Transparency Myanmar

transparency.myanmar@gmail.com

WEEK IN INTERNATIONAL AFFAIR
Document WEEK IN INTERNATIONAL AFFAIR

Snapshot of the item below:
WEEK IN INTERNATIONAL AFFAIR

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ သတင်းများ

မတ်လ (၂၁) မှစတင်၍ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အခြေအနေများကို စာဖတ်သူများ သိစေရန် အလို့ငှာ စုစည်းတင်ပြအပ်ပါသည်။

အီတလီနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ

Photo Credit by Yahoo News

မတ်လ (၂၆) ရက်နေ့တွင်အီတလီနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဂျူလီယိတာဇီသည် ရာထူးမှနုတ်ထွက် တော့မည် ဟုကြေညာခဲ့သည်။ ဂျူလီယိတာဇီသည် လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသော အီတလီတပ်ဖွဲ့ဝင် နှစ်ဦးအား အမှုရင် ဆိုင်ရန် အိန္ဒိယနိုင်ငံသို့ မတ်လ (၂၂) ရက်နေ့က အီတလီအစိုးရမှ ပြန်ပို့ရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းအပေါ်  ကန့်ကွက်သည့် အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည် ဟုဆိုသည်။ ယင်းတပ်ဖွဲ့ဝင်နှစ်ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက အိန္ဒိယငါးဖမ်းသမားနှစ်ဦးကို ပစ်သတ်ခဲ့မှုဖြင့် စွဲချက်တင်ထားခံရကြောင်းသိရသည်။

တည်ငြိမ်မှုမရရှိသေးသော ဆီးရီးယား

              ပဋိပက္ခများ မကြာခဏဖြစ်ပွားနေသော ဆီးရီးယားအရေးအား မတ်လ ၂၂ ရက်နေ့တွင် ရုရှားသမ္မတ ဗလာဒီ မာပူတင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း တို့ဖုန်းဖြင့်ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။ နိုင်ငံတကာ ကိစ္စရပ်များ အပေါ် နှစ်ဦးနှစ်ဖက်သဘောထားများဖလှယ်ခဲ့ကြပြီး ဆီးရီးယားနိုင်ငံအရေးအား ညှိနှိုင်းဆွေးနွေးမှု များဖြင့် ဖြေရှင်းသင့်သည်ဟု သဘောတူခဲ့ကြသည်။ ၂၀၁၁ မတ်လမှ စတင်ခဲ့သော ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် အပေါ်ပုန်ကန် ထကြွ မှုကြောင့် လူပေါင်း ၇၀၀၀၀ ခန့်သေဆုံးသွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းပြောဆိုထား သည်။

              မတ်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော အာရပ်အဖွဲ့ချုပ်ထိပ်သီးအစည်းအဝေးပွဲတွင်လည်း ဆီးရီးယား အတိုက် အခံခေါင်းဆောင် အာမက်မိုအာ့ဇ်အယ်လ်ခါတစ် တက်ရောက်ခဲ့သည်။ ယင်း အစည်းအဝေးပွဲတွင် အဖွဲ့ဝင်နိုင်ငံ တိုင်းက ဆီးရီးယားနိုင်ငံအား စစ်တပ်အင်အား၊ ကာကွယ်ရေးနည်းမျိုးစုံ အကူအညီပေးနိုင်ရေး၊ ဆီးရီးယားလွတ် မြောက်ရေး တပ်မတော်နှင့် ဆီးရီးယားပြည်သူများ၏ ခုခံတော်လှန်မှုများကို ထောက်ပံ့ပေးရန် အတည်ပြုခဲ့ကြသည်။ သို့သော် လည်း ဆီးရီးယားအရေးအခင်းတွင် အဓိကအားဖြင့် နိုင်ငံရေးအရဖြေရှင်း ဆောင်ရွက်မှုများ ကိုဦးစားပေးသင့်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါသည်။

ဆိုက်ပရက်စ်နိုင်ငံ ဘဏ္ဍာရေးအကျပ်အတည်း၏ နောက်ဆက်တွဲပြဿနာများ

              ဆိုက်ပရက်စ် (Cyprus) ကျွန်းနိုင်ငံတွင်ရင်ဆိုင်နေရသော ဘဏ္ဍာရေးအကျပ်အတည်းအတွက် သဘောတူညီမှု တစုံတရာရရှိနိုင်ရန် နောက်ဆုံးကြိုးပမ်းသည့်အနေဖြင့်ဆိုက်ပရက်စ် ခေါင်းဆောင်များသည် နိုင်ငံတကာမှ ငွေချေးမည့် သူများနှင့် အရေးပေါ် ဆွေးနွေးလျက်ရှိသည်။ အကယ်၍ တနင်္လာနေ့တွင် ရလဒ် ကောင်းထွက်မလာခဲ့လျှင် ဆိုက်ပရက်စ် ၏ဘဏ်လုပ်ငန်းများ ပြိုပျက်ကာ၊ နိုင်ငံဟာလည်း ဒေဝါလီခံရတဲ့ အခြေအနေဆိုက်ရောက်သွားနိုင်သည်ဟု သုံးသပ်သူ များကဆိုသည်။ ဥရောပသမဂ္ဂထဲက ယူရိုငွေကြေး သုံးစွဲသော နိုင်ငံအဖြစ်ကနေလည်း ထွက်သွားရနိုင်သည် အလား အလာများကြောင့် ယူရိုငွေ၏ တည်ငြိမ်မှု ကိုလည်း ခြိမ်းခြောက်နေသည်ဟုဆိုသည်။ ဘဏ်အပ်ငွေများအပေါ် အခွန် ကောက်မည့် အစီအစဉ် အား ပါလီမန်က ပယ်ချခဲ့သောကြောင့် မအောင်မြင်ခဲ့သလို၊ ရုရှားကလည်း ဆိုက်ပရက်စ်ကို အကူအညီပေးဖို့ ငြင်းဆန်ခဲ့ကြောင်းသိရသည်။ အရေးပေါ်ငွေချေးမည့်သူများနှင့် သဘောတူထာသည့်အတိုင်း လိုအပ် သော ဆောင်ရွက်မှုများအား ဆိုက်ပရက်စ်က နောက်ဆုံးအချိန်ရောက်မှ ကြိုးစားခဲ့ခြင်းအတွက် ငွေချေးမည့် ဘက်က အယုံအကြည် မရှိသလောက် ဖြစ်နေသည်ဟု ဘရက်ဆဲလ် ဆွေးနွေးပွဲ၌ ပါဝင် ဆွေးနွေးသော နိုင်ငံတကာ ဘဏ္ဍာရေး ဆိုင်ရာသိပ္ပံက Hung Tran က ပြောကြားသွားခဲ့သည်။

တင်းမာမှုများရှိနေဆဲ မြောက်ကိုရီးယားနှင့်တောင်ကိုရီးယား

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုအရှိန် မြင့်လာသည်နှင့်အမျှ စစ်ပွဲအချိန်မရွေး ပြန်ဖြစ်နိုင်ခြေ ရှိသောကြောင့် ဆက်သွယ်ရေး လမ်းကြောင်းများ မလိုအပ်တော့ဟု မြောက်ကိုရီးယား တာဝန်ရှိသူများက တောင်ကိုရီးယား နိုင်ငံသို့ အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း မြောက်ကိုရီးယားသတင်း အေဂျင်စီဖြစ်သော  အစိုးရအာဘော် KCNA က ဗုဒ္ဓဟူး နေ့ မှာပြောကြားခဲ့ပါသည်။ ထိုသို့ နှစ်နိုင်ငံအကြား စစ်မဲ့ဇုံ၏ မြောက်ဘက် Kaesong ပူးတွဲ စက်မှုဇုံမှာရှိသော အရေးပေါ် တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းအား  မြောက်ကိုရီးယား ဘက်ကဖြတ်တောက်လိုက်ပြီဆိုသည်ကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက  အတည်ပြု ပြောဆိုခဲ့သည်။ ယခင်ကလည်း ယင်းစစ်ဘက်အရေးပေါ် ဆက် သွယ်ရေး လိုင်းများအား  မြောက်ကိုရီးယား ဘက်က ဖြတ်ခဲ့ဖူးသော ကြောင့် တောင်ကိုရီးယား အလုပ်သမားများ စက်မှု ဇုံထဲတွင် ပိတ်မိနေခဲ့ဖူးကြောင်း သိရသည်။  ယခုနောက်ဆုံး ဆက်သွယ် ရေး ဖြတ်တောက်မှုကြောင့် စက်မှုဇုံပေါ်မည်ကဲ့ သို့ သက်ရောက်မယ် ဆိုသည်ကို  မသိရသေးပေ။ မြောက်ကိုရီးယားက တောင်ကိုရီးယားအပေါ် နေ့စဉ်လို စစ်ရေး အရ ခြိမ်းခြောက် ပြောဆိုမှုများ လုပ်နေချိန်တွင် ယခု အဆက်အသွယ် ဖြတ်သည့်ကိစ္စ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ အမေရိ ကန် နှင့် တောင်ကိုရီးယား နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်ခြင်း၊ နောက်ဆုံး ပြုလုပ်ခဲ့သည့် နျူကလီးယား စမ်းသပ်မှု ကြောင့် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှု ချမှတ်ခဲ့ခြင်းများအပေါ် မြောက်ကိုရီးယားက မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

 

တရုတ်သမ္မတသစ်၏ ပြည်ပခရီးစဉ်

Photo Credit by Kyodo News

 

              တရုတ်၏ သမ္မတသစ်ဖြစ်သော ရှီကျင်းပင် ၏ပထမဦးဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် မတ်လ (၂၂) ရက်နေ့တွင် မဟာမိတ်ဖြစ်သည့် ရုရှားသမ္မတနိုင်ငံတော်သို့သွားရောက်ခဲ့ပါသည်။ ရင်းနှီးပြီးသား နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန် တရုတ်သမ္မတ ရှီကျင်းပင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် နှစ်နိုင်ငံ ကြားစွမ်း အင်နှင့် အခြားသဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြသည်။ ရုရှား နိုင်ငံဟာ ကမ္ဘာတွင် လောင်စာ စွမ်းအင် အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် လောင်စာစွမ်းအင်ကို အများဆုံး ဝယ်ယူအသုံးပြုနေသည့် နိုင်ငံတစ်ခုဖြစ်ပါသည်။

 

 

ဗဟိုအာဖရိကနိုင်ငံရှိ အရေးအခင်း

 

              မတ်လ ၂၄ ရက်နေ့၌ အစိုးရတပ်ဖွဲ့ဝင်များနှင့် သူပုန်များအကြားပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွား ပြီးနောက် ဗဟိုအာဖရိက၏မြို့တော် Bangui အားသူပုန်များက သိမ်းပိုက်ခဲ့ကြောင်းသိရသည်။ မြို့တော် သိမ်းပိုက်ခံရပြီးနောက် သမ္မတဖရန့်ဆွာဘိုဇစ်ဇီ သည်ရဟတ်ယာဉ်ဖြင့် ကင်မရွန်းသို့ ထွက်ပြေးခဲ့သည်။ ဘိုဇစ်ဇီ ၏ မိသားစုဝင် ၂၅ ဦးသည် ကွန်ဂိုသမ္မတနိုင်ငံရှိ ဇွန်ဂိုမြို့သို့ ထွက်ပြေးကာ  ခိုလှုံခွင့်တောင်းခံ၍ ယင်းမှတဆင့် အခြားနိုင်ငံ တစ်နိုင်ငံသို့ ရွှေ့ပြောင်း နေထိုင်ဖွယ်ရှိသည် ဟူ၍လည်း သတင်းများကဖော်ပြခဲ့ကြသည်။ ဗဟိုအာဖရိကနိုင်ငံ၏ မြို့တော်ကို သိမ်းပိုက်ခဲ့သည့် ဆီလီကာသူပုန်ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် မိုက်ကယ်ဒီဂျိုတိုဒီယာ သည်အများလက်ခံပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲများမကျင်းပမီ အပြောင်းအလဲကာလ၌ နိုင်ငံအားယင်းတို့ ဦးဆောင်မည်ဟု ပြောကြားခဲ့သည်။ ထို့နောက် တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုရပ်ဆိုင်းပြီး လွှတ်တော်အားဖျက်သိမ်းကြောင်းကြေညာခဲ့သည်။ လာမည့်နှစ် ရွေး ကောက်ပွဲ မတိုင်မီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်အတွက် အစိုးရနှင့်သူပုန်များအကြား ငြိမ်းချမ်းရေး သဘော တူညီမှုကို ဇန်နဝါရီလ တွင်ရရှိခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေး အပါအဝင် သူပုန်များက ၎င်းတို့၏ တောင်းဆိုချက်များအား ထုတ်ဖော်ပြောဆိုပြီးနောက် ယင်းသဘောတူညီမှုပျက်ပြား ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံတစ်ခုဖြစ်သော ဗဟိုအာဖရိကနိုင်ငံသည် ၁၉၆၀ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံ ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီး ကတည်းက မတည်ငြိမ်မှုများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

သြစတြေးလျနိုင်ငံ၏ ဝန်ကြီးများ အပြောင်းအလဲ

 

              စက်တင်ဘာလရွေးကောက်ပွဲတွင် လေဘာပါတီ ရှုံးနိမ့်မှုကို ကာကွယ်ရန်၊ ယခင် ခေါင်းဆောင်ဟောင်း ကီဗင်ရုဒ် အားထောက်ခံသည့်အနေဖြင့် လူ့စွမ်းအားဝန်ကြီး မာတင်ဖာဂူဆန်၊ ပညာရေးဝန်ကြီး ခရစ်ဘိုဝင် နှင့် ဝန်ဆောင် မှုရေးရာဝန်ကြီး ကင်မ်ကားတို့သည် မစ္စဂေးလော့ဒ်၏ အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်းသိရသည်။ ထို့ပြင် လေဘာတီ ပါတီ၏ ဝါရင့်အမတ်ဖြစ်သူ အနုပညာရေးရာဝန်ကြီး ဆိုင်မွန်ခရင်း သည်လည်း ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂေးလော့ဒ်သည် လာမည့် စက်တင်ဘာ ၁၄ ရက်နေ့ ရွေးကောက်ပွဲအတွက် ပြင်ဆင် ထားပြီး ရွေးကောက်ပွဲမဲဆွယ်ရေးအဖွဲ့တွင် ကီဗင်ရုဒ်ကိုလည်း ထည့်သွင်းသွား မည်ဖြစ်သည်။ ထို့ပြင် ဝန်ကြီးချုပ်သည် အစိုးရဖွဲ့အတွင်း ဝန်ကြီးနေရာများ လစ်ဟာခြင်းကို မကြာမီရက်ပိုင်း အတွင်းဖြည့်ဆည်းသွားမည်ဟု အတည်ပြု ပြောကြားခဲ့သည်။

 


 

                                                                                       

              

              

              

              

 

              

              

              

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

WEEK IN ECONOMIC
Document WEEK IN ECONOMIC

Snapshot of the item below:
WEEK IN ECONOMIC

တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးသတင်းဖြစ်စဉ်

သတင်းအဖွဲ့

တစ်ပတ်အတွင်း စီးပွားရေးသတင်းများကို ပြည်သူများ သိစေရန်အလို့ငှာ Yangon Chronicle မှ ဖော်ပြလိုက်ပါသည်။

(၁) တိုးတက်လာသော ရင်းနှီးမြုပ်နှံမှု

ပြည်ပရင်းနှီးမြုပ်နှံမှုမှာ ယခင် ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်ထက် ယခုဘဏ္ဍာနှစ် ၂၀၁၂ - ၂၀၁၃ တွင် သုံးဆတိုးတက် လာခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ သိရှိရသည်။ ယခုနှစ် ကဏ္ဍမျိုးစုံတွင် ရင်းနှီး မြုပ်နှံမှု အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ( သန်းတစ်ထောင့် တစ်ရာကျော်) ရှိခဲ့ပြီး ယခင်နှစ်က ကဏ္ဍစုံအတွက် ပြည်ပ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်းသုံးရာ ကျော်သာရှိခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံ ထားသည့် နိုင်ငံများအနက် တရုတ်နိုင်ငံမှာ အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံကျော် ဖြင့်အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှာ အမေရိကန် ဒေါ်လာ ကိုးဘီလီယံ၊ စင်ကာပူနိုင်ငံ မှာ နှစ်ဘီလီယံရှိကာ မြန်မာနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှုပမာဏ မှာ ကန်ဒေါ်လာ ၄၂ ဘီလီယံ ကျော်ရှိ ကြောင်း သိရှိရသည်။

ရေနံနှင့်သဘာဝဓါတ်ငွေ့

ယခုနှစ်ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့တင်ပို့မှုမှရရှိသော ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော် အထိမြှင့်တက်လာခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ် ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် အမေရိကန်ဒေါ်လာသန်း ၂၀၀ ခန့် ထပ်မံရင်းနှီး မြုပ်နှံ ခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရသစ်လက်လက်တွင် ဗြိတိန်နိုင်ငံအနေဖြင့် ယခုရင်းနှီး မြုပ်နှံသည့် ပမာဏ အပါအဝင် အမေရိကန် ဒေါ်လာသန်း ၃၃၀ ကျော်ခန့် ရင်းနှီးမြုပ်နှံ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေး

အမေရိကန်နှင့် အီးယူနိုင်ငံအချို့မှာ မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်း၌ ပထမဦးဆုံးအကြိမ်အဖြစ် ဝင်ရောက် ရင်းနှီး မြုပ်နှံရန် ပြင်ဆင်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှုဆိုင်ရာ ညွှန်ကြား ရေးမှူး ဦးလှိုင်ဦး ကပြောကြားခဲ့သည်။ ယခုနှစ်များအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှု မှာ စံချိန်တင်မြှင့်တက်လာမှုနှင့် အမေရိကန်နှင့် အီးယူနိုင်ငံ များဖြစ်သော ဂျာမနီနှင့် ဆွစ်ဇာလန်တို့မှဟိုတယ် များ တည်ဆောက်ရန် သက်ဆိုင်ရာဌာနများ နှင့်လာရောက် ညှိနှိုင်းဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတ္တုတူးဖော်ရေး

ပိုလန်နိုင်ငံအခြေစိုက် 3 Mining ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးကဏ္ဍတွင် ပြည်တွင်း ကုမ္ပဏီတစ်ခု ဖြစ်သော မြန်မာရွှေ ဖွံဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက် လာရောက် ဆွေးနွေးလျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ 3 Mining ကုမ္ပဏီသည် မြန်မာရွှေဖွံဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီနှင့် နှစ်ကြိမ်တိုင်လာ ရောက်ဆွေးနွေးခဲ့ပြီး သတ္တုလုပ်ငန်းတစ်မျိုးတည်းကိုသာ လုပ်ကိုင်ရန် စိတ်ဝင်စား ကြောင်း သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများ

အင်ဒိုနီးရှားနိုင်ငံမှ ရွှေနှင့်သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သော အနီကာတမ်ဘန်းသည် မြန်မာ နိုင်ငံတွင် လုပ်ငန်းများလာရောက်ဆောင်ရွက်ရန် စိတ်ဝင်စားလျှက်ရှိပြီး မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို စောင့်မျှော်နေကြောင်းသိရသည်။ အဆိုပါ ကုမ္ပဏီသည် အင်ဒိုနီးရှားအစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုနှစ် အတွင်း မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရရှိသည်နှင့် အင်ဒိုနီးရှားကုမ္ပဏီအများအပြားမှာ လာရောက် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေကြောင်း အနီကာကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ အယ်လ် ဝင်ဆယာ လူဘစ် ကပြော ကြားခဲ့သည်။

ထို့အပြင် အင်ဒိုနီးရှားဘိလပ်မြေကုမ္ပဏီတစ်ခုဖြစ်သော ဆီမန်ကုမ္ပဏီမှ တစ်နှစ်တန်ချိန် တစ်သန်း ထုတ်လုပ် နိုင်သော စက်ရုံတစ်ရုံကိုတည်ဆောက်ရန်အတွက် ဒေါ်လာသန်း ၇၀ ခန့် စိုက်ထုတ်အကုန်အကျခံ ကာ မိတ်ဖက်အဖွဲ့ အစည်းတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်း၏ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ် သွားမည် ဖြစ်ကြောင်း ဆီမန်ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဒွိဆိုအတ်ဂျစ်တို ကပြောကြား ခဲ့သည်။

အင်ဒိုနီးရှားအစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် ဘူကစ်အာဆန် ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံ တွင်အကြီးဆုံးဖြစ်လာနိုင်မည့် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတစ်ရုံကို တည်ဆောက်ရန်စီစဉ် နေပြီး ယင်းစက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ အထိအသုံးပြုရန်ရည်မှန်းထားကြောင်း အဆိုပါကုမ္ပဏီ၏ အတွင်းရေးမှူးဖြစ်သူ ဂျိုကိုပရာမိုနို က ပြောကြားခဲ့သည်။ အဆိုပ်စွမ်းအင်စီမံကိန်းမှာ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(၂) ဘဏ္ဍာရေးကဏ္ဍ

မြန်မာကျပ်ငွေနှင့်လဲလှယ်ရန် နိုင်ငံခြားငွေကြေး ၂ ခုထပ်မံခွင့်ပြု

မြန်မာနိုင်ငံသို့ လာရောက်ကြသော ခရီးသည်များအတွက် မြန်မာကျပ်ငွေနှင့်လဲလှယ်သုံးစွဲနိုင်ရန် နောက်ထပ် နိုင်ငံခြားငွေကြေးနှစ်မျိုး ဖြစ်သည့် တရုတ်ယွမ်ငွေနှင့် ထိုင်းဘတ်ငွေတို့ကို ထပ်မံခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်မြန်မာနိုင်ငံ၏ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဘဏ်များ၌ ကျပ်ငွေနှင့် တရားဝင်လဲလှယ်ခွင့် ရှိသော ငွေကြေးများမှာ ယူရို၊ အမေရိကန်ဒေါ်လာနှင့် စင်္ကာပူဒေါ်လာတို့ဖြစ်ကြောင်း သိရသည်။

ချေးငွေလုပ်ငန်း

ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် အေစီလီဒါဘဏ် အီအယ်လ်စီ၏ လုပ်ငန်းခွဲကုမ္ပဏီတစ်ခုဖြစ်သည့် အေစီလီဒါ အမ်အက်ဖ်အိုင် မြန်မာကုမ္ပဏီလိမိတက်ရုံးချုပ်ကို မတ်လ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသေးစား ချေးငွေထုတ် ပေးခြင်းနှင့် အပ်ငွေလက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ကုမ္ပဏီ၏ အနည်းဆုံးချေးငွေပမာဏမှာ ကျပ်တစ်သိန်းဖြစ်ပြီး ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ် ၁၅ မြို့နယ်တွင် ချေးငွေ လုပ်ငန်းများကို လုပ်ကိုင်သွားမည်ကြောင်း သိရသည်။

(၃) ကုန်သွယ်ရေးကဏ္ဍ

မြန်မာ - ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံနယ်စပ်ရှိ လမ်းဖောက်လုပ်ရေးပြီးစီးပါက ရန်ကုန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့် သွားနိုင်ရန်စဉ်းစားနေကြောင်း ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဘတ်အာမက် ကပြောကြားခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးကို လွန်ခဲ့သည့်နှစ် နှောင်းပိုင်းက ဖွဲ့စည်းခဲ့သော နှစ်နိုင်ငံပူးတွဲကုန်သွယ်မှုကော်မရှင်မှ ချမှတ် ထားသည့် မူဘောင်များအရ သက်ဆိုင်ရာ နိုင်ငံများမှ အရာရှိများက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု အား ဒေါ်လာသန်း ၁၀၀ ဝန်းကျင်မှ သန်း ၅၀၀ အထိနှစ်စဉ် တိုးမြှင့်သွားရန် ပြီးခဲ့သည်နှစ်က မူများအရ သဘောတူညီထား ကြောင်း သိရှိရသည်။

မြန်မာ - သြစတေးလျ

မြန်မာနိုင်ငံရှိ စီးပွားရေး ကဏ္ဍစုံတွင် သြစတြေးလျ စီးပွားရေး လုပ်ငန်းရှင်များက ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်လို ကြောင်း သမ္မတ ဦးသိန်းစိန်နှင့် မတ်လ ၁၉ ရက်နေ့က တွေ့ဆုံစဉ် သြစတြေးလျ ကုန်သွယ်ရေး ကော်မရှင်အဖွဲ့က ပြောဆို လိုက်ကြောင်း သိရသည်။ အဆိုပါ ကော်မရှင်၏  အမှုဆောင် အရာရှိချုပ်က ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံတွင် သဘာဝ သယံ ဇာတများ အသုံးပြုခြင်း၊ အခြေခံ အဆောက် အအုံများ ဆောက်လုပ်ခြင်း၊ စိုက်ပျိုးရေးအခြေခံ စီးပွားရေး လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်း နှင့် ပညာရေး ကျန်းမာရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ပြောဆိုခဲ့ပြီး မြန်မာ- သြစတြေးလျ နှစ်နိုင်ငံ ကုန်သွယ်မှုက ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ် အတွင်း မတ်လ ၁၈ ရက်နေ့အထိ သွင်းကုန် အမေရိကန် ဒေါ်လာ ဝ.၈သန်း၊ ပို့ကုန်က ဒေါ်လာ ၅.၂၃၄ သန်း။ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၆.၀၃၄ သန်း ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

မြန်မာ - ထိုင်း

ပို့ကုန်သွင်းကုန်ဆိုင်ရာ ပိတ်ပင်တားဆီးမှုများကို မြန်မာနိုင်ငံဘက်မှ ရုပ်သိမ်းပေးလိုက်သည့်အတွက် မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့အကြား နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် ယခုနှစ်တွင် ဘတ်ငွေ ဘီလျံ ၁၀၀ ကျော် လွန်မည်ဟု မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆူရီယာပရာ ဆက်ဘန်ဒစ် ကပြောကြား ခဲ့သည်။ မြန်မာနိုင်ငံက ထိုင်းနိုင်ငံမှ သွင်းကုန် ၁၆၆ မျိုးအား ပိတ်ထားမှဖြေလျှော့ပေးသကဲ့သို့ ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်း ၁၅၃ မျိုးကိုလည်း ဖြေလျှော့ပေးခဲ့သောကြောင့် ယခုနှစ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု သည် ဘတ်ငွေ ဘီလျံ ၁၀၀ ကျော် သို့ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

 


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive