Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ရှစ်လဆက်တိုက် ကုန်သွယ်မှုလိုငွေပြနေဟုဂျပန် ဖော်ပြ

(BBC News မှ မတ် ၂၁ တွင်ပါသည့် Japan posts trade deficit for eighth straight month ကိုဘာသာ ပြန်ဆိုသည်။)


ရှစ်လဆက်တိုက် ကုန်သွယ်မှုလိုငွေပြနေဟုဂျပန် ဖော်ပြ

(BBC News မှ မတ် ၂၁ တွင်ပါသည့် Japan posts trade deficit for eighth straight monthကိုဘာသာ ပြန်ဆိုသည်။)

Photo Credit by AFP

နိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍  စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသောဂျပန်အစိုးရသစ် သည် ကုန်သွယ်မှုလိုငွေ ရှစ်လဆက်တိုက် ပြလျက်ရှိနေကြောင်းကိုပြည်သူများအားအသိပေးခဲ့သည်။

ဖေဖော်ဝါရီလအတွင်းသွင်းကုန်ကဏ္ဍ မြင့်မားလာပြီး ပို့ကုန်ကဏ္ဍမှာ အကျဘက်သို့ ရောက်လျက်ရှိနေ၍ ကုန်သွယ်ရေးလိုငွေ   ယန်း ၇၇၇.၅ ဘီလီယံ (ကန်ဒေါ်လာ ၈.၁ ဘီလီယံ၊ စတာလင်ပေါင် ၅.၃ ဘီလီယံ) ပြလျက်ရှိနေသည်။

ဂျပန် စီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကမောင်းနှင်အားဖြစ်သောပို့ကုန်ကဏ္ဍမှာပြီးခဲ့တဲ့ ၈ လအတွင်း ၇ လဆက်တိုက် ကျဆင်းနေခဲ့သည်။

ပို့ကုန်ကဏ္ဍသည် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရပြီးများမကြာမီက ကျဆင်းခဲ့သည့်  ယန်းငွေမှာလည်း စီးပွားရေး တိုးတက်မှုအပေါ် အထောက်အကူမဖြစ်ခဲ့ဟု သုံးသပ်သူများကဆိုသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  ယခင်နှစ်ကထက်စာလျှင် ယခုနှစ် အစောပိုင်းကာလမှ စတင်ကာ ဖေဖော်ဝါရီလအထိ သွင်းကုန်ကဏ္ဍ၌ ၁၁.၉ ရာခိုင်နှုန်းမြင့်မားခဲ့၍ပို့ကုန်ကဏ္ဍမှာမူ ၂.၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

ပြန်လည်နလန်ထူနိုင်ပြီလော

နိုဝင်ဘာလကတည်းကဂျပန်ယန်းမှာ အမေရိကန်ဒေါ်လာနှင့် နှိုင်းစာပါက ၂၀ ရာခိုင်နှုန်းနီးပါး တန်ဖိုးကျဆင်း ခဲ့ သည်။ သို့နှင့်နိုင်ငံခြားဝယ်ယူသူများအနေဖြင့် ဂျပန်ပစ္စည်းများကို ပိုမိုဝယ်ယူလာ စေမည်ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် နှစ်များမှစတင်၍ ဂျပန်၏ အဓိကပို့ကုန်များကို ပြည်ပနိုင်ငံများ၌ ရွှေ့ပြောင်းထုတ်လုပ်ခဲ့ရာ ရလဒ်အဖြစ် ဂျပန်မှသဘောင်္ဖြင့် ကုန်စည်ပို့ဆောင်မှုများ မြင့်မားခြင်းမရှိခဲ့ဖူးဟု လေ့လာသုံးသပ်သူများက ဆိုသည်။

တစ်ချိန်တည်းမှာပင်ဥရောပသမဂ္ဂနှင့် တရုတ်အစရှိသည့်အဓိကကျသည့် ဈေးကွက်များတွင် ဂျပန်၏ ကုန်စည်များ အပေါ် ဝယ်လိုအားမှာကျဆင်းလျက်ရှိနေပြီး ယန်းငွေကြေးကျဆင်းမှုသည်လည်း အဆိုပါ စီးပွားရေးမျက်နှာစာ များကို အထောက်အကူမဖြစ်ခဲ့ဟု လေ့လာသုံးသပ်သူများကဆိုသည်။

ဥရောပဒေသတွင်း ဖြစ်ပေါ်နေသောကြွေးမြီ အကျပ်အတည်းမှာ စားသုံးသပ်များ၏ ဝယ်လိုအား  ကိုထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေ၍ ဥရောပသမဂ္ဂသို့ ဂျပန်ပို့ကုန်များတင်ပို့မှုသည်လည်း ၁၇ လ ဆက်တိုက် ကျဆင်းခဲ့သည်။

ဂျပန်၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ဖြစ်ပွားခဲ့သောနယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွား မှုကြောင့် တရုတ်သို့ ဂျပန်၏ သဘောင်္ဖြင့် ကုန်စည်တင်ပို့မှုများကုန်လွန်ခဲ့သည့် ၉ လအတွင်း ၈ လဆက်တိုက် ကျဆင်း ခဲ့သည်။

မနှစ်က ဖြစ်ပွားခဲ့သည့် အဆိုပါ ဒေါသဖြစ်ဖွယ် အငြင်းပွားမှုကြောင့် တရုတ်နိုင်ငံတွင်  ဂျပန်ကုန်စည်ရောင်းချမှု အပေါ်ထိခိုက်စေသည့် ဂျပန်ဆန့်ကျင်ရေးဆန္ဒပြပွဲများကိုတွေ့မြင်ခဲ့ရသည်။

“ယန်းတန်ဖိုးလက်ရှိအနေအထားကနေ ဘယ်လောက်ကျကျ ပို့ကုန်တင်ပို့မှုဟာ မြန်မြန်ဆန်ဆန် ဖြစ်ထွန်းလာဦးမှာ မဟုတ်ဘူး” ဟုဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးလုပ်ငန်းတစ်ခုဖြစ်သည့် RBS မှ စီးပွားရေးပညာရှင် Junko Nishioka က ဆိုသည်။

ယွမ်တန်ဖိုးကျဆင်းခြင်းကြောင့် သွင်းကုန်တန်ဖိုးမြင့်မားလာချိန်၌ ဂျပန်နိုင်ငံအနေဖြင့် များမကြာမီကာလတွင်

ကုန်သွယ်မှုလိုငွေများဆက်လက်ဖြစ်ပေါ်နေဦးမည်ဟုMsNishioka က ထပ်လောင်းပြောကြားသွားခဲ့သည်။

“အဲဒီလမ်းကြောင်းအတိုင်းသွားနေဦးမှာပါ။ ပြီးတော့ လာမည့်လတွေမှာလည်းကုန်သွယ်လိုငွေပြမှု ပိုမိုများလာနိုင်ပါတယ်”

ဟု သူကဆက်လက်ပြောကြားသွားခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မန္တလေးလေဆိပ်ကို မကြာမီ အဆင့်မြှင့်တင်မည်

(23 Mar 2013 ရက်စွဲပါ Bernama မှ Myanmar’s largest airport to be upgrade soon ကို ဘာသာပြန်ဆိုသည်)

  1. အဓိကရုဏ်း ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့သို့ ကုလကိုယ်စားလှယ်သွားရောက်

(AFP News မှ 25 March 2013 ရက်စွဲပါ UN envoy in riot-hit Myanmar Town သတင်းကို ဘာသာပြန်ဆိုသည်)

  1. မစ်ဆူဘီရှီ (MHI) က မြန်မာနိုင်ငံသို့ ဒီဇယ်ဓာတ်အားပေးစက် ၁၃ လုံး ပေးပို့

( Japan Today မှ 25 March 2013 ရက်စွဲပါ MHI ships 13 Diesel engine power generators to Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

  1. အင်ဒိုနီးရှားနိုင်ငံပိုင် ကျောက်မီးသွေးလုပ်ငန်း Bukit Asam မြန်မာတွင် ဒေါ်လာသန်း ၈၀ ဖိုးရင်းနှီးမြှုပ်နှံမည်

(The Jakarta Globe သတင်းစာမှ 25 March 2013 ရက်စွဲပါ Coal Miner Bukit Asam Invests $80 in Myanmar ကိုဘာသာပြန်ဆိုသည်)


မန္တလေးလေဆိပ်ကို မကြာမီ အဆင့်မြှင့်တင်မည်

(23 Mar 2013 ရက်စွဲပါ Bernama မှ Myanmar’s largest airport to be upgrade soon ကို ဘာသာပြန်ဆိုသည်)

Photo Credit by Online

မြန်မာနိုင်ငံတွင် အကြီးဆုံးလေယာဉ်ကွင်းကြီးတစ်ခုဖြစ်သော မန္တလေးလေဆိပ်ကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ် သွား မည်ဖြစ်ကြောင်း ပြည်တွင်းသတင်းဖော်ပြချက်တစ်ခုအား ကိုးကား၍ တရုတ် Xinhua သတင်းက စနေနေ့က ဖော်ပြ ခဲ့ပါသည်။

မန္တလေးနိုင်ငံတကာလေဆိပ်အား အဆင့်မြှင့်တင်ရန် ပြည်တွင်းကုမ္ပဏီများထံမှ အဆိုပြုလွှာများ တောင်းခံထား ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန မြို့ပြလေကြောင်းဌာနမှ ပြောဆိုမှုအား ကိုးကားဖော်ပြထားပါသည်။

မန္တလေးနိုင်ငံတကာလေဆိပ်၏ လေယာဉ်ပြေးလမ်းသည် အရှေ့တောင်အာရှဒေသတွင် အရှည်ဆုံးဖြစ်ပြီး နှစ်စဉ် ရောက်ရှိသော ဧည့်သည်နှင့် ထွက်ခွာသော ဧည့်သည်စုစုပေါင်း သုံးသန်းခန့်ကို ကိုင်တွယ်နိုင်ပါသည်။

မန္တလေး နိုင်ငံတကာလေဆိပ်တွင် ဘိုးအင်းလေယာဉ်များ ဆင်းသက်နိုင်ပြီး ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး၌ နိုင်ငံတကာ လေဆိပ် ၃ ခုရှိသည့်အပြင် ဒေသ ဆိုင်ရာလေဆိပ် ၂၃ ခုလည်း ရှိပါသည်။

တချိန်တည်းမှာပင် ဟံသာဝတီနိုင်ငံတကာလေဆိပ်ကို ဇူလိုင်လတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်းကို ၂၀၁၆ တွင် ပြီးစီးရန် စီစဉ်ထားပါသည်။


အဓိကရုဏ်း ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့သို့ ကုလကိုယ်စားလှယ်သွားရောက်

(AFP News မှ 25 March 2013 ရက်စွဲပါ UN envoy in riot-hit Myanmar Town သတင်းကို ဘာသာပြန်ဆိုသည်)

 Photo Credit by RFA

ကုလသမဂ္ဂကိုယ်စားလှယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းမှ အကြမ်းဖက်အဓိကရုဏ်းကြောင့် မီးလောင်သွားသော အဆောက်အဦးမျာကို မနေ့က လှည့်လည်ကြည့်ရှုခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများနှင့် တွေ့ဆုံခဲ့သည်။ ဗုဒ္ဓဘာသာနှင့် မွတ်စလင်ဘာသာရေးခေါင်းဆောင်များကလည်း ၎င်းအကြမ်းဖက်အဓိကရုဏ်းအဆုံးသတ်ရေးကို တိုက်တွန်းတောင်းဆိုခဲ့ ကြသည်။

မိတ္ထီလာမြို့မှ အပြန်အလှန်အကြမ်းဖက်မှုများကြောင့် အနည်းဆုံး ၃၂ ဦးခန့်သေဆုံးကာ ၉၀၀၀ ခန့်အိုးမဲ့ အိမ်မဲ့ဖြစ်သွားသည်ဟု တာဝန်ရှိသူများက ဆိုသည်။ ဗလီ ၅ လုံးအပါအဝင် နေအိမ်များ မီးလောင်ပျက်စီးသွားပြီး အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာထားရသည်။

နှစ်ဖက်အသိုင်းအဝိုင်းဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှုပြီးနောက် ကုလကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ က သေဆုံးမှုများ ပျက်စီးမှုများအတွက် ဝမ်းနည်းကြောင်းနှင့် ဒေသခံများက သူတို့ဆုံးရှုံးသွားသော ဘဝများကို ပြန်လည် ထူထောင်လိုပါကြောင်း ထုတ်ဖော်ပြောကြားသည်။

“ကျွန်တော်သတိပြုမိတာကတော့ ကြီးကြီးမားမား ကြေကွဲစရာဖြစ်ရပ်တွေ ရှိခဲ့ပေမယ့် အမုန်းတရားကတော့ တကယ့်ကို နည်းနည်းလေးပဲရှိတယ်ဆိုတာပါပဲ။ လူတွေက သူတို့ဘဝတွေကို ပြန်လည်ထူထောင်ဖို့ ဆုံးဖြတ်ထားကြတယ်။ ဒေသခံတွေကတော့ အဓိကရုဏ်းဖြစ်အောင် သွေးထိုးသူတွေဟာ သူတို့ မသိတဲ့ အပြင်လူတွေဖြစ်တယ်လို့ ပြောဆို ကြပါတယ်” ဟု နမ်ဘီယာက သတင်းထောက်များကို ပြောကြားသည်။

အကြမ်းဖက်မှုများကြောင့် မြို့အစိတ်အပိုင်းအချို့ ပျက်စီးသွားပြီးနောက် ယာယီဒုက္ခသည်စခန်းဖွင့်လှစ်ထားသော စာသင်ကျောင်းများ ဘုန်းကြီးကျောင်းများနှင့် မြို့နယ်အားကစားကွင်းသို့ နမ်ဘီယာက သွားရောက်ကြည့်ရှုခဲ့သည်။

“လူသားချင်းစာနာမှုအကူအညီအနေနဲ့ ကျွန်တော်တို့တတ်နိုင်သမျှ အစွမ်းကုန်ကူညီသွားဖို့ ပြင်ဆင်ထားပါတယ်” ဟု နမ်ဘီယာက ပြောကြားသည်။

အဓိကရုဏ်းဖြစ်ပွားပြီးနောက် ဗုဒ္ဓဘာသာနှင့် မူစလင်ခေါင်းဆောင်များကလည်း ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပြီး ဥပဒေကို လေးစားကြရန်နှင့် အသိုင်းအဝိုင်းညီညွတ်မှုကို မေတ္တာ ဂရုဏာတို့ဖြင့် ထိန်းသိမ်းကြရန် တိုက်တွန်းခဲ့ကြသည်။

ဟိန္ဒူနှင့် ခရစ်ယန်များကို ကိုယ်စားပြုသော Interfaith Friendship Organization ကလည်း မိတ္ထီလာမြို့မှ အသိုင်း အဝိုင်းနှစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ရန် အစိုးရအား တိုက်တွန်းထားသည်။

၃ ရက်အကြာ အဓိကရုဏ်းဖြစ်ပွားပြီးနောက် ရဲနှင့် စစ်တပ်က ကင်းလှည့်စောင့်ကြပ်လျှက်ရှိပြီး မနေ့က ဆိုင်အချို့ ပြန်လည်ဖွင့်လှစ်ကာ အနည်းငယ်အေးချမ်းသည့် လက္ခဏာရှိသည်။

အမည်မဖော်လိုသူတစ်ဦးက “အခြေအနေကတော့ ဒီနေ့ငြိမ်သက်သွားပါပြီ။ လမ်းပေါ်ကို လူတွေထွက်လာကြပြီ။ ဒါပေမယ့် လုံခြုံရေးကိုတော့ သတိထားနေရတုန်းပဲ။ အထူးသဖြင့် ညပိုင်းပေါ့။ ကောလဟာလတွေကလည်း အများကြီး ကြားနေရတယ်။ နောက်ထပ်ဘာဖြစ်ဦးမလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားလို့မရပါဘူး”ဟု ပြောကြားသည်။

ယခုပြဿနာသည် စစ်အုပ်ချုပ်ရေးအလွန် နိုင်ငံကိုပြုပြင်ပြောင်းလဲရန် ကြိုးစားနေသော အရပ်သားအစိုးရအပေါ် ကျရောက်နေသည့် စိန်ခေါ်မှုတစ်ခုဖြစ်သော ဗုဒ္ဓဘာသာ-မွတ်စလင် တင်းမာမှု ပိုမိုဆိုးဝါးလာနေကြောင်း ထင်ရှားသော လက္ခဏာ တစ်ခုပင်ဖြစ်သည်။

သမ္မတဦးသိန်းစိန် လက်မှတ်ထိုးထုတ်ပြန်သော အရေးပေါ်အခြေအနေသည် တည်ငြိမ်အေးချမ်းမှုပြန်ရအောင် စစ်တပ်က ပါဝင်ကူညီရန် စီစဉ်ထားမှုတစ်ခုဖြစ်ပြီး စစ်အုပ်ချုပ်ရေးနွံထဲမှ ရုန်းထွက်နေသော မြန်မာနိုင်ငံတွင် သိသိသာသာ အရေးကြီးသော ဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။

ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် လူ့အခွင့်အရေးအုပ်စုများကလည်း ပဋိပက္ခပြန့်ပွားသွားမည်ကို စိုးရိမ်ပူပန်နေကြပြီး နှစ်ဖက်အသိုင်းအဝိုင်းများအကြား စိတ်အေးအေးထား၍ ညှိနှိုင်းကြရန် တိုက်တွန်းတောင်းဆို ထားကြသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းသုံးဆယ်ခန့် သန်းခေါင်စာရင်းမကောက်ယူခဲ့သော်လည်း ခန့်မှန်းခြေလူဦးရေ သန်း ၆၀ အနက် မြန်မာမွတ်စလင်များ၊ အိန္ဒိယနွယ်ဖွားများ၊ တရုတ်လူမျိုးများ ခန့်မှန်းခြေ လေးသန်းခန့်ရှိသည်ဟုဆိုသည်။

မနှစ်က ရခိုင်ပြည်နယ်တွင် ရခိုင် ရိုဟင်ဂျာအဓိကရုဏ်း ဖြစ်ပွားပြီး နောက်ပိုင်း မလေးရှားသို့ ဦးတည်ကာ စက်လှေများဖြင့် ပင်လယ်ဖြတ်ကူးထွက်ပြေးသော ရိုဟင်ဂျာအရေအတွက် တိုးပွားလာခဲ့သည်။


မစ်ဆူဘီရှီ (MHI) က မြန်မာနိုင်ငံသို့ ဒီဇယ်ဓာတ်အားပေးစက် ၁၃ လုံး ပေးပို့

( Japan Today မှ 25 March 2013 ရက်စွဲပါ MHI ships 13 Diesel engine power generators to Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ Mitsubishi Heavy Industries က ဒီဇယ်အင်ဂျင်သုံးလျှပ်စစ်ဓာတ်အားပေးစက် ၁၃ စုံကို မြန်မာနိုင်ငံ ရန်ကုန်မြို့ ဓာတ်အားဖြန့်ဖြူးမှု ဘုတ်အဖွဲ့ YESB သို့ပေးပို့လိုက်သည်။

မြန်မာ၏လတ်တလော လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာကို ဖြေရှင်းပေးသည့်အနေဖြင့် ဂျပန်အစိုးရထံမှ အရေးပေါ်ကူညီပေးမှု အစီအစဉ်အရ အဆိုပါဓာတ်အားပေးစက်များကို ပေးပို့ခြင်းဖြစ်သည်။

ယခုအစီအစဉ်သည် ၂၀၁၁ တွင် မြန်မာနိုင်ငံ၌ အရပ်ဖက်အုပ်ချုပ်ရေးစနစ်စတင်ပြီးနောက်ပိုင်း ဂျပန်က မြန်မာသို့ပေးသော ၎င်းအကူအညီ အမျိုးအစားများအနက် ပမာဏအများဆုံးဖြစ်သည်ဟု သိရှိရသည်။

ဖော်ပြပါ ဒီဇယ်ဓာတ်အားပေးစက် ၁၃ စုံစလုံးကို သာကေတဓာတ်အားပေးစက်ရုံတွင် တပ်ဆင်သွားမည်ဖြစ်သည်။ ၎င်း ဒီဇယ်ဓာတ်အားပေးစက် ၁၃ လုံး၏ စုစုပေါင်း ခန့်မှန်းခြေ ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏမှာ ၁၃၀၀၀ ကီလိုဝပ်ရှိသည်ဟု သိရှိရသည်။


အင်ဒိုနီးရှားနိုင်ငံပိုင် ကျောက်မီးသွေးလုပ်ငန်း Bukit Asam မြန်မာတွင် ဒေါ်လာသန်း ၈၀ ဖိုးရင်းနှီးမြှုပ်နှံမည်

(The Jakarta Globe သတင်းစာမှ 25 March 2013 ရက်စွဲပါ Coal Miner Bukit Asam Invests $80 in Myanmar ကိုဘာသာပြန်ဆိုသည်)

ယခုအခါ အရှေ့တောင်အာရှဒေသတွင် အလျင်အမြန်ကြီးထွားလျက်ရှိသော မြန်မာ့စီးပွားရေး အစုရှယ်ယာများ ရယူရန် နိုင်ငံခြားစီးပွားရေးလုပ်ငန်းကြီးများ အလုပ်အယက် ကြိုးပမ်းနေချိန်တွင် အင်ဒိုနီးရှားနိုင်ငံပိုင် ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းကြီးဖြစ်သော Bukit Asam ကလည်း မြန်မာ့စီးပွားရေးနယ်ပယ်ထဲသို့ ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံပြီး ဝင်ရောက်ရန် ပြင်ဆင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အကြီးစားကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံတစ်ခုတည်ဆောက်ရန် စီစဉ်ထားကြောင်း၊ ယင်းစက်ရုံသည် မြန်မာနိုင်ငံရှိ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်စက်ရုံ အမျိုးအစား များထဲတွင် အကြီးဆုံးဖြစ်လာလိမ့်မည်ဖြစ်ကြောင်း Bukit Asam လုပ်ငန်းက ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ထုတ်ဖော် ပြောကြားသည်။

“ဒီစက်ရုံစီမံကိန်းကြီးကနေ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၂x၂၀၀ ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ စီမံကိန်းအတွက် သုတေသနအဖွဲ့က ကြိုတင်လေ့လာဆန်းစစ်မှုတွေလုပ်ကိုင်ထားပြီးဖြစ်ပါတယ်” ဟု Bukit Asam မှ ပူးတွဲအတွင်းရေးမှူး Joko Pramono ကပြောကြားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးတိုးချဲ့လုပ်ကိုင်ရန် ကြိုးပမ်းနေသည့် အင်ဒိုနီးရှား နိုင်ငံပိုင်လုပ်ငန်းကြီး ၁၅ ခုရှိရာတွင် Bukit Asam လည်းအပါအဝင်ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီး Dahlan Iskan ကဆိုသည်။

Bukit Asam သည် ဘဏ္ဍာငွေရရှိမည့် ရင်းမြစ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာရန် ကြိုးပမ်းလျက်ရှိရာ ပြည်တွင်း၌သာမက ပြည်ပတွင်လည်း လုပ်ငန်းတိုးချဲ့လုပ်ကိုင်လျက်ရှိသည်။

တရုတ်နိုင်ငံ၌ စီးပွားရေးနှေးကွေးမှုကြောင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေစဉ် ကမ္ဘာလုံးဆိုင်ရာ ကျောက်မီးသွေး ဈေးနှုန်းများ ကျဆင်းလျက်ရှိရာ Bukit Asam ၏ ဝင်ငွေရရှိမှုမှာလည်း တဖြည်းဖြည်းချင်းလျော့ကျလာလျက်ရှိသည်။

Bukit Asam ကုမဏီ၏ အသားတင်ဝင်ငွေမှာ ၂၀၁၁ ခုနှစ်အတွင်း အင်ဒိုနီးရှားရူပီးငွေ ၃ ဒဿမ ၀၉ ထရီလီယံ ရှိခဲ့သော်လည်း ယမန်နှစ်အတွင်း ၆ ရာခိုင်နှုန်းအထိကျဆင်းခဲ့ရာ ၂ ဒဿမ ၉ ထရီလီယံဖြစ်ကြောင်း သိရသည်။

Bukit Asam သည် လုပ်ငန်းမှ ထုတ်လုပ်သည့် ကျောက်မီးသွေး ၄၅ ရာခိုင်နှုန်းကို ဂျပန်၊ ထိုင်ဝမ်နှင့် ဗီယက်နမ် အပါအဝင် ပြည်ပမှ ဝယ်လက်များသို့ရောင်းချလျက်ရှိသည်။

ဆူမာတြားတောင်ပိုင်း Muara Enim တွင်အခြေစိုက်သည့် Bukit Asam ကုမဏီသည် အင်ဒိုနီးရှားရှိ ၎င်း၏ ကျောက်မီးသွေးတွင်းများအတွက် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စီစဉ်လျက်ရှိသည်။

ကုမ္ပဏီအနေဖြင့် ပင်မစီးပွားရေးလုပ်ငန်းများ၏ အခြေခံအဆောက်အဦများတည်ဆောက်ရန် ဘတ်ဂျက်ငွေ ဒေါ်လာ သန်း ၅၈၀ ကို လာမည့်ငါးနှစ်တာကာလအတွက် ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။

ဆူမာတြားဒေသတွင်လည်း မီဂါဝပ် ၁၄၆၀ ထွက်ရှိမည့် ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံတည်ဆောက်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

Bukit Asam ၏ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို အင်ဒိုနီးရှားအစိုးရက ပိုင်ဆိုင်ပြီး ယခုအခါ နိုင်ငံပိုင် လျှပ်စစ် ဓာတ်အား ထေက်ပံ့ရေးလုပ်ငန်း PLN နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုးထားကြောင်းသိရသည်။

ယင်းသဘောတူညီချက်အရ မလေးရှားသို့ လျှပ်စစ်ဓာတ်အားတင်ပို့ရောင်းချနိုင်မည့် မီဂါဝပ် ၁၂၀၀ ထွက်ရှိသော ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်လုံးကို PLN၊ မလေးရှားလုပ်ငန်းတစ်ခုတို့နှင့် ပူးပေါင်းလုပ်ကိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွာရေးတိုးချဲ့လုပ်ကိုင်ရန် နည်းလမ်းရှာဖွေနေသော အင်ဒိုနီးရှားနိုင်ငံပိုင်လုပ်ငန်းများတွင် Bukit Asam ကုမဏီတစ်ခုတည်းမဟုတ်ပေ။

စည်သွပ်ဗူးထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော Timah၊ တယ်လီဆက်သွယ်ရေးလုပ်ငန်းဖြစ်သော telcomunikasi Indonesia ၊ ဘိလပ်မြေလုပ်ငန်း Semen Indonesia နှင့် မြေသြဇာထုတ်လုပ်ရေးလုပ်ငန်း Pupuk Indonesia နှင့် PLN တို့လည်းပါဝင်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သော Garuda မှလေယာဉ်များ ပြုပြင်ထိန်းသိမ်းရေးအတွက် လုပ်ကိုင်ပေးလျက်ရှိသော GMF AeroAsia ကလည်း မြန်မာ့လေကြောင်းလိုင်းများမှ လေယာဉ်များ ပြင်ဆင်ထိန်းသိမ်းရေး အတွက် သဘောတူညီမှုရရှိထားကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောဆိုထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive