် ဦးအောင်မင်းမှ RCSS/SSA နှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေဖြင်းမှာ နှစ်ဖက်တပ်များ ရောထွေးနေပြီး နယ်မြေမခွဲခြားမှု မပြုလုပ်ရသေး၍ ဖြစ်ကြောင်း၊အပစ်အခတ်ရပ်စဲရေး လုပ်သည်ဆိုသည်မှာ အပေါ်ပိုင်းတွင် သာမဟုတ်ဘဲ အောက်ခြေအထိလုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အတွက် အသေးစိတ် ဆွေးနွေးမှုအား ယနေ့ မတ်လ ၂၀ ရက်နေ့တွင်ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း အခမ်းအနားတွင်ဆွေးနွေး သွားမည်ဖြစ်ကြောင်းသိရသည်။

  1. ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ရှမ်း၊ကယားညီလာခံကျင်းပ

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဖေဖောဝါရီ ၈ ရက်နေ့က တောင်ကြီးမြို့တွင် အကြိုဆွေးနွေးခဲ့သော ရှမ်း၊ ကယားဆွေးနွေးပွဲအား ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မတ်လ ၂၀ မှ ၂၂ ရက်ထိ ၃ ရက်တိုင်ကျင်းပ မည်ဖြစ်ကြောင်း ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ (တောင်ကြီး) ဦးစိုင်းခင်မောင်ညွှန့် (ခ) စိုင်းခမ်းပိုင်ဖ၏ ပြောပြချက်မှ သိရသည်။ဆွေးနွေးပွဲတွင် အင်းပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဓနု၊ ကယား ငြိမ်းချမ်းရေး အပေါင်းလက္ခဏာ ဆောင်သောရလဒ် များပေါ်ထွက်လာရေးနှင့် နိုင်ငံရေးအခြေခံများ ပါဝင်သော ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆို နိုင်ရန်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

 

  1.  နိုင်ငံတော်သမ္မတသည် ပါတီဥက္ကဋ္ဌ အဖြစ် ရှိနေသေးကြောင်း ဦးဌေးဦးပြော

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် ဆက်လက် ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုသွားခဲ့သည်ဟု သိရှိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့် ရှိသောသူများသည် ပါတီတာဝန် ထမ်းဆောင်၍မရကြောင်း၊ ထို့ကြောင့် ပါတီတာဝန်ဖြစ်သည့် ဥက္ကဋ္ဌ တာဝန်ကို အဆင့်မြင့်ဆုံးသူမှ တာဝန်ယူရကြောင်း၊ သမ္မတကြီးသည် တာဝန် အရသာ ပါတီဥက္ကဋ္ဌ အဖြစ်ရှိနေပြီး ပါတီတာဝန်များကို တာဝန်ခံပြီး ဆောင်ရွက်၍ မရကြောင်း ၎င်းက ဆက်လက်ပြောဆို သွားခဲ့သည်ဟု သိရှိရသည်။

 

ပိုမိုသုံးစွဲမည့် ပညာရေးအသုံးစရိတ်ကို လူသားအရင်းအမြစ်အရေအသွေးတိုးမြှင့်မှုတွင် ဦးစားပေးသင့်

ပညာရေးဝန်ကြီးဌာန၏ အသုံးစရိတ်ကိုပြည်ထောင်စုအစိုးရမှယခင် ကျပ်ငွေ ဘီလီယံ (၆၄၂၈၉၀ ဒသမ ၃၃၆) သုံးစွဲခဲ့ရာမှ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်ကျပ်ငွေ ဘီလီယံ (၉၀၇၉၇၆ ဒသမ ၆၂၄) သုံးစွဲရန်လျာထား ကြောင်းသိရ သည်။တိုးမြှင့်သုံးစွဲသည့် ပညာရေးဌာန၏ အသုံးစရိတ်ကို အခြေခံအဆောက်အအုံများအတွက် သုံးစွဲခြင်းထက် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ အရည်အသွေးမြှင့်တင်မှုပိုင်းတွင်သာ ဦးစားပေးသုံးစွဲသင့်ကြောင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ အကြံပြုပြောကြားခဲ့ ကြောင်းသိရသည်။

  1. ပြည်ပသို့သွားမည့်သူများ ဗီဇာနှင့် မာစတာကတ်များသုံးနိုင်တော့မည်

အမေရိကန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အီလက်ထေရွန်နစ်ငွေပေးချေရေးကုမ္ပဏီများ ဖြစ်သော ဗီဇာနှင့် မာစတာ လုပ်ငန်းကြီးနှစ်ခုသည် ကမ္ဘောဇ၊ CB အစရှိသော ပုဂ္ဂလိကဘဏ်များနှင့်ချိတ်ဆက်ကာ မြန်မာနိုင်ငံသားများ နိုင်ငံတကာသို့ သယ်ဆောင်ကာ လဲလှယ် အသုံးပြုနိုင်မည့် ငွေပေးချေရေးကတ်များကို ယခုနှစ်အတွင်း ထုတ်လုပ်ပေး သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ နိုင်ငံတကာ ဘဏ်လုပ်ငန်းဌာနမှ မန်နေဂျင်းဒါရိုက်တာ ဦးညိုမြင့်၏ ပြောကြားချက်မှ သိရှိရသည်။

 

  1.  မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကုန်သွယ်ရေးလေဆိပ်အဖြစ် အဆင့်မြှင့်မည်

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကုန်သွယ်ရေးလေဆိပ်အဖြစ် ဇူလိုင်လတွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ ယခုအခါ China Eastern Airlines မှမန္တလေး-ကူးမင်း၊ Thai Air Asia မှ မန္တလေး-ဘန်ကောက်သို့ ပြေးဆွဲနေပြီဖြစ်ပြီး ယခုလကုန်ပိုင်း တွင်လည်း အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃ ခုမှတိုက်ရိုက်ပျံသန်းမှုများ စတင်မည်ဖြစ်ကြောင်း သိရသည်။


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive