Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာနိုင်ငံမှ အကြမ်းဖက်အုံကြွမှုကြောင့် တိုင်းပြည်ပုံရိပ်ထိခိုက်

(AFP မှ April 2013 ရက်စွဲပါ “Myanmar unrest harms country’s image”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာခရီးစဉ်သစ်များပျံသန်းရန် Nok Air ပြင်ဆင်

(Bangkok Post မှ 1 April 2013 ရက်စွဲပါ “Nok Air unveils Myanmar routes”ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ ပြင်းထန်သော ဖြစ်ရပ်များကိစ္စ OIC ပြောဆို

(31 March 2013 ရက်စွဲပါ Middle East North Africa Financial Network မှ OIC to raise issue of violence in Myanmar ကိုဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သတင်းစာများပြန်လည်ထွက်ပေါ်

(1 April 2013 ရက်စွဲပါ BBC News မှ Burma sees Return of Private Newspaper သတင်းကို ဘာသာပြန် ဆိုပါသည်)

  1. တရုတ်နှင့် ဘရာဇီးကန်ဒေါ်လာ ၃၀ ဘီလီယံငွေကြေးလွဲပြောင်းမှု သဘောတူစာချုပ် ချုပ်ဆို

(BBC News မှ ၂၇ မတ်တွင်ပါသည့် “China and Brazil sign $30bn currency swap agreement ကိုဘာသာ ပြန်ဆိုသည်။)


မြန်မာနိုင်ငံမှ အကြမ်းဖက်အုံကြွမှုကြောင့် တိုင်းပြည်ပုံရိပ်ထိခိုက်

(AFP မှ April 2013 ရက်စွဲပါ “Myanmar unrest harms country’s image”သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit By AP

မြန်မာနိုင်ငံတွင် လူပေါင်းဒါဇင်နှင့်ချီ၍သေဆုံးကာ နိုင်ငံတကာစိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သော မွတ်စလင် ပစ်မှတ် ထား အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်က တနင်္ဂနွေနေ့တွင် မိန့်ခွန်းပြောကြားရာ၌ အဓိကရုဏ်းသည် တိုင်းပြည်၏ပုံရိပ်ကို ထိခိုက်ပျက်စီးစေသည်ပာု ပြောဆိုလိုက်ပါသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မတ်လ ၂၀ ရက်က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်အဓိကရုဏ်းကြောင့် အနည်းဆုံး ၄ ဦးသေဆုံး၍ ဗလီများ၊ နေအိမ်များ မီးလောင်ပျက်စီးသွားသောကြောင့် အချို့ဒေသများတွင် အစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်ကာ အရေးပေါ်အခြေအနေ ကြေညာထားရပါသည်။

“တစ်ချို့ပြည်သူတွေပာာ ဥပဒေကိုဖောက်ဖျက်ပြီး ဒေါသစိတ်နဲ့ လူသတ်၊ မီးရှို့မှုတွေကျူးလွန်ခဲ့ကြပါတယ်။ ဒီလုပ်ရပ် တွေပာာ နိုင်ငံတကာအလယ်မှာ နိုင်ငံရဲ့ပုံရိပ်ကို အရုပ်ဆိုးစေပါတယ်”ပာု သမ္မတဦးသိန်းစိန်က တနင်္ဂနွေနေ့တွင် ရေဒီယို မိန့်ခွန်းပြောကြားသည်။

“ယင်းကဲ့သို့ လုပ်ရပ်များသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အပြင် စတင်ကာစ ဒီမိုကရေစီအသွင် ကူးပြောင်းမှုကိုလည်း ထိခိုက်စေနိုင်သည်”ပာု ဗိုလ်ချုပ်ကြီးပောာင်းတစ်ဦးဖြစ်သူ သမ္မတက ပြောဆိုသည်။

မနှစ်က လူ ၁၈၀ ခန့်သေဆုံးခဲ့ရသော ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုအဓိကရုဏ်းနောက်ပိုင်း အဆိုးဝါးဆုံးဖြစ်ပွားသော ယခု အဓိကရုဏ်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်သတိပေး သူများထဲတွင် အမေရိကန်ပြည်ထောင်စုနှင့် ကုသမဂ္ဂတို့ ပါဝင်သည်။

ကောလပာလမျိုးစုံ ထွက်ပေါ်နေသော အကြမ်းဖက်အဓိကရုဏ်းနှင့်ပတ်သက်၍ ကြာသပတေးနေ့တွင် ပထမဆုံး အကြိမ် လူသိရှင်ကြားမိန့်ခွန်း ပြောကြားသော သမ္မတဦးသိန်းစိန်က ယခုကိစ္စတွင် နိုင်ငံရေးအမြတ်ထုတ်သူများ၊ ဘာသာရေး အစွန်းရောက်များ ပတ်သက်ဖွယ်ရှိကြောင်းနှင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်ကို ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

ယခုအခါ အခြေအနေတည်ငြိမ်လာပုံရသော်လည်းလူပေါင်းထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ပြီဖြစ်သည်။

မိတ္ထီလာမြို့တွင် ရွှေဆိုင်မှရန်ပွဲကြောင့် အဓိကရုဏ်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း ထိုနောက်ပိုင်း မြန်မာ နိုင်ငံအလယ်ပိုင်းမှအကြမ်းဖက်မှု လှိုင်းဂယက်များမှာမူ ကြိုတင်ကြံစည်ထားပုံရကြောင်း မျက်မြင်သက်သေများက ပြောကြား သည်။

၂၀၁၁ တွင် စစ်အုပ်ချုပ်ရေးအဆုံးသတ်ကာ အာဏာလွှဲပြောင်း လက်ခံပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း မှုများ ကြောင့် နိုင်ငံတကာ၏ ကြိဆိုချီးကျုးမှုကို ရရှိနေသော သမ္မတဦးသိန်းစိန်အတွက် ယခုအဓိကရုဏ်းပြဿနာမှာ ကြီးမား သော စိန်ခေါ်မှုတစ်ခုဖြစ်နေပါသည်။

အထူးသဖြင့် အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပါဝင်ပါတ်သက်နေသော နိုင်ငံရေးအကြောင်းရင်းများကို အရေး ယူဆောင်ရွက်ရန် ခက်ခဲလိမ့်မည်ပာု ပြည်တွင်းမှ အကဲခတ်များက မှတ်ချက်ပေးကြသည်။

ဆူပူအကြမ်းဖက်သူများကို လုံခြုံရေးတပ်ဖွဲ့များက ထိထိရောက်ရောက် မနှိမ်နင်းခြင်းကို အကြောင်းပြုကိုးကား၍ ယခု ပြဿနာတွင် အစိုးရပတ်သက်မှုရှိသည်ပာု ကုလသမဂ္ဂကိုယ်စားလှယ်က တင်ပြထားခြင်းကို မြန်မာနိုင်ငံက သောကြာ နေ့ တွင် ပြင်းပြင်းထန်ထန်ကန့်ကွက်ပယ်ချခဲ့သည်။


မြန်မာခရီးစဉ်သစ်များပျံသန်းရန် Nok Air ပြင်ဆင်

(Bangkok Post မှ 1 April 2013 ရက်စွဲပါ “Nok Air unveils Myanmar routes”ကိုဘာသာပြန်ဆိုသည်)

Photo Credit By Bangkok Post

ထိုင်း Nok Air လေကြောင်းလိုင်းသည် မဲဆောက်အထူးစီးပွားရေးဇုန်နှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း(AEC) အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တပ်ခ်ခရိုင် မဲဆောက်မှ မြန်မာနိုင်ငံသို့ ခရီးစဉ်နှစ်ခု ပြေးဆွဲရန် စီစဉ်နေပါသည်။

Nok Air လေကြောင်းလိုင်းဘုတ်အဖွဲ့ ဒါရိုက်တာ ဆုမ်ချိုင်းနု အန်ထရာကူးနှင့် အမှုဆောင်ဥက္ကဋ္ဌ ပါတီဆာရာဆင် တို့သည် အမှုဆောင်အဖွဲ့ဝင် ၂၀ ကိုဦးဆောင်ကာ မဲဆောက်မှမော်လမြိုင်သို့ ခရီးစဉ်မပြေးဆွဲမှီ အစမ်းလေ့လာပျံသန်းမှု survey flight ကိုတနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စရိတ်သက်သာ လေကြောင်းလိုင်းသည် မဲဆောက်မှ ရန်ကုန်ခရီးစဉ်ကိုလည်း မိတ်ဆက်ပျံသန်းရန် စီစဉ် လျက်ရှိသည်။

ထိုင်းနှင့် မြန်မာအကြား နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကို အားပေးမြှင့်တင်ရန်အတွက် မဲဆောက် နယ်စပ်စစ်ဆေးရေးဂိတ်ကို အမြဲတမ်းဖွင့်လှစ်ရန် မကြာသေးမှီက သဘောတူညီမှုရရှိခဲ့ပြီးနောက် ယခုကဲ့သို့လေကြောင်း ခရီးစဉ်သစ်များ ပျံသန်းမည့် အစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

အရှေ့တောင်အာရှ ဈေးကွက်တွင် နောက်ဆုံးခေါင်းပြူလာသော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် အမှန် စင်စစ် နှေးကွေးလွန်းသော်ငြားလည်း စိတ်ပိုင်း၊ ရုပ်ပိုင်းတစ်စစီ ကျိုးပဲ့နေသော အခြေအနေမှ ပြန်လည်စုစည်းနိုးထရန် ကြိုး စား နေခြင်းဖြစ်သောကြောင့် ပြောင်းလဲမှုအရှိန်မြန်ဆန်သည်ပာု နိုင်ငံတကာအသိုင်းအဝိုင်းက သတ်မှတ်ကာ ကြိုဆိုကြခြင်း ဖြစ်သည်။

ယခုအချိန်တွင် အာဏာပိုင်များအနေဖြင့် ယခင်အစိုးရ၏ ဆိုးမွေဖြစ်သော ပြည်သူလူထုအား သံသယဖြင့် စောင့် ကြည့် ထိန်းချုပ်သည့် စိတ်နေသဘောထားကို စွန့်ပယ်ကာ ပြည်သူတို့၏ နိစ္စဓူဝစီးပွားရေး၊ လူမှုရေးကိစ္စများ လွယ်ကူ ချော မွေ့ရေးကို အမြဲတမ်း ဦးထိပ်ထား စဉ်းစားတက်သည့် စိတ်နေသဘောထားဖြင့် အစားထိုးရန် လွန်စွာအရေးကြီးသည်ပာု မြန် မာ့ရေးရာ အကဲခတ်လေ့လာသူများက ပြောဆိုထားသည်။

                   


မြန်မာနိုင်ငံမှ ပြင်းထန်သော ဖြစ်ရပ်များကိစ္စ OIC ပြောဆို

(31 March 2013 ရက်စွဲပါ Middle East North Africa Financial Network မှ OIC to raise issue of violence in Myanmar ကိုဘာသာပြန်ဆိုပါသည်)

Photo Credit By ARAB News

အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)မှ အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများသည် ဧပြီလ ၁၄ ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော မူဆလင်များအပေါ် လုပ်ဆောင်နေသည့် ပြင်းထန်သည့် လုပ်ရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဟု OIC အကြီးအကဲက ယမန်နေ့က ကြေညာခဲ့ ပါသည်။

ပါမောက္ခ Ekmeleddin Ihsanoglu ကပြောကြားရာတွင် OIC သည် နောက်ထပ်ဖြစ်ပေါ်လာသော ပဋိပက္ခများ အတွက် သင့်တော်သော အရေးယူဆောင်ရွက်မှုများပြုနိုင်ရန် လိုအပ်သောကိစ္စများအတွက် အသင့်ရှိကြောင်း ပြောကြားခဲ့ပါ သည်။

၎င်းက မြန်မာအစိုးရအား ဗုဒ္ဓဘာသာအစွန်းရောက်များနှင့် အမုန်းပွားနေသူများ၏ လုပ်ဆောင်ချက်များ ရပ်တန့်ရန် နှင့် တိုင်းရင်းသားများအား ရှင်းပစ်သောကိစ္စများ ရပ်တန့်ရန် တိုက်တွန်းခဲ့ပါသည်။        

“OIC အနေဖြင့် မူဆလင်များအပေါ် ဘာသာရေးအရ နှိပ်ကွပ်မှုများရပ်ဆိုင်းသွားရေး အဖြေရှာရန် အဆိုပါကိစ္စအား လုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီများသို့တင်ပြရန် ရည်ရွယ်ပါတယ်။ OIC ဟာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ OIC အထွေထွေအတွင်း ရေးမှူး Ekmeleddin Ihsanoglu ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေပါတဲ့ အဖွဲ့ မြန်မာနိုင်ငံကိုသွားရောက်ဖို့ အီဂျစ်က အဆိုပြုမှုရှိခဲ့ပြီး၊ အဲဒီ ခရီးစဉ် ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ” ဟု ဆိုပါသည်။

“OIC ဟာ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံက မူဆလင်တွေကိုအကူအညီပေးနိုင်ဖို့ မြန်မာနိုင်ငံမှာရုံးဖွင့်ခဲ့ဖို့ ကြိုးစားခဲ့ပေ မယ့် ဗုဒ္ဓဘာသာအစွန်းရောက်များရဲ့ ဆန္ဒပြမှုတွေကို ကြုံရပါတယ်” ဟု OIC မှ တာဝန်ရှိသူတစ်ဦး က Arab News သို့ ပြောပါသည်။

“ပြင်းထန်တဲ့ ဖြစ်ရပ်များဟာ တိုးလာပြီး မြန်မာနိုင်ငံက မူဆလင်တွေအားလုံးကို ပစ်မှတ်ထားလာပါသည်။ မကြာမီက မြန်မာနိုင်ငံအလယ်ပိုင်းက ဖြစ်ခဲ့တဲ့ဖြစ်ရပ်များက ဘာသာရေးအရ မတရားပြုလုပ်မှုကို သေချာစေခဲ့တာပါပဲ” ဟု ၎င်းက ပြော ပါသည်။

သောကြာနေ့က မြန်မာအစိုးရသည် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomas Ojea Quintana ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းများအပေါ်မှတ်ချက်ကို ပြင်းထန်စွာပယ်ချခဲ့ပါသည်။ Quintana သည် ယခုလတ်တလော ပြင်းထန် သော ဖြစ်ရပ်များ၏ အချို့လုပ်ရပ်များတွင် နိုင်ငံတော်၏ ပါဝင်ပတ်သက်မှုရှိကြောင်း သတင်းများရရှိသည်ဟု စွပ်စွဲခဲ့ပါသည်။


မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သတင်းစာများပြန်လည်ထွက်ပေါ်

(1 April 2013 ရက်စွဲပါ BBC News မှ Burma sees Return of Private Newspaper သတင်းကို ဘာသာပြန် ဆိုပါသည်)

Photo Credit By BBC News

မြန်မာနိုင်ငံတွင် နိုင်ငံတော်မှ တစ်ဦးတည်းချုပ်ကိုင်ထားမှု ပြီးဆုံးသွားပြီးနောက်၊ ပုဂ္ဂလိက သတင်းစာ များသည် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်စတင်ထွက်ပေါ်လာပြီဖြစ်ပါသည်။

ယခုအချိန်အထိ သတင်းစာ (၁၆) စောင်ခွင့်ပြုချက်ရရှိထားသော်လည်း တနလာင်္နေ့တွင် လေးစောင်သာ အဆင်သင့် ဖြစ်၍ ထွက်ပေါ်လာမည် ဖြစ်ပါသည်။

ယခု ပုဂ္ဂလိသတင်းစာများ ထွက်ဝေခွင့်ပြုခြင်းသည် မြန်မာနိုင်ငံ၏ အာဏာရှင်အုပ်ချုပ်ရေးမှ ဝေးသွားအောင် လုပ် ဆောင်မှုတွင် အရေးကြီးသော နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်သည်ဟု BBC မှ Jonathan Head က ရန်ကုန်မှ သတင်း ပေးပို့ ခဲ့ပါသည်။

မကြာသေးမီကအထိ မြန်မာနိုင်ငံမှ သတင်းထောက်များသာ် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးသော ကန့်သတ်မှုများကို ကြုံခဲ့ကြရပါသည်။

ဗြိတိသျှကိုလိုနီခေတ်က မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသတင်းစာများမှာ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ အိန္ဒိယ ဘာသာ၊ တရုတ်ဘာသာများဖြင့် ထုတ်ဝေခွင့်ပြုခဲ့သော်လည်း ၁၉၆၄ ခုနှစ်တွင် စစ်တပ်အုပ်ချုပ်မှု အောက်၌ ရပ်ဆိုင်းခြင်းခံခဲ့ ရပါ သည်။

ထို့အပြင် သတင်းစာဆရာများကို မကြာခဏစောင့်ကြည့်ခြင်း၊ တယ်လီဖုန်းကြားဖြတ်နားထောင်ခြင်း၊ တစ်ခါတစ်ရံ ဖမ်းဆီးနှိပ်စက်ခြင်းများ ရှိခဲ့ပါသည်။ စည်းမျဉ်းချိုးဖောက်သောစာစောင်များမှာ ရပ်ဆိုင်းခြင်းခံရပါ သည်။

သို့သော် ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန်တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်အဖြစ် မီဒီယာအပေါ် ချုပ်ကိုင်ထားမှုများကို ဖြေလျှော့ပေးခဲ့ပါသည်။

ပြီးခဲ့သည့် သြဂုတ်လက အစိုးရသည် ထုတ်ဝေမှုများအတွက် စာပေစီစစ်ရေးသို့ တင်ပြရန်မလိုအပ် တော့ကြောင်း သတင်းထုတ်ပြန် ခဲ့ပါသည်။

ထို့အပြင် အစိုးရသည် ဒီဇင်ဘာလက ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ဧပြီလ ၁ ရက်နေ့မှစ၍ ထုတ်ဝေခွင့်ပြုမည်ဟု ကြေညာ ခဲ့ပါသည်။

အချို့သည် ဝယ်လိုအားရှိသော်လည်းအစပိုင်းတွင်လျှော့၍ စောင်ရေသောင်းဂဏန်းသာ ထုတ်ဝေလိမ့်မည်ဟု BBC သတင်းထောက်က သတင်းပေးပို့ခဲ့ပါသည်။

“အခက်အခဲအချို့ရှိနိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်” ဟုရွှေနိုင်ငံသစ်မှ အသက် ၈၁ နှစ်ရှိ အယ်ဒီတာ ဦးခင်မောင် လေး က AP သို့ ပြောပါသည်။

“ဒါပေမယ့် အရင်ကသင်ကြားခဲ့တဲ့ အတွေ့အကြုံတွေနဲ့ လွတ်လပ်မှု၊ ပညာရှင်ပီသမှုတွေနဲ့ သတင်းစာထုတ်ဖို့ အဆင သင့် ဖြစ်နေပါပြီ” ဟု ၎င်းကဆိုပါသည်။

ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရသောနေ့တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် သို့ ရွေးကောက်တင်မြှောက်ခံရသော နှစ်ပတ်လည်နေ့နှင့် ကိုက်ညီနေပါသည်။

သူသည် လွှတ်တော်တွင် စွမ်းအားအပြည့်ရှိသော ပလေယာတစ်ဦး ဖြစ်လာသော်လည်း အစိုးရကြုံတွေ့ရသကဲ့သို့ ရှုပ်ထွေးသော စိန်ခေါ်မှုများကို ကြုံတွေ့ရလျက်ရှိရာ ခက်ခဲစွာတုန့်ပြန်နေရကြောင်း BBC သတင်းထောက်ကဆိုပါသည်။

မကြာသေးမီက မူဆလင်အသိုင်းအဝိုင်းများအပေါ် လူမျိုးရေးအရ တိုက်ခိုက်မှုများအပေါ် ဒေါ်အောင်ဆန်းစုကြည် အနေုဖြင့် မည်သို့မျှပြောဆိုခြင်းမရှိသည့်အတွက် ဝေဖန်ခံနေရပြီး၊ လွတ်လာစမီဒီယာများကိုလည်း မတိကျသော သတင်းများ ဖော်ပြမှုနှင့် မီးလောင်ရာလေပင့် သတင်းဖော်ပြမှုများအတွက် ဝေဖန်ခံနေရသည်ဟု BBC သတင်းထောက်ကဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း ယခုလနှောင်းပိုင်းတွင် ကိုယ်ပိုင်နေ့စဉ် သတင်းစာ ထုတ်ဝေမည်ဖြစ်ပါသည်။


                

တရုတ်နှင့် ဘရာဇီးကန်ဒေါ်လာ ၃၀ ဘီလီယံငွေကြေးလွဲပြောင်းမှု သဘောတူစာချုပ် ချုပ်ဆို

(BBC News မှ ၂၇ မတ်တွင်ပါသည့် “China and Brazil sign $30bn currency swap agreement ကိုဘာသာပြန်ဆို သည်။)

Photo Credit by AFP

တရုတ်နှင့် ဘရာဇီးတို့သည် နောင်ဖြစ်လာနိုင်ချေရှိသည့် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကို ကာကွယ်သည့် အနေ ဖြင့် ငွေကြေး လဲလှယ်မှုဆိုင်ရာသဘောတူညီမှု တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယမန်နှစ်ကကြေညာခဲ့သည့် အဆို ပါ သဘောတူညီမှုမှာ ၎င်းတို့၏ ဗဟိုဘဏ်များအား ပြည်တွင်းငွေ ကြေးများဖြစ်သောယွမ် ၁၉၀ ဘီလီယံသို့မဟုတ် ရီအေစ် ၆၀ ဘီလီယံ(ကန်ဒေါ်လာ ၃၀ ဘီလီယံနှင့် ၂၀ ဘီလီယံ) ခန့်   လဲလှယ်ခွင့်ပေးခဲ့သည်။

 ယင်းမှာကမ္ဘာ့ဘဏ္ဍာရေးအခြေအနေများကို သက်ဆိုင်ခြင်းမရှိဘဲ နှစ်နိုင်ငံကြား ကုန်သွယ်ရေး အဆင်ပြေ ချောမွေ့ မှာအသေအချာပဲဟုအရာရှိများကဆိုသည်။

 ကမ္ဘာ့ ဒုတိယအင်အားအကြီးဆုံးစီးပွားရေးအဖြစ် ရပ်တည်နေသည့် တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

        “အကယ်၍များကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် အကျပ်အတည်းဖြစ်လာခဲ့ရင် (အကြွေးရရှိမှု ကာလတိုတောင်းခြင်းနှင့်အတူ) ကျွန်တော်တို့ရဲ့ အကြီးမားဆုံးမိတ်ဖက် တရုတ်နိုင်ငံမှ အကြွေးရရှိနိုင်တယ်။ ဆိုတော့ ကုန်သွယ်မှုအပေါ် ယာယီရပ်ဆိုင်းခြင်း မျိုး မရှိနိုင်တော့ဘူးပေါ့” ဟုဘရာဇီးစီးပွားရေးဝန်ကြီး Guido Mantega ၏ ပြောကြားချက်အရသိရသည်။

 အဆိုပါ သဘောတူညီမှုမှာတောင်အာဖရိကနိုင်ငံဒါဗင်မြို့တွင် ကျင်းပပြုလုပ်မည့် BRICs နိုင်ငံများ (ဘရာဇီး, ရုရှား, အိန္ဒိယ, တရုတ်နှင့် တောင်အာဖရိက) ၏ ငါးကြိမ်မြောက် အစည်းအဝေး  တက်ရောက်ရင်း လက်မှတ် ရေးထိုးခဲ့ခြင်း လည်းဖြစ်သည်။

ပုံမှန်ကုန်သွယ်ရေးအာမခံချက် ကုန်လွန်ခဲ့သည့် နှစ်အနည်းငယ်ကတရုတ်နှင့် ဘရာဇီးကြားကုန်သွယ်ရေးမှာ တဟုန် ထိုး မြင့်မားလာခဲ့ ရာပမာဏအားဖြင့် ၂၀၀၃ခုနှစ်တွင် ၆.၇ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ၇၅ ဘီလီယံနီးပါးအထိ မြင့်မား လာခဲ့သည်။

ထိုသို့ဖွံ့ဖြိုးမှု ပမဏကြီးမားရခြင်းသည် တရုတ်မှ ဘရာဇီး၏ သဘာဝအရင်းအမြစ်များဖြစ်သည့် သံသတ္တုရိုင်းနှင့် ပဲထုတ်ကုန်တို့ကိုဝယ်လိုအားမြင့်မားလာခြင်းကြောင့်ဖြစ်သည်။  ယခုအခါတွင် ဘရာဇီးသည်လည်းတရုတ်နိုင်ငံထွက် ကုန် ပစ္စည်းများအဓိကတင်ပို့ရာဈေးကွက်လည်း ဖြစ်နေပြီဖြစ်သည်။

 အဆိုပါ ငွေ လဲလှယ်မှုဆိုင်ရာသဘောတူညီမှုသည် နောင်တွင် ကမ္ဘာ့ဘဏ္ဍရေး အကျပ်အတည်း ပေါ်ပေါက်လာပါ ကနှစ်နိုင်ငံကြားကုန်သွယ်နေသည့် ကုန်သွယ်မှုပမာဏကို မထိခိုက်စေရန်ဖြစ်သည် ဟုဘရာဇီးဗဟိုဘဏ် အုပ်ချုပ် ရေးမှူး AlexandreTombini ကဆိုသည်။

 ငွေကြေး လဲလှယ်မှု၏ ရည်ရွယ်ရင်းမှာ နိုင်ငံတကာဘဏ္ဍရေးဈေးကွက်  တွင်ဖြစ်ပေါ်နေသည်များနှင့်ကင်းလွတ်ပြီး

လွတ်လပ်စွာရှိနေနိုင်ရန် ကျွန်တော်တို့မှာဘရာဇီးမှ တရုတ်သို့ (၈)လစာ ပို့ကုန်တင်ပို့မှုနှင့်ဘရာဇီးမှ တရုတ်ထံမှ (၁၀) လစာ သွင်းကုန်တင်သွင်းမှုကိုကာမိသည့် ကန်ဒေါ်လာဘီလီယံ ၃၀ ရှိနေဖို့ပင်ဖြစ်သည် ဟု ၎င်းက ဆိုသည်။

“အဲဒါပုံမှန်ကုန်သွယ်ရေးဆောင်ရွက်ချက်များကိုလုံလုံလောက်လောက် အာမခံပေးနိုင်ပါတယ်” ပိုမိုကြီးမားလာသည့် ယွမ်ငွေကြေးကဏ္ဍ တရုတ်နိုင်ငံသည် ၎င်း၏ ယွမ်ငွေကြေးကို နိုင်ငံတကာအဆင့်ဝင်နိုင်အောင် အားထုတ်လုပ်ဆောင် လျက်ရှိ နေသည်။ ယွမ်ငွေကြေးကိုဒေါ်လာကဲ့သို့ ကမ္ဘာ့ငွေကြေးရန်ပုံငွေမျိုးဖြစ်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိနေသည်။

ထိုသို့ အားထုတ်လုပ်ဆောင်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၎င်း၏ အဓိကကုန်သွယ်ရေးဖက် နိုင်ငံအချို့နှင့် ငွေကြေးလဲလှယ်မှုဆိုင်ရာသဘောတူညီမှု အစီအစဉ်များကို လက်မှတ်ရေးထိုးနေခြင်းဖြစ်သည်။ အဆိုပါသဘောတူညီမှုများ သည် ဗဟိုဘဏ်များကိုငွေကြေးလွဲပြောင်းမှု ပြုလုပ်ခွင့်ကိုသာမက အမေရိကန်ဒေါ်လာထက် ပြည်တွင်း ငွေကြေး ဖြင့်သာ ကုန်သွယ်ရေးလုပ်လိုသည့် လုပ်ငန်းများကို လည်းအသုံးပြုခွင့်ပေးထားသည်။

 တရုတ်မိတ်ဖက်လုပ်ငန်းတစ်ခုနှင့် သုံးနှစ်စာငွေ လဲလှယ်မှုဆိုင်ရာသဘောတူညီမှုတစ်ရပ်အားယခုနှစ် အစောပိုင်း ကအပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း Bank of England မှဆိုသည်။ တရုတ်နိုင်ငံသည် မနှစ်ကလ ည်း သြစတြေးလျနိုင်ငံ နှင့်နှစ်နိုင်ငံကြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်ရန်  သြစီဒေါ်လာ ၃၀ ဘီလီယံ (ကန်ဒေါ်လာ ၃၁ ဘီလီယံ၊

စတာလင်ပေါင် ၂၀ ဘီလီယံ) လဲလှယ်မှု ဆိုင်ရာသဘောတူညီချက်တစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။ ဟောင်ကောင်၊ ဂျပန် နိုင်ငံတို့နှင့်လည်းငွေကြေးဆိုင်ရာသဘောတူညီမှုများရရှိအောင် ရှာဖွေကြိုးစားလျက်ရှိနေသည်။


                                

                               


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive