Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားတွေအတွက် ပေးထားတာတွေကို အမှန်တကယ်ရအောင်၊ အသက်ဝင်အောင်လုပ် ရမယ်။ ဖက်ဒရယ်လို့ပြောပေမယ့် ဗဟို အစိုးရက ချုပ်ကိုင်ထားတဲ့စနစ်နဲ့ သွားနေရင်တော့ မရဘူး”

ဧပြီလ ၂ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၂) တွင်ပါရှိသော “ဖက်ဒရယ်အာဏာခွဲဝေရေးကို ဖော်ဆောင်မည်” သတင်းမှ ကရင်အမျိုးအသား အစည်းအရုံးဗဟိုကော်မတီ စောသမိန်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒဲရစ်မစ်ချယ်ကနေပြီးတော့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းနဲ့ပတ်သက်လို့ လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေလေးတွေ သူလာ ဆွေးနွေးတယ်။ ကျွန်တော်လည်း ရှင်းပြပါတယ်။ ကျွန်တော်တို့ ဒီလမ်းကြောင်းကိုတကယ်လိုချင်တာပါ။ လိုချင်တဲ့ အတွက် ရအောင်နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပါတယ်။ စိန်ခေါ်မှုတွေလဲ အများအပြား ရှိပါတယ်။ ဒီ စိန်ခေါ်မှုတွေကို အောင်အောင် မြင်မြင်နဲ့ ညင်ညင်သာသာနဲ့ ဖယ်ပြီးတော့ ရအောင်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလမ်းကြောင်းကို ရောက်တယ်”

ဧပြီလ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၉) အမှတ် (၁၄) တွင်ပါရှိသော “ဒီမိုကရေစီနောက်ကြောင်း ပြန်မည့် အလုပ်ပြည်ခိုင်ဖြိုးက မလုပ်ဟု ဦးဌေးဦးပြော” သတင်းမှ ဦးဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဂူဂဲလ်က အရင်ကဆို မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအရမ်းတင်းကျပ်ထားတာ၊ အမေရိကန်ရဲ့ ဆက်သွယ်ရေးဥပဒေဘောင် တွေက မြန်မာနိုင်ငံနဲ့မတူဘူး။ ဂူဂဲလ် က ဟိုမှာ လွတ်လွတ်လပ်လပ်လုပ်ခဲ့တာဆိုတော့ မြန်မာနိုင်ငံအစိုးရရဲ့ ဥပဒေအရ လွတ် လပ်မှုအပေါ် မူတည်ပြီးဆုံးဖြတ်မယ်ထင်တယ်။”

ဧပြီလ ၂ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၂) တွင်ပါရှိသော “ဆက်သွယ်ရေးဥပဒေ ပြည်စုံရင်ဝင်ရောက် လာနိုင်တဲ့ ဂူဂဲလ်ကုမ္ပဏီ” သတင်းမှ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အလုပ်အမှုဆောင် ဦးသောင်းစုငြိမ်း၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်းကိုင်တွယ်မှုတွေကို ထိန်းထိန်းသိမ်း သိမ်း ဆောင်ရွက်ခဲ့တာက အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ် စမ်းသပ်ကျင့်သုံးနေတာ အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှား စေလို တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။”

ဧပြီလ ၃ ရက်နေ့ထုတ် Express Times News Journal အတွဲ (၃) အမှတ် (၅) တွင် ပါရှိသော “လျှောက်လှမ်း ဒီမိုကရေစီ ပျက်စီးမည့်အန္တရာယ်ရှောင်ရှားရန် မိတ္ထီလာအရေး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့သည်ဟု သမ္မတပြော ကြား” သတင်းမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးရဖို့ အားလုံးအပြင်းအထန် တောင်းဆိုခဲ့ကြတာပဲ။ တိုင်းရင်းသားတွေ တန်းတူညီတူအခွင့်အရေးရဖို့လုပ်ကြတာ၊ ဒီအတွက်အားလုံးပါဝင်တဲ့ ဆွေးနွေးမှု တစ်ခုလိုတာတော့အမှန်ပါ။ ဒီလိုတွေဖြစ်ဖို့အတွက်လည်း ကျွန်တော်တို့က တောင်းဆို သွားမှာပါ။”

ဧပြီလ ၃ ရက်နေ့ထုတ် Express Times News Journal အတွဲ (၃) အမှတ် (၅) တွင် ပါရှိသော “ငြိမ်းချမ်းရေး လမ်း လျှောက်အဖွဲ့၏ ငြိမ်းချမ်းရေးအလံကို MPC သို့ပို့ဆောင်မည်” သတင်းမှ ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့ခေါင်းဆောင် ဦးရန်နိုင်ထွန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 NEWS IN BRIEF

ရခိုင်ပဋိပက္ခအပြီးသတ်အစီရင်ခံစာရွေ့ဆိုင်း

ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာအားယခင် မတ်လ ၃၁ ထုတ်ပြန်မည်ဖြစ်သော် လည်း ဧပြီလ ၂၃ ရက်နေ့အထိထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာကျော်ရင်လှိုင် ၏ ပြောကြားချက်မှ သိရသည်။


လယ်သမားအခွင့်အရေး ဥပဒေ မကြာမီ ပြဌာန်းမည်

တောင်သူတွေများ၏ ကြွေးမြီပြဿနာကို ဖြေရှင်းပေးနိုင်ရန် အတွက် အစိုးရဘက်မှ အတိုးနှုန်းသက် သက်သာ သာဖြင့် နှစ်ရှည်ချေးပေးနိုင်ရန် ဥပဒေပြဌာန်း ဆောင်ရွက် သွားမယ့်အပြင် တခြားအကာအကွယ်ပေးနိုင်မယ့် ဥပဒေ ပြဋ္ဌာန်း နိုင်ရန် အတွက်ဆွေးနွေးပွဲတစ်ရပ် ကို ဧပြီလ ၁ ရက်နေ့တွင် နေပြည်တော်၌ကျင်းပခဲ့ပါတယ်။ လွတ်လပ်စွာစိုက်ပျိုးပိုင်ခွင့်၊ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချနိုင်ခွင့် စသောအခွင့်အရေးများ အပြင် တခြားဥပဒေအရ ပြဌာန်းသင့်တဲ့အချက်တွေကို ဆွေးနွေး ခဲ့ကြကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်း၏ ပြောဆိုချက်မှသိရသည်။


အလုပ်သမားနည်းဥပဒေသစ်

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ ပူးပေါင်း၍ ဆွေးနွေး သော လူမှုဖူလုံရေးနည်းဥပဒေသစ်၌ လူမှုဖူလုံရေးအခမဲ့ စိစစ်ရေးကတ် ပြားများပြုလုပ်ထားသော အလုပ်သမား များအား ပုဂ္ဂလိကဆေးရုံများတွင် ၅၀ ရာခိုင်နှုန်း ကျန်းမာရေးကုသခံယူနိုင်သည့် စနစ်ကို ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း လူမှုဖူလုံ ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်မှ ပြောကြားသွားခဲ့ကြောင်း သိရသည်။


 

 ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားစဉ် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးများအား ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ်ကာလအတွင်း အခမဲ့ကျန်းမာ ရေး စောင့်ရှောက်မှုပေးရေး အဆိုကို ဧပြီလ ၁ ရက်နေ့ ပဉ္စမအကြိမ်တိုင်း ဒေသကြီးလွှတ်တော်ပုံမှန် အစည်းအဝေးတွင် ဗဟန်းမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာညိုညိုဝင်းတင်သွင်းရာ ကန်ကွက်သူမရှိဘဲအတည်ပြု ဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။


 

 အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗပာိုကော်မတီ၏ ပထမအစည်းအဝေးကျင်းပ

 

အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗပာိုကော်မတီ၏ ပထမအကြိမ်(၁/၂၀၁၃) အစည်းအဝေးကို ဧပြီ ၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ကော်မတီနှင့် လုံခြုံရေးအဖွဲ့အစည်းများ ထိရောက်စွာ ပူး ပေါင်းဆောင်ရွက်နိုင်ရေး၊ အဓိကရုဏ်းဖြစ်ပွားရာနေရာများသို့ လျင်လျင်မြန်မြန်သွားရောက် နှိမ်နင်းနိုင်ရေး၊ ဘာသာရေးအဓိ ကရုဏ်းများ ထပ်မံမဖြစ်ပွားရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ပြည်သူဗပာိုပြုသော ရဲလုပ်ငန်းစနစ် ဖွဲ့စည်း ဆောင်ရွက် ပေးရေးစသည့်ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးရဲချုပ်ဗိုလ်မှူးချုပ် ကျော် ကျော်ထွန်းနှင့် တာဝန်ရှိသူများက ပြည်သူဗပာိုပြုသည့် ရဲလုပ်ငန်းစနစ်အား  တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။


 

 ပြည်သူများအား သစ်ခွဲသားလွတ်လပ်စွာ ရောင်းချတော့မည်

 

နိုင်ငံတော်မှဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ ပြည်သူတို့၏ ဘဝလုံခြုံမှုရှိစေရေး အတွက် နေထိုင်ရေးကိစ္စရပ်များအဆင်ပြေနိုင်စေရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြန်မာ့သစ်လုပ်ငန်းမှပြည်သူများထံသို့ သစ်ခွဲသားများ လွတ်လပ်စွာရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ပြည်သူများအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သစ်လုပ်ငန်းပိုင် သစ်စက်၊ သစ်ဆိုင်တည်ရှိသည့် နေရာများတွင် မည်သည့် ထောက်ခံချက်မျှမလိုအပ်ဘဲသစ်ခွဲသားများအားဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူခွင့်ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


 

 ကရင်အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ကော်မတီဖွဲ့စည်း

ကရင်တစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် ကရင် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီကို မတ်လ ၁၉ နှင့် ၃၀ ရက်နေ့တွင်ပြုလုပ်ခဲ့ သော ကရင်တွေ့ဆုံပွဲ့တစ်ရပ်တွင် ဖွဲ့စည်းလိုက်ကြောင်း KNU မှ ဗဟိုကော်မတီဝင်ဦးမန်းငြိမ်းမောင်၏ ပြောကြားချက်မှ သိရသည်။


စင်ကာပူကုန်သွယ်စီးပွားမြှင့်တင်ရေးဌာန မြန်မာနိုင်ငံတွင်ဖွင့်မည်

 

မြန်မာနိုင်ငံတွင် စင်ကာပူမှ ကုန်သွယ်စီးပွားမြှင့်တင်ရေးဌာနခွဲကို ရန်ကုန်မြို့၌ တရားဝင်ဖွင့် လှစ်ကာ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရင်းနှီးမြှပ်နှံမှု စာချွန်လွှာ တစ်ခုကိုလည်း လက်မှတ်ရေးထိုးရန်ရှိကြောင်း သိရ သည်။


 

 ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်လိုငွေပြမှု ပြည်ထောင်စုလွှတ်တော်မှခွင့်ပြု

 

၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်အတွက်ရန်ကုန်တိုင်းဒေသကြီးဘတ်ဂျက်လိုငွေကျပ်ငါးဘီလီယံကျော် ကို ပြည်ထောင်စု လွှတ်တော်က ထပ်မံခွင့်ပြု လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှ ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထ အကြိမ် ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ယခင် ပြည်ထောင်စု လွှတ်တော်မှ ခွင့်ပြုထားသည့် ဘတ်ဂျက်ငွေကျပ် ၁၃၃ ဒဿမ ၁၉၆ ဘီလီယံခွင့်ပြုထားပြီး သုံးငွေ ကျပ် ၁၆၁ ဒဿမ ၃၂၆ ဘီလီယံဖြစ်သည့်အတွက် ဘတ်ဂျက်လိုငွေ ၂၈ ဒဿမ ၁၃ ဘီလီယံ ရှိခဲ့ပြီး ယခု အသစ်ုပြန်လည်ရေးဆွဲရာတွင် ရငွေ ကျပ် ၁၃၄ ဒဿမ ၇၅၂ ဘီလီယံ၊ သုံးငွေ ကျပ် ၁၆၈ ဒဿမ ၆၈၂ ဘီလီယံ၊ ဘတ်ဂျက်လိုငွေ ကျပ် ၃၃ ဒဿမ ၉၃၀ ဘီလီယံ ရှိခဲ့ သည့်အတွက် ကျပ် ၅ ဒဿမ ဘီလီယံ ထပ်မံ လိုအပ်နေခြင်း ကို ပြည်ထောင်စုလွှတ်တော် သို့ တင်ပြခဲ့ရာ ခွင့်ပြုခဲ့ကြောင်း သိရသည်။


နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့သွားရောက်မည်

 

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ မကြာမီကာလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွား ရောက်၍ တရုတ်နိုင်ငံ ပာိုင်နန်ကျွန်း၊ ဘိုအောင်းမြို့တွင် ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ သို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

 

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. အသစ်ဖြစ်ပေါ်လာသော မြန်မာနိုင်ငံတွင် ပြဿနာအနည်းငယ်ကျော်လွှားရန် လိုအပ်နေသေး

(April 2, 2013 ရက်စွဲပါ Pittsburgh Post-Gazette မှ Slow emergene: The new Myanmar has a few problems to overcome ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအခြေအနေကို မလေးရှားမှ စောင့်ကြည့်

(April 1, 2013 ရက်စွဲပါ Bernama မှ Malaysia monitoring situation in Myanmar ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ အင်တာနက်လွတ်လပ်ခွင့်အတွက် အန္တရာယ်ရှိသောကာလ ဟု ဂူဂယ်လ်ဥက္ကဋ္ဌ သတိပေး

(The Verge မှ April 1, 2013 ရက်စွဲပါ Google’s Eric Schmidt warns of dangerous period for the internet in Burma သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံရန် အချိန်ကောင်းဟုဆို

(The Korea Herald မှ 1 April 2013 ရက်စွဲပါ Time is now for investment in Myanmar: Chamber Chief သတင်းကို ဘာသာပြန်ဆိုသည်)


အသစ်ဖြစ်ပေါ်လာသော မြန်မာနိုင်ငံတွင် ပြဿနာအနည်းငယ်ကျော်လွှားရန် လိုအပ်နေသေး

(April 2, 2013 ရက်စွဲပါ Pittsburgh Post-Gazette မှ Slow emergence: The new Myanmar has a few problems to overcome ကို ဘာသာပြန်ဆိုသည်)

credit by online

မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ခြင်းနှင့် ဗိုလ်ချုပ်များက ဖိနှိပ်မှု များကို ခြုံငုံ၍ လျှော့ပေးလာခြင်းတို့သည် တိုင်းပြည်ကို ကောင်းလာစေတော့မည်ဟု မှားယွင်းသော အထင်ကြီး မျှော်လင့်မှုများ ဖြစ်စေပါသည်။

မီဒီယာအပါအဝင် နိုင်ငံတကာအင်အားစုများသည် ကိစ္စရပ်တစ်ခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးအပေါ်တွင်သာ အာရုံပြု ပါက ပြဿနာတစ်ခု အဖြေရပြီဆိုသည်ကို နေ့သစ်တစ်ခု၏ အာရုဏ်ဦးဟု ရှုမြင်တတ်ကြပါသည်။ ၂၀၁၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ပြည်သူကြားသို့ ပြန်ရောက်လာခြင်းသည် ပိုမိုခေတ်မီသော မြန်မာနိုင်ငံသို့ တဖြည်းဖြည်း ပြောင်းလဲရေးတွင် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။ အခြားတနည်းပြောရလျှင် သူပြန်လည်လွတ်မြောက် လာပြီးကတည်းက ရှင်းလင်းသော အဖြစ်အပျက်မှာ တိုင်းသူပြည်သားများ ဒုက္ခရောက်ကြရသော ပြဿနာများမှာ ရှိနေဆဲ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာသည်နှင့်အမျှ ပြဿနာများ သူ့ထဲသို့ ရောက်ရှိသွားပြီး ဖြေရှင်းရန် ဖြစ်လာမည်ဖြစ်ပါသည်။

ပြဿနာများထဲမှ တစ်ခုမှာ စစ်တပ်နှင့် အရပ်သားခေါင်းဆောင်များကြား ဆက်ဆံရေး ဖြစ်ပါသည်။ အများစုမှာ မကြာမီက စစ်ရေးပြအခမ်းအနားတွင် ရှေ့တန်း၌ ဗိုလ်ချုပ်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ခြင်းဖြင့် ပြေလည်သွားပါသည်။ သမိုင်းဝင် အချက်နှစ်ခုကိုမူ မေ့နေခဲ့ကြပါသည်။ တစ်ချက်မှာ သူ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာတပ်မတော်ကို ထူထောင်ခဲ့သည့် စစ်တပ်အရာရှိတစ်ဦးဖြစ်သည်ဟူသော အချက်ဖြစ်ပါသည်။ ဒုတိယအချက်မှာ သူ၏ဖခင်သည် ၁၉၄၇ ခုနှစ် လုပ်ကြံခံရစဉ်တွင် ကွန်မြူနစ်တစ်ဦးဖြစ်ကြောင်းနှင့် စစ်တပ်မှ ထိန်းချုပ်ခဲ့သည်ကို အစပိုင်းတွင် အနောက်နိုင်ငံများက ကြိုဆိုခဲ့ကြသည့် အချက်ဖြစ်ပါသည်။

ဒုတိယပြဿနာမှာ လက်စားချေမှုမှ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်ပြီး မြန်မာဗုဒ္ဓဘာသာအများစုက ရိုဟင်ဂျာ အနည်းစုအပေါ် ပြသသည့် အမုန်းတရားဖြစ်ပါသည်။ အဆိုပါပဋိပက္ခသည် မကြာမီက ဗုဒ္ဓဘာသာများက ရိုဟင်ဂျာများ အပေါ်လုပ်ဆောင်ခဲ့သည့် လူ ၄၀ သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ရသော ပြင်းထန်သောဖြစ်ရပ်နှင့်အတူ ပြန်လည်ပေါ်ပေါက်လာရာ ကယ်ဆယ်ရေးအဖွဲ့အစည်းများအတွက် ပြဿနာများ ဖြစ်စေခဲ့ပါသည်။ မြန်မာဗုဒ္ဓဘာသာများက ရိုဟင်ဂျာများကို တရားမဝင် ဝင်လာသူများအဖြစ် မှားယွင်းစွာ မှတ်ယူထားပြီး ကြိုဆိုခြင်းမပြုခဲ့ကြပေ။

တတိယပြဿနာမှာ မြန်မာနိုင်ငံတွင် မည်သူအုပ်ချုပ်သည်ဖြစ်စေ ကချင်၊ ကရင်၊ ရှမ်းနှင့် ဟန်တရုတ်လူမျိုး အပါအဝင် တိုင်းရင်းသားလူမျိုးများနှင့် ပြဿနာဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းတို့ဖြင့် နယ်နမိတ်ချင်း ထိစပ်နေပါသည်။ အချို့တိုင်းရင်းသားအုပ်စုများသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် လက်ထက်ကတည်းက ဗဟိုအစိုးရအပေါ် သူပုန်ထခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားသောကဏ္ဍတွင် ပါဝင်လာမှုအပေါ် ကြိုဆိုရန် စိတ်အားထက်သန်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပြန်လည်သွတ်သွင်းရန် ကြိုးစားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ဦးဆောင်မှုဖြင့် ပထမပိုင်း နိုင်ငံခြားရေးမူဝါဒ၏ အောင်မြင်မှုသက်သေအဖြစ် သမ္မတအိုဘားမားအစိုးရသည် မြန်မာနိုင်ငံ၏အပြောင်းအလဲကို နံရံတွင် ဆုတံဆိပ်ချိတ်ဆွဲပြသလို့သည့် သဘောကိုတွေ့ရပါသည်။

မြန်မာနိုင်ငံ၏ တဖြည်းဖြည်းပြောင်းလဲလာသော အခြေအနေကို အနီးကပ် စောင့်ကြည့်နေသူများက မကြာသေးမီက တိုးတက်ဖြစ်ပေါ်လာမှုများနှင့် သမိုင်းကြောင်းအမှန်တရားများအပေါ် အခြေခံ၍ သတိနှင့် အကြံပြုသည်မှာ မြန်မာနိုင်ငံ၌ အမေရိကန် မူဝါဒမှာ ယခုအထိ တစိတ်တပိုင်းအောင်မြင်မှုထက် မပိုသေးကြောင်း ဆိုပါသည်။


မြန်မာနိုင်ငံအခြေအနေကို မလေးရှားမှ စောင့်ကြည့်

(April 1, 2013 ရက်စွဲပါ Bernama မှ Malaysia monitoring situation in Myanmar ကို ဘာသာပြန်ဆိုသည်)

မလေးရှားနိုင်ငံသည် မန္တလေးတိုင်းနှင့် ပဲခူးတိုင်းများတွင် မူဆလင်များအပေါ် ဖြစ်ပျက်ခဲ့သည်တို့အတွက် စိုးရိမ်ပူပန်မှုများ ရှိနေခြင်းကြောင့် ရန်ကုန်ရှိ မလေးရှားသံရုံးသည် မတည်ငြိမ်မှု ကြီးကြီးမားမားရှိနေသောအခြေအနေအား အနီးကပ်စောင့်ကြည့်လျှက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ကြေညာချက်တွင် မလေးရှားနိုင်ငံသည် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို ကိုင်စွဲထားသော်လည်း မြန်မာနိုင်ငံတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော အဖြစ်အပျက် များတွင် ပါဝင်ပတ်သက်သူများအပေါ် အခြေအနေများ ထပ်မံဆိုးမသွားစေရေးအတွက် လုပ်ဆောင်မှုများ ရပ်ဆိုင်းကြရန် တောင်းဆိုထားပါသည်။

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသားများအနေဖြင့် မန္တလေးတိုင်းတွင် သာစည်နှင့် ဝမ်းတွင်း၊ ပဲခူးတိုင်းတွင် ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှများသို့ သွားရောက်ခြင်းအား ကန့်သတ်ထားခြင်းမရှိသော်လည်း ရှောင်ကွင်းသွားရန်မူ အကြံပြုထားပြီး သတိရှိကြရန် ကြေညာချက်၌ ဖော်ပြထားပါသည်။

မြန်မာအစိုးရအနေဖြင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအရ အရေးယူလိမ့်မည်ဟု မလေးရှားက မျှော်လင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။

မလေးရှားသည် ၂၀၁၃ မတ်လ ၂၈ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ ကြေညာချက်ကို ကြိုဆိုခဲ့ပါသည်။ ကြေညာချက်တွင် ဦးသိန်းစိန်သည် မိတ္ထီလာနှင့် အခြားဒေသများတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ပါသည်။

ထို့ပြင် ပဲခူးတိုင်း၏ မြို့နယ် ၃ ခုတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်မှုကိုလည်း မလေးရှားအနေဖြင့် ကြိုဆိုပါသည်။ မြန်မာအစိုးရအနေဖြင့် အဆိုပါကဲ့သို့ ပြင်းထန်ဖြစ်ရပ်များ ဆက်လက်မပြန့်ပွားစေရေးကို ထိန်းသိမ်း နိုင်ခဲ့ခြင်းကြောင့် မလေးရှားအနေဖြင့် နှစ်ထောင်းအားရဖြစ်ရကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။

OIC ကလည်း ဧပြီလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို နှိပ်ကွပ်နေခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကျင်းပရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။


မြန်မာနိုင်ငံ အင်တာနက်လွတ်လပ်ခွင့်အတွက် အန္တရာယ်ရှိသောကာလ ဟု ဂူဂယ်လ်ဥက္ကဋ္ဌ သတိပေး

(The Verge မှ April 1, 2013 ရက်စွဲပါ Google’s Eric Schmidt warns of dangerous period for the internet in Burma သတင်းကို ဘာသာပြန်ဆိုသည်)

ကမ္ဘာ့ဆက်သွယ်ရေး အကျဲပါးဆုံးတိုင်းပြည်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံမှ အင်တာနက်လွတ်လပ်ခွင့်အနာဂတ်ကို စိုးရိမ်ပူပန်ကြောင်း ဂူဂဲလ်ဥက္ကဋ္ဌ အဲရစ်ရှမစ်က ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

Google Service အသစ်အချို့ကို စတင်နေသော မြန်မာနိုင်ငံသို့ ယခင်လက သွားရောက်ခဲ့ပြီးနောက် သူ၏ ကနဦးထင်မြင်ချက်အချို့ကို Google plus page တွင် တနင်္ဂနွေနေ့က တင်ပြထားခြင်းဖြစ်သည်။ ၂၀၁၁ တွင် အဆုံးသတ် သွားသော စစ်အုပ်ချုပ်ရေးစနစ်အောက်မှ ခေါင်းပြူထွက်ရန် ကြိုးစားနေသော ယခုလိုအချိန်မျိုးတွင် တငွေ့ငွေ့အောင်း နေခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခများ အင်တာနက်သို့ပျံ့နှံ့ကာ မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ချယ်မှု ခေတ်သစ် တစ်ခုသို့ ရောက်သွားနိုင်ခြင်းကို စိုးရိမ်နေခြင်းဖြစ်သော်လည်း အဲရစ်ရှမစ်၏ ထင်မြင်ချက်အများစုမှာ အပြုသဘော ဆောင်ပါသည်။

ရှမစ်က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်ကို ဆက်လက်ထိန်းသိမ်းပြီး ကူစောင့်ရှောက်နိုင်မည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ထောက်ပြသည်။ မြန်မာလူမျိုးတို့၏ ကောင်းမွန်သော စရိုက်သဘာဝသည်လည်း မျှော်လင့်ချက်ထားရန် နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ရှမစ်ကဆိုသည်။

လောလောဆယ်တွင် အင်တာနက်သုံးစွဲသူ ၁ ရာခိုင်နှုန်းပင်မပြည့်သော မြန်မာနိုင်ငံသည် ကမ္ဘာ့အင်တာနက် ချိတ်ဆက်မှုအဆင့်တွင် ဒုတိယ နောက်ဆုံးနေရာ၌ ရပ်တည်နေသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ သိရှိရသည်။

အင်တာနက်လွတ်လပ်ပွင့်လင်းရေးနှင့် ပတ်သက်၍ ယခုကဲ့သို့ ရှမစ်၏ လူသိရှင်ကြားမှတ်ချက်ပေးမှုမှာ ပထမဆုံးအကြိမ် မဟုတ်ဘဲ မြောက်ကိုရီးယားနှင့် အိန္ဒိယသို့ သွားရောက်ပြီးချိန်တွင်လည်း အလားတူ လူသိရှင်ကြား ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သည်။


မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံရန် အချိန်ကောင်းဟုဆို

(The Korea Herald မှ 1 April 2013 ရက်စွဲပါ Time is now for investment in Myanmar: Chamber Chief သတင်းကို ဘာသာပြန်ဆိုသည်)

credit - ‘The Korea Herald’

သဘာဝသယံဇာတအတွက် ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် မြန်မာနိုင်ငံသည် အလားအလာကို မမှန်းဆနိုင်သော ပေါ်ထွန်းစ လက်ကျန်ဈေးကွက်အနည်းငယ်ထဲတွင် ပါဝင်နေသည်ဟု မြန်မာ့စီးပွားရေး တာဝန်ရှိသူတစ်ဦး က ဆိုးလ်တွင် ပြောကြားသည်။

“မြန်မာနိုင်ငံဟာ ထူးကဲတဲ့ ပထဝီဆိုင်ရာတည်ရှိမှုနဲ့ မထုတ်ရသေးတဲ့ သယံဇာတတွေ ရှိတဲ့အပြင် နုပျိုလန်းဆန်းတဲ့ ဈေးကွက်တစ်ခုဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်”ဟု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က ယခင်အပတ် Korea Herald နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မြန်မာပြည်သူ သန်း ၆၀ ၏ ၅၄ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်ဝင် အသက်အရွယ်အုပ်စုဖြစ်ပြီး ပျမ်းမျှလစာနှုန်း ထားမှာ တစ်လလျှင် ဒေါ်လာ တစ်ရာအောက်သာရှိသည်ဟု ၎င်းကဆိုသည်။

ဦးဝင်းအောင်သည် Korea International Trade Association မှ ကမကထပြု ကျင်းပသော Premium ASEAN 2013 ဆွေးနွေးပွဲတက်ရောက်ရန် ဆိုးလ်သို့ ယခင်အပတ်က ရောက်ရှိနေခြင်းဖြစ်သည်။

“အခုအချိန်ဟာ မြန်မာနိုင်ငံမှာ မြန်ဆန်လှတဲ့ စီးပွားရေး လူမှုရေးပြောင်းလဲမှုခေတ်ကို ဝင်ရောက်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့ အချိန်ကောင်းပါပဲ” ဟု ၎င်းကပြောပါသည်။

မြန်မာအစိုးရသည် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အတွက် ရင်းနှီးမြှုပ်နှံသူများကို အခွန်သက်သာခွင့်၊ မြေပိုင်ဆိုင်ခွင့်ပေးမည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို မနှစ်က ပြင်ဆင်ရေးဆွဲခဲ့သည်။ အသစ်ပြင်ဆင်သော ဥပဒေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့၏ ပိုင်ဆိုင်မှုများအား ပြည်သူပိုင်းသိမ်းခြင်းမပြုလုပ်ရန် တားမြစ်ထားသည်။

မြန်မာနိုင်ငံသည် ယခင်က ကမ္ဘာ့စီးပွားရေးနယ်ပယ်အပြင်ဖက်တွင် ကာလကြာရှည်နေခဲ့သော်လည်း ၂၀၁၁ တွင် အရပ်ဘက်အစိုးရကို ပြောင်းလဲဖွဲ့စည်းအာဏာလွှဲပြီးနောက် တံခါးဖွင့်ဝါဒကို ချမှတ်ခဲ့သည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၁၉၈၈ တွင် ဒေါ်လာ ၈.၅ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၂ ဇန်နဝါရီလတွင် ဒေါ်လာ ၄၀.၄ ဘီလီယံသို့ ရောက်ရှိလာခဲ့သည်။

ဦးဝင်းအောင်က “ရင်းနှီးမြှုပ်နှံဖို့ အဆင်ပြေတဲ့ပတ်ဝန်းကျင်ဖြစ်အောင် အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍတို့ အတူလက်တွဲ ဆောင်ရွက်နေပါတယ်။ ကိုရီးယားနိုင်ငံဟာ ဈေးကွက်ကိုဖွင့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မြှင့်ခဲ့လို့ မြန်မြန်ဆန်ဆန် တိုးတက်နေတာကို ကျွန်တော်တို့ တွေ့မြင်လေ့လာခဲ့ရပါပြီ။ ဒါဟာ မြန်မာနိုင်ငံမှာ လာမယ့်နှစ်တွေအတွင်း တိုးတက်လာဖို့ ရည်မှန်းထားတဲ့ စံပြပုံစံပါပဲ။ မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားနေတဲ့ နိုင်ငံတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် အာရှပုံစံကို တကယ်နားလည်တာဟာ ကိုရီးယားပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ဒေဝူးလို ကိုရီးယားကုမ္ပဏီတစ်ခုက မနှစ်က ဓာတ်ငွေ့စီမံကိန်း ကံထရိုက်ရရှိသွားရတဲ့ အကြောင်းရင်းတစ်ချက်ပါ”ဟု ဆက်လက်ပြောကြားသည်။

တရုတ်နှင့် ဂျပန်ကဲ့သို့ အာရှအင်အားကြီးနိုင်ငံများနှင့် ယှဉ်ပြိုင်နေရသည့်တိုင်အောင် ကိုရီးယားနိုင်ငံသည် စနစ်ကျ သော စီးပွားရေးစနစ်၊ တိုးတက်သော နည်းပညာနှင့် လုံ့လဝိရိယတို့ကြောင့် အပေါ်စီးရနေသည်ဟု ဦးဝင်းအောင်က ပြောကြားသွားသည်။


 

 

 

 

 

                               


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive