Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“မြန်မာနိုင်ငံက လုပ်ငန်းရှင်များ မိမိတို့ရဲ့ဝန်ထမ်းတွေကို တန်ဖိုးထားပါ။ မိမိတို့ရဲ့ဝန်ထမ်းတွေကို ဂရုစိုက်ပါ။ မိမိတို့ရဲ့ လုပ်ငန်းဝန်ထမ်းများကို ပိုမိုအင်အားတောင့်တင်းအောင် အကြံဉာဏ်တွေကို အသုံးပြုပါ။ ဂျပန်လူမျိုးကို အသုံးပြုပါ။ ဂျပန် နိုင်ငံရေး ငွေရေး၊ ကြေးရေးအသုံးပြု”

ဧပြီ ၁ ရက်နေ့ထုတ် Street View ဂျာနယ် အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “မြန်မာကုမ္ပဏီ ၅၃ ခုနှင့် ဂျပန်ကုမ္ပဏီ ၅၀ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ ပထမအကြိမ် တွေ့ဆုံဆွေးနွေး”သတင်းမှ ဂျပန်နိုင်ငံမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံက အခု(ATPF) အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရှိလို့ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းတွေ၊ အဖွဲ့နိုင်ငံ တွေနဲ့ ဈေးကွက်ရှာဖွေခြင်း လုပ်ငန်းတွေ၊ ကျွန်တော်တို့ နိုင်ငံမှာ အခက်အခဲဖြစ်နေတဲ့ ကုန်သွယ်ရေးမြှင့်တင်ရေးကိစ္စတွေ၊ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စတွေအားလုံးကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမယ့် အခွင့်အရေးတွေရရှိမှာပါ”

ဧပြီ ၁ ရက်နေ့ထုတ် Street View ဂျာနယ် အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “ATPF မှ မြန်မာနိုင်ငံကို လေးကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုလက်ခံရရှိ”သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ပုံနှိပ်နဲ့ထုတ်ဝေရေးလုပ်ငန်းအတွက်က ထိန်းချုပ်စရာလိုကိုမလိုလို့ ကျွန်တော်တို့ဆွဲတဲ့ မီဒီယာဥပဒေမှာ ထည့်မရေးတာ ပစ် ထားတာမပာုတ်ဘူး”

ဧပြီ ၁ ရက်နေ့ထုတ် The Voice ဂျာနယ် အတွဲ (၉) အမှတ် (၁၃) တွင်ပါရှိသော “မီဒီယာဥပဒေကြမ်းကိစ္စ လွှတ်တော်ပြန်မစမီ နှစ်ဖက်တွေ့ဆုံ အဖြေရှာမည်”သတင်းမှ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိ ကြုံတွေ့နေရတာကတော့ ကျေးရွာမှာ စည်ပင်သာယာရေး အဖွဲ့ကဖြစ်စေ၊ ဆောက်လုပ်ရေးလုပ်ငန်းကဖြစ်စေ လမ်းဖောက်တဲ့အခါမှာ လမ်းနေရာပေးဖို့ ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ ဒေသခံတစ်ချို့နဲ့ အဆင်မပြေတဲ့အတွက် တိကျတဲ့ ကျေးရွာချင်းဆက်လမ်း ဥပဒေတစ်ရပ် ရေးဆွဲဖို့လိုတယ်”

ဧပြီ ၁ ရက်နေ့ထုတ် The Voice ဂျာနယ် အတွဲ (၉) အမှတ် (၁၃) တွင်ပါရှိသော “ကျေးရွာချင်းဆက်လမ်းများ တိုးချဲ့ရန် ဥပဒေရေးဆွဲမည်”သတင်းမှ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တောင်သူလယ်သမားတွေ အားလုံးညီညွှတ်သင့်ပြီ။ တောင်သူလယ်သမား အစည်းအရုံးဖွဲ့ပြီးရင် တောင်သူ လယ်သမားတွေ ရဲ့ အခွင့်အရေးတွေ တောင်းဆိုနိုင်ပြီး ဖိနှိပ်ခံရတာတွေကို အင်အားကောင်းကောင်းနဲ့ ပြန်ပြီး တုန့်ပြန်နိုင်မယ်”

မတ်လ ၃၀ ရက်နေ့ထုတ် Unity ဂျာနယ် အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “တောင်သူလယ်သမား အစည်း အရုံးဖွဲ့သင့်ကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ တိုက်တွန်း”သတင်းမှ ပျော်ဘွယ် မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 NEWS IN BRIEF

ဖွဲ့စည်းပုံ ပြင်ဆင်ရေး တစ်နိုင်ငံလုံး အတိုင်းအတာ ဆွေးနွေးသင့်

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်သင့်တဲ့ အချက်အလက်တွေကို တပြည်လုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကအဖွဲ့ဝင် ဆရာဦးဝင်းတင်က မတ်လ ၃၀ ရက်နေ့ ရန်ကုန်မြို့ ဖိုးစိန်လမ်း Holiday ခန်းမမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ပြောင်းလဲဖြစ်စဉ်ကာလနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွင် ဦးဝင်းတင်မှ ပြောသည်။


ပညာရေချိန်နှိမ့်ပါးနေခြင်းမှာ ပဋိပက္ခဖြစ်ရန်လွယ်ကူ

ပညာရေးအားနည်းခြင်းများနှင့် မြန်မာပြည်သူတို့ အယုံလွယ်ခြင်းများကြောင့် လတ်တလော ပဋိပက္ခများ ဖြစ်ပွားနေခြင်းဖြစ် ကြောင်း ဟိန္နူဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၃၀ ရက်နေ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)တွင် ပြုလုပ်သည့် လူ့အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။


ရန်ကုန်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်းများ ချမှတ်

လူဦးရေတိုးတက်လာသည်နှင့်အမျှ ရန်ကုန်မြို့တွင်ချဲ့ထွင်မှုစီမံကိန်းတစ်ရပ်အနေဖြင့် အိမ်ရာစီမံကိန်း ၁၁ ခုကို အထပ်မြင့် အဆောက်အအုံများတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အိမ်ရာစီမံကိန်း ၁၁ ခုမှာ ဝေဠုဝန်အိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ သုဝဏ္ဏအိမ်ရာ၊ ပျဉ်းမပင်၊ ပုစွန်တောင် ပြည်တော်သစ်၊ ရွှေဂုံ၊ ၅၁ လမ်းအိမ်ရာ၊ လမ်းသစ်၊ ကြို့ကုန်း၊ ဦးဝိစာရနှင့် ဖဆပလအိမ်ရာတို့ ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်စီမံကိန်း ဦးစီးဌာနမှသိရသည်။


AP သတင်းဌာန မြန်မာနိုင်ငံတွင်ရုံခွဲဖွင့်မည်

 ၂၈၄၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အမေရိကန်သတင်းဌာန Associated Press (AP)သည် မြန်မာနိုင်ငံတွင်  ရုံးခွဲဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းသတင်းဌာနမှာ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများတိုက်ရိုက် ရယူသည့် နိုင်ငံခြားသတင်းဌာန ၆ ခုအနက်တစ်ခုဖြစ်ကြောင်း သိရှိရသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗပာိုကော်မတီဖွဲ့စည်း
  2. ကချင်စစ်ပွဲများပြီးသွားသော်လည်း တရုတ်သို့သစ်မှောင်ခိုတင်ပို့မှုများ ဆက်လက်မြင့်တက်
  3. ဝန်ကြီးဌာနအချို့၏ အစိုးရအဆင့်မြင့်အရာရှိများ အပြောင်းအလဲပြုလုပ်

အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗပာိုကော်မတီဖွဲ့စည်း

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားလျက်ရှိသော ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေများနှင့်ပတ်သက်၍ ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ရန် အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗပာိုကော်မတီကို မတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်း လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေုငာစာအမှတ်(၃၄/၂၀၁၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။

အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗပာိုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် သမ္မတရုံးဝန်ကြီးဌာန(၄)မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ တာဝန် ယူ ဆောင်ရွက်ကာ ဝန်ကြီးဌာနအသီးသီးရှိ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများပါဝင်သည့်အဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗပာိုကော်မတီအနေဖြင့် အစိုးရ၏လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်နိုင်စေရန် ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်းဖြစ်ပွားရာ နေရာများသို့ သွားရောကှ်ိမ်နင်းနိုင်ရေး၊ အဆိုပါ ပဋိပက္ခများဖြစ်ပေါ်စေရန် နောက်ကွယ်မှသွေးထိုး လှုံဆော်မှုများကို ဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်း၍ ဥပဒေအရ အရေးယူနိုင်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူဗပာိုပြုသော ရဲလုပ်ငန်းစနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကာကွယ် စောင့်ရှောက်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ပေးရေး၊ လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကိုရယူ၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေးတို့ကို စီမံအကောင်အထည်ဖော်ပေးရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း အလားတူအဖွဲ့အစည်းမျိုး ဖွဲ့စည်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း အမိန့်ကြေငြာစာတွင် ဖော်ပြပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားလျက်ရှိသော အဓိကရုဏ်းပြန့်ပွားနေမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မတ်လ ၃၀ ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ ဘာသာပေါင်းစုံနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း(၅၀)ကျော်တို့ တွေ့ဆုံ ဆွေးနွေး မှုများပြုလုပ်၍ပြည်တွင်းနေထိုင်သူများ ကိုးကွယ်လျက်ရှိသည့်ဘာသာကြီးလေးခုအား ကျောင်းသင်ခန်းစာများတွင် ထည့်သွင်း သင်ကြားရေးနှင့် ပဋိပက္ခများဖြစ်ပေါ်ရေး နောက်ကွယ်မှ ကြိုးကိုင်နေသူများအား ထိရောက်စွာအရေးယူ ဆောင်ရွက်ရေး အချက်များ ပါဝင်သည့် အချက်ပေါင်း(၁၀)ချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

YC


ကချင်စစ်ပွဲများပြီးသွားသော်လည်း တရုတ်သို့သစ်မှောင်ခိုတင်ပို့မှုများ ဆက်လက်မြင့်တက်

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့၏ ညှိနှိုင်းဆွေးနွေး သဘောတူညီချက်များအရ ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO တို့ ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကို ရပ်တန့်ထား သော်လည်း တရုတ်နိုင်ငံသို့ သစ်မှောင်ခို ခိုးထုတ်တင်ပို့မှုများမှာမူ ရပ်တန့်ခြင်းမရှိဘဲ ကားများ၊ ယန္တရားယာဉ်ကြီးများဖြင့် ဆက်လက်တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ သစ်များအား ဗန်းမော်၊ မဘိမ်း၊ မိုးမိတ်နှင့် စစ်ကိုင်းတိုင်းထီးချိုင့်တို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုများကြောင့် မြန်မာ့သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများမှာ ဆိုးဝါးလျက်ရှိသည့်အပြင် မှောင်ခိုသမားများမှာ ကျွန်း၊ တမနန်း၊ အင်ကြင်း၊ ပိတ်တောက်၊ သစ်ရာ စသည့်သစ်များအား ယာဉ်ယန္တရားကြီးများဖြင့် တရုတ်နိုင်ငံသို့တင်ပို့မှုများမှာ နှစ်နှစ်အတွင်း တန်ချိန်ခုနှစ်သိန်းကျော်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု မပာာဗျူ ပာာနှင့်အညီ ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအား ကာကွယ်နိုင် ရန် သစ်အလုံးလိုက် ပြည်ပတင်ပို့မှုများကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်နေ့မှစတင်၍ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့သစ်အလုံးလိုက် ပြည်ပတင်ပို့မှုရပ်ဆိုင်း၍ သစ်အချောထည်(သို့) တစ်ဝက်တစ်ပျက် အချောထည်အဖြစ် ပြုလုပ် တင်ပို့ခွင့်ပြုခြင်းဖြင့် မြန်မာ့စက်မှုလုပ်ငန်းကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည် ဖြစ်သည့်အပြင် ပြည်သူများ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း၊ ခေတ်မီနည်းပညာနှင့်ဝင်ငွေများ တိုးတက်ရရှိလာစေမည် ဖြစ်ကြောင်းသိရသည်။

YC


ဝန်ကြီးဌာနအချို့၏ အစိုးရအဆင့်မြင့်အရာရှိများ အပြောင်းအလဲပြုလုပ်

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် လိုက်ပါဆောင်ရွက်ခြင်းမရှိသည့် ဝန်ကြီးဌာနအချို့၏ အစိုးရ အဆင့်မြင့် အရာရှိများနှင့် ညွှန်ကြားရေးမှူးချုပ် အချို့တို့ကို ရာထူးပြောင်းလဲခြင်းနှင့် ဌာနပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးအပါအဝင် အဆင့်မြင့်အရာရှိအချို့အား အနားပေးခြင်းနှင့် ပင်စင်ပေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူ ကာကွယ်ရေး ဌာနတို့မှ ညွှန်ကြားရေးမှူး ၆ ဦးအား အလုပ်သမား ဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သမဝါယမ ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့ ခန့်ထားခဲ့ကြောင်း သိရသည်။

ထို့ပြင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်၊ ကချင်၊ လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် လည်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်ရှိ အစိုးရအဖွဲ့အတွင်းမှ တာဝန်ယူစိတ်မရှိ သူများနှင့် တာဝန်ခံစိတ်မရှိသူများကို အပြောင်းအလဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လာမည့်ဧပြီလအတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတွင်းရှိ အကြီးတန်းအရာရှိများ၏ ရာထူးများကိုလည်း ထပ်မံ ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လအတွင်းက နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုဝန်ကြီး ၉ ဦးကိုပြောင်းလဲတာဝန်ပေးအပ်ခဲ့သည့်အပြင် ဒုတိယဝန်ကြီး ၁၅ ဦးကိုလည်း အသစ်ခန့်အပ်ခဲ့သည်။

 YC


 

                

 

 

 

 

 

        

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive