Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မြန်မာနိုင်ငံအနေဖြင့် အာဆီယံသို့အပြည့်အဝ ဝင်ရောက်ရန် စကာင်္ပူမျှော်လင့်

(20 Mar 2013 ရက်စွဲပါ Channel News Asia မှ Anasuya Sanyal ရေးသားသော “Singapore looks forward to Myanmar’s full entry into ASEAN” ကိုဘာသာပြန်ဆိုသည်)

  1. နှစ်နိုင်ငံဆက်ဆံရေး မြှင့်ရန် မြန်မာနှင့် ဗီယက်နမ် ကတိပြု

(Xinhua News မှ 21 March 2013 ရက်စွဲပါ “Vietnam, Myanmar vow to boost bilateral ties” သတင်းကို ဘာသာပြန်ဆိုပါသည်)


မြန်မာနိုင်ငံအနေဖြင့် အာဆီယံသို့အပြည့်အဝ ဝင်ရောက်ရန် စကာင်္ပူမျှော်လင့်

(20 Mar 2013 ရက်စွဲပါ Channel News Asia မှ Anasuya Sanyal ရေးသားသော “Singapore looks forward to Myanmar’s full entry into ASEAN” ကိုဘာသာပြန်ဆိုသည်)

Photo Crdit: AFP

မြန်မာနိုင်ငံသည် ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌဖြစ်တော့မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းလှုပ်ရှားမှု အားလုံးတွင် အပြည့်အဝဝင်ရောက်ရန် ရည်မှန်းကြောင်း စင်္ကာပူ ဒုဝန်ကြီးချုပ် Teo Chee Hean က ပြောကြားခဲ့ပါသည်။

Mr Teo ကပြောကြားရာတွင် စင်္ကာပူသည် မြန်မာနိုင်ငံ၏ စွမ်းရည်တည်ဆောက်ရေးတွင် အမြဲထောက်ခံ ပံ့ပိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ဤနည်းဖြင့်ပင် ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ဆိုပါသည်။ ပြုပြင်ပြောင်းလဲရေးသည် ဒေသတွင်းတစ်ခုလုံးကိုပါ အကျိုးရှိစေကြောင်းပြောပါသည်။

Mr Teo ပြောကြားရာတွင် “ကျွန်တော်ငယ်စဉ်က မြန်မာနိုင်ငံကဆန်ဟာ အရှေ့တောင်အာရှသာမက ကမ္ဘာ့ ဈေးကွက်မှာပါ လူသိများပါတယ်”ဟု ဆိုပါသည်။

မြန်မာ့ဆန်ကဲ့သို့သော ကုန်ပစ္စည်းများသည် အရှေ့တောင်အာရှနှင့် ကမ္ဘာတစ်လွှားမှ လူများကျွေးမွေးရေးတွင် များစွာအထောက်အကူ ပြုသည်ဟုဆိုပါသည်။ “ဒါဟာ ကုန်ပစ္စည်းတစ်ခုတည်းကိုသာ ပြောနေတာ ဖြစ်ပါတယ်။ ကျွန်တော် ထင်တယ်။ မြန်မာနိုင်ငံဟာ ဒီ့ထက်ပိုတဲ့ ကုန်ပစ္စည်းတွေ ထွက်လာနိုင်ပါတယ်”ဟု ၎င်းကပြောပါသည်။

Mr Teo သည် ဘန်ကောက်တွင် ထိုင်းဒုဝန်ကြီးချုပ် Chalerm Ubumrung ၏ ဖိတ်ကြားချက်အရ ရောက်ရှိနေစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

၎င်းသည် မတ် ၁၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ထရာနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ခေါင်းဆောင်နှစ်ဦးသည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံပိုမို အားကောင်းသောဆက်ဆံရေး အတွက် ပြန်လည် လုပ်ဆောင်ထားမှုများကို ဆွေးနွေးခဲ့ပါသည်။


နှစ်နိုင်ငံဆက်ဆံရေး မြှင့်ရန် မြန်မာနှင့် ဗီယက်နမ် ကတိပြု

(Xinhua News မှ 21 March 2013 ရက်စွဲပါ “Vietnam, Myanmar vow to boost bilateral ties” သတင်းကို ဘာသာပြန်ဆိုပါသည်)

ဗီယက်နမ်သမ္မတ ထရောင်တန်ဆိုင်နှင့် မြန်မာဒုတိယသမ္မတ ဦးဥာဏ်ထွန်းတို့သည် ဟနွိုင်းတွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ခဲ့ကြပြီး၊ နှစ်နိုင်ငံဆက်ဆံရေးကို နောက်တစ်ဆင့်တိုးကြရန် ခေါင်းဆောင်နှစ်ဦးက ကတိ ပြုလိုက်ကြပါသည်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဦးဥာဏ်ထွန်းနှင့် ဗီယက်နမ် ဒုတိယသမ္မတ ငုယင်သီဒုန်း တို့အကြား ဆွေးနွေးမှု ရလဒ်များကို ထရောင်တန်ဆိုင်က မှတ်ချက်ပေးရာတွင် ယခုရရှိသော နှစ်ဖက်သဘောတူညီမှုများကြောင့် နှစ်နိုင်ငံစလုံး၏ အစဉ်အလာချစ်ကြည်သော ဆက်ဆံရေးနှင့်ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးတို့ကို တိုးတက်ဖြစ်ပေါ်စေလိမ့်မည်ဟု ပြောကြား သည်။

မြန်မာဒုတိယသမ္မတ ဦးဥာဏ်ထွန်းကလည်း “မြန်မာနိုင်ငံသည် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာရုံ စိုက်နေကြောင်း၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု၏အရေးပါမှုကို နားလည်သိရှိထားကြောင်း နှစ်နိုင်ငံခေါင်းဆောင်များ လက်မှတ်ထိုးထားသော သဘောတူညီချက်များ အကောင်အထည်ဖော်မှုကို အရှိန်မြှင့်သွားမည် ဖြစ်ကြောင်း” ပြန်လည် ပြောဆိုခဲ့သည်။

ထရောင်တန်ဆိုင်က “၂၀၁၄ တွင်မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူမည့် အစီအစဉ်ကို ဗီယက်နမ် နိုင်ငံက ထောက်ခံအားပေးသွားမည်” ဟု ဆက်လက်ပြောကြားသည်။

ရေတပ်ဗိုလ်ချုပ်ဟောင်း ဦးဥာဏ်ထွန်းသည် ၂၀၁၂ သြဂုတ်တွင် ဒုတိယသမ္မတ ဖြစ်လာပြီးနောက်ပိုင်း ဗီယက်နမ် သို့ ပထမဆုံးအကြိမ်လာရောက် လည်ပတ်ခြင်းဖြစ်သည်။

၂၀၁၃ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံပေါင်း ၃၀ ကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၀ ဘီလျံကျော်သည်ဟု သိရှိရသည်။ ဗီယက်နမ် နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၁ ရာခိုင်နှုန်းရှိသော ဒေါ်လာသန်း ၃၀၀ ဖြင့်အဆင့် ၉ နေရာတွင် ရပ်တည်နေသည်။

ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံသည် ၂၀၁၅ တွင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ သန်း ၅၀၀ သို့ရောက်ရှိရန် ရည်မှန်းထားကြသည်။

တပ်မတော်အစိုးရလက်ထက်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရမည့်ကိစ္စကို ထောက်ခံပေးခဲ့ပြီး၊ ထိုစဉ်က မြန်မာအာဏာပိုင်များနှင့် စီးပွားရေးသဘောတူညီမှုများ ရရှိခဲ့ရာတွင် ကမ္ဘာအေးဘုရားလမ်း ဆီဒိုးနားဟိုတယ်အနီး စက်မှု ဝန်ကြီးဌာနပိုင် မြေဧရိယာပေါ်တွင် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ခွင့်လည်းပါဝင်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. ခရက်ဒစ်ကဒ်ဈေးကွက် ပွင့်လန်းလာနေသော မြန်မာ

(Financial Times မှ ၁၈.၀၃.၂၀၁၃ ရက်စွဲပါ “Myanmar: credit card market hots up” သတင်းကို ဘာသာပြန်ဆိုပါသည်။)

  1. မြောက်ကိုရီးယားမှ နျူကလီးယားနှင့် ပတ်သက်သော ပစ္စည်းများ ဂျပန်ဖမ်းမိ

(18 Mar 2013 ရက်စွဲပါ Asia Pacific News မှ Japan seizes nuclear related materials from North Korea သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်လာအစားထိုးလက်မှတ်စနစ်ကို မြန်မာဖျက်သိမ်း

(AFP News မှ 21 Mar 2013 ရက်စွဲပါ “Myanmar abolishes dollar surrogate” ကို ဘာသာပြန်ဆိုသည်။)


ခရက်ဒစ်ကဒ်ဈေးကွက် ပွင့်လန်းလာနေသော မြန်မာ

(Financial Times မှ ၁၈.၀၃.၂၀၁၃ ရက်စွဲပါ “Myanmar: credit card market hots up” သတင်းကို ဘာသာ ပြန်ဆိုပါသည်)

Photo Credit: AP

အရှေ့တောင်အာရှတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းရှိနေသော မြန်မာနိုင်ငံသည် ကိုကာကိုလာ ကုမ္ပဏီ နှင့် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းမှာ နိုင်ငံခြားကုမ္ပဏီများအတွက် အာရုံစိုက်ဖွယ်ရာ ထိပ်တန်းသတင်း ဖြစ်ခဲ့ သည်။

သို့သော် ခရက်ဒစ်ကဒ်ကုမ္ပဏီများဖြစ်သော မာစတာကဒ် နှင့် ဗီဇာတို့က ယှဉ်ပြိုင်မှုဈေးကွက်သို့ ဦးတည်နေသည့်

အာမခံချက် မရှိသေးကြောင်း တွေ့ရှိထားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ စီးပွာရေးလုပ်ကိုင်သူများ အပါအဝင် အစိုးရအရာရှိများ၊ ဖွံ့ဖြိုးရေးအကူအညီပေးသူများ အကြိမ်ကြိမ်လာရောက်မှု တိုးပွားလာသော်လည်း ငွေစက္ကူစာရွက်များ မကိုင်ဆောင်လိုပဲရှိနေပြီး ယင်းက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ဆောင်ခြင်းအတွက်  အခက်အခဲပင်ဖြစ်သည်။ ထိုအချက်ကြောင့်သာမဟုတ်ဘဲ ဟိုတယ်များ၊ ဆိုင်များနှင့် လုပ်ငန်းများတို့တွင်လည်း  တရားဝင်ထုတ်ဖော် ပြောဆိုခြင်းမရှိသည့် စည်းမျဉ်းတစ်ခုမှာ အမေရိကန်ဒေါ်လာ အသစ်များကို သာ လက်ခံနေခြင်း ဖြစ်သည်။

အစိုးရက  နိုဝင်ဘာလမှစတင်ကာ နိုင်ငံခြားမှ ခရက်ဒစ်ကဒ် လုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုခဲ့သည့် အချိန်မှ စတင်၍ စီးပွားရေးတွင် အနည်းဆုံး လာရောက်လည်ပတ်သူ နိုင်ငံခြားသားများ အတွက် ကဒ်ဖြင့် ATM စက်များမှ ငွေအသွင်းအထုတ်ပြုလုပ်နိုင်သဖြင့်  ဒေါ်လာပြတ်လပ်၍ မြန်မာနိုင်ငံတွင် သောင်တင်လေ့ရှိသော ခရီးသည်များအတွက် လမ်းပွင့်သွားခဲ့ပါသည်။

နောက်တစ်ဆင့်အနေဖြင့် ခရက်ဒစ်ကဒ် ထုတ်ပေးရန် မဝေးတော့ပြီဖြစ်ရာ အကြွေးဝယ်ခွင့် (credit card) နှင့် ကြိုတင် ငွေသွင်းကဒ် (debit card)ဈေးကွက်များတွင် ပြိုင်ဆိုင်မှုများမြင့်မားလာတော့မည် ဖြစ်သည်။

အမေရိကန်ရှိ ဒုတိယအကြီးဆုံး အကြွေးဝယ်ကဒ် ကုမ္ပဏီဖြစ်သော MasterCard က ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ATM စက်များနှင့် ငွေထုတ်ယူခြင်း၏ ဝေစုအချို့ကို ရယူနိုင်ခဲ့ပြီး  နိုင်ငံခြားသားများအား ဒေါ်လာ ၁.၇ သန်းကျော်ကို MasterCard ဖြင့် သုံးစွဲအောင် ဆွဲဆောင်နိုင်ခဲ့သည်ဟု ပြည်တွင်းသတင်းမီဒီယာများမှ တစ်ဆင့် သိရသည်။ ယင်းကုမ္ပဏီ၏ မတ်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော လေကြောင်းလိုင်းတစ်ခုတွင် ငွေပေးချေမှု စတင်ပြုလုပ်နိုင်သည့် ဖွင့်ပွဲတွင် ထိုကုမ္ပဏီမှ MasterCard ကိုင်ဆောင်သူများ အသုံးပြုနိုင်မည့် ATM စက်များ ထပ်မံရောက်ရှိလာလိမ့်မည်ဟု ဆိုပါသည်။ ယင်းကုမ္ပဏီမှ ယခုနှစ် ၂၀၁၃ အကုန်တွင်  မြို့ကြီးလေးမြို့၌ ဟိုတယ်နှင့် ဈေးဆိုင်များအပါအဝင် စားသောက် ဆိုင်ပေါင်း ၅၀၀ကျော်တွင် MasterCard နှင့် အသုံးပြုနိုင်ပါလိမ့်မည်ဟု ကတိပေးပြောဆိုခဲ့သည်။

သို့ရာတွင် MasterCard မြန်မာနိုင်ငံသို့ ဦးစွာ စတင်ဝင်ရောက်လာသော်လည်း များမကြာမီ အပြိုင်များဝင်လာ သဖြင့် ရှေ့တွင်ဦးဆောင်နိုင်ခြင်းမရှိပေ။

ဆယ်နှစ်ကြာသက်တမ်းရှိသော China Union Pay ကုမ္ပဏီသည် ယခုအခါ MasterCard နှင့် Visa Card များ ထက် ပိုမိုကြီးမားလာခဲ့ပြီး ၂၀၁၁ ခုနှစ်က ကဒ်ပေါင်း ၂.၉ ဘီလျံ ထုတ်လုပ်ခဲ့ကာ တစ်ကမ္ဘာလုံး ကဒ်သုံးစွဲမှု၏ ၄၅ ရာခိုင်နှုန်း နေရာယူခဲ့သည်။ ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ နိုင်ငံခြားသားများသို့ ဖေဖော်ဝါရီလမှ စတင်ကာ ငွေပေးချေသည့် ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပြီး ကဒ်ကိုင်ဆောင်သူများကို ATM စက် ၁၉၈ လုံးနှင့် လက်လီအရောင်းဆိုင်များတွင် ချိတ်ဆက်ဝယ်ယူနိုင်ရန် ပြုလုပ်ခဲ့သည်။

MasterCard ကုမ္ပဏီက ဘဏ်တစ်ခုချင်းစီနှင့်ချိတ်ဆက်၍ ATM စက်များတွင် MasterCard များ အသုံးပြု နိုင်အောင် ညှိနှိုင်းနေချိန်တွင် CUP (China Union Payment)ကလည်း 2011 စက်တင်ဘာက ဖွဲ့စည်းခဲ့သော ပြည်တွင်းရှိ ဘဏ် ၁၇ ခုနှင့် ဖွဲ့စည်းထားသည့် Myanmar Payment Union နှင့် အလားတူညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာနှင့်အဝှမ်း ခရက်ဒစ်ကဒ် ကုမ္ပဏီများ ယှဉ်ပြိုင်မှု၏ နောက်ဆုံး စစ်မြေပြင်သာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် visa ကုမ္ပဏီကလည်း MasterCard ကို အလားတူ ပြိုင်ဆိုင်မှုမျိုး ပြုလုပ်ခဲ့သည်။ ယင်းကုမ္ပဏီသည် ပြည်တွင်းရှိဘဏ် ၃ ခုနှင့် နိုဝင်ဘာလက သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဇန်နဝါရီလတွင် မြန်မာနိုင်ငံရှိ ပထမဆုံးသော နိုင်ငံတကာသုံးကဒ်အဖြစ် ဆောင်ရွက်ခဲ့စဉ်တွင် ပြိုင်ဘက်ဖြစ်သော Japanese Credit Bureau မှလည်း MPU အဖွဲ့ဝင်ဘဏ်များနှင့် ချိတ်ဆက်၍ အဆင့်မီ ခရက်ဒစ်ကဒ်များကို စားသုံးသူများထံ ဖြန့်ဖြူးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ Visa သည် ၎င်း၏ နက်ဝပ်ကို ပိုမိုဖြန့်ကျက်ပြီး စားသုံးသူများ မြန်မာနိုင်ငံရှိဘဏ်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း၏ ကြေညာနိုင်လိမ့်မည်ဟု အချိန်တိုအတွင်း မျှော်လင့်ထားသည်။

မြန်မာပြည်တွင်းရှိဘဏ်များနှင့် ခရက်ဒစ်ကဒ်ကုမ္ပဏီများ ချိတ်ဆက်ဆောင်ရွက်မှုများမှာ မြန်မာပြည်သို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားများကို အဓိကဦးတည်လျှက်ရှိနေသည်။ ကဒ်ကုမ္ပဏီများက ကဒ်များ ထုတ်လုပ် ရောင်းချနိုင်ရန် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း နှင့် ရက်သတ္တပတ် များစွာကြာနိုင်ကြောင်း ပြောဆိုကြသည်။ ၂၀၀၀ ပြည့်နှစ်လွန်နှစ်များက ဖြစ်ပွားခဲ့သော ဘဏ်များပြိုလဲခဲ့မှုများကြောင့်  ပြည်သူများက ဘဏ်များကို ယုံကြည်မှု လျော့နည်း ခဲ့ပြီး ဘဏ်အပ်ငွေ နည်းပါးမှုများ ဖြစ်စေခဲ့သည်။

ယခုနှစ်အစပိုင်းက မမျှော်လင့်ဘဲဖြစ်ပွားခဲ့သော ဘဏ်များနှင့်ပတ်သက်သည့် ကောလာဟာလများတွင် မြန်မာနိုင်ငံ ရှိ အကြီးဆုံးဘဏ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကမ္ဘောဇဘဏ်ဥက္ကဋ္ဌမှာ ဖမ်းဆီးခံခဲ့ရသည်ဟု ပြောဆိုခဲ့သော်လည်း အခြေအမြစ်မရှိကြောင်း တွေ့ရှိရပါသည်။ ရလာဒ်အနေဖြင့် လည်ပတ်နေသော ဘဏ်ထဲမှ ဒေါ်လာ ၁၀.၅ သန်းနှင့် ညီမျှသော ငွေပမာဏများကို ပြန်လည် ထုတ်ယူသွားခြင်း ခံခဲ့ရသည်။

ဤသို့သော အခက်အခဲများ ရှိလင့်ကစား ပြည်တွင်းဘဏ်များသည် စီးပွားရေးလုပ်ငန်းများသို့ ၎င်းတို့၏ ကိုယ်စား ငွေပေးချေခြင်းဝန်ဆောင်မှုကို ပေးလျက်ရှိပြီး နိုင်ငံတကာဘဏ်များကလည်း မြန်မာပြည်တွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းလျှက် ရှိနေသည်။ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံခြားသား ၁ သန်းကျော် လာရောက် ခွင့်ပြုခဲ့ခြင်းကြောင့် နိုင်ငံတကာကုမ္ပဏီများနှင့် ဟိုတယ်လုပ်ငန်းများ ပိုမိုတည်ဆောက်လာခဲ့ပြီး ခရက်ဒစ်ကဒ် ကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုမှာလည်း မြင့်မားလာခဲ့သည်။ သို့ရာတွင် ခရက်ဒစ်ကဒ်ကုမ္ပဏီများသည် သူတို့၏ ပြည်တွင်းဈေးကွက် အနာဂါတ် မှာ စားသုံးသူများ၏ ဘဏ်များအပေါ်ယုံကြည်မှု ပြန်လည်ရှင်သန်သည့် အခြေအနေပေါ်တွင် မူတည်နေကြောင်း သိရှိကြ ပါသည်။ တစ်စုံတစ်ခုသည် တည်ဆောက်ရန် နှစ်နှင့်ချီ၍ အချိန်ယူရတတ်သော်လည်း  ရက်အနည်းငယ်အတွင်း ပျက်စီး သွားနိုင်ပေသည်။


မြောက်ကိုရီးယားမှ နြူကလီးယားနှင့် ပတ်သက်သော ပစ္စည်းများ ဂျပန်ဖမ်းမိ

( 18 Mar 2013 ရက်စွဲဖြင့် Channel News Asia ပါ AFP ၏ Japan seizes nuclear related materials from North Korea သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit: AFP

ဂျပန်နိုင်ငံသည် စင်္ကာပူအလံတင်ထားသော မြောက်ကိုးရီးယားမှထွက်ခွာလာသည့် သင်္ဘောပေါ်မှ နြူကလီးယား ဓာတ်ပေါင်းဖိုတွင် အသုံးပြု၍ရသော အလူမီနီယံသတ္တုချောင်းများကို ဖမ်းဆီးမိခဲ့သည်ဟု အစိုးရပြောရေးဆိုခွင့် ရှိသူတစ်ဦးက တနလာင်္နေ့က ပြောကြားခဲ့သည်။

လွန်ခဲ့သော သြဂုတ်လက ယင်းသင်္ဘော တိုကျိုဆိပ်ကမ်းတွင် ရပ်နားစဉ်က သတ္တုချောင်း ငါးချောင်းကို ရှာဖွေတွေ့ ရှိခဲ့ပြီး အလူမီနီယံသတ္တုချောင်းများဟု လွန်ခဲ့သည့် ၆ လကပင် စစ်ဆေးမှုများက အတည်ပြုပေးခဲ့သည်ဟု ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် Yoshihide Suga က ပြောကြားခဲ့သည်။

‘အလူမီနီယံသတ္တုဟာ အလွန်မာပြီး နယူကလီးယားဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်တဲ့ ထုတ်ကုန်တစ်ခုဖြစ်လို့ ဓာတ်ပေါင်းဖိုတွေမှာ သုံးလို့ရပါတယ်’ ဟု ပုံမှန်သတင်း အကျဉ်းတင်ပြမှုတစ်ခုမှာ ဆူဂါက အတိုချုံးပြောကြားသွားခဲ့သည်။

ယင်းသတ္တုချောင်းများအား ပုဂ္ဂလိက ဂိုထောင်တစ်ခုတွင် သိမ်းဆည်းထားပြီး ဂျပန်အစိုးရက ၎င်းတို့လက်သို့ အပ်ရန် တနလာင်္နေ့က အမိန့်ထုတ်ပြန်ခဲ့သည်။

နယူကလီးယားနှင့် အမြှောက်လက်နက်တပ်ဆင်ရာတွင် အသုံးပြုနိုင်သည်ဟု သံသယဖြစ်ဖွယ် ပစ္စည်းများ တင်ဆောင်လာသည့် မြောက်ကိုရီးယားနှင့် ပတ်သက်သော သဘောင်္များအား စစ်ဆေးရန် ၂၀၁၀ က တိုကျိုတွင် ထုတ်ပြန် ထားသည့် အထူးအမိန့်အရ ယင်းသည် ပထမဆုံး လက်လွှဲယူမှုဖြစ်ခဲ့သည်။

မီဒီယာသတင်းများအရ တရုတ်နိုင်ငံ ဒါလီယန်မှတဆင့် တိုကျိုဆိပ်ကမ်းသို့ရောက်ရှိပြီး ထိုသဘောင်္သည် မြန်မာ နိုင်ငံသို့သွားရာ လမ်းကြောင်းပေါ်တွင် ရှိခဲ့သည်ဟုဆိုသည်။ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ဒါလီယန်မှတဆင့် ထိုသင်္ဘော ရောက်ရှိခဲ့သည်ကို အတည်ပြုသော်လည်း ကုန်ပစ္စည်းများသည် တတိယနိုင်ငံဆီသို့ ဦးတည်သွားခြင်းဖြစ်သည်ဟုသာ ပြောကြား ခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၀၆၊ ၂၀၀၉ နှင့် ပြီးခဲ့သောလက နယူကလီးယားလက်နက်စမ်းသပ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၀ တွင် ယူရေနီယံကို အသုံးပြုသည့် ဓာတ်ပေါင်းဖိုအစီအစဉ် တိုးတက်နေပြီဖြစ်ကြောင်း ဖွင့်ချထုတ်ဖော်ခဲ့သည်။

ယင်းကဲ့သို့သောစီမံချက်မှာ ကာလအတန်ကြာရှိပြီးသား ပလူတိုနီယံစီမံကိန်းအပြင် အနုမြူလက်နက်များအတွက် ပစ္စည်းများ ထုတ်လုပ်ပေးရန် ဒုတိယနည်းလမ်းကို ပေးလိမ့်မည်ဖြစ်သည်။

ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုဆုံးဖြတ်ချက်များအရ မြောက်ကိုရီးယား နယူကလီယားဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်သွယ်နေသည်ဟုသံသယဖြစ်ဖွယ် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများက စစ်ဆေးခွင့်ရှိပါသည်။

အရှေ့တောင်အာရှတွင် အာဏာရှင်လက်အောက်၌ နှစ်ပေါင်းများစွာရှိခဲ့ပြီး ၂၀၁၁ ကမှ အဆုံးသတ်ခဲ့သည့် မြန်မာနိုင်ငံကို မြောက်ကိုရီးယား စစ်ဘက်နှင့် နယူကလီးယား ပူးပေါင်းဆောင်ရွက်မှုရှိသည်ဟု သံသယရှိခဲ့သည်။

သို့သော်လည်း အိမ်ဖြူတော်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ဘက် ဆက်ဆံမှုများ လျှော့ချရန် အပေါင်းလက္ခဏာဆောင်သောခြေလှမ်းများ လုပ်ဆောင်ခဲ့ပါသည်ဟု ပြောကြားခဲ့ပါသည်။


ဒေါ်လာအစားထိုးလက်မှတ်စနစ်ကို မြန်မာဖျက်သိမ်း

(AFP News မှ 21 Mar 2013 ရက်စွဲပါ “Myanmar abolishes dollar surrogate” ကို ဘာသာပြန်ဆိုသည်။)

Photo Cedit:CNA

စစ်အုပ်ချုပ်ရေး စနစ်ကြောင့် စီးပွားရေးပြိုလဲ ပျက်စီးသွားခဲ့သော မြန်မာနိုင်ငံသည် ကမ္ဘာကိုတံခါးဖွင့် ပေးနေသည် ဖြစ်သည့်အလျှောက် စီးပွားရေးပြုပြင် ပြောင်းလဲရေးဆီသို့ ထပ်မံခြေလှမ်းသည့်အနေဖြင့် ဒေါ်လာအစားထိုး ငွေကြေးကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါသည်။

ဒေါ်လာသန်း ၃၀ ကျော် တန်ဘိုးရှိသော FEC များကို ဖျက်သိမ်းသွားမည်ဟု ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသွားသော်လည်း ဆောင်ရွက်သွားမည့်အချိန်ကာလကို ဖော်ပြခြင်း မပြုပါ။

ယခင်အစိုးရလက်ထက်က တရားဝင်သုံးစွဲခွင့်မရှိသော ဒေါ်လာအတွက် အစားထိုးထုတ်ဝေခဲ့သော FEC များကို ဆက်လက်အသုံးမပြုတော့ဟု ဦးဝင်းရှိန်ကဆိုသည်။

“FEC စနစ်တကျဖျက်သိမ်းဖို့အတွက် ဗဟိုဘဏ်၊ အစိုးရဘဏ်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အစီအစဉ်ချမှတ်သွားမှာဖြစ်ပါတယ်” ဟု ဦးဝင်းရှိန်က လွှတ်တော်တွင် ပြောကြားသည်။

နိုင်ငံ၏စီးပွားရေးပြင်ဆင်ဖြေလျှော့မှုအဆင့်တစ်ခုဟု မျှော်လင့်ရသော ယင်းအစီအစဉ်ကို စီးပွားရေးပညာရှင်များ ဝိုင်းဝန်းကြိုဆိုကြသည်။

ယခင်အစိုးရလက်ထက်က ဝန်ကြီးဌာနများသည် ၎င်းတို့၏ ဘဏ္ဍာရေးကိစ္စများကို FEC ဖြင့်သာ ဆောင်ရွက် ခဲ့ကြရသည်။

မြန်မာနိုင်ငံတွင်ကျပ်ငွေကို နေရာတကာ၌ သုံးစွဲနေကြရသော်လည်း ဟိုတယ်များနှင့် ခရီးသွားကုမ္ပဏီများကမူ ဒေါ်လာကိုလည်း လက်ခံကြသည်။

သြစတေးလျ Macquarie University မှ မြန်မာ့ရေးရာကျွမ်းကျင်သူ ရှောင်တန်နယ်က “ယခုကြေညာချက်သည် အစိုးရ၏ စီးပွားရေးကိုင်တွယ်ပုံကို လူထုက ယုံကြည်စိတ်ချရအောင် စမ်းသပ်မှု အသစ်တစ်ခုဖြစ်နိုင်သည်”ဟု ပြောကြား သည်။

“အရင်ကတော့ ဒီလိုကြေညာချက်မျိုးတွေကြောင့် ဈေးကွက်အတွင်း ရိုက်ခတ်မှုတွေဖြစ်လေ့ရှိခဲ့ပေမယ့် အခုတော့ ငွေကြေးစီမံခန့်ခွဲမှုကိစ္စမှာ အများကြီးယုံကြည်မှု ရှိလာပါပြီ။ FEC ကိုင်ထားတဲ့လူတွေကတော့ ဒေါ်လာနဲ့ အပြေးအလွှား လဲကြရမှာပေါ့” ဟု ရှောင်တန်နယ်က ဆိုသည်။

“အရင်က FEC ဝယ်တဲ့ဈေးနှုန်းပေါ် မူတည်ပြီးတော့ အခုကျပ်နဲ့လဲချိန်မှာ သိသိသာသာ ဆုံးရှုံးမှုတော့ ကြုံကြ ရမှာပါ”ဟု ၎င်းက မှတ်ချက်ပေးသည်။

သို့သော် ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်ကမူ“ ဒေါ်လာနှင့် လွတ်လွတ်လပ်လပ် လဲနိုင်ပြီ ဖြစ်သော ကြောင့် ရိုက်ခတ်မှု အနည်းငယ်သာရှိလိမ့်မည်”ဟု ပြောကြားသည်။

“အရင်တုန်းကတော့ အာဏာပိုင်တွေက သူတို့ဖမ်းချင်တဲ့သူတွေ အထူးသဖြင့် နိုင်ငံရေးသမားတွေကို တရားမဝင် ဒေါ်လာကိုင်ဆောင်မှုနဲ့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်လေ့ ရှိခဲ့ပါတယ်”ဟု အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

“အရင်အစိုးရက ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် ညစ်ကွက်တွေ အမျိုးမျိုးသုံးခဲ့တာကြောင့် တည်ဆဲဥပဒေ ဆိုတဲ့စကားလုံးကို လူတွေက ရွံ့မုန်းနေကြပါပြီ” ဟု ရန်ကုန်သားတစ်ဦးက မှတ်ချက်ပေးသည်။

စီးပွားရေးပြိုလဲ ပျက်စီးသွားသော မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရ အာဏာရလာပြီးနောက်ပိုင်း နိုင်ငံ တကာ ကုမ္ပဏီများကို ဆွဲဆောင်ရန်အတွက် နိုင်ငံတကာ ကုမ္ပဏီများကို ဆွဲဆောင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အသစ်ပြန်လည် ရေးဆွဲခဲ့ပြီး မနှစ်ကဧပြီလတွင် ကျပ်ငွေ-ဒေါ်လာချိတ်ဆက်မှုနှုန်းကို နှုန်းရှင်မျောခဲ့သည်။

HIS Global Insight မှ စီးပွားရေးပညာရှင် ရာဂျစ်ဘစ်စဝပ်က “မြန်မာနိုင်ငံဟာ ၂၀၁၁ နောက်ပိုင်းမှာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးမှုကို ကြုံတွေ့ခဲ့ရပါတယ်။ အရင်အစိုးရရဲ့ ဆိုးမွေတစ်ခုဖြစ်တဲ့ FEC စနစ်ဟာ ချုပ်ငြိမ်းသွားတော့မှာပါ” ဟု ပြောကြားလိုက်ပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive